iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္ေတာ့္ဆီကို အမ်ိဳးသမီးတစ္ဦး ေမးလ္ပို႔လာတယ္။ ဆရာတဲ့ ကိုယ္တစ္ဖက္သတ္ စြဲလန္းေနတဲ့သူ ကိုယ့္ကိုျပန္ႀကိဳက္လာေအာင္ ျပန္ခ်စ္လာေအာင္ ဘယ္လို ယၾတာေခ်ရမလဲတဲ့။ ယၾတာေတြကေတာ့ ရွိပါတယ္။ ဒီေနရာမွာ တစ္ခ်ိဳ႕ၾကေတာ့ ဒီစကားကို အျပစ္တင္ ခ်င္တင္ၾကမယ္။ ဒါေပမယ့္ အမ်ိဳးသားေတြ အတြက္ကေတာ့ ျပႆနာမရွိဘူး။ ကိုယ္က မိန္းကေလး ျဖစ္ေနတယ္ဆိုရင္ေတာ့ အခက္အခဲ ရွိတယ္။

ကိုယ္ႀကိဳက္တဲ့ ေယာက္်ားေလးကို ဘယ္လို လုပ္ရမလဲ။ မိန္းကေလးတန္မဲ့ ကိုယ္က ခ်စ္တယ္လို႔ ဖြင့္ေျပာလို႔ကလည္း ကိုယ္က ျမန္မာမိန္းကေလးဆိုေတာ့ မသင့္ေတာ္ဘူးေပါ့။

အိုေက ဒါဆို သူ ဖြင့္ေျပာလာမယ့္ အခ်ိန္ကို ေစာင့္ရမွာလား။ ဒါကလည္း မေသခ်ာဘူး။ သူက ကိုယ့္ကို ဖြင့္ေျပာဖို႔ဆိုတာရာခိုင္းႏႈံးက (၅၀%)ပဲေလ။ ေျပာခ်င္လည္း ေျပာမယ္။ မေျပာခ်င္လဲ မေျပာႏိုင္ဘူး။ အဲဒီေတာ့ သူေျပာတဲ့ အခ်ိန္ကိုေစာင့္ဖို႔ဆိုတာကေတာ့ သိပ္မေသခ်ာဘူး။ ကိုယ္ကလည္း ဖြင့္ေျပာလို႔ မရဘူး။ သူဖြင့္ေျပာဖို႔ကလည္း မေသခ်ာဘူး။

ဘာလုပ္မလဲ။ ေမ့ပစ္လိုက္မွာလား။ ဒါက မလြယ္ကူဆံုး အလုပ္ပဲ။ ကိုယ္တကယ္ ခ်စ္ျမတ္ႏိုးတဲ့ သူကို ေမ့ပစ္ဖို႔ဆိုတာ မလြယ္ကူဆံုး အခက္အခဲဆံုး အလုပ္တစ္ခုပဲ။အဲဒီေတာ့ ဘာလုပ္ၾကမလဲ။ ဒီေနရာမွာ အခ်စ္ဆိုတာကို တကယ္ တန္ဖိုးထားၿပီး ခ်စ္တဲ့သူေတြကို

စကားနည္းနည္းေလာက္ ေျပာခ်င္ပါတယ္။ စကားလက္ေဆာင္ေပါ့။ အဲဒါက ဘာလဲဆိုေတာ့ အရင္ဆံုး ႐ိုးသားဖို႔ပဲ။ နက္နက္႐ိႈင္း႐ိုင္းကို ႐ိုးသားပစ္လိုက္ပါ။ အေသးအဖြဲေလးကေနၿပီး ႐ိုးသားပစ္လိုက္စမ္းပါ။ ႐ိုးသားဖို႔အတြက္ သတၱိရွိလိုက္ပါ။ မခက္ပါဘူး။ ကိုယ္တကယ္ ျမတ္ႏိုးတဲ့ တန္ဖိုးထားတဲ့ ကိုယ္ခ်စ္သူေလးကို အမွန္အကန္ ႐ိုးသားစြာ ဆက္ဆံပါ။

ေနာက္တစ္ခုက ကိုယ္က်င့္တရားကို တန္ဖိုးထားလိုက္ပါ။ အိုေကေနာ္။ ကိုယ္ခ်စ္သူရဲ့ ေရွ႕မွာေရာ၊ ကြယ္ရာမွာေရာ ကိုယ္က်င့္တရားကို တန္ဖိုးထားပါ။ ဒါဆို ဘာျဖစ္လာမလဲ။ ကိုယ့္ရဲ့ တန္ဖိုးေတြ တက္လာမယ္။ ကိုယ့္ကိုကို တန္ဖိုးထားခ်င္လာမယ္။ တန္ဖိုးရွိတဲ့ လူတစ္ေယာက္ ျဖစ္လာမယ္။ တန္ဖိုးရွိတဲ့ သင့္ကို သင့္ခ်စ္သူကလည္း ေသေသခ်ာခ်ာ တန္ဖိုးထားလာလိမ့္မယ္။ တကယ္ေျပာတာပါ။ လံုး၀ကို ေသခ်ာတယ္။

ဟုတ္ၿပီ။ သင္ဟာ ႐ိုးသားတဲ့၊ ကိုယ္က်င့္တရားေကာင္းမြန္တဲ့ လူသားတစ္ေယာက္ ျဖစ္လာၿပီဆိုရင္ ဒီေအာက္က ကြ်န္ေတာ္ေျပာတဲ့ နည္းေလးနဲ႔ ေဆာင္ရြက္ၾကည့္လိုက္ပါ။ စမ္းၾကည့္လိုက္ပါလို႔ မေျပာဘူးေနာ္။ ဘာေၾကာင့္လဲဆိုေတာ့ အခ်စ္ဆိုတာ စမ္းသတ္တဲ့ အရာ၀တၳဳတစ္ခု မဟုတ္လို႔ပဲ။ ခံစားတဲ့ အရာသာျဖစ္တယ္။ ႏွလံးသားနဲ႔ ပါတ္သက္တဲ့ အရာတစ္ခုသာ ျဖစ္တယ္။

အခ်စ္ဆိုေသာအရာ

ဟုတ္ၿပီ။ အခ်စ္ဆိုေသာအရာသည္ လူသားတိုင္းႏွင့္ လံုး၀ကင္းကြာလို႔ မရတဲ့အရာ။ အားလံုးႏွင့္ သက္ဆိုင္ေနေသာအရာ၊ အားလံုးထဲမွာ ရွင္သန္ေနေသာအရာ၊ ဘယ္ေတာ့မွ ေပ်ာက္ပ်က္မသြားတဲ့အရာ ျဖစ္တယ္။ မခ်စ္တတ္ေသာ လူသားဆိုတာက ေလာကႀကီးမွာ မရွိသေလာက္ရွားတယ္။ တစ္ရာမွာ တစ္ရာ-ရာခိုင္းႏႈန္းမွာ ခ်စ္တတ္တဲ့စိတ္ဟာ ေမြးဖြားလာၿပီ ဆိုကတည္းက ပူးတြဲပါ၀င္လာၾကတာ။ လူနည္းစုေလာက္သာ ခ်စ္တတ္တဲ့စိတ္ကို မခ်စ္တတ္တဲ့စိတ္ျဖစ္ေအာင္ ႀကိဳးစားအားထုပ္ သြား ၾကတာမဟုတ္လား။ ဒါေၾကာင့္ လူသားတိုင္းမွာ ေမြးဖြားလာၿပီ ဆိုကတည္းက ပူးတြဲပါ၀င္လာတဲ့ ဒီခ်စ္တတ္တဲ့စိတ္ ဆိုတာကို ေကာင္းတယ္လို႔ ေျပာလို႔မရသလို မေကာင္းဘူးလို႔ေျပာလို႔လည္း မရျပန္ဘူး။ ဘာေၾကာင့္လည္း ဆိုေတာ့ ဒီအခ်စ္ဆိုတဲ့ အရာဟာ သဘာ၀တရား မ်ားစြာထဲက သဘာ၀တစ္ခုပဲ မဟုတ္လား။

အခ်စ္ကိုဘယ္လိုရင္ဆိုင္မလဲ

အိုေကေနာ္....။ ဒီအခ်စ္ဆိုတဲ့ အရာႀကီးကို ကြ်န္ေတာ္တို႔ ဘယ္လို ရင္ဆိုင္ၾကမလဲ။ လူဆိုတာကလည္း လူအမ်ိဳးမ်ိဳးရွိတာဆိုေတာ့ အခ်စ္ဆိုတဲ့ အရာကို ေတြ႕ဆံုရင္ဆိုင္လာၾကရတဲ့ အခါမွာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ ခံယူခ်က္ျခင္း၊ ခံစားခ်က္ျခင္း မတူညီၾကတဲ့အတြက္ ရင္ဆိုင္ပံုျခင္းလည္း မတူညီၾကျပန္ဘူး။ တစ္ခ်ိဳ႕က ႏူးႏူးညံ့ညံ့ေလးရင္ဆိုင္ၾကတယ္။ တစ္ခ်ိဳ႕ေတာ့ ၾကမ္းၾကမ္းတမ္းတမ္း ရင္ဆိုင္တတ္ၾကတယ္။ တစ္ခ်ိဳ႕ကေတာ့ ဘာသာတရားနဲ႔လက္တြဲၿပီး ရင္ဆိုင္တတ္ၾကတယ္။ တစ္ခ်ိဳ႕ၾကျပန္ေတာ့ အရက္ဆိုင္ကေန ရင္ဆိုင္တတ္ၾကတယ္။ ကဲ...ကိုယ့္ပါတ္၀န္းက်င္မွာရွိတဲ့ လူေတြကိုပဲ လိုက္ၾကည့္လိုက္ပါဦး။ တစ္ေယာက္နဲ႔ တစ္ေယာက္ တူညီၾကသလားလို႔။

အခ်စ္ရဲ့အက်ိဳးသက္ေရာက္မႈ႕

ေနာက္တစ္ခုက အက်ိဳးသက္ေရာက္မႈ႕။ တစ္ခ်ိဳကေတာ့ အခ်စ္ေၾကာင့္ ေကာင္းသြားၾကတယ္။ တစ္ခ်ိဳ႕ၾကျပန္ေတာ့ဆိုးသြားၾကတယ္။ တစ္ခ်ိဳ႕ၾကျပန္ေတာ့ ႀကီးပြား ခ်မ္းသာသြားၾကတယ္။ တစ္ခ်ိဳ႕ၾကျပန္ေတာ့ ဆင္းရဲ မြဲေတ သြားၾကတယ္။တစ္ခ်ိဳ႕ၾကျပန္ေတာ့ ကိုယ့္ကိုကို သတ္ေသ သြားၾကတယ္။ တစ္ခ်ိဳ႕ၾကျပန္ေတာ့ အသက္ကို ရွည္သထက္ရွည္ေအာင္ေနထိုင္သြားၾကတယ္။ တစ္ခ်ိဳ႕ၾကေတာ့ ေအာင္ျမင္သြားၾကၿပီး တစ္ခ်ိဳ႕ၾကေတာ့ က်႐ံႈးသြားၾကတယ္။ ဒါေတြက အခ်စ္ရဲ့အက်ိဳးသက္ေရာက္မႈ႔ေတြေပါ့။ (ကြ်န္ေတာ္ကေတာ့ အခ်စ္ေၾကာင့္ ႐ိုးသားသြားတယ္။ မနက္ျဖန္ေတြ ရွင္သန္လာတယ္)

အဲဒီေတာ့ ကြ်န္ေတာ္တို႔ ရင္ထဲကို အခ်စ္ဆိုတဲ့အရာက ၀င္ေရာက္လာၿပီ ဆိုၾကပါစို႔။ ကြ်န္ေတာ္တို႔ ဘယ္လိုလုပ္မလဲ။အခု ကြ်န္ေတာ္က စိတ္တန္ခုိးနဲ႔ ပါတ္သက္ၿပီး ေျပာမွာဆိုေတာ့ ဒီျပင့္အျပင္က ႀကိဳးစား အားထုပ္မႈ႕ေတြကိုမေျပာေတာ့ဘူး။ စိတ္တန္ခိုးနဲ႔ ပါတ္သက္တာကိုပဲ ေျပာတာေကာင္းတယ္။ အဲဒီေတာ့ ေခါင္းစဥ္တစ္ခုေလာက္ေပးၾကမယ္။ ေပးလိုက္တဲ့ေခါင္းစဥ္က နည္းနည္းေတာ့ ၾကမ္းခ်င္ၾကမ္းမယ္။ ဒါေပမယ့္ ရွင္းေအာင္ေရးတာ ဆိုေတာ့နားလည္ေပးပါ။

ကိုယ္ႀကိဳက္ေနသူက ကိုယ့္ကို ျပန္ႀကိဳက္ေအာင္-စိတ္တန္ခိုးနဲ႔ ညႇိဳ႕နည္း

ဥပမာ ေကာင္မေလးတစ္ေယာက္က ေကာင္ေလးတစ္ေယာက္ကို တိတ္တဆိတ္ စြဲလန္းေနတယ္။ ခ်စ္ခင္ေနတယ္။ ႀကိဳက္ေနၿပီ ဆိုၾကပါစို႔။ အေရးႀကီးတာက အဲဒီေကာင္ေလး ကိုယ့္ကိုျပန္ခ်စ္ေအာင္ ၊ ျပန္ႀကိဳက္ေအာင္ ဘယ္လိုလုပ္မလဲ။ တစ္ခု သတိျပဳရမွာက ဒီေနရာမွာ ကြ်န္ေတာ္တို႔လုပ္မွာက စိတ္အလုပ္ကို လုပ္မွာေနာ္။ ႐ုပ္အလုပ္ မဟုတ္ဘူး။

အဆင့္ (တစ္)- ျပင္းျပေသာစိတ္ႏွင့္ယံုၾကည္ခ်က္ရွိရမယ္။

ကြ်န္ေတာ္တို႔မွာ အရမ္းအေရးႀကီးတာက စိတ္အား ထက္သန္ျခင္း ဆိုတာပါပဲ။ မိမိလုပ္တဲ့အလုပ္ကို ယံုၾကည္ရမယ္။ ငါဒီစိတ္ အလုပ္ကိုလုပ္တယ္။ တစ္ေန႔ထက္တစ္ေန႔ ငါအလိုရွိတဲ့အရာနဲ႔ ပို၍ပို၍ နီးစပ္လာၿပီ ဆိုတာကိုေလးေလးနက္နက္ ယံုၾကည္ထားရမယ္။ ေနာက္ၿပီး စိတ္ေဇာထက္သန္စြာနဲ႔ ေန႔စဥ္ပံုမွန္ လုပ္သြားရမယ္။ဦးတည္ခ်က္ကလည္း တိက်ေနရမယ္။ အႀကီးလိုလို အငယ္လိုလို မရဘူးေနာ္။ သက္မြန္ျမင့္ဆိုရင္ သက္မြန္ျမင့္ပဲေနာ္။ သက္မြန္ျမင့္ကို မရရင္ ေအးျမတ္သူကြာ အဲဒီလိုမရဘူး။ ကိုယ့္ရဲ့ ဦးတည္ခ်က္၊ ကိုယ့္ရဲ့ ပစ္မွတ္က ကြက္တိျဖစ္ေနရမယ္။

တစ္ခုခုကို ေသေသခ်ာခ်ာ ဦးတည္ထားရမယ္။

ေနာက္တစ္ခုက ကိုယ္က ဘာလိုခ်င္ေနတာလဲ။ ေကာင္ေလးရဲ့ ေမတၱာတရားေနာ္။ အဲဒီေတာ့ သူ႕ဆီက စစ္မွန္တဲ့ေမတၱာတရားကို ကိုယ္က လိုခ်င္ေနတာဆိုရင္ ကိုယ့္ဆီမွာလည္း စစ္မွန္တဲ့ ေမတၱာတရား ရွိေနရမယ္ေနာ္။ စစ္မွန္ရမယ္။ ကိုယ္က အတုႀကီးဆိုရင္ သူ႕ဆီကလည္း အတုႀကီး ျပန္လာလိမ့္မယ္ေနာ္။ ဒါဟာ အမွန္တရားပဲ။ တန္ျပန္သက္ေရာက္မႈ႕ပဲ။ တူညီတဲ့ တုန္႔ျပန္မႈ႔ပဲ။

အဆင့္(၂)- သူ႔မ်က္ႏွာကို တိတိက်က် ျပတ္ျပတ္သားသား ျမင္ေယာင္ႏိုင္ရမယ္။

ဒါကိုေတာ့ နိမိတ္လို႔ ေျပာရင္ရမလားပဲ။ ကိုယ္ႀကိဳက္ေနတဲ့ ေကာင္ေလးရဲ့ ပံုကို ျပတ္ျပတ္သားသား အာ႐ံုျပဳႏိုင္ရမယ္။၀ါးတားတားႀကီး ျဖစ္ေနလို႔ မရဘူးေနာ္။ ရွင္းရွင္းလင္းလင္း ျမင္ေယာင္ႏိုင္ရမယ္။

အဆင့္(၃)- သူနဲ႔ကိုယ္နဲ႔ အျပင္မွာ စကားေျပာေနသလို ျမင္ေယာင္ရမယ္။

အိုေက...။ စၿပီ။ ေကာင္ေလးကို ညႇိဳ႕ေတာ့မယ္။ အရင္ဆံုး ၿငိမ္ၿငိမ္ေလး ထိုင္ေနၿပီးစရမယ္။

ၿငိမ္ၿငိမ္ေလး ထိုင္ရမယ္ဆိုတာက ကိုယ့္ရဲ့ ေယာက္ယက္ခတ္ေနတဲ့ စိတ္ကို အတည္ၿငိမ္ဆံုး ျဖစ္ေအာင္ စုစည္းလိုက္တာပဲ။ဘာေၾကာင့္လဲဆိုေတာ့ တည္ၿငိမ္တဲ့ စိတ္ကသာ ေအာင္ျမင္ေစမွာျဖစ္တယ္။ ဒါကိုလည္း သမာဓိလို႔ ေျပာရင္ရမလား။ဘယ္လိုပဲေျပာေျပာ အဓိကကေတာ့ သင့္ရဲ့ စိတ္ဟာ ေအးခ်မ္းေပါ့ပါးေနရမယ္။ တည္ၿငိမ္ေနရမယ္။ ေယာက္ယက္ခတ္မေနရဘူး။ ပူေလာင္မေနရဘူး။ ဟိုေရာက္ဒီေရာက္ ျဖစ္မေနရဘူး။ ကိုယ္ခ်စ္ခင္ စြဲလန္းေနတဲ့ ေကာင္မေလးဆီကို ကိုယ့္ရဲ့ စိတ္အာ႐ံုကို အျပည့္အ၀ ေစလႊတ္ေတာ့မွာ ျဖစ္တယ္။

အဆင့္(၄)- ကိုယ္ႀကိဳက္တဲ့ ေကာင္ေလးကို စိတ္ကူးနဲ႔ အရင္သြားေတြ႔ရမယ္။

အိုေက ...။ ေနာက္တစ္ဆင့္တက္ၿပီ။ သြားေတြ႕ေတာ့မယ္။ အ၀တ္အစား သန္႔သန္႔ရွင္းရွင္း ၀တ္ၿပီး တက္ၾကြတဲ့ေျခလွမ္းေတြနဲ႔ ေကာင္ေလးကို သြားေတြ႕မယ္။ ေရာက္ၿပီ။ ေကာင္ေလးကို ေတြ႕ရၿပီ။ ကိုယ္က ေကာင္မေလးကိုအရင္ဆံုး လွိဳက္လွဳိက္လွဲလွဲ ၿပံဳးျပလိုက္။ အဲဒီမွာ ေကာင္ေလးကလည္း ကိုယ့္ကို လွိဳက္လွဲေဖာ္ေရႊစြာျပန္လည္ၿပံဳးျပတယ္ေနာ္။ အဲဒီမွာ ကိုယ္က ေကာင္ေလးကို အခ်စ္ေတြ၊ ေမတၱာေတြ ျပည့္၀ေနတဲ့ မ်က္၀န္းေတြနဲ႔ေကာင္ေလးရဲ့ မ်က္၀န္းကို စိုက္ၿပီး ၾကည့္လိုက္တယ္။ ေကာင္ေလးကလည္း ကိုယ့္မ်က္၀န္းေတြကို ျပန္လည္စိုက္ၾကည့္ေနၿပီ။ သူနဲ႔ ကိုယ္နဲ႔ မ်က္လံုးျခင္းဆံု ေနၿပီေနာ္။ မ်က္စိကို လံုး၀မလြဲလိုက္နဲ႔။ စိုက္သာၾကည့္ေန။ ၿပီးေတာ့မွကိုယ့္ရင္ထဲမွာ ျဖစ္ေနတဲ့ စိတ္ခံစားခ်က္ေတြကို တစ္လံုးခ်င္းခ်င္း သူ႕ကို ေျပာျပလိုက္မယ္။

ဒီမွာ ကိုေအာင္။ ကြ်န္မ ကိုေအာင့္ကို စကား ေျပာခ်င္တယ္။ ကြ်န္မစကားကို ေသေသခ်ာခ်ာ နားေထာင္ေနာ္။ကြ်န္မကေတာ့ ကိုေအာင့္ကို အရမ္းခ်စ္တယ္။ စစ္မွန္တဲ့ ေမတၱာတရားေတြနဲ႔ တကယ္ျမတ္ျမတ္ႏိုးႏိုး ခ်စ္တာပါ။အရမ္းလည္း စြဲလန္းေနပါတယ္။ ကြ်န္မက ကိုေအာင့္ကို စြဲလန္းခ်စ္ခင္ေနသလိုပဲ ကိုေအာင္ကလည္း ကြ်န္မကိုျပန္ခ်စ္ရမယ္။ ျပန္ခ်စ္တယ္ မဟုတ္လားလို႔ တစ္ခါတည္း ျပန္ေမးလိုက္တယ္။ အဲဒီမွာ သူက ကိုယ့္ကို တစ္ခါတည္းၿပံဳးေပ်ာ္ ရႊင္လန္းစြာနဲ႔ စကားျပန္ေျပာတယ္။ ကြ်န္ေတာ္လည္း မကို ခ်စ္ပါတယ္ေပါ့။

(ဒါက ဥပမာ ေျပာတာေနာ္။ ေတာ္ၾကာ ကိုယ့္မွာ ခ်စ္သူရွိတဲ့လူေတြက ဘာလုပ္ရမွန္းမသိ ျဖစ္ေနဦးမယ္။ ကိုယ့္မွာ

ခ်စ္သူရည္းစားရွိတဲ့ လူေတြၾကျပန္ေတာ့ ကိုယ့္ခ်စ္သူရဲ့ ရင္ထဲကို၀င္ၿပီး ကိုယ့္ကို ပိုခ်စ္သထက္ခ်စ္ေအာင္၊စြဲလန္းသထက္ စြဲလန္းေအာင္ ၊ သတိယသထက္ သတိယေအာင္ ၀င္ၿပီး ကိုယ္ခ်စ္သူေလးရဲ့ စိတ္ကို ညႇိဳ႕လို႔ရတာေပါ။)

အခု အေပၚမွာ ေျပာခဲ့တာေတြ အားလံုးဟာ စိတ္ကူးေနတာေနာ္။ စိတ္ကူးေနတာ။ အဲဒီလို ေန႔တိုင္း စိတ္ကူးရမယ္။ ထက္သန္တဲ့ စိတ္၊ တက္ၾကြတဲ့ စိတ္နဲ႔ ေန႔တိုင္း စိတ္ကူးရမယ္။ ဘယ္ႏွစ္ရက္လုပ္ရမလဲ လို႔ေတာ့ မေမးပါနဲ႔။ ကိုယ့္ရဲ့ စိတ္အားထက္သန္ရင္ ထက္သန္သေလာက္ ျမန္မယ္။ ကိုယ့္စိတ္က စြဲလန္းရင္ စြဲလန္းသေလာက္ ျမန္မယ္။ တကယ္လုပ္ရင္ ေသခ်ာေပါက္ ေအာင္ျမင္မွာလားလို႔ ေမးရင္ေတာ့ တကယ္ကို ေသခ်ာေပါက္ ေအာင္ျမင္ပါ့မယ္ဆိုတာကို အာမခံေပးလိုက္ပါတယ္။

အဆင့္(၅)- ဘယ္အခ်ိန္လုပ္ရင္ အေကာင္းဆံုးလဲ။
အေကာင္းဆံုးကေတာ့ ကိုယ္ႀကိဳက္ေနတဲ့ ေကာင္မေလး အိပ္စက္တဲ့အခ်ိန္ လုပ္တာ အေကာင္းဆံုးပါပဲ။ မိတ္ေဆြမ်ားခင္ဗ်ား။ စိတ္ပညာႏွင့္ ပါတ္သက္၍ ကြ်န္ေတာ္ဟာ ပညာရွင္မဟုတ္ပါ။ ဆရာသခင္ လမ္းျပေပးခဲ့ေသာနည္းနာမ်ားကို အေျခခံ၍ စိတ္တန္ခိုးဆိုေသာ လမ္းရွည္ႀကီးကို စိတ္ရွည္လက္ရွည္ ဆက္လက္ ခရီးဆက္ေနေသာ သာမန္လူတစ္ဦးပင္ျဖစ္ပါတယ္။ က်ြန္ုပ္သည္ ေကာင္းကင္ေပၚလည္း ျပန္သန္း ႏိုင္ေသာ တန္ခိုးကို မလိုခ်င္ပါ။ ေရထဲမွာသြားႏိုင္ေသာ သူလည္း မျဖစ္လိုပါ။ အရာ ၀တၳဳမ်ားကို မတို႔မထိပဲ ေရြ႕ရွားေအာင္လည္း မစြမ္းေဆာင္ခ်င္ပါ။
ကြ်န္ုပ္လိုခ်င္ေသာ စိတ္တန္ခိုး ဆိုသည္မွာကား ကြ်ႏ္ုပ္ေန႔စဥ္ႏွင့္အမွ် ႀကံဳေတြ႕ေနရေသာ လူမႈ႔ေရး၊ စီးပြားေရး၊ လုပ္ငန္းေဆာင္တာ ကိစၥမ်ားကိုသာ ကြ်နု္ပ္ဆႏၵရွိသည့္အတိုင္း ေစစားႏိုင္သူသာ ျဖစ္ခ်င္ပါသည္။ ထို႔ေၾကာင့္ေအာင္ျမင္ေသာ ဘ၀ခရီးလမ္းကို ကြ်ႏ္ုပ္ကဲ့သို႔ ေရွ႕႐ႈ႕ၾကကုန္ေသာ သူအေပါင္းတုိ႔အတြက္ ရည္ရြယ္၍ အနည္းငယ္မွ်ေသာ အသိတရားျဖင့္ ျပန္လည္ေရးသား ေပးလုိက္ရျခင္း ျဖစ္ပါတယ္။



Credit:Shwemantarlaywaiyan

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကျွန်တော့်ဆီကို အမျိုးသမီးတစ်ဦး မေးလ်ပို့လာတယ်။ ဆရာတဲ့ ကိုယ်တစ်ဖက်သတ် စွဲလန်းနေတဲ့သူ ကိုယ့်ကိုပြန်ကြိုက်လာအောင် ပြန်ချစ်လာအောင် ဘယ်လို ယတြာချေရမလဲတဲ့။ ယတြာတွေကတော့ ရှိပါတယ်။ ဒီနေရာမှာ တစ်ချို့ကြတော့ ဒီစကားကို အပြစ်တင် ချင်တင်ကြမယ်။ ဒါပေမယ့် အမျိုးသားတွေ အတွက်ကတော့ ပြဿနာမရှိဘူး။ ကိုယ်က မိန်းကလေး ဖြစ်နေတယ်ဆိုရင်တော့ အခက်အခဲ ရှိတယ်။

ကိုယ်ကြိုက်တဲ့ ယောက်ျားလေးကို ဘယ်လို လုပ်ရမလဲ။ မိန်းကလေးတန်မဲ့ ကိုယ်က ချစ်တယ်လို့ ဖွင့်ပြောလို့ကလည်း ကိုယ်က မြန်မာမိန်းကလေးဆိုတော့ မသင့်တော်ဘူးပေါ့။

အိုကေ ဒါဆို သူ ဖွင့်ပြောလာမယ့် အချိန်ကို စောင့်ရမှာလား။ ဒါကလည်း မသေချာဘူး။ သူက ကိုယ့်ကို ဖွင့်ပြောဖို့ဆိုတာရာခိုင်းနှုံးက (၅၀%)ပဲလေ။ ပြောချင်လည်း ပြောမယ်။ မပြောချင်လဲ မပြောနိုင်ဘူး။ အဲဒီတော့ သူပြောတဲ့ အချိန်ကိုစောင့်ဖို့ဆိုတာကတော့ သိပ်မသေချာဘူး။ ကိုယ်ကလည်း ဖွင့်ပြောလို့ မရဘူး။ သူဖွင့်ပြောဖို့ကလည်း မသေချာဘူး။

ဘာလုပ်မလဲ။ မေ့ပစ်လိုက်မှာလား။ ဒါက မလွယ်ကူဆုံး အလုပ်ပဲ။ ကိုယ်တကယ် ချစ်မြတ်နိုးတဲ့ သူကို မေ့ပစ်ဖို့ဆိုတာ မလွယ်ကူဆုံး အခက်အခဲဆုံး အလုပ်တစ်ခုပဲ။အဲဒီတော့ ဘာလုပ်ကြမလဲ။ ဒီနေရာမှာ အချစ်ဆိုတာကို တကယ် တန်ဖိုးထားပြီး ချစ်တဲ့သူတွေကို

စကားနည်းနည်းလောက် ပြောချင်ပါတယ်။ စကားလက်ဆောင်ပေါ့။ အဲဒါက ဘာလဲဆိုတော့ အရင်ဆုံး ရိုးသားဖို့ပဲ။ နက်နက်ရှိုင်းရိုင်းကို ရိုးသားပစ်လိုက်ပါ။ အသေးအဖွဲလေးကနေပြီး ရိုးသားပစ်လိုက်စမ်းပါ။ ရိုးသားဖို့အတွက် သတ္တိရှိလိုက်ပါ။ မခက်ပါဘူး။ ကိုယ်တကယ် မြတ်နိုးတဲ့ တန်ဖိုးထားတဲ့ ကိုယ်ချစ်သူလေးကို အမှန်အကန် ရိုးသားစွာ ဆက်ဆံပါ။

နောက်တစ်ခုက ကိုယ်ကျင့်တရားကို တန်ဖိုးထားလိုက်ပါ။ အိုကေနော်။ ကိုယ်ချစ်သူရဲ့ ရှေ့မှာရော၊ ကွယ်ရာမှာရော ကိုယ်ကျင့်တရားကို တန်ဖိုးထားပါ။ ဒါဆို ဘာဖြစ်လာမလဲ။ ကိုယ့်ရဲ့ တန်ဖိုးတွေ တက်လာမယ်။ ကိုယ့်ကိုကို တန်ဖိုးထားချင်လာမယ်။ တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်လာမယ်။ တန်ဖိုးရှိတဲ့ သင့်ကို သင့်ချစ်သူကလည်း သေသေချာချာ တန်ဖိုးထားလာလိမ့်မယ်။ တကယ်ပြောတာပါ။ လုံးဝကို သေချာတယ်။

ဟုတ်ပြီ။ သင်ဟာ ရိုးသားတဲ့၊ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ လူသားတစ်ယောက် ဖြစ်လာပြီဆိုရင် ဒီအောက်က ကျွန်တော်ပြောတဲ့ နည်းလေးနဲ့ ဆောင်ရွက်ကြည့်လိုက်ပါ။ စမ်းကြည့်လိုက်ပါလို့ မပြောဘူးနော်။ ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာ စမ်းသတ်တဲ့ အရာဝတ္ထုတစ်ခု မဟုတ်လို့ပဲ။ ခံစားတဲ့ အရာသာဖြစ်တယ်။ နှလံးသားနဲ့ ပါတ်သက်တဲ့ အရာတစ်ခုသာ ဖြစ်တယ်။

အချစ်ဆိုသောအရာ

ဟုတ်ပြီ။ အချစ်ဆိုသောအရာသည် လူသားတိုင်းနှင့် လုံးဝကင်းကွာလို့ မရတဲ့အရာ။ အားလုံးနှင့် သက်ဆိုင်နေသောအရာ၊ အားလုံးထဲမှာ ရှင်သန်နေသောအရာ၊ ဘယ်တော့မှ ပျောက်ပျက်မသွားတဲ့အရာ ဖြစ်တယ်။ မချစ်တတ်သော လူသားဆိုတာက လောကကြီးမှာ မရှိသလောက်ရှားတယ်။ တစ်ရာမှာ တစ်ရာ-ရာခိုင်းနှုန်းမှာ ချစ်တတ်တဲ့စိတ်ဟာ မွေးဖွားလာပြီ ဆိုကတည်းက ပူးတွဲပါဝင်လာကြတာ။ လူနည်းစုလောက်သာ ချစ်တတ်တဲ့စိတ်ကို မချစ်တတ်တဲ့စိတ်ဖြစ်အောင် ကြိုးစားအားထုပ် သွား ကြတာမဟုတ်လား။ ဒါကြောင့် လူသားတိုင်းမှာ မွေးဖွားလာပြီ ဆိုကတည်းက ပူးတွဲပါဝင်လာတဲ့ ဒီချစ်တတ်တဲ့စိတ် ဆိုတာကို ကောင်းတယ်လို့ ပြောလို့မရသလို မကောင်းဘူးလို့ပြောလို့လည်း မရပြန်ဘူး။ ဘာကြောင့်လည်း ဆိုတော့ ဒီအချစ်ဆိုတဲ့ အရာဟာ သဘာဝတရား များစွာထဲက သဘာဝတစ်ခုပဲ မဟုတ်လား။

အချစ်ကိုဘယ်လိုရင်ဆိုင်မလဲ

အိုကေနော်....။ ဒီအချစ်ဆိုတဲ့ အရာကြီးကို ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ကြမလဲ။ လူဆိုတာကလည်း လူအမျိုးမျိုးရှိတာဆိုတော့ အချစ်ဆိုတဲ့ အရာကို တွေ့ဆုံရင်ဆိုင်လာကြရတဲ့ အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်း၊ ခံစားချက်ခြင်း မတူညီကြတဲ့အတွက် ရင်ဆိုင်ပုံခြင်းလည်း မတူညီကြပြန်ဘူး။ တစ်ချို့က နူးနူးညံ့ညံ့လေးရင်ဆိုင်ကြတယ်။ တစ်ချို့တော့ ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကတော့ ဘာသာတရားနဲ့လက်တွဲပြီး ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကြပြန်တော့ အရက်ဆိုင်ကနေ ရင်ဆိုင်တတ်ကြတယ်။ ကဲ...ကိုယ့်ပါတ်ဝန်းကျင်မှာရှိတဲ့ လူတွေကိုပဲ လိုက်ကြည့်လိုက်ပါဦး။ တစ်ယောက်နဲ့ တစ်ယောက် တူညီကြသလားလို့။

အချစ်ရဲ့အကျိုးသက်ရောက်မှု့

နောက်တစ်ခုက အကျိုးသက်ရောက်မှု့။ တစ်ချိုကတော့ အချစ်ကြောင့် ကောင်းသွားကြတယ်။ တစ်ချို့ကြပြန်တော့ဆိုးသွားကြတယ်။ တစ်ချို့ကြပြန်တော့ ကြီးပွား ချမ်းသာသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆင်းရဲ မွဲတေ သွားကြတယ်။တစ်ချို့ကြပြန်တော့ ကိုယ့်ကိုကို သတ်သေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ အသက်ကို ရှည်သထက်ရှည်အောင်နေထိုင်သွားကြတယ်။ တစ်ချို့ကြတော့ အောင်မြင်သွားကြပြီး တစ်ချို့ကြတော့ ကျရှုံးသွားကြတယ်။ ဒါတွေက အချစ်ရဲ့အကျိုးသက်ရောက်မှု့တွေပေါ့။ (ကျွန်တော်ကတော့ အချစ်ကြောင့် ရိုးသားသွားတယ်။ မနက်ဖြန်တွေ ရှင်သန်လာတယ်)

အဲဒီတော့ ကျွန်တော်တို့ ရင်ထဲကို အချစ်ဆိုတဲ့အရာက ဝင်ရောက်လာပြီ ဆိုကြပါစို့။ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။အခု ကျွန်တော်က စိတ်တန်ခိုးနဲ့ ပါတ်သက်ပြီး ပြောမှာဆိုတော့ ဒီပြင့်အပြင်က ကြိုးစား အားထုပ်မှု့တွေကိုမပြောတော့ဘူး။ စိတ်တန်ခိုးနဲ့ ပါတ်သက်တာကိုပဲ ပြောတာကောင်းတယ်။ အဲဒီတော့ ခေါင်းစဉ်တစ်ခုလောက်ပေးကြမယ်။ ပေးလိုက်တဲ့ခေါင်းစဉ်က နည်းနည်းတော့ ကြမ်းချင်ကြမ်းမယ်။ ဒါပေမယ့် ရှင်းအောင်ရေးတာ ဆိုတော့နားလည်ပေးပါ။

ကိုယ်ကြိုက်နေသူက ကိုယ့်ကို ပြန်ကြိုက်အောင်-စိတ်တန်ခိုးနဲ့ ညှို့နည်း

ဥပမာ ကောင်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို တိတ်တဆိတ် စွဲလန်းနေတယ်။ ချစ်ခင်နေတယ်။ ကြိုက်နေပြီ ဆိုကြပါစို့။ အရေးကြီးတာက အဲဒီကောင်လေး ကိုယ့်ကိုပြန်ချစ်အောင် ၊ ပြန်ကြိုက်အောင် ဘယ်လိုလုပ်မလဲ။ တစ်ခု သတိပြုရမှာက ဒီနေရာမှာ ကျွန်တော်တို့လုပ်မှာက စိတ်အလုပ်ကို လုပ်မှာနော်။ ရုပ်အလုပ် မဟုတ်ဘူး။

အဆင့် (တစ်)- ပြင်းပြသောစိတ်နှင့်ယုံကြည်ချက်ရှိရမယ်။

ကျွန်တော်တို့မှာ အရမ်းအရေးကြီးတာက စိတ်အား ထက်သန်ခြင်း ဆိုတာပါပဲ။ မိမိလုပ်တဲ့အလုပ်ကို ယုံကြည်ရမယ်။ ငါဒီစိတ် အလုပ်ကိုလုပ်တယ်။ တစ်နေ့ထက်တစ်နေ့ ငါအလိုရှိတဲ့အရာနဲ့ ပို၍ပို၍ နီးစပ်လာပြီ ဆိုတာကိုလေးလေးနက်နက် ယုံကြည်ထားရမယ်။ နောက်ပြီး စိတ်ဇောထက်သန်စွာနဲ့ နေ့စဉ်ပုံမှန် လုပ်သွားရမယ်။ဦးတည်ချက်ကလည်း တိကျနေရမယ်။ အကြီးလိုလို အငယ်လိုလို မရဘူးနော်။ သက်မွန်မြင့်ဆိုရင် သက်မွန်မြင့်ပဲနော်။ သက်မွန်မြင့်ကို မရရင် အေးမြတ်သူကွာ အဲဒီလိုမရဘူး။ ကိုယ့်ရဲ့ ဦးတည်ချက်၊ ကိုယ့်ရဲ့ ပစ်မှတ်က ကွက်တိဖြစ်နေရမယ်။

တစ်ခုခုကို သေသေချာချာ ဦးတည်ထားရမယ်။

နောက်တစ်ခုက ကိုယ်က ဘာလိုချင်နေတာလဲ။ ကောင်လေးရဲ့ မေတ္တာတရားနော်။ အဲဒီတော့ သူ့ဆီက စစ်မှန်တဲ့မေတ္တာတရားကို ကိုယ်က လိုချင်နေတာဆိုရင် ကိုယ့်ဆီမှာလည်း စစ်မှန်တဲ့ မေတ္တာတရား ရှိနေရမယ်နော်။ စစ်မှန်ရမယ်။ ကိုယ်က အတုကြီးဆိုရင် သူ့ဆီကလည်း အတုကြီး ပြန်လာလိမ့်မယ်နော်။ ဒါဟာ အမှန်တရားပဲ။ တန်ပြန်သက်ရောက်မှု့ပဲ။ တူညီတဲ့ တုန့်ပြန်မှု့ပဲ။

အဆင့်(၂)- သူ့မျက်နှာကို တိတိကျကျ ပြတ်ပြတ်သားသား မြင်ယောင်နိုင်ရမယ်။

ဒါကိုတော့ နိမိတ်လို့ ပြောရင်ရမလားပဲ။ ကိုယ်ကြိုက်နေတဲ့ ကောင်လေးရဲ့ ပုံကို ပြတ်ပြတ်သားသား အာရုံပြုနိုင်ရမယ်။ဝါးတားတားကြီး ဖြစ်နေလို့ မရဘူးနော်။ ရှင်းရှင်းလင်းလင်း မြင်ယောင်နိုင်ရမယ်။

အဆင့်(၃)- သူနဲ့ကိုယ်နဲ့ အပြင်မှာ စကားပြောနေသလို မြင်ယောင်ရမယ်။

အိုကေ...။ စပြီ။ ကောင်လေးကို ညှို့တော့မယ်။ အရင်ဆုံး ငြိမ်ငြိမ်လေး ထိုင်နေပြီးစရမယ်။

ငြိမ်ငြိမ်လေး ထိုင်ရမယ်ဆိုတာက ကိုယ့်ရဲ့ ယောက်ယက်ခတ်နေတဲ့ စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင် စုစည်းလိုက်တာပဲ။ဘာကြောင့်လဲဆိုတော့ တည်ငြိမ်တဲ့ စိတ်ကသာ အောင်မြင်စေမှာဖြစ်တယ်။ ဒါကိုလည်း သမာဓိလို့ ပြောရင်ရမလား။ဘယ်လိုပဲပြောပြော အဓိကကတော့ သင့်ရဲ့ စိတ်ဟာ အေးချမ်းပေါ့ပါးနေရမယ်။ တည်ငြိမ်နေရမယ်။ ယောက်ယက်ခတ်မနေရဘူး။ ပူလောင်မနေရဘူး။ ဟိုရောက်ဒီရောက် ဖြစ်မနေရဘူး။ ကိုယ်ချစ်ခင် စွဲလန်းနေတဲ့ ကောင်မလေးဆီကို ကိုယ့်ရဲ့ စိတ်အာရုံကို အပြည့်အ၀ စေလွှတ်တော့မှာ ဖြစ်တယ်။

အဆင့်(၄)- ကိုယ်ကြိုက်တဲ့ ကောင်လေးကို စိတ်ကူးနဲ့ အရင်သွားတွေ့ရမယ်။

အိုကေ ...။ နောက်တစ်ဆင့်တက်ပြီ။ သွားတွေ့တော့မယ်။ အဝတ်အစား သန့်သန့်ရှင်းရှင်း ဝတ်ပြီး တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ကောင်လေးကို သွားတွေ့မယ်။ ရောက်ပြီ။ ကောင်လေးကို တွေ့ရပြီ။ ကိုယ်က ကောင်မလေးကိုအရင်ဆုံး လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်။ အဲဒီမှာ ကောင်လေးကလည်း ကိုယ့်ကို လှိုက်လှဲဖော်ရွှေစွာပြန်လည်ပြုံးပြတယ်နော်။ အဲဒီမှာ ကိုယ်က ကောင်လေးကို အချစ်တွေ၊ မေတ္တာတွေ ပြည့်ဝနေတဲ့ မျက်ဝန်းတွေနဲ့ကောင်လေးရဲ့ မျက်ဝန်းကို စိုက်ပြီး ကြည့်လိုက်တယ်။ ကောင်လေးကလည်း ကိုယ့်မျက်ဝန်းတွေကို ပြန်လည်စိုက်ကြည့်နေပြီ။ သူနဲ့ ကိုယ်နဲ့ မျက်လုံးခြင်းဆုံ နေပြီနော်။ မျက်စိကို လုံးဝမလွဲလိုက်နဲ့။ စိုက်သာကြည့်နေ။ ပြီးတော့မှကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေကို တစ်လုံးချင်းချင်း သူ့ကို ပြောပြလိုက်မယ်။

ဒီမှာ ကိုအောင်။ ကျွန်မ ကိုအောင့်ကို စကား ပြောချင်တယ်။ ကျွန်မစကားကို သေသေချာချာ နားထောင်နော်။ကျွန်မကတော့ ကိုအောင့်ကို အရမ်းချစ်တယ်။ စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ တကယ်မြတ်မြတ်နိုးနိုး ချစ်တာပါ။အရမ်းလည်း စွဲလန်းနေပါတယ်။ ကျွန်မက ကိုအောင့်ကို စွဲလန်းချစ်ခင်နေသလိုပဲ ကိုအောင်ကလည်း ကျွန်မကိုပြန်ချစ်ရမယ်။ ပြန်ချစ်တယ် မဟုတ်လားလို့ တစ်ခါတည်း ပြန်မေးလိုက်တယ်။ အဲဒီမှာ သူက ကိုယ့်ကို တစ်ခါတည်းပြုံးပျော် ရွှင်လန်းစွာနဲ့ စကားပြန်ပြောတယ်။ ကျွန်တော်လည်း မကို ချစ်ပါတယ်ပေါ့။

(ဒါက ဥပမာ ပြောတာနော်။ တော်ကြာ ကိုယ့်မှာ ချစ်သူရှိတဲ့လူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေဦးမယ်။ ကိုယ့်မှာ

ချစ်သူရည်းစားရှိတဲ့ လူတွေကြပြန်တော့ ကိုယ့်ချစ်သူရဲ့ ရင်ထဲကိုဝင်ပြီး ကိုယ့်ကို ပိုချစ်သထက်ချစ်အောင်၊စွဲလန်းသထက် စွဲလန်းအောင် ၊ သတိယသထက် သတိယအောင် ဝင်ပြီး ကိုယ်ချစ်သူလေးရဲ့ စိတ်ကို ညှို့လို့ရတာပေါ။)

အခု အပေါ်မှာ ပြောခဲ့တာတွေ အားလုံးဟာ စိတ်ကူးနေတာနော်။ စိတ်ကူးနေတာ။ အဲဒီလို နေ့တိုင်း စိတ်ကူးရမယ်။ ထက်သန်တဲ့ စိတ်၊ တက်ကြွတဲ့ စိတ်နဲ့ နေ့တိုင်း စိတ်ကူးရမယ်။ ဘယ်နှစ်ရက်လုပ်ရမလဲ လို့တော့ မမေးပါနဲ့။ ကိုယ့်ရဲ့ စိတ်အားထက်သန်ရင် ထက်သန်သလောက် မြန်မယ်။ ကိုယ့်စိတ်က စွဲလန်းရင် စွဲလန်းသလောက် မြန်မယ်။ တကယ်လုပ်ရင် သေချာပေါက် အောင်မြင်မှာလားလို့ မေးရင်တော့ တကယ်ကို သေချာပေါက် အောင်မြင်ပါ့မယ်ဆိုတာကို အာမခံပေးလိုက်ပါတယ်။

အဆင့်(၅)- ဘယ်အချိန်လုပ်ရင် အကောင်းဆုံးလဲ။
အကောင်းဆုံးကတော့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေး အိပ်စက်တဲ့အချိန် လုပ်တာ အကောင်းဆုံးပါပဲ။ မိတ်ဆွေများခင်ဗျား။ စိတ်ပညာနှင့် ပါတ်သက်၍ ကျွန်တော်ဟာ ပညာရှင်မဟုတ်ပါ။ ဆရာသခင် လမ်းပြပေးခဲ့သောနည်းနာများကို အခြေခံ၍ စိတ်တန်ခိုးဆိုသော လမ်းရှည်ကြီးကို စိတ်ရှည်လက်ရှည် ဆက်လက် ခရီးဆက်နေသော သာမန်လူတစ်ဦးပင်ဖြစ်ပါတယ်။ ကျွန်ုပ်သည် ကောင်းကင်ပေါ်လည်း ပြန်သန်း နိုင်သော တန်ခိုးကို မလိုချင်ပါ။ ရေထဲမှာသွားနိုင်သော သူလည်း မဖြစ်လိုပါ။ အရာ ဝတ္ထုများကို မတို့မထိပဲ ရွေ့ရှားအောင်လည်း မစွမ်းဆောင်ချင်ပါ။
ကျွန်ုပ်လိုချင်သော စိတ်တန်ခိုး ဆိုသည်မှာကား ကျွန်ုပ်နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော လူမှု့ရေး၊ စီးပွားရေး၊ လုပ်ငန်းဆောင်တာ ကိစ္စများကိုသာ ကျွနု်ပ်ဆန္ဒရှိသည့်အတိုင်း စေစားနိုင်သူသာ ဖြစ်ချင်ပါသည်။ ထို့ကြောင့်အောင်မြင်သော ဘဝခရီးလမ်းကို ကျွန်ုပ်ကဲ့သို့ ရှေ့ရှု့ကြကုန်သော သူအပေါင်းတို့အတွက် ရည်ရွယ်၍ အနည်းငယ်မျှသော အသိတရားဖြင့် ပြန်လည်ရေးသား ပေးလိုက်ရခြင်း ဖြစ်ပါတယ်။



Credit:Shwemantarlaywaiyan



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top