iMyanmarHouse.com - Best Property Website for Myanmar
×

ဟိုးေရွးေခတ္ နည္းပညာေတြ မထြန္းကားေသးတဲ့ အခ်ိန္တုန္းက အမ်ိဳးသမီးေတြဟာ ကိုယ္ဝန္ရွိ မရွိ/ဘယ္လို သိေအာင္လုပ္ခဲ့ၾကသလဲ ဆိုတာ စဥ္းစားၾကည့္ဖူးပါသလား။ နည္းလမ္း တခုခုေတာ့ ရွိေနပါလိမ့္မယ္။ အဲဒီတုန္းက အမ်ိဳးသမီးေတြဟာ အိမ္သုံးပစၥည္းေတြ သုံးၿပီး ကိုယ္ဝန္ရွိမရွိ စမ္းသပ္ခဲ့ၾကပါသတဲ့။

အခုေခတ္မွာ နည္းပညာေတြ တိုးတက္ေနၿပီ ဆိုေပမယ့္ ကိုယ္ဝန္ ရွိ/ မရွိ သိနိုင္ဖို႔ ေဆးခန္းေဆး႐ုံ သြားရတဲ့ အလုပ္၊ ဆရာဝန္ေတြ၊ နာ့စ္မေတြရဲ႕ ေမြးခြန္းေတြ ေျဖေနရတဲ့ အလုပ္ေတြကို မိန္းကေလး အေတာ္မ်ားမ်ား မလိုလားၾကပါဘူး။ ဒါေၾကာင့္ သင့္မွာ ကိုယ္ဝန္ ရွိ/မရွိ သင့္အိမ္မွာရွိေနတဲ့ အိမ္သုံးပစၥည္းေတြ သုံးၿပီး သင္ကိုယ္တိုင္ စမ္းသပ္နိုင္ဖို႔ onlymyhealth.com မွာ ေဖာ္ျပထားတဲ့ နည္းလမ္းေလးေတြ ေဖာ္ျပေပး လိုက္ပါတယ္။

အစြန္းခြၽတ္ေဆးနဲ႕ ကိုယ္ဝန္ ရွိမရွိ စမ္းသပ္ျခင္း

အစြန္းခြၽတ္ေဆးကို မူလ အသုံးျပဳၾကတာက အဝတ္အစားေတြကို ျဖဴစင္ေစၿပီး အစြန္းအထင္းေတြကို ဖယ္ရွားေပးနိုင္ပါတယ္။ အဲဒီ အစြန္းခြၽတ္ေဆးကိုပဲ ကိုယ္ဝန္ ရွိ/မရွိ စမ္းသပ္ရာမွာ သုံးနိုင္ပါတယ္။ အစြန္းခြၽတ္ေဆး ထည့္ထားတဲ့ ခြက္ထဲကို သင့္ရဲ႕ က်င္ငယ္ေရ ထည့္ၿပီး စမ္းသပ္ရမွာ ျဖစ္တယ္။ တကယ္လို႔ ေရျမႇုပ္ေတြလို အျမႇုပ္ေတြထလာတာ ေတြ႕ရင္ေတာ့ သင္ကိုယ္ဝန္ ရွိေနပါၿပီ။ သတိျပဳရမွာက ဒီ စမ္းသပ္ခ်က္ကို မြန္းေလွာင္ေနတဲ့ အခန္းထဲမွာ လုပ္ရမွာမဟုတ္ဘဲ ေလဝင္ေလထြက္ေကာင္းတဲ့ ေနရာဝန္းက်င္မွာ လုပ္ရမွာ ဆိုတာပဲ။

သြားတိုက္ေဆးနဲ႕ ကိုယ္ဝန္ရွိမရွိ စမ္းသပ္ျခင္း

အိမ္တိုင္းသုံး လူတိုင္းသုံး ျဖစ္တာေၾကာင့္ အလြယ္ဆုံး ရနိုင္တဲ့ သြားတိုက္ေဆးကို သုံးၿပီး သင့္မွာ ကိုယ္ဝန္ ရွိ/မရွိ စမ္းသပ္နိုင္ပါတယ္။ ယခင္က သက္ႀကီး႐ြယ္အို အမ်ိဳးသမီးေတြၾကား လူသိမ်ားတဲ့ နည္းတမ်ိဳး ျဖစ္တာေၾကာင့္ ေဖာ္ျပေပးပါမယ္။ က်င္ငယ္နဲ႕ သြားတိုက္ေဆး ေရာလိုက္တဲ့အခါ အျမႇုပ္ေတြ တစီစီတက္လာတယ္၊ ဒါမွမဟုတ္ ျပာတာတာ အေရာင္ကို ေတြ႕ရတယ္ ဆိုရင္ေတာ့ သင့္မွာ ကိုယ္ဝန္ရွိေနပါၿပီ။

Pine Sol ဘက္တီးရီးယား ကာကြယ္ေဆးရည္နဲ႕ ကိုယ္ဝန္ ရွိမရွိ စမ္းသပ္ျခင္း

အိမ္တြင္း အခန္းေတြ ပရိေဘာဂေတြကို သန႔္စင္ေဆးအျဖစ္ အသုံးျပဳနိုင္ၿပီး၊ ေခ်ာဆီအျဖစ္လည္း အသုံးျပဳနိုင္တဲ့  ထင္းရႉးဆီနဲ႕ ျပဳလုပ္ထားတဲ့ Pine Sol ျဖင့္ ကိုယ္ဝန္ ရွိ/မရွိ စမ္းသပ္လို႔ ရပါတယ္။ သင့္ရဲ႕က်င္ ငယ္နဲ႕ Pine Sol ကို ခြက္တခုထဲမွာ ေရာထည့္လိုက္ပါ။ ၿပီးေတာ့ အေရာင္ ေျပာင္းလဲမႈ ရွိ/ မရွိ စစ္ေဆးပါ။ အေရာင္ေျပာင္းတယ္ဆိုရင္ေတာ့ သင့္မွာ ကိုယ္ဝန္ ရွိေနပါၿပီ။

ဒန္ဒယ္လီယြန္ ႐ြက္မ်ားနဲ႕ ကိုယ္ဝန္ကို စမ္းသပ္ျခင္း

ဒန္ဒယ္လီယြန္ (အဝါေရာင္ပန္းပြင့္တဲ့ အေလ့က် အပင္တမ်ိဳး)ရဲ႕ အ႐ြက္ကို ေႁခြယူၿပီး ပလပ္စတစ္ အခင္းတခုေပၚ တင္ထားလိုက္ပါ။ ေနေရာင္နဲ႕ တိုက္ရိုက္မထိပါေစနဲ႕။ ၿပီးေတာ့ အဲဒီ ဒန္ဒယ္လီယြန္ အ႐ြက္ေတြကို က်င္ငယ္ျဖင့္ ထိေတြ႕ေအာင္လုပ္ပါ။ ယင္း က်င္ငယ္ေရနဲ႕ အ႐ြက္ေတြကို ႐ႊဲ႐ႊဲစိုေနပါေစ။ ဒန္ဒယ္လီယြန္ အ႐ြက္ေတြကို ၁၀ မိနစ္ၾကာ တႀကိမ္ စစ္ေဆးပါ။ အဲဒီလို စစ္ေဆးတဲ့အခါ အ႐ြက္ေတြေပၚမွာ နီၾကင္ၾကင္ ေဖာင္းထလာတဲ့ အဖုအေပါက္ေလးေတြကို ရွာေဖြပါ။ အဲဒီမွာ အဖုေလးေတြ ေတြ႕ရရင္ေတာ့ သင့္မွာ ကိုယ္ဝန္ ရွိေနၿပီဆိုတာ ျပပါတယ္။

အခု တင္ျပခဲ့တဲ့ နည္းစနစ္ေတြက ကိုယ္ဝန္ေဆာင္သူရဲ႕ က်င္ငယ္မွာ human chorionic gonadotropin (hCG) လို႔ ေခၚတဲ့ ေဟာ္မုန္း တမ်ိဳးပါဝင္မႈနဲ႕ စမ္းသပ္တာပါ။ ဘယ္ေလာက္ တိက်မႈ ရွိမယ္ ဆိုတာေတာ့ သုံးစြဲတဲ့ အိမ္သုံး ပစၥည္းေတြရဲ႕ အရည္အေသြးနဲ႕ သက္ဆိုင္ေနတတ္သလို၊ စနစ္တက် လုပ္ေဆာင္မႈနဲ႕လည္း ဆက္စပ္ေနတယ္လို႔ ဆိုပါတယ္။

သၾကားနဲ႕ ကိုယ္ဝန္ ရွိ/မရွိ စမ္းသပ္ျခင္း

သင့္မွာ ကိုယ္ဝန္ ရွိ/မရွိ စမ္းသပ္ဖို႔ သၾကားကိုလည္း အသုံးျပဳ နိုင္ပါတယ္။ သၾကားကို သုံးၿပီး စမ္းသပ္မယ္ ဆိုရင္ေတာ့ မနက္ေစာေစာ အိမ္ရာနိုးနိုးခ်င္း ပထမဆုံး ေပါက္တဲ့ က်င္ငယ္နဲ႕ စမ္းသပ္ရမွာပါ။ စမ္းသပ္ပုံ စမ္းသပ္နည္းက ဒီလိုပါ။ ေဇာက္နက္ခြက္ တခု သို႔မဟုတ္ ဇလုံတခုကို ယူပါ၊ အဲဒီထဲကို သၾကား ႏွစ္ဇြန္း သုံးဇြန္းေလာက္ထည့္ပါ။ မနက္ အိပ္ရာက နိုးနိုးခ်င္း က်င္ငယ္သြားတဲ့အခါ အဲဒီထဲကို ပန္းထည့္လိုက္ပါ။ သၾကားနဲ႕ က်င္ငယ္ ဘယ္လို တုံ႕ျပန္မႈ ရွိသလဲ ဆိုတာ ၾကည့္ပါ။ တကယ္လို႔သာ သၾကားက က်င္ငယ္ထဲကို ေပ်ာ္ဝင္သြားတယ္ ဆိုရင္ေတာ့ သင့္မွာ ကိုယ္ဝန္ မရွိပါဘူး။ ဒါေပမယ့္ က်င္ငယ္ထဲကို သၾကားေတြ လြယ္လြယ္ကူကူ ေပ်ာ္ဝင္မသြားဘဲ သဏၭာန္မမွန္တဲ့ ပုံေတြေတြ႕ရမယ္ ဆိုရင္ေတာ့ သင့္မွာ ကိုယ္ဝန္ ရွိေနၿပီ ဆိုတာ ျပပါတယ္။

Credit:Irrawaddy
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဟိုးရှေးခေတ် နည်းပညာတွေ မထွန်းကားသေးတဲ့ အချိန်တုန်းက အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိ မရှိ/ဘယ်လို သိအောင်လုပ်ခဲ့ကြသလဲ ဆိုတာ စဉ်းစားကြည့်ဖူးပါသလား။ နည်းလမ်း တခုခုတော့ ရှိနေပါလိမ့်မယ်။ အဲဒီတုန်းက အမျိုးသမီးတွေဟာ အိမ်သုံးပစ္စည်းတွေ သုံးပြီး ကိုယ်ဝန်ရှိမရှိ စမ်းသပ်ခဲ့ကြပါသတဲ့။

အခုခေတ်မှာ နည်းပညာတွေ တိုးတက်နေပြီ ဆိုပေမယ့် ကိုယ်ဝန် ရှိ/ မရှိ သိနိုင်ဖို့ ဆေးခန်းဆေးရုံ သွားရတဲ့ အလုပ်၊ ဆရာဝန်တွေ၊ နာ့စ်မတွေရဲ့ မွေးခွန်းတွေ ဖြေနေရတဲ့ အလုပ်တွေကို မိန်းကလေး အတော်များများ မလိုလားကြပါဘူး။ ဒါကြောင့် သင့်မှာ ကိုယ်ဝန် ရှိ/မရှိ သင့်အိမ်မှာရှိနေတဲ့ အိမ်သုံးပစ္စည်းတွေ သုံးပြီး သင်ကိုယ်တိုင် စမ်းသပ်နိုင်ဖို့ onlymyhealth.com မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေ ဖော်ပြပေး လိုက်ပါတယ်။

အစွန်းချွတ်ဆေးနဲ့ ကိုယ်ဝန် ရှိမရှိ စမ်းသပ်ခြင်း

အစွန်းချွတ်ဆေးကို မူလ အသုံးပြုကြတာက အဝတ်အစားတွေကို ဖြူစင်စေပြီး အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒီ အစွန်းချွတ်ဆေးကိုပဲ ကိုယ်ဝန် ရှိ/မရှိ စမ်းသပ်ရာမှာ သုံးနိုင်ပါတယ်။ အစွန်းချွတ်ဆေး ထည့်ထားတဲ့ ခွက်ထဲကို သင့်ရဲ့ ကျင်ငယ်ရေ ထည့်ပြီး စမ်းသပ်ရမှာ ဖြစ်တယ်။ တကယ်လို့ ရေမြှုပ်တွေလို အမြှုပ်တွေထလာတာ တွေ့ရင်တော့ သင်ကိုယ်ဝန် ရှိနေပါပြီ။ သတိပြုရမှာက ဒီ စမ်းသပ်ချက်ကို မွန်းလှောင်နေတဲ့ အခန်းထဲမှာ လုပ်ရမှာမဟုတ်ဘဲ လေဝင်လေထွက်ကောင်းတဲ့ နေရာဝန်းကျင်မှာ လုပ်ရမှာ ဆိုတာပဲ။

သွားတိုက်ဆေးနဲ့ ကိုယ်ဝန်ရှိမရှိ စမ်းသပ်ခြင်း

အိမ်တိုင်းသုံး လူတိုင်းသုံး ဖြစ်တာကြောင့် အလွယ်ဆုံး ရနိုင်တဲ့ သွားတိုက်ဆေးကို သုံးပြီး သင့်မှာ ကိုယ်ဝန် ရှိ/မရှိ စမ်းသပ်နိုင်ပါတယ်။ ယခင်က သက်ကြီးရွယ်အို အမျိုးသမီးတွေကြား လူသိများတဲ့ နည်းတမျိုး ဖြစ်တာကြောင့် ဖော်ပြပေးပါမယ်။ ကျင်ငယ်နဲ့ သွားတိုက်ဆေး ရောလိုက်တဲ့အခါ အမြှုပ်တွေ တစီစီတက်လာတယ်၊ ဒါမှမဟုတ် ပြာတာတာ အရောင်ကို တွေ့ရတယ် ဆိုရင်တော့ သင့်မှာ ကိုယ်ဝန်ရှိနေပါပြီ။

Pine Sol ဘက်တီးရီးယား ကာကွယ်ဆေးရည်နဲ့ ကိုယ်ဝန် ရှိမရှိ စမ်းသပ်ခြင်း

အိမ်တွင်း အခန်းတွေ ပရိဘောဂတွေကို သန့်စင်ဆေးအဖြစ် အသုံးပြုနိုင်ပြီး၊ ချောဆီအဖြစ်လည်း အသုံးပြုနိုင်တဲ့  ထင်းရှူးဆီနဲ့ ပြုလုပ်ထားတဲ့ Pine Sol ဖြင့် ကိုယ်ဝန် ရှိ/မရှိ စမ်းသပ်လို့ ရပါတယ်။ သင့်ရဲ့ကျင် ငယ်နဲ့ Pine Sol ကို ခွက်တခုထဲမှာ ရောထည့်လိုက်ပါ။ ပြီးတော့ အရောင် ပြောင်းလဲမှု ရှိ/ မရှိ စစ်ဆေးပါ။ အရောင်ပြောင်းတယ်ဆိုရင်တော့ သင့်မှာ ကိုယ်ဝန် ရှိနေပါပြီ။

ဒန်ဒယ်လီယွန် ရွက်များနဲ့ ကိုယ်ဝန်ကို စမ်းသပ်ခြင်း

ဒန်ဒယ်လီယွန် (အဝါရောင်ပန်းပွင့်တဲ့ အလေ့ကျ အပင်တမျိုး)ရဲ့ အရွက်ကို ခြွေယူပြီး ပလပ်စတစ် အခင်းတခုပေါ် တင်ထားလိုက်ပါ။ နေရောင်နဲ့ တိုက်ရိုက်မထိပါစေနဲ့။ ပြီးတော့ အဲဒီ ဒန်ဒယ်လီယွန် အရွက်တွေကို ကျင်ငယ်ဖြင့် ထိတွေ့အောင်လုပ်ပါ။ ယင်း ကျင်ငယ်ရေနဲ့ အရွက်တွေကို ရွှဲရွှဲစိုနေပါစေ။ ဒန်ဒယ်လီယွန် အရွက်တွေကို ၁၀ မိနစ်ကြာ တကြိမ် စစ်ဆေးပါ။ အဲဒီလို စစ်ဆေးတဲ့အခါ အရွက်တွေပေါ်မှာ နီကြင်ကြင် ဖောင်းထလာတဲ့ အဖုအပေါက်လေးတွေကို ရှာဖွေပါ။ အဲဒီမှာ အဖုလေးတွေ တွေ့ရရင်တော့ သင့်မှာ ကိုယ်ဝန် ရှိနေပြီဆိုတာ ပြပါတယ်။

အခု တင်ပြခဲ့တဲ့ နည်းစနစ်တွေက ကိုယ်ဝန်ဆောင်သူရဲ့ ကျင်ငယ်မှာ human chorionic gonadotropin (hCG) လို့ ခေါ်တဲ့ ဟော်မုန်း တမျိုးပါဝင်မှုနဲ့ စမ်းသပ်တာပါ။ ဘယ်လောက် တိကျမှု ရှိမယ် ဆိုတာတော့ သုံးစွဲတဲ့ အိမ်သုံး ပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ သက်ဆိုင်နေတတ်သလို၊ စနစ်တကျ လုပ်ဆောင်မှုနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

သကြားနဲ့ ကိုယ်ဝန် ရှိ/မရှိ စမ်းသပ်ခြင်း

သင့်မှာ ကိုယ်ဝန် ရှိ/မရှိ စမ်းသပ်ဖို့ သကြားကိုလည်း အသုံးပြု နိုင်ပါတယ်။ သကြားကို သုံးပြီး စမ်းသပ်မယ် ဆိုရင်တော့ မနက်စောစော အိမ်ရာနိုးနိုးချင်း ပထမဆုံး ပေါက်တဲ့ ကျင်ငယ်နဲ့ စမ်းသပ်ရမှာပါ။ စမ်းသပ်ပုံ စမ်းသပ်နည်းက ဒီလိုပါ။ ဇောက်နက်ခွက် တခု သို့မဟုတ် ဇလုံတခုကို ယူပါ၊ အဲဒီထဲကို သကြား နှစ်ဇွန်း သုံးဇွန်းလောက်ထည့်ပါ။ မနက် အိပ်ရာက နိုးနိုးချင်း ကျင်ငယ်သွားတဲ့အခါ အဲဒီထဲကို ပန်းထည့်လိုက်ပါ။ သကြားနဲ့ ကျင်ငယ် ဘယ်လို တုံ့ပြန်မှု ရှိသလဲ ဆိုတာ ကြည့်ပါ။ တကယ်လို့သာ သကြားက ကျင်ငယ်ထဲကို ပျော်ဝင်သွားတယ် ဆိုရင်တော့ သင့်မှာ ကိုယ်ဝန် မရှိပါဘူး။ ဒါပေမယ့် ကျင်ငယ်ထဲကို သကြားတွေ လွယ်လွယ်ကူကူ ပျော်ဝင်မသွားဘဲ သဏ္ဌာန်မမှန်တဲ့ ပုံတွေတွေ့ရမယ် ဆိုရင်တော့ သင့်မှာ ကိုယ်ဝန် ရှိနေပြီ ဆိုတာ ပြပါတယ်။

Credit:Irrawaddy

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top