iMyanmarHouse.com - Best Property Website for Myanmar
×

ျပတ္စဲလုိက္၊ ျပန္အဆင္ေျပသြားလုိက္နဲ႔ အႀကိမ္ေပါင္းမ်ားစြာ ပဋိ ပကၡျဖစ္ေနတဲ့ သင့္တုိ႔ရဲ႕ အခ်စ္ေရးက တကယ့္ကုိ စိတ္ပ်က္စရာ ေကာင္းလြန္းေနပါၿပီ…တစ္ဖက္ကလည္း ျပတ္ျပတ္သားသား မျဖစ္ေသးလုိ႔  သင့္ဘက္ကလည္း မျပတ္သားႏုိင္ေသးလုိ႔ အပ်က္ ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္ရၿပီး ႏွစ္ေယာက္စလံုးထိခုိက္နစ္နာေန ၾကရတဲ့ ဆက္ဆံေရးကုိ ေႏွာင္ဖြဲ႔ေနမိၾကတုန္းပါပဲ။ ဒါေပမဲ့လည္း ဒီ လုိ လမ္းဆံုးေနၿပီျဖစ္တ့ဲ ဆက္ဆံေရးတစ္ခုကို အဆံုးသတ္ဖုိ႔အ တြက္ အျမန္ဆံုးန႔ဲ အထိေရာက္ဆံုး ေျဖရွင္းဖုိ႔နဲ႔ ကုိယ့္ဘက္က ျပတ္ ျပတ္သားသားေနလုိ႔ရသြားႏုိင္မယ့္ နည္းလမ္းကေလးေတြကုိ ေဖာ္ျပ ေပးခ်င္ပါတယ္။

၁။ အလုပ္ရႈပ္ေနပါေစ။ အလုပ္လုပ္စရာမ်ား၊ လုပ္ငန္းတာဝန္ လုပ္ ေဆာင္တာမ်ား၊ လူမႈ႕ေရးကိစၥမ်ားေတြမွာ မိမိကုိယ္တုိင္ပါဝင္ၿပီး လုပ္ေဆာင္ၾကည့္လုိက္ပါ။ အေရးႀကီးတာဝန္ စီမံခန္႔ခြဲရတဲ့ ေနရာ ေတြမွာ တာဝန္ႀကီးႀကီးကုိ ယူထားလုိက္မယ္ဆုိရင္ အလုပ္ထဲစိတ္ ႏွစ္ရာကုိေရာက္ၿပီး သင့္ရဲ႕အခ်စ္ေရးနဲ႔ သင့္လူကုိ တစ္ခဏတာ ေတာ့ ေမ့သြားႏုိင္ပါတယ္။ တစ္ခဏတာ အခ်ိန္ကေန အလုပ္ထဲကို စိတ္ေရာက္ခ်ိန္တုိင္း ေမ့သြားရာကေန ေသြးေအးသြားၿပီးေတာ့ သင့္ရဲ႕မေျပလည္တဲ့ အခ်စ္ေရးကုိ အဆံုးသတ္သြားႏုိင္မွာပဲ ျဖစ္ပါ တယ္။

၂။ အတိတ္မွာ ျဖစ္ခဲ့တဲ့ နာက်င္စရာေတြကုိပဲ ေတြးၾကည့္ၿပီးေတာ့ စိတ္ထဲ အမွတ္ရပါ။ ဒါကေတာ့ တကယ့္ကုိ သင့္အခ်စ္ေရးအတြက္ ေမ့ပစ္လုိ႔ရႏုိင္မယ့္ အခ်က္တစ္ခ်က္လည္း ျဖစ္ပါတယ္။ တြဲလာတဲ့ ကာလတစ္ေလွ်ာက္လံုးမွာ သင့္အေပၚ ရက္ရက္စက္စက္ ျပဳမူတဲ့ သူ၊ မေကာင္းတဲ့သူကုိ မုန္းပစ္ဖုိ႔၊ ေမ့ပစ္ဖုိ႔ စိတ္ကုိတင္းထားေပး လုိက္တ့ဲသေဘာပါပဲ။ မာနကေလးထည့္ထားၿပီးေတာ့ ကုိယ့္ကို ေပ်ာ္ရႊင္မႈ မေပးႏုိင္သူရဲ႕ အနားထပ္ေနခြင့္မျပဳလုိက္တာပါပဲ။ မိမိခႏၵာနဲ႔ စိတ္အသက္ရွင္ျခင္းကုိ မိမိကုိယ္တုိင္ပဲ ပုိင္ဆုိင္သင့္ပါ တယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ လြမ္းစရာ၊ အမွတ္ရစရာေတြ သတိရလာ တဲ့ အခါတုိင္းစိတ္ကုိတင္း ေျဖသာထားၿပီး မျဖစ္ႏုိင္ေတာ့တဲ့ ဇာတ္လမ္း ထဲမွာပဲ တဝဲမလည္ဖုိ႔ ကုိယ္ကိုကုိယ္ အသိေပးထားပါ။

၃။ ပတ္ဝန္းက်င္အသစ္ေတြ၊ အေပါင္းအသင္းမိတ္ေဆြအသစ္၊ စိတ္ ပါဝင္စားမယ့္ အရာအသစ္ေတြကုိ ဖန္တီးေလ့လာၾကည့္ပါ။ သူငယ္ ခ်င္း အေဟာင္း၊ အသစ္ မိတ္ေဆြေတြဖြဲ႔ၿပီး အခ်ိန္ေပးၾကည့္္ပါ။ မိမိ တစ္ခါမွမလုပ္ၾကည့္ရဖူးေသးတဲ့ ဝါသနာပါရာေလးေတြ၊ စိတ္ပါတဲ့ အရာေလးေတြကုိ လုပ္ၾကည့္ပါ။ သင့္စိတ္ကုိ အာရံုလႊဲေျပာင္းေပးေစ သလုိ စိတ္ဝင္စားလာမွာလည္း အေသအခ်ာပါပဲ။

Credit: ဖိုးသူေတာ္ (www.phothutaw.com)


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပြတ်စဲလိုက်၊ ပြန်အဆင်ပြေသွားလိုက်နဲ့ အကြိမ်ပေါင်းများစွာ ပဋိ ပက္ခဖြစ်နေတဲ့ သင့်တို့ရဲ့ အချစ်ရေးက တကယ့်ကို စိတ်ပျက်စရာ ကောင်းလွန်းနေပါပြီ…တစ်ဖက်ကလည်း ပြတ်ပြတ်သားသား မဖြစ်သေးလို့  သင့်ဘက်ကလည်း မပြတ်သားနိုင်သေးလို့ အပျက် ပျက်နဲ့ နှာခေါင်းသွေးထွက်ရပြီး နှစ်ယောက်စလုံးထိခိုက်နစ်နာနေ ကြရတဲ့ ဆက်ဆံရေးကို နှောင်ဖွဲ့နေမိကြတုန်းပါပဲ။ ဒါပေမဲ့လည်း ဒီ လို လမ်းဆုံးနေပြီဖြစ်တဲ့ ဆက်ဆံရေးတစ်ခုကို အဆုံးသတ်ဖို့အ တွက် အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဖြေရှင်းဖို့နဲ့ ကိုယ့်ဘက်က ပြတ် ပြတ်သားသားနေလို့ရသွားနိုင်မယ့် နည်းလမ်းကလေးတွေကို ဖော်ပြ ပေးချင်ပါတယ်။

၁။ အလုပ်ရှုပ်နေပါစေ။ အလုပ်လုပ်စရာများ၊ လုပ်ငန်းတာဝန် လုပ် ဆောင်တာများ၊ လူမှု့ရေးကိစ္စများတွေမှာ မိမိကိုယ်တိုင်ပါဝင်ပြီး လုပ်ဆောင်ကြည့်လိုက်ပါ။ အရေးကြီးတာဝန် စီမံခန့်ခွဲရတဲ့ နေရာ တွေမှာ တာဝန်ကြီးကြီးကို ယူထားလိုက်မယ်ဆိုရင် အလုပ်ထဲစိတ် နှစ်ရာကိုရောက်ပြီး သင့်ရဲ့အချစ်ရေးနဲ့ သင့်လူကို တစ်ခဏတာ တော့ မေ့သွားနိုင်ပါတယ်။ တစ်ခဏတာ အချိန်ကနေ အလုပ်ထဲကို စိတ်ရောက်ချိန်တိုင်း မေ့သွားရာကနေ သွေးအေးသွားပြီးတော့ သင့်ရဲ့မပြေလည်တဲ့ အချစ်ရေးကို အဆုံးသတ်သွားနိုင်မှာပဲ ဖြစ်ပါ တယ်။

၂။ အတိတ်မှာ ဖြစ်ခဲ့တဲ့ နာကျင်စရာတွေကိုပဲ တွေးကြည့်ပြီးတော့ စိတ်ထဲ အမှတ်ရပါ။ ဒါကတော့ တကယ့်ကို သင့်အချစ်ရေးအတွက် မေ့ပစ်လို့ရနိုင်မယ့် အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ တွဲလာတဲ့ ကာလတစ်လျှောက်လုံးမှာ သင့်အပေါ် ရက်ရက်စက်စက် ပြုမူတဲ့ သူ၊ မကောင်းတဲ့သူကို မုန်းပစ်ဖို့၊ မေ့ပစ်ဖို့ စိတ်ကိုတင်းထားပေး လိုက်တဲ့သဘောပါပဲ။ မာနကလေးထည့်ထားပြီးတော့ ကိုယ့်ကို ပျော်ရွှင်မှု မပေးနိုင်သူရဲ့ အနားထပ်နေခွင့်မပြုလိုက်တာပါပဲ။ မိမိခန္ဒာနဲ့ စိတ်အသက်ရှင်ခြင်းကို မိမိကိုယ်တိုင်ပဲ ပိုင်ဆိုင်သင့်ပါ တယ်။ ဒါ့ကြောင့်မို့လို့ လွမ်းစရာ၊ အမှတ်ရစရာတွေ သတိရလာ တဲ့ အခါတိုင်းစိတ်ကိုတင်း ဖြေသာထားပြီး မဖြစ်နိုင်တော့တဲ့ ဇာတ်လမ်း ထဲမှာပဲ တဝဲမလည်ဖို့ ကိုယ်ကိုကိုယ် အသိပေးထားပါ။

၃။ ပတ်ဝန်းကျင်အသစ်တွေ၊ အပေါင်းအသင်းမိတ်ဆွေအသစ်၊ စိတ် ပါဝင်စားမယ့် အရာအသစ်တွေကို ဖန်တီးလေ့လာကြည့်ပါ။ သူငယ် ချင်း အဟောင်း၊ အသစ် မိတ်ဆွေတွေဖွဲ့ပြီး အချိန်ပေးကြည့်ပါ။ မိမိ တစ်ခါမှမလုပ်ကြည့်ရဖူးသေးတဲ့ ဝါသနာပါရာလေးတွေ၊ စိတ်ပါတဲ့ အရာလေးတွေကို လုပ်ကြည့်ပါ။ သင့်စိတ်ကို အာရုံလွှဲပြောင်းပေးစေ သလို စိတ်ဝင်စားလာမှာလည်း အသေအချာပါပဲ။

Credit: ဖိုးသူတော် (www.phothutaw.com)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top