iMyanmarHouse.com - Best Property Website for Myanmar
×

႐ုပ္ရွင္ၾကည့္ရင္းငိုတတ္တဲ့သူေတြကို ေဘးလူေတြကေန ေလွာင္ရယ္တတ္ၾကပါတယ္။ ဒါဟာ သူတို႔ မ်က္ရည္လြယ္လို႔ စိတ္ဓာတ္ေပ်ာ့လို႔မဟုတ္ပါဘူး။ တကယ္ေတာ့ သူတို႔ဟာ စိတ္ဓာတ္အခိုင္မာဆုံးလူေတြပါ။

ဒါကို စိတ္ပိုင္းဆိုင္ရာေလ့လာမႈအရကေန ေျပာမယ္ဆိုရင္ ႐ုပ္ရွင္ထဲမွာျဖစ္ပ်က္ေနတာကို ခံစားၿပီးငိုဖို႔ဆိုတာ ကိုယ္ခ်င္းစာဖို႔လိုပါတယ္။ ကိုယ္ခ်င္းစာတယ္ဆိုတာ တျခားလူတစ္ေယာက္ရဲ႕ေနရာမွာ ဝင္ၿပီးခံစားေပးၾကည့္တာမ်ိဳးပါ။ ဒါမ်ိဳးဟာ လူတိုင္းမလုပ္နိုင္ပါဘူး။ မငိုဘဲ ဒီတိုင္းၾကည့္ေနတဲ့သူေတြဟာ ဘာမွမခံစားရလို႔ပါ။ တကယ္ငိုၿပီးၾကည့္ရတဲ့သူေတြဟာ ဝင္ေရာက္ခံစားနိုင္ဖို႔အတြက္ သတၱိေမြးရပါတယ္။

သတၱိေမြးၿပီး ဇာတ္ေကာင္ေနရာကေန ဝင္ေရာက္ခံစားၿပီး မတူညီတဲ့အျမင္ကေနၾကည့္ပါတယ္။ တစ္ခ်ိဳ႕ေသာေနရာေတြမွာ ငါသာဆိုရင္ဆိုၿပီးငိုတာထက္စာရင္၊ ကိုယ္တကယ္ႀကဳံဖူးတဲ့ နာက်င္စရာနဲ႕ကိုက္ညီလို႔ မ်က္ရည္က်လာရတာျဖစ္ပါတယ္။ မငိုဘဲအံႀကိတ္ခံလာသမွ် တိုက္ဆိုင္တဲ့အခ်ိန္မွာ ဝမ္းနည္းမိတာျဖစ္ပါတယ္။ ဒါဟာ စိတ္ဓာတ္ခိုင္မာတဲ့သူေတြမွာပဲ ျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ ႐ုပ္ရွင္ၾကည့္ရင္း ငိုတတ္တဲ့သူေတြဟာ၊ ဝမ္းနည္းလြယ္၊ စိတ္ေပ်ာ့တဲ့သူမ်ိဳးမဟုတ္ဘဲ တကယ္သူမ်ားေနရာမွ ဝင္ေရာက္ခံစားနိုင္ၿပီး ကိုယ္ခ်င္းစာတတ္ၿပီး စိတ္ပိုင္းဆိုင္ရာရင့္က်က္တဲ့သူေတြ ျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit:Myanmarload

#Unicode Version
ရုပ်ရှင်ကြည့်ရင်းငိုတတ်တဲ့သူတွေကို ဘေးလူတွေကနေ လှောင်ရယ်တတ်ကြပါတယ်။ ဒါဟာ သူတို့ မျက်ရည်လွယ်လို့ စိတ်ဓာတ်ပျော့လို့မဟုတ်ပါဘူး။ တကယ်တော့ သူတို့ဟာ စိတ်ဓာတ်အခိုင်မာဆုံးလူတွေပါ။

ဒါကို စိတ်ပိုင်းဆိုင်ရာလေ့လာမှုအရကနေ ပြောမယ်ဆိုရင် ရုပ်ရှင်ထဲမှာဖြစ်ပျက်နေတာကို ခံစားပြီးငိုဖို့ဆိုတာ ကိုယ်ချင်းစာဖို့လိုပါတယ်။ ကိုယ်ချင်းစာတယ်ဆိုတာ တခြားလူတစ်ယောက်ရဲ့နေရာမှာ ဝင်ပြီးခံစားပေးကြည့်တာမျိုးပါ။ ဒါမျိုးဟာ လူတိုင်းမလုပ်နိုင်ပါဘူး။ မငိုဘဲ ဒီတိုင်းကြည့်နေတဲ့သူတွေဟာ ဘာမှမခံစားရလို့ပါ။ တကယ်ငိုပြီးကြည့်ရတဲ့သူတွေဟာ ဝင်ရောက်ခံစားနိုင်ဖို့အတွက် သတ္တိမွေးရပါတယ်။

သတ္တိမွေးပြီး ဇာတ်ကောင်နေရာကနေ ဝင်ရောက်ခံစားပြီး မတူညီတဲ့အမြင်ကနေကြည့်ပါတယ်။ တစ်ချို့သောနေရာတွေမှာ ငါသာဆိုရင်ဆိုပြီးငိုတာထက်စာရင်၊ ကိုယ်တကယ်ကြုံဖူးတဲ့ နာကျင်စရာနဲ့ကိုက်ညီလို့ မျက်ရည်ကျလာရတာဖြစ်ပါတယ်။ မငိုဘဲအံကြိတ်ခံလာသမျှ တိုက်ဆိုင်တဲ့အချိန်မှာ ဝမ်းနည်းမိတာဖြစ်ပါတယ်။ ဒါဟာ စိတ်ဓာတ်ခိုင်မာတဲ့သူတွေမှာပဲ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ရုပ်ရှင်ကြည့်ရင်း ငိုတတ်တဲ့သူတွေဟာ၊ ဝမ်းနည်းလွယ်၊ စိတ်ပျော့တဲ့သူမျိုးမဟုတ်ဘဲ တကယ်သူများနေရာမှ ဝင်ရောက်ခံစားနိုင်ပြီး ကိုယ်ချင်းစာတတ်ပြီး စိတ်ပိုင်းဆိုင်ရာရင့်ကျက်တဲ့သူတွေ ဖြစ်ပါတယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:Myanmarload
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top