iMyanmarHouse.com - Best Property Website for Myanmar
×

၁။ အစာေခ်အက္ဆစ္

သင့္ရဲ႕အစာအိမ္ထဲမွာ အစာေတြကို ေခ်ဖ်က္ေပးတဲ့ Hydrochloric Acid ပါဝင္ပါတယ္။ သင့္အစာအိမ္ထဲမွာ ဘာအစာမွမရွိတဲ့အခ်ိန္ ဒီအက္ဆစ္ေတြကေန အစာအိမ္ကို လာၿပီး ထိခိုက္ေစပါတယ္။ ဒါ့အျပင္ ဒီအခ်ိန္ ေကာ္ဖီတစ္ခြက္စေသာက္မယ္ဆိုရင္ အစာအိမ္ထဲက အက္ဆစ္ပမာဏကို ပိုမိုမ်ားျပားလာေစၿပီး အစာအိမ္ ေရာင္တာမ်ိဳးေတြပါ ျဖစ္လာနိုင္ပါတယ္။

၂ ။ စိတ္လႈပ္ရွားမႈ

မနက္ပိုင္း ဗိုက္ေဟာင္းေလာင္းျဖစ္ေနတာက သင့္ဦးေႏွာက္ရဲ႕ Serotonin လို႔ေခၚတဲ့ စိတ္ကိုတည္ၿငိမ္ေစတဲ့ ေဟာ္မုန္းထုတ္ေပးမႈကို ေလွ်ာ့ခ်ေစပါတယ္။ ဒီေလွ်ာ့ခ်မႈကေန စိုးရိမ္ေၾကာင့္ၾကမႈေတြ၊ စိတ္ပူပန္မႉေတြအထိ ျဖစ္လာနိုင္ၿပီး ေကာ္ဖီတစ္ခြက္ေသာက္လိုက္ျခင္းဟာ ခႏၶာကိုယ္ရဲ႕ အင္ဒရီနလင္ ပမာဏကို ျမႇင့္တင္ေပးလိုက္တဲ့အတြက္ စိတ္ပိုင္းဆိုင္ရာခံစားမႈ၊ စိုးရိမ္ေၾကာင့္ၾကမႈေတြ၊ စိတ္မတည္မၿငိမ္ျဖစ္တာေတြကို ပိုမို ႀကဳံေတြ႕ရနိုင္ပါတယ္။

၃။ ေရဓာတ္ေလ်ာ့နည္းျခင္း

လူအေတာ္မ်ားမ်ား ေကာ္ဖီေသာက္ၿပီးရင္ ေရဆာတတ္ၾကမွာပါ။ မနက္ပိုင္း အစာမရွိဘဲ ေကာ္ဖီတစ္ခြက္ေသာက္လိုက္ျခင္းဟာ ခႏၶာကိုယ္ထဲမွာ လည္ပတ္ေနတဲ့ ေရဓာတ္ပမာဏကို ပိုမိုေလွ်ာ့ခ်ေပးလိုက္ၿပီး ခႏၶာကို္ယ္အတြက္ ဆိုးက်ိဳးေတြကိုသာ ျဖစ္ေစပါတယ္။

၄။ အစာစားခ်င္စိတ္ေပ်ာက္ဆုံးျခင္း

မနက္အစာမရွိဘဲ ေကာ္ဖီေသာက္ျခင္းဟာ သင့္ရဲ႕ အစာစားခ်င္စိတ္ကိုပါေပ်ာက္ဆုံးေစပါတယ္။ ဒါကို လူအေတာ္မ်ားမ်ားႀကဳံဖူးၾကမွာပါ။ ဒါေၾကာင့္ ေကာ္ဖီဟာ ၀ိတ္ခ်တဲ့ေနရာမွာ အစြမ္းထက္တယ္လို႔ လူအမ်ားကဆိုၾကတာပါ။ တကယ္ေတာ့ မနက္စာမစားဘဲ ေကာ္ဖီေသာက္ၿပီး အစာစားခ်ိန္မမွန္ရင္ ပိုၿပီးေတာ့ေတာင္ ၀ိတ္တက္လာနိုင္ပါေသးတယ္။

ဒါဆို ဘယ္အခ်ိန္ေကာ္ဖီေသာက္ဖို႔ အသင့္ေတာ္ဆုံးျဖစ္မလဲ။ ကြၽမ္းက်င္ပညာရွင္ေတြေျပာၾကားခ်က္အရ အာဟာရျပည့္ဝတဲ့ မနက္စာစားအၿပီး မနက္ ၁ဝနာရီကေန ေန႕လည္၁၂နာရီအတြင္းက ေကာ္ဖီေသာက္ဖို႔ အေကာင္းဆုံးအခ်ိန္ပါတဲ့။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Myanmarload

#Unicode Version
၁။ အစာချေအက်ဆစ်

သင့်ရဲ့အစာအိမ်ထဲမှာ အစာတွေကို ချေဖျက်ပေးတဲ့ Hydrochloric Acid ပါဝင်ပါတယ်။ သင့်အစာအိမ်ထဲမှာ ဘာအစာမှမရှိတဲ့အချိန် ဒီအက်ဆစ်တွေကနေ အစာအိမ်ကို လာပြီး ထိခိုက်စေပါတယ်။ ဒါ့အပြင် ဒီအချိန် ကော်ဖီတစ်ခွက်စသောက်မယ်ဆိုရင် အစာအိမ်ထဲက အက်ဆစ်ပမာဏကို ပိုမိုများပြားလာစေပြီး အစာအိမ်ရောင်တာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။

၂ ။ စိတ်လှုပ်ရှားမှု

မနက်ပိုင်း ဗိုက်ဟောင်းလောင်းဖြစ်နေတာက သင့်ဦးနှောက်ရဲ့ Serotonin လို့ခေါ်တဲ့ စိတ်ကိုတည်ငြိမ်စေတဲ့ ဟော်မုန်းထုတ်ပေးမှုကို လျှော့ချစေပါတယ်။ ဒီလျှော့ချမှုကနေ စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်ပူပန်မှူတွေအထိ ဖြစ်လာနိုင်ပြီး ကော်ဖီတစ်ခွက်သောက်လိုက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အင်ဒရီနလင် ပမာဏကို မြှင့်တင်ပေးလိုက်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာခံစားမှု၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်မတည်မငြိမ်ဖြစ်တာတွေကို ပိုမို ကြုံတွေ့ရနိုင်ပါတယ်။

၃။ ရေဓာတ်လျော့နည်းခြင်း

လူအတော်များများ ကော်ဖီသောက်ပြီးရင် ရေဆာတတ်ကြမှာပါ။ မနက်ပိုင်း အစာမရှိဘဲ ကော်ဖီတစ်ခွက်သောက်လိုက်ခြင်းဟာ ခန္ဓာကိုယ်ထဲမှာ လည်ပတ်နေတဲ့ ရေဓာတ်ပမာဏကို ပိုမိုလျှော့ချပေးလိုက်ပြီး ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေကိုသာ ဖြစ်စေပါတယ်။

၄။ အစာစားချင်စိတ်ပျောက်ဆုံးခြင်း

မနက်အစာမရှိဘဲ ကော်ဖီသောက်ခြင်းဟာ သင့်ရဲ့ အစာစားချင်စိတ်ကိုပါပျောက်ဆုံးစေပါတယ်။ ဒါကို လူအတော်များများကြုံဖူးကြမှာပါ။ ဒါကြောင့် ကော်ဖီဟာ ဝိတ်ချတဲ့နေရာမှာ အစွမ်းထက်တယ်လို့ လူအများကဆိုကြတာပါ။ တကယ်တော့ မနက်စာမစားဘဲ ကော်ဖီသောက်ပြီး အစာစားချိန်မမှန်ရင် ပိုပြီးတော့တောင် ဝိတ်တက်လာနိုင်ပါသေးတယ်။

ဒါဆို ဘယ်အချိန်ကော်ဖီသောက်ဖို့ အသင့်တော်ဆုံးဖြစ်မလဲ။ ကျွမ်းကျင်ပညာရှင်တွေပြောကြားချက်အရ အာဟာရပြည့်ဝတဲ့ မနက်စာစားအပြီး မနက် ၁ဝနာရီကနေ နေ့လည်၁၂နာရီအတွင်းက ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်ပါတဲ့။



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Myanmarload
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top