iMyanmarHouse.com - Best Property Website for Myanmar
×

နားရက္ယူျခင္းဟာသင္႔ကိုေပ်ာ္ေစရံုသာမကပဲအလုပ္စြမ္းေဆာင္ရည္ကိုလည္း ျမင္႔တက္ေစပါတယ္။

အေမရိကန္ အင္ဒီယာနာပိုလစ္ ဆင္ေျခဖံုးေဒသမွာေနထုိင္တဲ႔ အိမ္ေထာင္သည္ေတြအတြက္ေတာ႔ အားလပ္ရက္မ်ားမ်ားယူျခင္းဟာက်န္းမာေရးထိန္းသိမ္းမႈျဖစ္ေစရံုသာမက၊ စိတ္ကိုလည္း အနားေကာင္းေကာင္းရေစတယ္ဆိုတာကို ဆရာ၀န္ေတြက သိထားျပီးျဖစ္ပါတယ္။

‘အနားယူ၊ အပန္းေျဖ၊ စိတ္ဖိစီးမႈေလွ်ာ႔ တာေတြဟာလူတစ္ေယာက္က်န္းမာေနဖို႔အတြက္ အလြန္အေရးၾကီး တဲ႔အရာေတြပါ။ ေန႔စဥ္ လႈပ္ရွားမႈေတြ ေဆာင္ရြက္ေနတုန္းမွာပဲအနားယူ၊ အပန္းေျဖ၊ စိတ္ဖိစီးမႈေလွ်ာ႔ စတာေတြကိုေအာင္ျမင္ေအာင္လုပ္ႏိုင္ပါတယ္။ ဒါေပမယ္႔ အားလပ္ရက္ဆိုတာကလည္းအလြန္အေရးပါတဲ႔ အခ်က္တစ္ခုပါပဲ။ စိတ္ဟာအလြန္အစြမ္းထက္တယ္ ဆိုတာကိုလည္းသိထားျပီးျဖစ္ၾကပါတယ္။ စိတ္က ကုစားမႈေတြကိုစြမ္းေဆာင္ေပးႏိုင္တယ္။ ဒီေတာ႔ကာ အနားယူထားတဲ႔၊ အပန္းေျဖထားတဲ႔စိတ္ ဟာ ခႏၶာကိုယ္ရဲ႕ကုစားမႈကိုပိုစြမ္းေဆာင္ေစတယ္။ ’ လို႔ နယူးေယာက္ျမိဳ႕ မွ ေဒါက္တာနာတာရွာ ၀တ္တား ကေျပာပါတယ္။ အနားယူျခင္းေၾကာင့္ တိုးတက္လာမယ္႔ က်န္းမာေရးအခ်က္အလက္နဲ႔ ႏွလံုးေရာဂါအႏၱရယ္က်ဆင္းမႈ တို႔ကိုလည္း ေဒါက္တာနာတာရွာ ၀တ္တားက စာရင္းျပဳခဲ႔ပါေသးတယ္။

‘အားလပ္ရက္ယူတာတစ္ရက္ေလးပဲျဖစ္ပါေစဦးေတာ႔၊ အနားယူျပီးတဲ႔ေနာက္မွာလူအေတာ္မ်ားမ်ားဟာပိုေကာင္းတဲ႔ အျမင္ေတြရလာျပီး၊ ရည္မွန္းခ်က္ကိုေရာက္ႏိုင္ဖို႔ တြန္းအားေတြပို ျဖစ္လာတယ္။’ လို႔ စိတ္ပညာရွင္ ေဒါက္တာဖရန္ဆင္းန္ လဒ္ဒါအာကေျပာခဲ႔ပါတယ္။

‘နားရက္အတြင္းမွာအခ်ိန္ဇယားနဲ႔ပတ္သက္လို႔ မေတြးျဖစ္ဘူး၊ ဘယ္သြားရမယ္ ဘယ္လာရမယ္ဆိုတာလဲမေတြးျဖစ္ဘူး၊ တစ္ခုခုလုပ္လိုက္လို႔ အက်ိဳးဆက္ကဘာျဖစ္လာမလဲဆိုတာလည္းမေတြးျဖစ္ဘူး။ အားလပ္ရက္ခရီးတစ္ခုကျပန္လာျပီးရင္ ေနလို႕ထိုင္လို႔ေကာင္းေနတာ၊ အၾကံဥာဏ္ေတြ ဆန္းသစ္ေနတာကိုအျမဲေတြ႕ရတယ္။’ လို႕ေရးလ္ဆိုသူကေျပာပါတယ္။

‘ကြ်န္ေတာ္တို႔ေလာက္အလုပ္ရႈပ္တဲ႔ကြ်န္ေတာ္တို႔ဟာမိသားစုနဲ႔ရွိေနခ်ိန္ေလးကိုေတာ႔ အဖိုးမျဖတ္ရက္ပါဘူး။ အေကာင္းဆံုးရလိုက္တဲ႔ အက်ိဳးအျမတ္ကေတာ႔ အလုပ္နဲ႔ေ၀းရာမွာေနျပီး အခ်ိန္ျဖဳန္းလိုက္တာပါပဲ။’ လို႔လည္းဘေရ႕စ္ဆိုသူကေျပာပါတယ္။

အားလပ္ရက္ယူ၊ နားရက္ယူဖို႔ အခ်ိန္မရွိဘူး၊ အခြင္႔အလမ္းမရွိဘူးဆိုရင္ေတာ႔ စိတ္ေအးေအးထားတတ္တဲ႔၊ စိတ္ျငိမ္းခ်မ္းစြာေနတတ္တဲ႔  ခံစားမႈေတြကိုထုတ္ေပးတဲ႔ ဦးေႏွာက္ဆက္သြယ္မႈ ေတြဟာအားနည္းလာပါလိမ္႔မယ္။ စိတ္ဖိစီးမႈနည္းတဲ႔ စိတ္အခံနဲ႔လုပ္ကိုင္တတ္ ဖို႔လည္းတကယ္႔ကိုခဲယဥ္းလာပါလိမ္႔မယ္။ လူ႕ခႏၶာ ကိုယ္ေတြဟာကုန္သြားတဲ႔အရာေတြကို ျပန္လည္ျဖည္႔တင္းဖို႔ နားခ်ိန္ဆိုတာလိုအပ္ပါတယ္ လို႔ ဦးေႏွာက္သိပၸံပညာရပ္ကလည္းဆိုထားပါတယ္။ လံုေလာက္တဲ႔ ျပန္လည္ျဖည္႕တင္းမႈကို ခႏၶာကိုယ္ကရဖို႔ဆိုရင္ေတာ႔ ျပင္ပကစိတ္ဖိစီးရတဲ႔ အရာေတြကေနလြတ္ကင္းေနမွ ပဲျဖစ္ေတာ႔မွာပါ။  

Credit:Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နားရက်ယူခြင်းဟာသင့်ကိုပျော်စေရုံသာမကပဲအလုပ်စွမ်းဆောင်ရည်ကိုလည်း မြင့်တက်စေပါတယ်။

အမေရိကန် အင်ဒီယာနာပိုလစ် ဆင်ခြေဖုံးဒေသမှာနေထိုင်တဲ့ အိမ်ထောင်သည်တွေအတွက်တော့ အားလပ်ရက်များများယူခြင်းဟာကျန်းမာရေးထိန်းသိမ်းမှုဖြစ်စေရုံသာမက၊ စိတ်ကိုလည်း အနားကောင်းကောင်းရစေတယ်ဆိုတာကို ဆရာဝန်တွေက သိထားပြီးဖြစ်ပါတယ်။

‘အနားယူ၊ အပန်းဖြေ၊ စိတ်ဖိစီးမှုလျှော့ တာတွေဟာလူတစ်ယောက်ကျန်းမာနေဖို့အတွက် အလွန်အရေးကြီး တဲ့အရာတွေပါ။ နေ့စဉ် လှုပ်ရှားမှုတွေ ဆောင်ရွက်နေတုန်းမှာပဲအနားယူ၊ အပန်းဖြေ၊ စိတ်ဖိစီးမှုလျှော့ စတာတွေကိုအောင်မြင်အောင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အားလပ်ရက်ဆိုတာကလည်းအလွန်အရေးပါတဲ့ အချက်တစ်ခုပါပဲ။ စိတ်ဟာအလွန်အစွမ်းထက်တယ် ဆိုတာကိုလည်းသိထားပြီးဖြစ်ကြပါတယ်။ စိတ်က ကုစားမှုတွေကိုစွမ်းဆောင်ပေးနိုင်တယ်။ ဒီတော့ကာ အနားယူထားတဲ့၊ အပန်းဖြေထားတဲ့စိတ် ဟာ ခန္ဓာကိုယ်ရဲ့ကုစားမှုကိုပိုစွမ်းဆောင်စေတယ်။ ’ လို့ နယူးယောက်မြို့ မှ ဒေါက်တာနာတာရှာ ဝတ်တား ကပြောပါတယ်။ အနားယူခြင်းကြောင့် တိုးတက်လာမယ့် ကျန်းမာရေးအချက်အလက်နဲ့ နှလုံးရောဂါအန္တရယ်ကျဆင်းမှု တို့ကိုလည်း ဒေါက်တာနာတာရှာ ဝတ်တားက စာရင်းပြုခဲ့ပါသေးတယ်။

‘အားလပ်ရက်ယူတာတစ်ရက်လေးပဲဖြစ်ပါစေဦးတော့၊ အနားယူပြီးတဲ့နောက်မှာလူအတော်များများဟာပိုကောင်းတဲ့ အမြင်တွေရလာပြီး၊ ရည်မှန်းချက်ကိုရောက်နိုင်ဖို့ တွန်းအားတွေပို ဖြစ်လာတယ်။’ လို့ စိတ်ပညာရှင် ဒေါက်တာဖရန်ဆင်းန် လဒ်ဒါအာကပြောခဲ့ပါတယ်။

‘နားရက်အတွင်းမှာအချိန်ဇယားနဲ့ပတ်သက်လို့ မတွေးဖြစ်ဘူး၊ ဘယ်သွားရမယ် ဘယ်လာရမယ်ဆိုတာလဲမတွေးဖြစ်ဘူး၊ တစ်ခုခုလုပ်လိုက်လို့ အကျိုးဆက်ကဘာဖြစ်လာမလဲဆိုတာလည်းမတွေးဖြစ်ဘူး။ အားလပ်ရက်ခရီးတစ်ခုကပြန်လာပြီးရင် နေလို့ထိုင်လို့ကောင်းနေတာ၊ အကြံဉာဏ်တွေ ဆန်းသစ်နေတာကိုအမြဲတွေ့ရတယ်။’ လို့ရေးလ်ဆိုသူကပြောပါတယ်။

‘ကျွန်တော်တို့လောက်အလုပ်ရှုပ်တဲ့ကျွန်တော်တို့ဟာမိသားစုနဲ့ရှိနေချိန်လေးကိုတော့ အဖိုးမဖြတ်ရက်ပါဘူး။ အကောင်းဆုံးရလိုက်တဲ့ အကျိုးအမြတ်ကတော့ အလုပ်နဲ့ဝေးရာမှာနေပြီး အချိန်ဖြုန်းလိုက်တာပါပဲ။’ လို့လည်းဘရေ့စ်ဆိုသူကပြောပါတယ်။

အားလပ်ရက်ယူ၊ နားရက်ယူဖို့ အချိန်မရှိဘူး၊ အခွင့်အလမ်းမရှိဘူးဆိုရင်တော့ စိတ်အေးအေးထားတတ်တဲ့၊ စိတ်ငြိမ်းချမ်းစွာနေတတ်တဲ့  ခံစားမှုတွေကိုထုတ်ပေးတဲ့ ဦးနှောက်ဆက်သွယ်မှု တွေဟာအားနည်းလာပါလိမ့်မယ်။ စိတ်ဖိစီးမှုနည်းတဲ့ စိတ်အခံနဲ့လုပ်ကိုင်တတ် ဖို့လည်းတကယ့်ကိုခဲယဉ်းလာပါလိမ့်မယ်။ လူ့ခန္ဓာ ကိုယ်တွေဟာကုန်သွားတဲ့အရာတွေကို ပြန်လည်ဖြည့်တင်းဖို့ နားချိန်ဆိုတာလိုအပ်ပါတယ် လို့ ဦးနှောက်သိပ္ပံပညာရပ်ကလည်းဆိုထားပါတယ်။ လုံလောက်တဲ့ ပြန်လည်ဖြည့်တင်းမှုကို ခန္ဓာကိုယ်ကရဖို့ဆိုရင်တော့ ပြင်ပကစိတ်ဖိစီးရတဲ့ အရာတွေကနေလွတ်ကင်းနေမှ ပဲဖြစ်တော့မှာပါ။  

Credit:Trend Myanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top