iMyanmarHouse.com - Best Property Website for Myanmar
×

 ႏုိင္ငံေပါင္း 10 ႏုိင္ငံမွ သိပၸံပညာရွင္ 23 ဦးဟာ ေကာ္ဖီနဲ႔ ကင္ဆာေရာဂါအေၾကာင္းေလ့လာခ်က္မ်ား ကို ဆန္းစစ္ၿပီးတဲ့ေနာက္မွာ ယခင္က ေကာ္ဖီနဲ႔ပတ္သက္တဲ့ အယူအဆကို ေျပာင္းလဲခဲ့ၾကပါတယ္။ 1991 ခုႏွစ္မွာ ေကာ္ဖီေသာက္ျခင္းနဲ႔ ဆီးအိမ္ကင္ဆာ ဆက္စပ္မႈရွိေနတဲ့ ေတြ႔ရွိခ်က္မ်ားေၾကာင့္ IARC က ေကာ္ဖီကို ကင္ဆာျဖစ္ေပၚေစႏုိင္တဲ့ အေၾကာင္းတစ္ခုအျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ဒါေပမယ့္ ယခုအခါမွာ ပိုမိုေကာင္းမြန္တဲ့ ေလ့လာခ်က္အသစ္ေတြအရ ေကာ္ဖီေသာက္ျခင္းဟာ ဆီးအိမ္ကင္ဆာကို ျဖစ္ေပၚေစႏုိင္တယ္လို႔ ယူဆလို႔မရေတာ့ေၾကာင္း IARC က ယခင္က၄င္း၏ယူဆခ်က္အေပၚ ျပန္လည္ျပင္ဆင္ေျပာၾကားခဲ့ပါတယ္။

        ၄င္းအျပင္ IARC အေနနဲ႔ ေလ့လာခ်က္မ်ားကို ျပန္လည္သံုးသပ္ၿပီးေနာက္မွာ ေကာ္ဖီဟာ ရင္သားကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ၊ မုန္႔ခ်ိဳအိတ္၊ ပန္ကရိယကင္ဆာမ်ားကိုလည္း မျဖစ္ေပၚေစႏုိင္ေၾကာင္း ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္။

       ေကာ္ဖီေစ့ထဲမွာ ကင္ဆာေရာဂါကို ကာကြယ္ေပးႏုိင္တဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္း (Antioxidants) မ်ား ပါဝင္တဲ့အတြက္ ေကာ္ဖီဟာ ကင္ဆာေရာဂါျဖစ္ႏုိင္ေျခကို ေလ်ာ့က်ေစႏုိင္ျခင္း ရွိ/မရွိကိုလည္း ေလ့လာမႈ မ်ားစြာျပဳလုပ္ခဲ့ၾကၿပီးျဖစ္ပါတယ္။ ဒါေပမယ့္ ရလဒ္မ်ားကို ျခံဳငံုၾကည့္လွ်င္ အက်ိဳးသက္ေရာက္မႈအေျဖမွာ မကြဲျပားဘဲ ကင္ဆာျဖစ္ႏုိင္ေျခေလ်ာ့က်ေစေၾကာင္း ေတြ႔ရွိခဲ့တဲ့ေလ့လာမႈအမ်ားအျပားမွာ တစ္ရက္မွာ ေကာ္ဖီ 4 ခြက္မွ 6 ခြက္အထိ ေသာက္သံုးသူမ်ားမွာသာ အက်ိဳးသက္ေရာက္မႈရွိတယ္လုိ႔ေတြ႔ရွိခဲ႔ရပါတယ္။ ဒါေပမယ့္ ကဖိန္းဓာတ္ပါဝင္တဲ့ေကာ္ဖီကို အမ်ားအျပားအလြန္အကၽြံေသာက္သံုးျခင္းဟာ က်န္းမာေရးျပႆနာမ်ားစြာကို ျဖစ္ေပၚေစႏုိင္ၿပီး အိပ္မေပ်ာ္တာ၊ ဆုိးဝါးစြာေခါင္းတစ္ျခမ္းကိုက္သည့္ေရာဂါ (Migrane) ကုိ ေရာဂါထေစတာနဲ႔ အစာေခ်ဖ်က္မႈျပႆနာ စတဲ့ေဝဒနာေတြကိုခံစားရေစႏုိင္ပါတယ္။ ၄င္းအျပင္ ေကာ္ဖီထဲမွာ သၾကားနဲ႔ မလိုင္ေတြထည့္ေသာက္တာေၾကာင့္ အဆီဓာတ္နဲ႔ကယ္လိုရီဓာတ္အပိုမ်ားရရွိကာ ကိုယ္အေလးခ်ိန္တိုးျခင္း၊ အဝလြန္ျခင္းကိုျဖစ္ေစႏုိင္ၿပီး အဆီဓာတ္မ်ားနဲ႔အဝလြန္ျခင္းေၾကာင့္ ကင္ဆာေရာဂါမ်ားျဖစ္ႏုိင္ေျခကို ျပန္လည္ျမင့္တက္ေစႏုိင္ပါတယ္။

        အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္မ်ားကို ေန႔စဥ္ပံုမွန္ပိုမိုစားေသာက္ေပးျခင္းဟာ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ား ခႏၶာကိုယ္တြင္းရရွိႏုိင္ဖို႔အတြက္ က်န္းမာေရးနဲ႔ပိုမုိညီညြတ္တဲ့ နည္းလမ္းတစ္ခုျဖစ္ၿပီး ကင္ဆာေရာဂါျဖစ္ႏုိင္ေျခ ကိုလည္း ေလ်ာ့က်ေစဖို႔ကူညီေပးမွာျဖစ္ပါတယ္။


Credit: Drmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 နိုင်ငံပေါင်း 10 နိုင်ငံမှ သိပ္ပံပညာရှင် 23 ဦးဟာ ကော်ဖီနဲ့ ကင်ဆာရောဂါအကြောင်းလေ့လာချက်များ ကို ဆန်းစစ်ပြီးတဲ့နောက်မှာ ယခင်က ကော်ဖီနဲ့ပတ်သက်တဲ့ အယူအဆကို ပြောင်းလဲခဲ့ကြပါတယ်။ 1991 ခုနှစ်မှာ ကော်ဖီသောက်ခြင်းနဲ့ ဆီးအိမ်ကင်ဆာ ဆက်စပ်မှုရှိနေတဲ့ တွေ့ရှိချက်များကြောင့် IARC က ကော်ဖီကို ကင်ဆာဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအခါမှာ ပိုမိုကောင်းမွန်တဲ့ လေ့လာချက်အသစ်တွေအရ ကော်ဖီသောက်ခြင်းဟာ ဆီးအိမ်ကင်ဆာကို ဖြစ်ပေါ်စေနိုင်တယ်လို့ ယူဆလို့မရတော့ကြောင်း IARC က ယခင်က၎င်း၏ယူဆချက်အပေါ် ပြန်လည်ပြင်ဆင်ပြောကြားခဲ့ပါတယ်။

        ၎င်းအပြင် IARC အနေနဲ့ လေ့လာချက်များကို ပြန်လည်သုံးသပ်ပြီးနောက်မှာ ကော်ဖီဟာ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ မုန့်ချိုအိတ်၊ ပန်ကရိယကင်ဆာများကိုလည်း မဖြစ်ပေါ်စေနိုင်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။

       ကော်ဖီစေ့ထဲမှာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များ ပါဝင်တဲ့အတွက် ကော်ဖီဟာ ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ခြင်း ရှိ/မရှိကိုလည်း လေ့လာမှု များစွာပြုလုပ်ခဲ့ကြပြီးဖြစ်ပါတယ်။ ဒါပေမယ့် ရလဒ်များကို ခြုံငုံကြည့်လျှင် အကျိုးသက်ရောက်မှုအဖြေမှာ မကွဲပြားဘဲ ကင်ဆာဖြစ်နိုင်ခြေလျော့ကျစေကြောင်း တွေ့ရှိခဲ့တဲ့လေ့လာမှုအများအပြားမှာ တစ်ရက်မှာ ကော်ဖီ 4 ခွက်မှ 6 ခွက်အထိ သောက်သုံးသူများမှာသာ အကျိုးသက်ရောက်မှုရှိတယ်လို့တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် ကဖိန်းဓာတ်ပါဝင်တဲ့ကော်ဖီကို အများအပြားအလွန်အကျွံသောက်သုံးခြင်းဟာ ကျန်းမာရေးပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်ပြီး အိပ်မပျော်တာ၊ ဆိုးဝါးစွာခေါင်းတစ်ခြမ်းကိုက်သည့်ရောဂါ (Migrane) ကို ရောဂါထစေတာနဲ့ အစာချေဖျက်မှုပြဿနာ စတဲ့ဝေဒနာတွေကိုခံစားရစေနိုင်ပါတယ်။ ၎င်းအပြင် ကော်ဖီထဲမှာ သကြားနဲ့ မလိုင်တွေထည့်သောက်တာကြောင့် အဆီဓာတ်နဲ့ကယ်လိုရီဓာတ်အပိုများရရှိကာ ကိုယ်အလေးချိန်တိုးခြင်း၊ အဝလွန်ခြင်းကိုဖြစ်စေနိုင်ပြီး အဆီဓာတ်များနဲ့အဝလွန်ခြင်းကြောင့် ကင်ဆာရောဂါများဖြစ်နိုင်ခြေကို ပြန်လည်မြင့်တက်စေနိုင်ပါတယ်။

        အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များကို နေ့စဉ်ပုံမှန်ပိုမိုစားသောက်ပေးခြင်းဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ခန္ဓာကိုယ်တွင်းရရှိနိုင်ဖို့အတွက် ကျန်းမာရေးနဲ့ပိုမိုညီညွတ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေ ကိုလည်း လျော့ကျစေဖို့ကူညီပေးမှာဖြစ်ပါတယ်။


Credit: Drmyanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top