iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူသက္တမ္းဟာ အခ်ိန္ၾကာခဲ့သည္ျဖစ္ေစ၊ မၾကာခဲ့သည္ ျဖစ္ေစ မဂၤလာေဆာင္ၿပီးလို႔ ဇနီးေမာင္ႏွံဘဝ ေရာက္သြားၿပီ ဆိုတာနဲ႔ ကြဲျပားျခားနားတဲ့ အေျခအေနတစ္ခုကို ႏွစ္ဦးလံုး ႀကံဳေတြ႔ရေတာ့မွာျဖစ္ပါတယ္။

မဂၤလာေဆာင္ေတာ့မယ့္ စိတ္ကူးရွိသူေတြအေနနဲ႔ မဂၤလာေဆာင္မွာ ဘာလိုဝတ္ဆင္မယ္၊ ဘယ္လိုအစီအစဥ္ေတြလုပ္ၿပီး ဧည့္ခံမယ္ဆိုတာထက္ အေရးႀကီးတဲ့အခ်က္ေတြရွိေနပါတယ္။

ေအာက္ပါ ေမးခြန္း (၇) ခုကို မဂၤလာမေဆာင္ခင္ သင့္ရဲ႕ခ်စ္သူကို ေမးထားသင့္ပါတယ္။

၁ ။ အေၾကြးဘယ္ေလာက္ရွိလဲ

သူ႔ရဲ႕ဝင္ေငြကို သိေနေပမယ့္ သူ႔မွာ အေၾကြးဘယ္ေလာက္ရွိလည္းဆိုတာကိုလည္း ေမ့ပစ္မလိုက္ပါနဲ႔။ သူနဲ႔ကိုယ္ လင္မယားျဖစ္သြားရင္ သူ႔အေၾကြးကလည္း ကိုယ့္အေၾကြး ျဖစ္လာမွာပါ။

၂။ ဘယ္လိုဆိုရင္ သေဘာက်လဲ

ဒါရွင္းရွင္းလင္းလင္း ေမးထားသင့္တဲ့ ေမးခြန္းပါ။ ၿငိမ္ၿငိမ္ေလး ေနေပးတာႀကိဳက္လား။ ပြတ္သပ္ေခ်ာ့ျမဴတာကိုသေဘာက်တာလား စတဲ့ႏွစ္ဦးသား အေျခအေနကို တိတိက်က် ေမးျမန္းထားဖို႔ လိုပါတယ္။ တဆက္တည္းမွာ မႀကိဳက္တာေတြကိုလည္း ေမးျမန္းထားပါ။

၃။ ကေလးေတြ လိုခ်င္လား

ဒါဟာ အေရးႀကီးတဲ့ ေမးခြန္းပါ။ အမ်ိဳးသားပဲျဖစ္ျဖစ္၊ အမ်ိဳးသမီးပဲျဖစ္ျဖစ္ ကေလးခ်က္ခ်င္းလိုခ်င္တာရွိသလို၊ မလိုခ်င္ေသးသူေတြလည္း ရွိပါတယ္။ ေလာေလာဆယ္ မယူခ်င္ေသးရင္လည္း  ဘယ္အခ်ိန္ယူမွာလည္းဆိုတာမ်ိဳး ေမးထားသင့္ပါတယ္။

၄။ ပိုက္ဆံကိစၥ

ရလာတဲ့ ဝင္ေငြနဲ႔ ျပန္သံုးရမယ့္ ထြက္ေငြကို ဘယ္လိုသံုးစြဲမယ္ဆိုတာမ်ိဳး ရွင္းရွင္းလင္းလင္း ေျပာထားသင့္ပါတယ္။

၅။ ပန္းတုိင္ဘာလဲ

ႏွစ္ဦးလံုးဟာ အျပန္အလွန္ တစ္ေယာက္ရဲ႕ရည္မွန္းခ်က္ကို တစ္ေယာက္သိထားသင့္ပါတယ္။ သူေရာ၊ ကိုယ္ေရာ ဘာျဖစ္ခ်င္တာလဲ သိထားရမွာပါ။ ဒါမွ အျပန္အလွန္ကူညီႏုိင္မွာ ျဖစ္ပါတယ္။

၆။ သူငယ္ခ်င္းေတြကိစၥ

တစ္ဦးရဲ႕မိတ္ေဆြသူငယ္ခ်င္းေတြအေၾကာင္း တစ္ဦးသိထားဖုိ႔လိုသလို ဒါလည္း ရွင္းရွင္းေျပာထားရမွာပါ။ တစ္ခါတစ္ရံ သူငယ္ခ်င္းေတြနဲ႔ လူမႈဆက္ဆံေရးလုပ္ဖို႔ အျပင္သြားဖို႔လိုပါတယ္။ ဒီေတာ့ ဒါကို ႀကိဳက္လား၊ မႀကိဳက္ဘူးလား ေမးထားသင့္ပါတယ္။

၇။ တစ္ဦးအႀကိဳက္ တစ္ဦးလက္ခံမလား

ဘယ္ေလာက္ပဲ ခ်စ္ၾကသည္ျဖစ္ေစ အႀကိဳက္ေတာ့ အားလံုးမတူႏုိင္ပါဘူး။ သင္က အျပင္သြားရတာႀကိဳက္ရင္သူက အိမ္ထဲေနရတာ ႀကိဳက္ခ်င္ႀကိဳက္မွာပါ။ အဝတ္အစား၊ အစားအေသာက္ ေတြလည္းဒီလိုပါပဲ။ တစ္ဦးအႀကိက္ကို တစ္ဦးေလးစားမႈ ရွိဖို႔ ႀကိဳေျပာထားရမွာ ျဖစ္ပါတယ္။

Credit :duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ချစ်သူသက်တမ်းဟာ အချိန်ကြာခဲ့သည်ဖြစ်စေ၊ မကြာခဲ့သည် ဖြစ်စေ မင်္ဂလာဆောင်ပြီးလို့ ဇနီးမောင်နှံဘဝ ရောက်သွားပြီ ဆိုတာနဲ့ ကွဲပြားခြားနားတဲ့ အခြေအနေတစ်ခုကို နှစ်ဦးလုံး ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။

မင်္ဂလာဆောင်တော့မယ့် စိတ်ကူးရှိသူတွေအနေနဲ့ မင်္ဂလာဆောင်မှာ ဘာလိုဝတ်ဆင်မယ်၊ ဘယ်လိုအစီအစဉ်တွေလုပ်ပြီး ဧည့်ခံမယ်ဆိုတာထက် အရေးကြီးတဲ့အချက်တွေရှိနေပါတယ်။

အောက်ပါ မေးခွန်း (၇) ခုကို မင်္ဂလာမဆောင်ခင် သင့်ရဲ့ချစ်သူကို မေးထားသင့်ပါတယ်။

၁ ။ အကြွေးဘယ်လောက်ရှိလဲ

သူ့ရဲ့ဝင်ငွေကို သိနေပေမယ့် သူ့မှာ အကြွေးဘယ်လောက်ရှိလည်းဆိုတာကိုလည်း မေ့ပစ်မလိုက်ပါနဲ့။ သူနဲ့ကိုယ် လင်မယားဖြစ်သွားရင် သူ့အကြွေးကလည်း ကိုယ့်အကြွေး ဖြစ်လာမှာပါ။

၂။ ဘယ်လိုဆိုရင် သဘောကျလဲ

ဒါရှင်းရှင်းလင်းလင်း မေးထားသင့်တဲ့ မေးခွန်းပါ။ ငြိမ်ငြိမ်လေး နေပေးတာကြိုက်လား။ ပွတ်သပ်ချော့မြူတာကိုသဘောကျတာလား စတဲ့နှစ်ဦးသား အခြေအနေကို တိတိကျကျ မေးမြန်းထားဖို့ လိုပါတယ်။ တဆက်တည်းမှာ မကြိုက်တာတွေကိုလည်း မေးမြန်းထားပါ။

၃။ ကလေးတွေ လိုချင်လား

ဒါဟာ အရေးကြီးတဲ့ မေးခွန်းပါ။ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ကလေးချက်ချင်းလိုချင်တာရှိသလို၊ မလိုချင်သေးသူတွေလည်း ရှိပါတယ်။ လောလောဆယ် မယူချင်သေးရင်လည်း  ဘယ်အချိန်ယူမှာလည်းဆိုတာမျိုး မေးထားသင့်ပါတယ်။

၄။ ပိုက်ဆံကိစ္စ

ရလာတဲ့ ဝင်ငွေနဲ့ ပြန်သုံးရမယ့် ထွက်ငွေကို ဘယ်လိုသုံးစွဲမယ်ဆိုတာမျိုး ရှင်းရှင်းလင်းလင်း ပြောထားသင့်ပါတယ်။

၅။ ပန်းတိုင်ဘာလဲ

နှစ်ဦးလုံးဟာ အပြန်အလှန် တစ်ယောက်ရဲ့ရည်မှန်းချက်ကို တစ်ယောက်သိထားသင့်ပါတယ်။ သူရော၊ ကိုယ်ရော ဘာဖြစ်ချင်တာလဲ သိထားရမှာပါ။ ဒါမှ အပြန်အလှန်ကူညီနိုင်မှာ ဖြစ်ပါတယ်။

၆။ သူငယ်ချင်းတွေကိစ္စ

တစ်ဦးရဲ့မိတ်ဆွေသူငယ်ချင်းတွေအကြောင်း တစ်ဦးသိထားဖို့လိုသလို ဒါလည်း ရှင်းရှင်းပြောထားရမှာပါ။ တစ်ခါတစ်ရံ သူငယ်ချင်းတွေနဲ့ လူမှုဆက်ဆံရေးလုပ်ဖို့ အပြင်သွားဖို့လိုပါတယ်။ ဒီတော့ ဒါကို ကြိုက်လား၊ မကြိုက်ဘူးလား မေးထားသင့်ပါတယ်။

၇။ တစ်ဦးအကြိုက် တစ်ဦးလက်ခံမလား

ဘယ်လောက်ပဲ ချစ်ကြသည်ဖြစ်စေ အကြိုက်တော့ အားလုံးမတူနိုင်ပါဘူး။ သင်က အပြင်သွားရတာကြိုက်ရင်သူက အိမ်ထဲနေရတာ ကြိုက်ချင်ကြိုက်မှာပါ။ အဝတ်အစား၊ အစားအသောက် တွေလည်းဒီလိုပါပဲ။ တစ်ဦးအကြိက်ကို တစ်ဦးလေးစားမှု ရှိဖို့ ကြိုပြောထားရမှာ ဖြစ်ပါတယ်။

Credit :duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top