iMyanmarHouse.com - Best Property Website for Myanmar
×

ညအိပ္စဥ္ ဘရာစီယာဝတ္အိပ္ျခင္းႏွင့္ပတ္သက္၍ အယူအဆမ်ိဳးစံုကြဲျပားလ်က္ရွိၿပီး အလွအပေရးရာ အတြက္ ေထာက္ခံသူမ်ားရွိသကဲ့သို႔ ရင္သားကင္ဆာျဖစ္ႏုိင္ေျခရွိသည္ဟု သတိေပးသူမ်ားလည္းရွိသည္။ ခြဲစိတ္အထူးကုဆရာဝန္တစ္ဦးျဖစ္သူ တြဲဖက္ပါေမာကၡေဒါက္တာ Amber Guth ကမူ ဘရာစီယာဝတ္လ်က္ အိပ္စက္ျခင္းသည္ ေကာင္းက်ိဳး (သို႔မဟုတ္) ဆိုးက်ိဳးသက္ေရာက္ေစသည္ဟူသည့္ သက္ေသ အေထာက္အထားမရွိေၾကာင္း၊ ကိုယ္ဝန္ေဆာင္ျခင္းႏွင့္ ကေလးႏို႔တိုက္ျခင္းမွာ ရင္သားတြဲက်ျခင္း၏ အျဖစ္မ်ားဆံုးအေၾကာင္းရင္းမ်ားျဖစ္ၿပီး ကမ႓ာေျမဆြဲအားႏွင့္ အခ်ိန္အခါတို႔ကလည္း သက္ေရာက္မွဳရွိသည္ဟု ဆိုထားသည္။

        ကမ႓ာေျမဆြဲအားသက္ေရာက္မႈေၾကာင့္ပင္ အိပ္စက္စဥ္ ဘရာစီယာ ဝတ္ဆင္ျခင္းက ေကာင္းက်ိဳးေပးႏုိင္ေၾကာင္း၊ က်ိဳးေၾကာင္းဆင္ျခင္ၾကည့္လွ်င္ ညအိပ္ခ်ိန္ ရွစ္နာရီခန္႔တြင္း ရင္သားတြင္အထိန္းရွိျခင္းျဖင့္ ရင္သားကိုပိုမိုေနရာတက် တင္းတင္းရင္းရင္းျဖစ္ေစႏုိင္မည္ျဖစ္ေၾကာင္း 25 ႏွစ္ၾကာ ဘရာစီယာအံက်တိုင္းေပးျခင္းအလုပ္ကို  လုပ္ကိုင္ခဲ့သူ ဝါရင့္ပညာရွင္ Linda Becker ကေျပာၾကားခဲ့သည္။ ဘရာစီယာဝတ္အိပ္သင့္/မသင့္မွာ ရင္သားအရြယ္အစားႏွင့္လည္းသက္ဆုိင္ၿပီး A ႏွင့္ B အရြယ္အစားရွိသူမ်ားအဖို႔ ဝတ္အိပ္ရန္မလိုေသာ္လည္း ထို႔ထက္ပိုႀကီးေသာ D ႏွင့္ အထက္ အရြယ္အစားပိုင္ရွင္တို႔မွာမူ ဝတ္အိပ္သင့္ေၾကာင္း ၄င္းကရွင္းလင္းေျပာၾကားခဲ့သည္။

        ႏွစ္ေပါင္းမ်ားစြာ ဘရာစီယာဝတ္ဆင္အိပ္စက္ခဲ့သူ Erica Cheung ကမူ ၄င္းမွာ အသက္ (10) ႏွစ္အရြယ္ကပင္ ဘရာစီယာဝတ္က်င့္ခဲ့ၿပီး ညအိပ္ရာတြင္လည္း ဝတ္ဆင္ခဲ့ေၾကာင္း၊ ထိုစဥ္က ဝတ္ဆင္ေသာဘရာစီယာမ်ားမွာ အားကစားဝတ္စံုဘရာစီယာႏွင့္ဆင္တူသည့္အတြက္ သက္ေတာင့္သက္သာရွိေၾကာင္း၊ သို႔ရာတြင္ ေနာက္ပိုင္း အံုမာဘရာစီယာဝတ္ဆင္သည့္ အရြယ္ေရာက္ရွိလာခ်ိန္တြင္မူ သက္ေတာင့္သက္သာမရွိဘဲ တစ္ခါတရံနာက်င္မႈေၾကာင့္ ညဘက္လန္႔ႏိုးတတ္ေၾကာင္း၊ သို႔ရာတြင္ က်င့္သားရေနၿပီျဖစ္ၿပီး မိခင္ျဖစ္သူ၏တိုက္တြန္းမႈေၾကာင့္ ဆက္လက္ဝတ္ဆင္ေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။

         ဝါရင့္ပညာရွင္ Becker ကုိယ္တိုင္ကလည္း တင္းၾကပ္ေသာအံုမာဘရာစီယာဝတ္ဆင္အိပ္စက္ျခင္း သည္ က်န္းမာေရးဆိုးက်ိဳးမ်ားျဖစ္ေပၚႏုိင္ၿပီး ရင္သားကိုထိခုိက္နာက်င္ေစၿပီး အေရအိတ္မ်ားျဖစ္ေပၚေစႏုိင္သည္ ဟု သတိေပးေျပာၾကားခဲ့သည္။ ေဒါက္တာ Guth ကလည္း အံဝင္ခြင္က်ႏွင့္ သက္ေတာင့္သက္သာမရွိေသာ ရင္သားအထိန္းမ်ား၊ ဘရာစီယာမ်ားဝတ္ဆင္ျခင္းသည္ ေသြးႏွင့္ ျပန္ရည္ေၾကာလွည့္ပတ္မႈမ်ားကိုထိခုိက္ေစၿပီး ရက္ရွည္အသံုးျပဳပါက ျပန္ရည္ေၾကာပိတ္ဆို႔မႈေၾကာင့္ ရင္သားေရာင္ျခင္း၊ အန္းျခင္းမ်ား ျဖစ္ေပၚႏုိင္သည္။

          သိပၸံပညာရွင္မ်ားသည္ ရင္သားကင္ဆာျဖစ္ေပၚရာတြင္ ပါဝင္ႏုိင္ေျခရွိေသာ ဇီဝျဖစ္စဥ္မ်ား ကိုေလ့လာလ်က္ရွိၿပီး ဘရာစီယာကဲ့သို႔ေသာ ျပင္ပပစၥည္းမ်ားက အက်ိဳးသက္ေရာက္ႏိုင္သည္ဆိုျခင္းမွာ မျဖစ္ႏိုင္ေၾကာင္းႏွင့္ မိမိလူနာမ်ားကိုလည္း ဘရာစီယာဝတ္အိပ္ျခင္းႏွင့္ပတ္သက္၍ ၎တို႔စိတ္ဆႏၵ အတိုင္း ေရြးခ်ယ္လုပ္ေဆာင္ေစေၾကာင္း ေဒါက္တာ Guth ကရွင္းလင္းေျပာၾကားခဲ့သည္။

Credit:Drmyanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ညအိပ်စဉ် ဘရာစီယာဝတ်အိပ်ခြင်းနှင့်ပတ်သက်၍ အယူအဆမျိုးစုံကွဲပြားလျက်ရှိပြီး အလှအပရေးရာ အတွက် ထောက်ခံသူများရှိသကဲ့သို့ ရင်သားကင်ဆာဖြစ်နိုင်ခြေရှိသည်ဟု သတိပေးသူများလည်းရှိသည်။ ခွဲစိတ်အထူးကုဆရာဝန်တစ်ဦးဖြစ်သူ တွဲဖက်ပါမောက္ခဒေါက်တာ Amber Guth ကမူ ဘရာစီယာဝတ်လျက် အိပ်စက်ခြင်းသည် ကောင်းကျိုး (သို့မဟုတ်) ဆိုးကျိုးသက်ရောက်စေသည်ဟူသည့် သက်သေ အထောက်အထားမရှိကြောင်း၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးနို့တိုက်ခြင်းမှာ ရင်သားတွဲကျခြင်း၏ အဖြစ်များဆုံးအကြောင်းရင်းများဖြစ်ပြီး ကမ္ဘာမြေဆွဲအားနှင့် အချိန်အခါတို့ကလည်း သက်ရောက်မှုရှိသည်ဟု ဆိုထားသည်။

        ကမ္ဘာမြေဆွဲအားသက်ရောက်မှုကြောင့်ပင် အိပ်စက်စဉ် ဘရာစီယာ ဝတ်ဆင်ခြင်းက ကောင်းကျိုးပေးနိုင်ကြောင်း၊ ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် ညအိပ်ချိန် ရှစ်နာရီခန့်တွင်း ရင်သားတွင်အထိန်းရှိခြင်းဖြင့် ရင်သားကိုပိုမိုနေရာတကျ တင်းတင်းရင်းရင်းဖြစ်စေနိုင်မည်ဖြစ်ကြောင်း 25 နှစ်ကြာ ဘရာစီယာအံကျတိုင်းပေးခြင်းအလုပ်ကို  လုပ်ကိုင်ခဲ့သူ ဝါရင့်ပညာရှင် Linda Becker ကပြောကြားခဲ့သည်။ ဘရာစီယာဝတ်အိပ်သင့်/မသင့်မှာ ရင်သားအရွယ်အစားနှင့်လည်းသက်ဆိုင်ပြီး A နှင့် B အရွယ်အစားရှိသူများအဖို့ ဝတ်အိပ်ရန်မလိုသော်လည်း ထို့ထက်ပိုကြီးသော D နှင့် အထက် အရွယ်အစားပိုင်ရှင်တို့မှာမူ ဝတ်အိပ်သင့်ကြောင်း ၎င်းကရှင်းလင်းပြောကြားခဲ့သည်။

        နှစ်ပေါင်းများစွာ ဘရာစီယာဝတ်ဆင်အိပ်စက်ခဲ့သူ Erica Cheung ကမူ ၎င်းမှာ အသက် (10) နှစ်အရွယ်ကပင် ဘရာစီယာဝတ်ကျင့်ခဲ့ပြီး ညအိပ်ရာတွင်လည်း ဝတ်ဆင်ခဲ့ကြောင်း၊ ထိုစဉ်က ဝတ်ဆင်သောဘရာစီယာများမှာ အားကစားဝတ်စုံဘရာစီယာနှင့်ဆင်တူသည့်အတွက် သက်တောင့်သက်သာရှိကြောင်း၊ သို့ရာတွင် နောက်ပိုင်း အုံမာဘရာစီယာဝတ်ဆင်သည့် အရွယ်ရောက်ရှိလာချိန်တွင်မူ သက်တောင့်သက်သာမရှိဘဲ တစ်ခါတရံနာကျင်မှုကြောင့် ညဘက်လန့်နိုးတတ်ကြောင်း၊ သို့ရာတွင် ကျင့်သားရနေပြီဖြစ်ပြီး မိခင်ဖြစ်သူ၏တိုက်တွန်းမှုကြောင့် ဆက်လက်ဝတ်ဆင်ကြောင်းဖြင့် ပြောကြားခဲ့သည်။

         ဝါရင့်ပညာရှင် Becker ကိုယ်တိုင်ကလည်း တင်းကြပ်သောအုံမာဘရာစီယာဝတ်ဆင်အိပ်စက်ခြင်း သည် ကျန်းမာရေးဆိုးကျိုးများဖြစ်ပေါ်နိုင်ပြီး ရင်သားကိုထိခိုက်နာကျင်စေပြီး အရေအိတ်များဖြစ်ပေါ်စေနိုင်သည် ဟု သတိပေးပြောကြားခဲ့သည်။ ဒေါက်တာ Guth ကလည်း အံဝင်ခွင်ကျနှင့် သက်တောင့်သက်သာမရှိသော ရင်သားအထိန်းများ၊ ဘရာစီယာများဝတ်ဆင်ခြင်းသည် သွေးနှင့် ပြန်ရည်ကြောလှည့်ပတ်မှုများကိုထိခိုက်စေပြီး ရက်ရှည်အသုံးပြုပါက ပြန်ရည်ကြောပိတ်ဆို့မှုကြောင့် ရင်သားရောင်ခြင်း၊ အန်းခြင်းများ ဖြစ်ပေါ်နိုင်သည်။

          သိပ္ပံပညာရှင်များသည် ရင်သားကင်ဆာဖြစ်ပေါ်ရာတွင် ပါဝင်နိုင်ခြေရှိသော ဇီဝဖြစ်စဉ်များ ကိုလေ့လာလျက်ရှိပြီး ဘရာစီယာကဲ့သို့သော ပြင်ပပစ္စည်းများက အကျိုးသက်ရောက်နိုင်သည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်းနှင့် မိမိလူနာများကိုလည်း ဘရာစီယာဝတ်အိပ်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့စိတ်ဆန္ဒ အတိုင်း ရွေးချယ်လုပ်ဆောင်စေကြောင်း ဒေါက်တာ Guth ကရှင်းလင်းပြောကြားခဲ့သည်။

Credit:Drmyanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top