iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးတွေရဲ့ မျိုးဗီဇတည်ဆောက်ပုံအရ ၎င်းတို့ဟာ အမျိုးသားတွေထက် ဖောက်ပြန်နိုင်မှု ပိုများတယ်လို့ ဆေးပညာရှင်တွေက ဆိုခဲ့ပါတယ်။ University of Texas မှာ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ David Buss ရဲ့ အဆိုအရ အမျိုးသမီးတွေဟာ သူတို့ရဲ့ပါတနာက သေဆုံးသွားချိန်၊ သို့မဟုတ် လိုအင်ဆန္ဒမဖြည့်နိုင်တဲ့အချိန်မျိုးမှာ အရွယ်ရှိနေတဲ့ အမျိုးသမီးတွေဟာ ပိုပြီး ဖောက်ပြန်နိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တိတိကျကျ ကောက်ယူခဲ့တဲ့ စစ်တမ်းထဲမှာတော့ လက်ထပ်ပြီး အမျိုးသား 15% ဟာ ဖောက်ပြန်နိုင်ချေရှိပြီး လက်ထပ်ပြီး အမျိုးသမီးကတော့ 9% သာ ရှိတယ်လို့ ဆိုပါတယ်။ ဒီအချက်ကို နှိုင်းယှဉ်ခြင်းဖြင့် အမျိုးသားတွေက ပိုမိုဖောက်ပြန်နိုင်တယ်လို့ ယူဆစရာ ရှိပါတယ်။
သို့သော် အခြားအချက်တွေကို ထောက်ရှုတဲ့အခါမှာ အမျိုးသမီးတွေဟာ ပိုပြီးဖောက်ပြန်နိုင်ကြောင်း စစ်တမ်းတစ်စောင်က ထွက်လာခဲ့ပြန်ပါတယ်။ ဒီစစ်တမ်းဟာ ပထမစစ်တမ်းကို ဆန့်ကျင်ခြင်းမရှိဘဲ အမျိုးသမီးတွေရဲ့ အမူအရာနဲ့ ထူးခြားတဲ့ ၀ိသေသလက္ခဏာတွေကို သုံးသပ်ခြင်းဖြင့် ရရှိလာတဲ့ စစ်တမ်းလည်း ဖြစ်ပါတယ်။

အဲဒီ ထူးခြားတဲ့ ၀ိသေသလက္ခဏာတွေကတော့-

(၁) Fake Orgasms လုပ်ဆောင်သည့် အမျိုးသမီး

Fake Orgasms ဆိုတာကတော့ ချစ်တင်းနှောနေချိန်မှာ ဆန္ဒပြီးမြောက်မှုမရှိဘဲ ပြီးမြောက်သကဲ့သို့ ဟန်ဆောင်ခြင်းဖြစ်ပါတယ်။ 2013 ခုနှစ်က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ Fake Orgasms လုပ်တဲ့ အမျိုးသမီးတွေဟာ ကာမသုခကို ရတာထက် ပိုပြီး လိုချင်မက်မောကြပါတယ်။ ပြင်ပမှာလည်း ဒီလိုပဲ ရရင်ရသလို ပြုမူကျင့်ကြံတတ်တယ်လို့ လိင်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် Justin Lehmiller က ပြောခဲ့ပါတယ်။

(၂) 9 နဲ့ ဆုံးတဲ့ အသက်

ဖောက်ပြန်တဲ့ အမျိုးသမီးတော်တော်များများကို လေ့လာလိုက်တဲ့အခါမှာ 19,29,39,49 စတဲ့ 9 နဲ့ ဆုံးတဲ့ အသက်အရွယ်တွေမှာ အများဆုံး ဖောက်ပြန်ကြလေ့ရှိတယ်လို့ Dating ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Ashley Madison မှာ ဖော်ပြထားပါတယ်။ ဆယ်စုနှစ်တစ်ခုကို ဖြတ်သန်းဖို့ရှိတဲ့ အမျိုးသမီးတိုင်း သတိထားရမယ့် အချိန်လို့လည်း ဆိုပါတယ်။

(၃) အတိတ်မှာ ဖောက်ပြန်ဖူးတဲ့ အမျိုးသမီး


အိမ်ထောင်မကျခင်ကပဲ ဖြစ်ဖြစ်၊အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာပဲ ဖြစ်ဖြစ်တစ်ကြိမ်မျှအခြားယောက်ျား
တစ်ယောက်နဲ့ ဖောက်ပြန်ဖူးတဲ့ အမျိုးသမီးဟာ နောက်လည်း ဖောက်ပြန်ဖို့ အခွင့်အလမ်းတွေ ဖန်တီးတတ်ပါတယ်။ 62% သောတစ်ကြိမ်မျှ ဖောက်ပြန်ခဲ့ဖူးတဲ့ အမျိုးသမီးတွေဟာ နောက်ထပ် ဆက်ကာဆက်ကာ ဖောက်ပြန်ကြတယ်လို့ စစ်တမ်းက ဆိုပါတယ်။girl

(၄) လူမှုကွန်ယက်ကို အလုပ်တစ်ခုလို အချိန်ပေးတဲ့ အမျိုးသမီး

လူမှုကွန်ယက်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ ကွန်ယက်တွေကို အလုပ်တစ်ခုလို သဘောထားပြီး အချိန်ပေးတတ်တဲ့ အမျိုးသမီးတော်တော်များများဟာ အမျိုးသားတွေထက် အသစ်ရှာတွေ့ခြင်း၊ ခွဲခွာခြင်း၊ အခြားတစ်ယောက်နဲ့ကြိတ်ပုန်းခုတ်ခြင်း၊အိမ်ထောင်သည်အမျိုးသားတွေနဲ့အပြင်မှာချိန်းတွေ့ချင်းတွေ
 ပြုလုပ်ကြတယ်လို့ Dating ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Ashley Madison မှာ ဖော်ပြထားပါတယ်။

(၅) ငွေကြေးအရ ပြည့်စုံသူရဲ့ ဇနီးဖြစ်လျှင်

ဒီအချက်မှာလည်းအမျိုးသားတစ်ယောက်ဟာ ငွေကြေးအရဇနီးသည်ကိုအပြည့်အ၀ ထောက်ပံနိုင်သည်နှင့်အမျှ အိမ်ထောင်ရေးသုခအပိုင်းမှာ ဖြည့်စွမ်းနိုင်မှုအတော်လေးကိုနည်းပါးကြောင်း တွေ့ရှိရပါတယ်။
 ငွေကြေးဘက်ကို အာရုံသိပ်ပြီး စိုက်နေတဲ့ အမျိုးသားတွေအနက် 56%ဟာ လိင်ကိစ္စကို အချိန်ပေးမှု အတော်နည်းပါးတယ်လို့ ဆိုပါတယ်။ ဒါဟာ ၎င်းတို့ဇနီးတွေကို ဖောက်ပြန်စေတဲ့ အချက်ပါဘဲ။

(၆) လက်သူကြွယ်က လက်ညှိုးထက် ပိုရှည်လျှင်


ဒီအချက်ကလည်း ကမ္ဘာကျော်တက္ကသိုလ်ကြီး Oxford University ကနေ စနစ်တကျ ကောက်ယူခဲ့တဲ့ စစ်တမ်း တစ်ခုဖြစ်ပါတယ်။ လက်သူကြွယ်က လက်ညှိုးထက် ပိုရှည်နေတဲ့ အမျိုးသမီးတွေဟာ Male hormones တွေ အလွန်ထုတ်လုပ်တတ်တဲ့ သဘာဝကို ပိုင်ဆိုင်ကြပါတယ်။ အဓိကအားဖြင့် Testosterone တွေ ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဖောက်ပြန်တဲ့ အမျိုးသမီး တော်တော်များများဟာ Testosterone ထုတ်လုပ်မှု ပိုသာကြတယ်လို့ အဆိုပါ စစ်တမ်းမှာ ဆိုထားပါတယ်။

Credit:Lwin Pyin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

#Unicode Version



အဲဒီ ထူးခွားတဲ့ ဝိသသေလက်ခဏာတှကေတော့-













Credit:Lwin Pyin

ဤစာဖတျသူမြားအားလုံးကနြျးမာခမြျးသာကွပါစလေို့ရှှခေစြျသူမှဆုတောငျးမတေ်တာပို့သပေးပါတယျ။

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top