iMyanmarHouse.com - Best Property Website for Myanmar
×

ေကာင္မေလးေတြ.. ကိုယ့္ေကာင္ေလးက ကိုယ့္ကို တကယ္ခ်စ္မခ်စ္ သိခ်င္ေနၾကလား။ တကယ္ခ်စ္တဲ့ ေယာက္်ားေတြက ဘယ္လိုအျပဳအမူမ်ိဳးေတြ လုပ္ေလ့ရွိလဲ၊ ကိုယ့္ကို ဘယ္လိုဆက္ဆံေလ့ ရွိလဲ သိခ်င္ၾကလား။ ကိုယ့္ေကာင္ေလးက ကိုယ့္ကို တကယ္ခ်စ္မခ်စ္ ဒီအခ်က္ (၈) ခ်က္နဲ႔ သိႏိုင္ပါတယ္။

တကယ္ခ်စ္တဲ့ ေယာက်္ားေတြဟာ..

(၁) ဘယ္ေလာက္ပဲ ရန္ျဖစ္ျဖစ္၊ ဘယ္ေလာက္ပဲ အခက္အခဲေတြႀကံဳႀကံဳ၊ ဘယ္ေလာက္ပဲ အေျခအေနေတြဆိုးဆိုး အေဝးကို ထြက္မသြားဘဲ ကိုယ့္ခ်စ္သူနဲ႔ ကိုယ့္ရဲ႕ Relationship အေပၚမွာ တန္ဖိုးထားတတ္ၾကပါတယ္။

(၂) ကိုယ္နဲ႔ ျပႆနာျဖစ္တိုင္း၊ အခက္အခဲေတြႀကံဳတိုင္း ေရွာင္ဖယ္ျခင္းမရွိဘဲ ကိုယ့္ကို နားလည္ေအာင္ ရွင္းျပတာမ်ိဳး၊ အေလွ်ာ႔ေပးတာမ်ိဳး၊ ျပႆနာကို အတူတကြ ေျဖရွင္းတာမ်ိဳး လုပ္တတ္ၾကပါတယ္။

(၃) အေသးအဖြဲေလးကအစ ဂရုစိုက္တတ္ၾကပါတယ္။ ကိုယ္ကိုတိုင္ေတာင္ ေမ့ေနတတ္တဲ့ ေန႔ေလးေတြ၊ အမွတ္တရေလးေတြကို ဂရုတစိုက္ မွတ္္သားထားတာမ်ိဳး၊ အေသးအဖြဲကိစၥေလးေတြ ျဖစ္ရင္ေတာင္ ဂရုအရမ္းစိုက္တာမ်ိဳးေတြ လုပ္တတ္ၾကပါတယ္။

(၄) ကိုယ့္ကို ကိုယ္ခ်င္းစာတတ္ၿပီး ကိုယ့္ျပႆနာေတြကို  ေျဖရွင္းေပးတတ္ၾကပါတယ္။ ဘဝမွာ အၿမဲအတူတူေနရဖို႔ ေန႔မအားညမအား ႀကိဳးစားေနရေပမယ့္ ကိုယ့္အတြက္လဲ ထည့္စဥ္းစားေပးတတ္ၾကပါတယ္။

(၅) ကိုယ့္ကိုလဲ အၿမဲအားေပးတတ္ပါတယ္။ ကိုယ့္ကိုကိုယ္ အားမလိုအားမရျဖစ္တတ္တဲ့ အခ်က္ေတြျဖစ္တဲ့ မလွဘူးလို႔ ထင္တာမ်ိဳး၊ ကိုယ့္ခႏၶာကိုယ္မွာ အားနည္းခ်က္ရွိေနတာမ်ိဳး၊ ကိုယ့္အရည္အခ်င္းကိုကိုယ္ အားမရျဖစ္ေနတတ္တာမ်ိဳးေတြကို အၿမဲအားေပးၿပီး ေျဖေဖ်ာက္ေပးတတ္ပါတယ္။

(၆) ကိုယ့္ျပႆနာေတြကိုလဲ ကူညီေျဖရွင္းေပးတတ္ပါတယ္။ ကိုယ့္အခက္အခဲက သူ႔အခက္အခဲပါပဲ။ ကိုယ့္ဟာကိုယ္ ေျဖရွင္းေနႏုိင္္တဲ့ ကိစၥေတြေတာင္မွ သူက အတင္းဝင္ရွင္းေပးခ်င္ေနတတ္ပါေသးတယ္။

(၇) ကိုယ့္အမွားေတြကိုလဲ ခြင့္လႊတ္ႏိုင္ပါေသးတယ္။ ကိုယ္ဘယ္ေလာက္မွားမွား၊ ကိုယ္ဘယ္ေလာက္လြဲလြဲ သူက ခြင့္လႊတ္ဖို႔ အဆင္သင့္ျဖစ္ေနသူပါ။ ခြင့္လႊတ္တဲ့အျပင္ ေနာက္မမွားေအာင္ေတာင္ ကူညီေပးပါလိမ့္ဦးမယ္။

(၈) သူ႔အမွားေတြအတြက္ေတာ့ သူအၿမဲစိတ္မေကာင္းျဖစ္ေနတတ္ပါတယ္။ ကိုယ့္အမွားေတြအတြက္ ခြင့္လႊတ္ႏိုင္သူဟာ သူ႔ေၾကာင့္ ကိုယ္နာက်င္ခဲ့ရဖူးရင္ေတာ့ လံုးဝ မေမ့ေတာ့ဘဲ အဲဒီအမွားအတြက္ အၿမဲေနာင္တ ရေနတတ္ပါသတဲ့။

Credit : (အခရာ)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကောင်မလေးတွေ.. ကိုယ့်ကောင်လေးက ကိုယ့်ကို တကယ်ချစ်မချစ် သိချင်နေကြလား။ တကယ်ချစ်တဲ့ ယောက်ျားတွေက ဘယ်လိုအပြုအမူမျိုးတွေ လုပ်လေ့ရှိလဲ၊ ကိုယ့်ကို ဘယ်လိုဆက်ဆံလေ့ ရှိလဲ သိချင်ကြလား။ ကိုယ့်ကောင်လေးက ကိုယ့်ကို တကယ်ချစ်မချစ် ဒီအချက် (၈) ချက်နဲ့ သိနိုင်ပါတယ်။

တကယ်ချစ်တဲ့ ယောကျ်ားတွေဟာ..

(၁) ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ အခက်အခဲတွေကြုံကြုံ၊ ဘယ်လောက်ပဲ အခြေအနေတွေဆိုးဆိုး အဝေးကို ထွက်မသွားဘဲ ကိုယ့်ချစ်သူနဲ့ ကိုယ့်ရဲ့ Relationship အပေါ်မှာ တန်ဖိုးထားတတ်ကြပါတယ်။

(၂) ကိုယ်နဲ့ ပြဿနာဖြစ်တိုင်း၊ အခက်အခဲတွေကြုံတိုင်း ရှောင်ဖယ်ခြင်းမရှိဘဲ ကိုယ့်ကို နားလည်အောင် ရှင်းပြတာမျိုး၊ အလျှော့ပေးတာမျိုး၊ ပြဿနာကို အတူတကွ ဖြေရှင်းတာမျိုး လုပ်တတ်ကြပါတယ်။

(၃) အသေးအဖွဲလေးကအစ ဂရုစိုက်တတ်ကြပါတယ်။ ကိုယ်ကိုတိုင်တောင် မေ့နေတတ်တဲ့ နေ့လေးတွေ၊ အမှတ်တရလေးတွေကို ဂရုတစိုက် မှတ်သားထားတာမျိုး၊ အသေးအဖွဲကိစ္စလေးတွေ ဖြစ်ရင်တောင် ဂရုအရမ်းစိုက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။

(၄) ကိုယ့်ကို ကိုယ်ချင်းစာတတ်ပြီး ကိုယ့်ပြဿနာတွေကို  ဖြေရှင်းပေးတတ်ကြပါတယ်။ ဘဝမှာ အမြဲအတူတူနေရဖို့ နေ့မအားညမအား ကြိုးစားနေရပေမယ့် ကိုယ့်အတွက်လဲ ထည့်စဉ်းစားပေးတတ်ကြပါတယ်။

(၅) ကိုယ့်ကိုလဲ အမြဲအားပေးတတ်ပါတယ်။ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်တတ်တဲ့ အချက်တွေဖြစ်တဲ့ မလှဘူးလို့ ထင်တာမျိုး၊ ကိုယ့်ခန္ဓာကိုယ်မှာ အားနည်းချက်ရှိနေတာမျိုး၊ ကိုယ့်အရည်အချင်းကိုကိုယ် အားမရဖြစ်နေတတ်တာမျိုးတွေကို အမြဲအားပေးပြီး ဖြေဖျောက်ပေးတတ်ပါတယ်။

(၆) ကိုယ့်ပြဿနာတွေကိုလဲ ကူညီဖြေရှင်းပေးတတ်ပါတယ်။ ကိုယ့်အခက်အခဲက သူ့အခက်အခဲပါပဲ။ ကိုယ့်ဟာကိုယ် ဖြေရှင်းနေနိုင်တဲ့ ကိစ္စတွေတောင်မှ သူက အတင်းဝင်ရှင်းပေးချင်နေတတ်ပါသေးတယ်။

(၇) ကိုယ့်အမှားတွေကိုလဲ ခွင့်လွှတ်နိုင်ပါသေးတယ်။ ကိုယ်ဘယ်လောက်မှားမှား၊ ကိုယ်ဘယ်လောက်လွဲလွဲ သူက ခွင့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေသူပါ။ ခွင့်လွှတ်တဲ့အပြင် နောက်မမှားအောင်တောင် ကူညီပေးပါလိမ့်ဦးမယ်။

(၈) သူ့အမှားတွေအတွက်တော့ သူအမြဲစိတ်မကောင်းဖြစ်နေတတ်ပါတယ်။ ကိုယ့်အမှားတွေအတွက် ခွင့်လွှတ်နိုင်သူဟာ သူ့ကြောင့် ကိုယ်နာကျင်ခဲ့ရဖူးရင်တော့ လုံးဝ မမေ့တော့ဘဲ အဲဒီအမှားအတွက် အမြဲနောင်တ ရနေတတ်ပါသတဲ့။

Credit : (အခရာ)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top