iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ထက္ငယ္တဲ့သူနဲ႔ ခ်စ္သူရည္းစားျဖစ္ေနတဲ့ မမေတြဟာ ပတ္၀န္းက်င္အသိုင္းအ၀ိုင္းရဲ႕ ေျပာဆိုေ၀ဖန္ျခင္းေတြကို ခံရစၿမဲပါ။ အမွန္ေတာ့ ကုိယ္တြဲေနတဲ့သူက ဘယ္လိုလူမ်ိဳဳးလဲ၊ စိတ္ခ်ယံုၾကည္ရတဲ့သူ ဟုတ္မဟုတ္ဆိုတာ ကိုယ္သာ အသိဆံုးပါ။ သူ႕အသက္အရြယ္က ကုိယ့္ထက္ငယ္လို႔ ကိုယ္ကခ်ည္းအေလွ်ာ့ေပးေနရလိမ့္မယ္လို႔ ထင္ေနရင္လည္းမွားႏိုင္သလို ကိုယ့္ထက္ အသက္ႀကီးတဲ့ခ်စ္သူမ်ိဳး ပိုင္ဆုိင္ထားလို႔ သူကခ်ည္း ကုိယ့္ကိုဦးေဆာင္ၿပီး အနာဂတ္လမ္းမေပၚ ေလွ်ာက္လွမ္းသြားႏို္င္မယ္ဆိုတာကလည္း မွားယြင္းတဲ့အေတြးအေခၚ အယူအဆပါပဲ။ ဒီေတာ့ ကိုယ့္ထက္ငယ္တဲ့ခ်စ္သူမ်ိဳး ပိုင္ဆုိင္ထားတဲ့ မမေတြအတြက္ ေကာင္းက်ိဳးေလးေတြ ေဖာ္ျပေပးခ်င္ပါတယ္။

၁။သူ႕ေၾကာင့္ ခြန္အားေတြရွိလာမယ္၊ သြက္သြက္လက္လက္ေနတတ္လာမယ္။

ကိုယ့္ထက္အသက္ငယ္တဲ့ ခ်စ္သူေကာင္ေလးကို အမီလိုက္ႏိုင္ဖုိ႔၊ ကိုယ္ကအသက္ႀကီးတာမ်ိဳး မသိသာေစဖုိ႔ ကိုယ့္ဘက္က ႀကိဳးစားေနထုိင္လာမယ္။ ဖက္ရွင္က်က် ပို၀တ္ဆင္လာႏိုင္လိမ့္မယ္။ သူနဲ႔ သြားအတူ၊ စားအတူျဖစ္လာသလို အရင္ထက္ ေပါ့ေပါ့ပါးပါး သြက္သြက္လက္လက္ ျဖစ္လာမယ္။ သူ႕ဆီက ရရွိလာတဲ့ ခြန္အားေတြနဲ႕ ေနာက္ထပ္ အနာဂတ္အိပ္မက္အသစ္ေတြ မက္လာႏိုင္မယ္။ ေပ်ာ္စရာလည္း ပိုေကာင္းလာပါလိမ့္မယ္။

၂။ဖိအားေတြ အရင္ကေလာက္ မခံစားရေတာ့ဘူး။

အရင္တုန္းက ဖိအားမ်ားစြာနဲ႔ ျဖတ္သန္းလာခဲ့ရတဲ့ ကိုယ့္ရဲ႕ေန႔စဥ္ဘ၀ဟာ သူ႔ေၾကာင့္ ေျပာင္းလဲလာလိမ့္မယ္။ ရြယ္တူတန္းတူေတြမွာ ရွိတတ္တဲ့ အေတြးအျမင္ေတြ သူ႕မွာ မရွိပဲ အသစ္အဆန္းေတြ ျမင္ရ ၾကားရလိမ့္မယ္။

၃။အံ့ၾသစရာေကာင္းတဲ့အရာေတြ သိျမင္ခံစားလာရလိမ့္မယ္။

ကိုယ္မထင္ထားတဲ့အခ်ိန္၊ ကိုယ္စိတ္ကူးမထားတဲ့အခ်ိန္မ်ိဳးမွာ သူကကိုယ့္ကို suprise လုပ္တာမ်ိဳးေတြေၾကာင့္ ပိုေပ်ာ္လာရလိမ့္မယ္။

၄။ကိုယ္ျဖစ္ေစခ်င္တာကို ေျပာျပရင္ အသာတၾကည္လက္ခံလိမ့္မယ္။

ကိုယ့္ထက္ငယ္တဲ့သူျဖစ္တဲ့အတြက္ ကိုယ္ေပးတဲ့အႀကံကို သူယူလိမ့္မယ္။ ကိုယ့္ဘက္က ဆရာႀကီးအထာနဲ႔ ေျပာဆိုတာမ်ိဳး မလုပ္ဖုိ႔ပဲ လိုတယ္။ သူေျပာတာကိုလည္း ျပန္နားေထာင္ၿပီး အေကာင္းဆံုးအႀကံေပးႏိုင္ဖုိ႔ပဲ လိုတယ္။

၅။ပြင့္ပြင့္လင္းလင္း ေနတတ္လာမယ္။

ကိုယ့္ထက္ အသက္ငယ္တဲ့သူျဖစ္တဲ့အတြက္ ပြင့္ပြင့္လင္းလင္း ေျပာဆိုဆက္ဆံတတ္တာမ်ားမယ္။ ကုိယ္လည္းသူတုိ႔လိုပဲ ဟန္ေဆာင္ေျပာဆိုဆက္ဆံေနရတာမ်ိဳးေတြထက္ ပိုပြင့္ပြင့္လင္းလင္း ေျပာဆုိတတ္လာမယ္။

၆။အခ်စ္ေရးျပႆနာ  ၊ ဇာတ္လမ္းဆင္တာေတြ နည္းမယ္။

ကိုယ္က သူ႔ထက္ႀကီးတဲ့အတြက္ အကြက္ႀကိဳျမင္ၿပီးသားျဖစ္တာေၾကာင့္ေရာ၊ သူတုိ႔ဇာတ္လမ္းဆင္တာကို သိေနတာေၾကာင့္၊ ဒါမွမဟုတ္ ဒါမ်ိဳးေတြ လုပ္ရတာ ၀ါသနာကို မပါလုိ႔ စသျဖင့္ သူတုိ႔ဟာ အကြက္ေတြခင္းၿပီး ဇယားပတ္ရႈပ္တာမ်ိဳးေတြ ေရွာင္လိမ့္မယ္။

၇။ကိုယ့္ဆံုးျဖတ္ခ်က္ကို သူ၀င္စြက္ဖက္မႈ နည္းလိမ့္မယ္။

ဒီအလုပ္မွာ မေပ်ာ္လုိ႔ အလုပ္ထြက္ခ်င္တာမ်ိဳး သူတုိ႔ကို ေျပာျပေပးစရာပဲလိုတယ္။ သူတို႔ကလည္း ဒါကိုလံုး၀မထြက္ရဘူး။ ဆက္လုပ္လို႔ ေျပာမွာမဟုတ္ဘူး။ ကိုယ့္ရဲ႕ဆံုးျဖတ္ခ်က္ကို သူတုိ႔ေလးစားလိမ့္မယ္။ စြက္ဖက္မႈနည္းလိမ့္မယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ့်ထက်ငယ်တဲ့သူနဲ့ ချစ်သူရည်းစားဖြစ်နေတဲ့ မမတွေဟာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ပြောဆိုဝေဖန်ခြင်းတွေကို ခံရစမြဲပါ။ အမှန်တော့ ကိုယ်တွဲနေတဲ့သူက ဘယ်လိုလူမျိုုးလဲ၊ စိတ်ချယုံကြည်ရတဲ့သူ ဟုတ်မဟုတ်ဆိုတာ ကိုယ်သာ အသိဆုံးပါ။ သူ့အသက်အရွယ်က ကိုယ့်ထက်ငယ်လို့ ကိုယ်ကချည်းအလျှော့ပေးနေရလိမ့်မယ်လို့ ထင်နေရင်လည်းမှားနိုင်သလို ကိုယ့်ထက် အသက်ကြီးတဲ့ချစ်သူမျိုး ပိုင်ဆိုင်ထားလို့ သူကချည်း ကိုယ့်ကိုဦးဆောင်ပြီး အနာဂတ်လမ်းမပေါ် လျှောက်လှမ်းသွားနိုင်မယ်ဆိုတာကလည်း မှားယွင်းတဲ့အတွေးအခေါ် အယူအဆပါပဲ။ ဒီတော့ ကိုယ့်ထက်ငယ်တဲ့ချစ်သူမျိုး ပိုင်ဆိုင်ထားတဲ့ မမတွေအတွက် ကောင်းကျိုးလေးတွေ ဖော်ပြပေးချင်ပါတယ်။

၁။သူ့ကြောင့် ခွန်အားတွေရှိလာမယ်၊ သွက်သွက်လက်လက်နေတတ်လာမယ်။

ကိုယ့်ထက်အသက်ငယ်တဲ့ ချစ်သူကောင်လေးကို အမီလိုက်နိုင်ဖို့၊ ကိုယ်ကအသက်ကြီးတာမျိုး မသိသာစေဖို့ ကိုယ့်ဘက်က ကြိုးစားနေထိုင်လာမယ်။ ဖက်ရှင်ကျကျ ပိုဝတ်ဆင်လာနိုင်လိမ့်မယ်။ သူနဲ့ သွားအတူ၊ စားအတူဖြစ်လာသလို အရင်ထက် ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ဖြစ်လာမယ်။ သူ့ဆီက ရရှိလာတဲ့ ခွန်အားတွေနဲ့ နောက်ထပ် အနာဂတ်အိပ်မက်အသစ်တွေ မက်လာနိုင်မယ်။ ပျော်စရာလည်း ပိုကောင်းလာပါလိမ့်မယ်။

၂။ဖိအားတွေ အရင်ကလောက် မခံစားရတော့ဘူး။

အရင်တုန်းက ဖိအားများစွာနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ကိုယ့်ရဲ့နေ့စဉ်ဘဝဟာ သူ့ကြောင့် ပြောင်းလဲလာလိမ့်မယ်။ ရွယ်တူတန်းတူတွေမှာ ရှိတတ်တဲ့ အတွေးအမြင်တွေ သူ့မှာ မရှိပဲ အသစ်အဆန်းတွေ မြင်ရ ကြားရလိမ့်မယ်။

၃။အံ့သြစရာကောင်းတဲ့အရာတွေ သိမြင်ခံစားလာရလိမ့်မယ်။

ကိုယ်မထင်ထားတဲ့အချိန်၊ ကိုယ်စိတ်ကူးမထားတဲ့အချိန်မျိုးမှာ သူကကိုယ့်ကို suprise လုပ်တာမျိုးတွေကြောင့် ပိုပျော်လာရလိမ့်မယ်။

၄။ကိုယ်ဖြစ်စေချင်တာကို ပြောပြရင် အသာတကြည်လက်ခံလိမ့်မယ်။

ကိုယ့်ထက်ငယ်တဲ့သူဖြစ်တဲ့အတွက် ကိုယ်ပေးတဲ့အကြံကို သူယူလိမ့်မယ်။ ကိုယ့်ဘက်က ဆရာကြီးအထာနဲ့ ပြောဆိုတာမျိုး မလုပ်ဖို့ပဲ လိုတယ်။ သူပြောတာကိုလည်း ပြန်နားထောင်ပြီး အကောင်းဆုံးအကြံပေးနိုင်ဖို့ပဲ လိုတယ်။

၅။ပွင့်ပွင့်လင်းလင်း နေတတ်လာမယ်။

ကိုယ့်ထက် အသက်ငယ်တဲ့သူဖြစ်တဲ့အတွက် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတတ်တာများမယ်။ ကိုယ်လည်းသူတို့လိုပဲ ဟန်ဆောင်ပြောဆိုဆက်ဆံနေရတာမျိုးတွေထက် ပိုပွင့်ပွင့်လင်းလင်း ပြောဆိုတတ်လာမယ်။

၆။အချစ်ရေးပြဿနာ  ၊ ဇာတ်လမ်းဆင်တာတွေ နည်းမယ်။

ကိုယ်က သူ့ထက်ကြီးတဲ့အတွက် အကွက်ကြိုမြင်ပြီးသားဖြစ်တာကြောင့်ရော၊ သူတို့ဇာတ်လမ်းဆင်တာကို သိနေတာကြောင့်၊ ဒါမှမဟုတ် ဒါမျိုးတွေ လုပ်ရတာ ဝါသနာကို မပါလို့ စသဖြင့် သူတို့ဟာ အကွက်တွေခင်းပြီး ဇယားပတ်ရှုပ်တာမျိုးတွေ ရှောင်လိမ့်မယ်။

၇။ကိုယ့်ဆုံးဖြတ်ချက်ကို သူဝင်စွက်ဖက်မှု နည်းလိမ့်မယ်။

ဒီအလုပ်မှာ မပျော်လို့ အလုပ်ထွက်ချင်တာမျိုး သူတို့ကို ပြောပြပေးစရာပဲလိုတယ်။ သူတို့ကလည်း ဒါကိုလုံးဝမထွက်ရဘူး။ ဆက်လုပ်လို့ ပြောမှာမဟုတ်ဘူး။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို သူတို့လေးစားလိမ့်မယ်။ စွက်ဖက်မှုနည်းလိမ့်မယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top