iMyanmarHouse.com - Best Property Website for Myanmar
×

တခ်ိဳ႕ လူေတြမွာ အသက္အရြယ္မၾကီးခင္ ဆံပင္ျဖဴတာေတြ ရွိပါတယ္။ ဒီလိုျဖစ္ေပၚရျခင္းဟာ ေသြးသားနဲ႔လည္း သက္ဆိုင္သလို စားေသာက္ေနထိုင္မႈပံုစံေတြေပၚမွာလည္း မူတည္ေနပါတယ္။ ဒါ့ေၾကာင့္ အရြယ္မတိုင္မီ ဆံပင္ျဖဴျခင္း ကင္းေ၀းေစမယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 (၁) ဦးေရျပားကို ျဖည္းညွင္းစြာ ႏွိပ္နယ္ေပးပါ။

အရြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္းဟာ ေသြးသားနဲ႔ ဆိုင္တာေၾကာင့္ ဦးေရျပားမွာ ေသြးလည္ပတ္မႈ ေကာင္းမြန္ေနဖို႔က အဓိကက်ပါတယ္။ ဒါ့ေၾကာင့္ ဦးေရျပားကို ျဖည္းညွင္းစြာ ႏွိပ္နယ္ေပးပါ။ ႏွိပ္တဲ့အခါမွာ ဆံပင္သားေတြ စိုေျပေနရင္ ပိုေကာင္းတာေၾကာင့္ ေခါင္းလိမ္းဆီတစ္မ်ိဳးမ်ိဳးကို လိမ္းၿပီး ႏွိပ္နယ္ေပးလို႔ ရပါတယ္။

 (၂) ေခါင္းေလွ်ာ္ရည္တစ္မ်ိဳးတည္းသာ စြဲျမဲသံုးပါ။

ေခါင္းေလွ်ာ္ရည္ တစ္မ်ိဳးၿပီးတစ္မ်ိဳးေျပာင္းလဲ အသံုးျပဳျခင္းကလည္း အရြယ္မတိုင္ခင္ ဆံပင္ျဖဴေစတဲ့ အခ်က္တစ္ခ်က္ပဲျဖစ္ပါတယ္။ မိမိဆံသားနဲ႔ ကိုက္ညီတဲ့ ေခါင္းေလွ်ာ္ရည္ ရွိေနတယ္ဆိုရင္ အျခားေခါင္းေလွ်ာ္ရည္ေတြစမ္းသပ္မေျပာင္းသံုးသင့္ပါဘူး။ ေခါင္းေလွ်ုာ္ရည္ အမ်ိဳးမ်ိဳးေျပာင္းလဲသံုးတာဟာ ဆံပင္သားကို ေကာင္းက်ိဳးမေပးႏိုင္တဲ့အျပင္ ဆံပင္ျဖဴျခင္းကိုပါ ျဖစ္ေပၚေစႏုိင္ပါတယ္။

 (၃) ေဆးလိပ္ေလွ်ာ့ေသာက္ပါ။

ဒီအခ်က္ကေတာ့ ေဆးလိပ္အလြန္အကၽြံေသာက္သံုးတဲ့သူေတြ သတိထားရမယ့္ အခ်က္ျဖစ္ပါတယ္။ ေဆးပညာသုေတသီေတြကေတာ့ ေဆးလိပ္ေသာက္သံုးသူဟာ မေသာက္သံုးသူေတြထက္ (၄) ဆ အရြယ္မတုိင္ခင္ ဆံပင္ျဖဴေစႏိုင္တယ္လို႔ ဆိုထားပါတယ္။

(၄) ဆံသားအတြက္ အာဟာရ စားသံုးေပးပါ။

 လူခႏၶာကိုယ္ က်န္းမာေရးအတြက္ အာဟာရဓါတ္ေတြ လိုအပ္သလို ဆံသားေတြဟာလည္း ဆံသားသန္စြမ္းက်န္းမာေရးအတြက္ အာဟာရဓါတ္ေတြ လိုအပ္ပါတယ္။ ဆံပင္အတြက္ အာဟာရ မလံုေလာက္ျခင္းကလည္း အရြယ္မတိုင္ခင္ ဆံပင္ျဖဴေစပါတယ္။ သခြားသီး၊ ဂ်ံဳနဲ႔ မက္မန္းသီးေတြကေန ဆံပင္အတြက္ လိုအပ္တဲ့ အာဟာရ ရရွိႏိုင္ပါတယ္။


Credit:Momolay
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တချို့ လူတွေမှာ အသက်အရွယ်မကြီးခင် ဆံပင်ဖြူတာတွေ ရှိပါတယ်။ ဒီလိုဖြစ်ပေါ်ရခြင်းဟာ သွေးသားနဲ့လည်း သက်ဆိုင်သလို စားသောက်နေထိုင်မှုပုံစံတွေပေါ်မှာလည်း မူတည်နေပါတယ်။ ဒါ့ကြောင့် အရွယ်မတိုင်မီ ဆံပင်ဖြူခြင်း ကင်းဝေးစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 (၁) ဦးရေပြားကို ဖြည်းညှင်းစွာ နှိပ်နယ်ပေးပါ။

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းဟာ သွေးသားနဲ့ ဆိုင်တာကြောင့် ဦးရေပြားမှာ သွေးလည်ပတ်မှု ကောင်းမွန်နေဖို့က အဓိကကျပါတယ်။ ဒါ့ကြောင့် ဦးရေပြားကို ဖြည်းညှင်းစွာ နှိပ်နယ်ပေးပါ။ နှိပ်တဲ့အခါမှာ ဆံပင်သားတွေ စိုပြေနေရင် ပိုကောင်းတာကြောင့် ခေါင်းလိမ်းဆီတစ်မျိုးမျိုးကို လိမ်းပြီး နှိပ်နယ်ပေးလို့ ရပါတယ်။

 (၂) ခေါင်းလျှော်ရည်တစ်မျိုးတည်းသာ စွဲမြဲသုံးပါ။

ခေါင်းလျှော်ရည် တစ်မျိုးပြီးတစ်မျိုးပြောင်းလဲ အသုံးပြုခြင်းကလည်း အရွယ်မတိုင်ခင် ဆံပင်ဖြူစေတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ မိမိဆံသားနဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည် ရှိနေတယ်ဆိုရင် အခြားခေါင်းလျှော်ရည်တွေစမ်းသပ်မပြောင်းသုံးသင့်ပါဘူး။ ခေါင်းလျှေုာ်ရည် အမျိုးမျိုးပြောင်းလဲသုံးတာဟာ ဆံပင်သားကို ကောင်းကျိုးမပေးနိုင်တဲ့အပြင် ဆံပင်ဖြူခြင်းကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။

 (၃) ဆေးလိပ်လျှော့သောက်ပါ။

ဒီအချက်ကတော့ ဆေးလိပ်အလွန်အကျွံသောက်သုံးတဲ့သူတွေ သတိထားရမယ့် အချက်ဖြစ်ပါတယ်။ ဆေးပညာသုတေသီတွေကတော့ ဆေးလိပ်သောက်သုံးသူဟာ မသောက်သုံးသူတွေထက် (၄) ဆ အရွယ်မတိုင်ခင် ဆံပင်ဖြူစေနိုင်တယ်လို့ ဆိုထားပါတယ်။

(၄) ဆံသားအတွက် အာဟာရ စားသုံးပေးပါ။

 လူခန္ဓာကိုယ် ကျန်းမာရေးအတွက် အာဟာရဓါတ်တွေ လိုအပ်သလို ဆံသားတွေဟာလည်း ဆံသားသန်စွမ်းကျန်းမာရေးအတွက် အာဟာရဓါတ်တွေ လိုအပ်ပါတယ်။ ဆံပင်အတွက် အာဟာရ မလုံလောက်ခြင်းကလည်း အရွယ်မတိုင်ခင် ဆံပင်ဖြူစေပါတယ်။ သခွားသီး၊ ဂျုံနဲ့ မက်မန်းသီးတွေကနေ ဆံပင်အတွက် လိုအပ်တဲ့ အာဟာရ ရရှိနိုင်ပါတယ်။


Credit:Momolay

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top