iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းမကိုယ္ေသးက်ံဳ႕ျခင္း (vaginal atrophy) ဟာ မိန္းမေဟာ္မုန္း (estrogen) ပမာဏ က်ဆင္းလာျခင္းေၾကာင့္ ျဖစ္ပါတယ္။ ဒါကို ေဟာ္မုန္းကုထံုးျဖင့္ ကုသႏုိင္ပါတယ္။

          အမ်ိဳးသမီးအမ်ားစုဟာ မိန္းမကိုယ္ေသးက်ံဳ႕ျခင္းကို ေသြးဆံုးျခင္း မတုိင္မီနဲ႔ ေသြးဆံုးၿပီးေနာက္တြင္ ခံစားရေလ့ရွိပါတယ္။ မိန္းမေဟာ္မုန္းပမာဏက်ဆင္းလာေလေလ ေရာဂါလကၡဏာေတြလည္း ပိုဆိုးလာေလေလျဖစ္ပါတယ္။

          ထုိကဲ့သို႔ေသာ မိန္းမကိုယ္က်ံဳ႕ျခင္းေၾကာင့္ အမ်ိဳးသားႏွင့္အတူေနစဥ္နာက်င္ျခင္း၊ ဆီးသြားျခင္းနဲ႔ ဆုိင္တဲ့ျပႆနာေတြျဖစ္လာႏုိင္ပါတယ္။ ဒါေတြကေတာ့

- ဆီးသြားစဥ္ ပူစပ္ပူေလာင္ျဖစ္ျခင္းနဲ႔ က်ဥ္းျခင္း

- မၾကာခဏ ဆီးသြားခ်င္စိတ္ျဖစ္ျခင္း

- ေခ်ာင္းဆိုးျခင္း၊ ႏွာေစးျခင္းနဲ႔ ႀကိဳ႕ထုိးျခင္းတို႔ျဖစ္ပါက ဆီးထြက္က်ျခင္း တို႔ျဖစ္ပါတယ္။

ေရာဂါလကၡဏာမ်ား

        အျဖစ္မ်ားတဲ့ေရာဂါလကၡဏာေတြကေတာ့ -

- မိန္းမကိုယ္ေျခာက္ေသြ႕ျခင္း

- ပူစပ္ပူေလာင္ျဖစ္ျခင္း

- ယားယံျခင္း

- အျဖဴဆင္းျခင္း

- အမ်ိဳးသားႏွင့္အတူေနစဥ္နာက်င္ျခင္း၊ ေသြးထြက္ျခင္း၊ ပူစပ္ပူေလာင္ျဖစ္ျခင္း

- ဆီးမထိန္းႏိုင္ျခင္း

- ဆီးသြားစဥ္နာက်င္ျခင္း

- မၾကာခဏဆီးသြားရျခင္း

ျပန္လည္ေကာင္းမြန္ေစႏုိင္ေသာ ကုထံုးမ်ား

        ပထမအဆင့္အေနနဲ႔ မိန္းမကိုယ္အစိုဓာတ္ကို ထိန္းေပးတဲ့ပစၥည္းေတြ (သို႔) ေရဓာတ္ကို အေျခခံတဲ့ ေခ်ာဆီေတြပဲျဖစ္ပါတယ္။ မိန္းမကိုယ္အစိုဓာတ္ထိန္းသိမ္းေပးတဲ့ပစၥည္းေတြဟာ မိန္းမကိုယ္အတြင္း သဘာဝအစုိဓာတ္ကိုျဖစ္ေစကာ ေရာဂါလကၡဏာေတြကို သက္သာေစႏုိင္တာေၾကာင့္ ၎အလွဆီေတြကို ေန႔စဥ္ေန႔တိုင္း မၾကာခဏ လိမ္းေပးသင့္ပါတယ္။ ေရဓာတ္ကိုအေျခခံတဲ့ေခ်ာဆီေတြဟာ အမ်ိ္ဳးသားႏွင့္အတူေနစဥ္ နာက်င္ျခင္းကို သက္သာေစႏုိင္ပါတယ္။

          သတိျပဳရမွာကေတာ့ ဂလစ္စရင္း (Glycerin) မပါဝင္တဲ့ အမ်ိဳးအစားကိုေရြးခ်ယ္​ဝယ္ယူဖို႔ပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ မိန္းမကိုယ္မွာေပါက္ၿပဲေနတာေတြရွိပါက ဂလစ္စရင္းက ယားယံျခင္းနဲ႔ နာက်င္ျခင္းေတြကို ျဖစ္ေစႏုိင္လို႔ပါပဲ။ အကယ္၍ အကာအကြယ္ပစၥည္း (ကြန္ဒံုး) ကိုအသံုးျပဳပါက ပက္ထ႐ိုလီယမ္ကိုအေျခခံထားတဲ့ ေခ်ာဆီမ်ိဳးကိုမေရြးခ်ယ္သင့္ပါဘူး။ ပက္ထ႐ိုလီယမ္ဟာ ကြန္ဒံုးကိုျပဳလုပ္ထာတဲ့ Latex ကိုေလ်ာ့ရဲေစႏုိင္တာေၾကာင့္ ကြန္ဒံုးေပါက္ၿပဲႏုိင္လို႔ပဲျဖစ္ပါတယ္။

အကယ္၍ ဒီကုထံုးေတြနဲ႔ေရာဂါလကၡဏာေတြကို မသက္သာေစဘူးဆိုပါက အျခားကုသမႈေတြ (ဥပမာ- မိန္းမကိုယ္ကို မိန္းမေဟာ္မုန္းခရင္မ္ တိုက္႐ိုက္သုတ္လိမ္းျခင္း၊ မိန္းမေဟာ္မုန္းအစားထုိးျခင္း၊ ေရာ္ဘာကဲ့သို႔ေကြးႏုိင္ဆန္႔ႏုိင္တဲ့ မိန္းမေဟာ္မုန္းကြင္းကို မိန္းမကိုယ္အေပၚပိုင္း သုိ႔ ထည့္ထားျခင္း) ျပဳလုပ္သြားရမွာ ျဖစ္ပါတယ္။

မိန္းမေဟာ္မုန္းအစားထိုးျခင္း၏ ေဘးထြက္ဆိုးက်ိဳးမ်ား

        မိန္းမကိုယ္ေသးက်ံဳ႕ျခင္းအတြက္ ယခုလတ္တေလာတြင္ အေကာင္းဆံုးကုထံုးမွာ မိန္းမေဟာ္မုန္း အစားထုိးျခင္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း အမ်ိ္ဳးသမီးတိုင္းအတြက္ ဒီကုထံုးကမသင့္ေတာ္ေပ။

          မိန္းမေဟာ္မုန္းျမင့္တက္ပါက ေရရွည္မွာဆုိးက်ိဳးေတြျဖစ္လာႏုိင္တာေၾကာင့္ အခ်ိဳ႕ဆရာဝန္ေတြကေတာ့ ၎ေဟာ္မုန္းေဆးကို ေသာက္သံုးရန္ အားမေပးပါဘူး။ ျဖစ္ႏုိင္ေခ်မ်ားတဲ့ ေဘးထြက္ဆိုးက်ိဳးေတြကေတာ့ -

- ရင္သားႏွင့္ သားအိမ္ကင္ဆာျဖစ္ႏိုင္ေခ်မ်ားျခင္း

- ႏွလံုးတိုက္ခိုက္ခံရျခင္း

- ေသြးခဲျဖစ္ေပၚျခင္း

- ေလျဖတ္ျခင္း တုိ႔ျဖစ္ပါတယ္။

          အထက္ပါျပႆနာေတြျဖစ္ႏုိင္ေခ်မ်ားတဲ့သူေတြအတြက္ကေတာ့ ေဟာ္မုန္းမပါတဲ့ကုထံုးေတြကသာ အေကာင္းဆံုးျဖစ္ပါတယ္။ သို႔ေပမယ့္လည္း အကယ္၍ ေဟာ္မုန္းကုထံုးကိုအသံုးျပဳလိုပါက ပမာဏအနည္းဆံုးကိုသာ ေရြးခ်ယ္ပါ။

          ယခင္ကတည္းက ကင္ဆာေရာဂါရွိေနပါက ကင္ဆာအထူးကုဆရာဝန္ႏွင့္ တုိင္ပင္ၿပီးမွသာေသာက္သံုးသင့္ပါတယ္။

ကာကြယ္ျခင္း

        မိန္းမကိုယ္က်ံဳ႕ျခင္းကို လံုးဝဥႆံုမကာကြယ္ႏိုင္ေပမယ့္လည္း ျဖစ္ႏုိင္ေခ်ကိုေတာ့ ေလွ်ာ့ခ်ႏုိင္ပါတယ္။ အမ်ိဳးသားနဲ႔ ပံုမွန္အတူေနျခင္းက မိန္းမကိုယ္သို႔ေသြးစီးဆင္းျခင္းကို ေကာင္းမြန္ေစတာေၾကာင့္ မိန္းမကိုယ္တစ္သွ်ဴးေတြကို က်န္းမာေစႏိုင္ပါတယ္။

          ေဆးလိပ္ေသာက္သံုးျခင္းဟာ ေသြးလည္ပတ္မႈကို ေႏွးေကြးေစႏုိင္ၿပီး ေဆးလိပ္ျဖတ္ႏုိင္လွ်င္ အေကာင္းဆံုးျဖစ္ပါတယ္။ ထုိ႔ျပင္ ေဆးလိပ္မွာပါဝင္တဲ့ ဓာတုပစၥည္းေတြဟာ ခႏၶာကိုယ္ရဲ႕ သဘာဝမိန္းမေဟာ္မုန္းထုတ္လုပ္မႈကိုလည္း ေလ်ာ့နည္းေစႏုိင္ပါတယ္။ ဘာအေၾကာင္းေၾကာင့္ပဲ မိန္းမေဟာ္မုန္းပမာဏနည္းနည္း မိန္းမအဂၤါအစိတ္အပိုင္းေတြရဲ႕က်န္းမာေရးကို ထိခိုက္ႏိုင္ပါတယ္။

          ပံုမွန္မဟုတ္တဲ့ ေရာဂါလကၡဏာေတြခံစားေနရပါက ဆရာဝန္ႏွင့္ျပသ၍ ကုသမႈကိုခံယူသင့္ပါတယ္။

Credit:drmyanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိန်းမကိုယ်သေးကျုံ့ခြင်း (vaginal atrophy) ဟာ မိန်းမဟော်မုန်း (estrogen) ပမာဏ ကျဆင်းလာခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကို ဟော်မုန်းကုထုံးဖြင့် ကုသနိုင်ပါတယ်။

          အမျိုးသမီးအများစုဟာ မိန်းမကိုယ်သေးကျုံ့ခြင်းကို သွေးဆုံးခြင်း မတိုင်မီနဲ့ သွေးဆုံးပြီးနောက်တွင် ခံစားရလေ့ရှိပါတယ်။ မိန်းမဟော်မုန်းပမာဏကျဆင်းလာလေလေ ရောဂါလက္ခဏာတွေလည်း ပိုဆိုးလာလေလေဖြစ်ပါတယ်။

          ထိုကဲ့သို့သော မိန်းမကိုယ်ကျုံ့ခြင်းကြောင့် အမျိုးသားနှင့်အတူနေစဉ်နာကျင်ခြင်း၊ ဆီးသွားခြင်းနဲ့ ဆိုင်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေကတော့

- ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်းနဲ့ ကျဉ်းခြင်း

- မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ခြင်း

- ချောင်းဆိုးခြင်း၊ နှာစေးခြင်းနဲ့ ကြို့ထိုးခြင်းတို့ဖြစ်ပါက ဆီးထွက်ကျခြင်း တို့ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ

        အဖြစ်များတဲ့ရောဂါလက္ခဏာတွေကတော့ -

- မိန်းမကိုယ်ခြောက်သွေ့ခြင်း

- ပူစပ်ပူလောင်ဖြစ်ခြင်း

- ယားယံခြင်း

- အဖြူဆင်းခြင်း

- အမျိုးသားနှင့်အတူနေစဉ်နာကျင်ခြင်း၊ သွေးထွက်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း

- ဆီးမထိန်းနိုင်ခြင်း

- ဆီးသွားစဉ်နာကျင်ခြင်း

- မကြာခဏဆီးသွားရခြင်း

ပြန်လည်ကောင်းမွန်စေနိုင်သော ကုထုံးများ

        ပထမအဆင့်အနေနဲ့ မိန်းမကိုယ်အစိုဓာတ်ကို ထိန်းပေးတဲ့ပစ္စည်းတွေ (သို့) ရေဓာတ်ကို အခြေခံတဲ့ ချောဆီတွေပဲဖြစ်ပါတယ်။ မိန်းမကိုယ်အစိုဓာတ်ထိန်းသိမ်းပေးတဲ့ပစ္စည်းတွေဟာ မိန်းမကိုယ်အတွင်း သဘာဝအစိုဓာတ်ကိုဖြစ်စေကာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တာကြောင့် ၎င်းအလှဆီတွေကို နေ့စဉ်နေ့တိုင်း မကြာခဏ လိမ်းပေးသင့်ပါတယ်။ ရေဓာတ်ကိုအခြေခံတဲ့ချောဆီတွေဟာ အမျိုးသားနှင့်အတူနေစဉ် နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။

          သတိပြုရမှာကတော့ ဂလစ်စရင်း (Glycerin) မပါဝင်တဲ့ အမျိုးအစားကိုရွေးချယ်ဝယ်ယူဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ မိန်းမကိုယ်မှာပေါက်ပြဲနေတာတွေရှိပါက ဂလစ်စရင်းက ယားယံခြင်းနဲ့ နာကျင်ခြင်းတွေကို ဖြစ်စေနိုင်လို့ပါပဲ။ အကယ်၍ အကာအကွယ်ပစ္စည်း (ကွန်ဒုံး) ကိုအသုံးပြုပါက ပက်ထရိုလီယမ်ကိုအခြေခံထားတဲ့ ချောဆီမျိုးကိုမရွေးချယ်သင့်ပါဘူး။ ပက်ထရိုလီယမ်ဟာ ကွန်ဒုံးကိုပြုလုပ်ထာတဲ့ Latex ကိုလျော့ရဲစေနိုင်တာကြောင့် ကွန်ဒုံးပေါက်ပြဲနိုင်လို့ပဲဖြစ်ပါတယ်။

အကယ်၍ ဒီကုထုံးတွေနဲ့ရောဂါလက္ခဏာတွေကို မသက်သာစေဘူးဆိုပါက အခြားကုသမှုတွေ (ဥပမာ- မိန်းမကိုယ်ကို မိန်းမဟော်မုန်းခရင်မ် တိုက်ရိုက်သုတ်လိမ်းခြင်း၊ မိန်းမဟော်မုန်းအစားထိုးခြင်း၊ ရော်ဘာကဲ့သို့ကွေးနိုင်ဆန့်နိုင်တဲ့ မိန်းမဟော်မုန်းကွင်းကို မိန်းမကိုယ်အပေါ်ပိုင်း သို့ ထည့်ထားခြင်း) ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။

မိန်းမဟော်မုန်းအစားထိုးခြင်း၏ ဘေးထွက်ဆိုးကျိုးများ

        မိန်းမကိုယ်သေးကျုံ့ခြင်းအတွက် ယခုလတ်တလောတွင် အကောင်းဆုံးကုထုံးမှာ မိန်းမဟော်မုန်း အစားထိုးခြင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးတိုင်းအတွက် ဒီကုထုံးကမသင့်တော်ပေ။

          မိန်းမဟော်မုန်းမြင့်တက်ပါက ရေရှည်မှာဆိုးကျိုးတွေဖြစ်လာနိုင်တာကြောင့် အချို့ဆရာဝန်တွေကတော့ ၎င်းဟော်မုန်းဆေးကို သောက်သုံးရန် အားမပေးပါဘူး။ ဖြစ်နိုင်ချေများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ -

- ရင်သားနှင့် သားအိမ်ကင်ဆာဖြစ်နိုင်ချေများခြင်း

- နှလုံးတိုက်ခိုက်ခံရခြင်း

- သွေးခဲဖြစ်ပေါ်ခြင်း

- လေဖြတ်ခြင်း တို့ဖြစ်ပါတယ်။

          အထက်ပါပြဿနာတွေဖြစ်နိုင်ချေများတဲ့သူတွေအတွက်ကတော့ ဟော်မုန်းမပါတဲ့ကုထုံးတွေကသာ အကောင်းဆုံးဖြစ်ပါတယ်။ သို့ပေမယ့်လည်း အကယ်၍ ဟော်မုန်းကုထုံးကိုအသုံးပြုလိုပါက ပမာဏအနည်းဆုံးကိုသာ ရွေးချယ်ပါ။

          ယခင်ကတည်းက ကင်ဆာရောဂါရှိနေပါက ကင်ဆာအထူးကုဆရာဝန်နှင့် တိုင်ပင်ပြီးမှသာသောက်သုံးသင့်ပါတယ်။

ကာကွယ်ခြင်း

        မိန်းမကိုယ်ကျုံ့ခြင်းကို လုံးဝဥဿုံမကာကွယ်နိုင်ပေမယ့်လည်း ဖြစ်နိုင်ချေကိုတော့ လျှော့ချနိုင်ပါတယ်။ အမျိုးသားနဲ့ ပုံမှန်အတူနေခြင်းက မိန်းမကိုယ်သို့သွေးစီးဆင်းခြင်းကို ကောင်းမွန်စေတာကြောင့် မိန်းမကိုယ်တစ်သျှူးတွေကို ကျန်းမာစေနိုင်ပါတယ်။

          ဆေးလိပ်သောက်သုံးခြင်းဟာ သွေးလည်ပတ်မှုကို နှေးကွေးစေနိုင်ပြီး ဆေးလိပ်ဖြတ်နိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ ထို့ပြင် ဆေးလိပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ခန္ဓာကိုယ်ရဲ့ သဘာဝမိန်းမဟော်မုန်းထုတ်လုပ်မှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဘာအကြောင်းကြောင့်ပဲ မိန်းမဟော်မုန်းပမာဏနည်းနည်း မိန်းမအင်္ဂါအစိတ်အပိုင်းတွေရဲ့ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

          ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေခံစားနေရပါက ဆရာဝန်နှင့်ပြသ၍ ကုသမှုကိုခံယူသင့်ပါတယ်။

Credit:drmyanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top