iMyanmarHouse.com - Best Property Website for Myanmar
×

ကညႊတ္ဟာ က်န္းမာေရးနဲ႔ အရမ္းညီညြတ္ျပီး အရသာလည္း အထူးေကာင္းမြန္ပါတယ္။ ကညြတ္က အရသာအရိွဆုံး ဟင္းသီးဟင္းရြက္ျဖစ္ျပီး အထူးသျဖင့္ သုပ္စားလို႕ တကယ့္ကိုေကာင္းပါတယ္။ သူ႔ရာသီေရာက္တဲ့အခါ ကညႊတ္ဟာ အလြန္ကြ်တ္ျပီး အာဟာရဓာတ္ပမာဏျမင့္မားစြာ ပါဝင္ပါတယ္။

ကညႊတ္ကေပးတဲ့ က်န္းမာေရးအက်ဳိးေက်းဇူးေတြက

၁။ ကြ်မ္းက်င္ပညာရွင္ေတြရဲ႕ အဆုိအရ ကညႊတ္မွာပါတဲ့ အာဟာရေတြဟာ လူ႔ကုိယ္တြင္းရိွ အင္ဆူလင္ပမာဏကို အက်ဳိးသက္ေရာက္ေစႏုိင္ျပီး ဒီဟင္းသီးဟင္းရြက္ကို ဆီးခ်ဳိေရာဂါကုသရာမွာ အသုံးျပဳႏုိင္ေၾကာင္း သိရပါတယ္။

၂။ ကညႊတ္က သူ႔ရဲ႕သတၱဳဓာတ္ပါဝင္မႈေၾကာင့္ ဆီးရႊင္ေစပါတယ္။ သဘာဝအေလွ်ာက္ ဆီးရႊင္ေစတာကို ေထာက္ဆရင္ ကညႊတ္ဟာ ေက်ာက္ကပ္ရဲ႕ လုပ္ေဆာင္ခ်က္ကို လႈံ႔ေဆာ္ေပးျပီး ကိုယ္တြင္းအဆိပ္အေတာက္ဖယ္ရွားေပးျခင္းနဲ႔ ခႏၶာကုိယ္သန္႔စင္မႈ ပိုမိုေကာင္းမြန္ေစပါတယ္။

၃။ ကညႊတ္မွာပါတဲ့ ေဖာလစ္ခ္အက္ဆစ္က ကိုယ္ဝန္မရခင္နဲ႔ ကိုယ္ဝန္ရျပီး ပထမလေတြအတြက္ မရိွမျဖစ္ လိုအပ္ပါတယ္။

၄။ ကညႊတ္မွာပါဝင္တဲ့ သတၱဳဓာတ္ေတြဟာ သေႏၶသားထိခုိက္မႈအႏၱရာယ္ ေလွ်ာ့နည္းေစျပီး ကေလးငယ္ေတြမွာ အာရုံေၾကာဖြဲ႔စည္းမႈစနစ္ ဖြံ႔ျဖိဳးမႈအတြက္ အေထာက္အကူေပးပါတယ္။

၅။ ကညြတ္က အသက္လည္း ရွည္ေစျပီး ေန႔ဘက္မွာ လုိအပ္တဲ့ အားအင္ေတြျဖည့္တင္းေပးကာ ေပ်ာ္ရႊင္မႈရေစပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ကညွှတ်ဟာ ကျန်းမာရေးနဲ့ အရမ်းညီညွတ်ပြီး အရသာလည်း အထူးကောင်းမွန်ပါတယ်။ ကညွတ်က အရသာအရှိဆုံး ဟင်းသီးဟင်းရွက်ဖြစ်ပြီး အထူးသဖြင့် သုပ်စားလို့ တကယ့်ကိုကောင်းပါတယ်။ သူ့ရာသီရောက်တဲ့အခါ ကညွှတ်ဟာ အလွန်ကျွတ်ပြီး အာဟာရဓာတ်ပမာဏမြင့်မားစွာ ပါဝင်ပါတယ်။

ကညွှတ်ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက

၁။ ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ ကညွှတ်မှာပါတဲ့ အာဟာရတွေဟာ လူ့ကိုယ်တွင်းရှိ အင်ဆူလင်ပမာဏကို အကျိုးသက်ရောက်စေနိုင်ပြီး ဒီဟင်းသီးဟင်းရွက်ကို ဆီးချိုရောဂါကုသရာမှာ အသုံးပြုနိုင်ကြောင်း သိရပါတယ်။

၂။ ကညွှတ်က သူ့ရဲ့သတ္တုဓာတ်ပါဝင်မှုကြောင့် ဆီးရွှင်စေပါတယ်။ သဘာဝအလျှောက် ဆီးရွှင်စေတာကို ထောက်ဆရင် ကညွှတ်ဟာ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်ကို လှုံ့ဆော်ပေးပြီး ကိုယ်တွင်းအဆိပ်အတောက်ဖယ်ရှားပေးခြင်းနဲ့ ခန္ဓာကိုယ်သန့်စင်မှု ပိုမိုကောင်းမွန်စေပါတယ်။

၃။ ကညွှတ်မှာပါတဲ့ ဖောလစ်ခ်အက်ဆစ်က ကိုယ်ဝန်မရခင်နဲ့ ကိုယ်ဝန်ရပြီး ပထမလတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

၄။ ကညွှတ်မှာပါဝင်တဲ့ သတ္တုဓာတ်တွေဟာ သန္ဓေသားထိခိုက်မှုအန္တရာယ် လျှော့နည်းစေပြီး ကလေးငယ်တွေမှာ အာရုံကြောဖွဲ့စည်းမှုစနစ် ဖွံ့ဖြိုးမှုအတွက် အထောက်အကူပေးပါတယ်။

၅။ ကညွတ်က အသက်လည်း ရှည်စေပြီး နေ့ဘက်မှာ လိုအပ်တဲ့ အားအင်တွေဖြည့်တင်းပေးကာ ပျော်ရွှင်မှုရစေပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top