iMyanmarHouse.com - Best Property Website for Myanmar
×



အမာရွတ်ဖျောက်ခြင်း



Credit:Trend Myanmar



#Unicode Version

အလှတရားဆိုတာ လူ့ခန္ဓာအတွင်းဘက်က လာတာလို့ လူတိုင်းလက်ခံကြပါတယ်။ ဒါပေမယ့် ပျားရည်ကနေလည်း လာတယ်ဆိုရင်ရော။ သဘာဝတရားကနေ ပေးထားတဲ့ အံ့မခန်းဖွယ် ဆုကျေးဇူးတစ်ခုဖြစ်တဲ့ ပျားရည်ဟာ အလှအပအတွက် လွန်စွာအသုံးဝင်တဲ့အပြင် အရေပြားအနာတရဖြစ်မှုတွေ၊ မျက်အိတ်နဲ့ မျက်ကွင်းညိုခြင်းတွေအပြင် အမာရွတ်ပြသနာတွေကိုတောင် အလွယ်တကူ ဖြေရှင်းပေးနိုင်ပါတယ်။

ထပ်ပြောရရင် အော်ဂဲနစ်ပျားရည်စစ်စစ်က အလှအပအတွက် အကောင်းဆုံးသဘာဝဖြေရှင်းနည်းပဲဖြစ်ပါတယ်။ အစွမ်းထက်တဲ့ကျန်းမာရေး အစွမ်းသတ္တိတွေအပြင် ပျားရည်ကို အင်မတန်ထိရောက်တဲ့အလှကုန်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုနိုင်တာ ဘာ့ကြောင့်လဲဆိုတော့ ပျားရည်မှာ ဓာတ်ဆန့်ကျင်ပစ္စည်း၊ ပိုးသတ်ဆေး၊ နာကျင်ရောင်ရမ်းမှုကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေ အပြည့်ရှိတာကြောင့်ပါပဲ။

အမာရွတ်ဖျောက်ခြင်း

အမာရွတ်တွေဟာ မာကျောပြီး ကုသလို့ မရနိုင်သလောက်နီးပါးရှိပေမယ့် ဝင်းလက်လာစေဖို့နဲ့ သေးနိုင်သမျှသေးစေဖို့ ပျားရည်ကို အသုံးပြုနိုင်ပါတယ်။ ပျားရည်က အနာကျက်မှုဖြစ်စဉ်၊ တစ်ရှူးပြန်ပေါက်လာမှု မြန်ဆန်စေပြီး အမာရွတ်ရှိရာ အရေပြားဆဲလ်တွေ အားပြန်ပြည့်လာစေပါလိမ့်မယ်။ ဒါက အမာရွတ်ကို ပျောက်ဖို့ အထောက်အကူဖြစ်စေပါတယ်။

အမာရွတ်အရွယ်အစားပေါ်မူတည်ပြီး အုန်းဆီစစ်စစ်နဲ့ ပျားရည်ဆတူရော ပေးရမှာပါ။ ဖြစ်တဲ့နေရာကို အဲဒီအရောအနှောနဲ့ ၁ မိနစ် သို့မဟုတ် ၂ မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးတော့ အဝတ်စနွေးနွေးလေးတစ်ခု အမာရွတ်ပေါ်အုပ်၊ အေးတဲ့အထိထားပြီး သေချာသုတ်ပေးရပါမယ်။ ဒီလုပ်ထုံးအတိုင်း တစ်နေ့ ၂ ကြိမ်လုပ်ပေးပါ။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top