iMyanmarHouse.com - Best Property Website for Myanmar
×

ေလာကမွာ ေငြရွိတုိင္း အကုန္ျဖစ္ျပီလုိ႕ ထင္ျမင္ယူဆၾကပါလိမ့္မယ္။ ဒါေပမယ့္ ေငြနဲ႕၀ယ္လုိ႕မရတဲ့ အရာေတြမ်ားစြာရွိသလို ေငြရွိရံုနဲ႕သင့္စိတ္လိုအင္ဆႏၵေတြ ျပည့္ေျမာက္ႏိုင္ဖုိ႕ကလည္း ရာခုိင္ႏႈန္းျပည့္မလြယ္ကူပါဘူး။ ဒီေတာ့ ေငြနဲ႕၀ယ္လုိ႕မရတဲ့ အရာေတြကို ေျပာျပေပးခ်င္ပါတယ္။

အမွန္တရား
ေငြနဲ႔ အာဏာကို ဝယ္လို႔ရႏုိင္ေပမဲ့ အမွန္တရားကေတာ့ ဝယ္လို႔မရတာေၾကာင့္ စြမ္းအားအၾကီးဆုံးပါ။ ေငြသုံးျပီး ယုံၾကည္မႈေတြ၊ ထင္ျမင္ခ်က္ေတြကုိ ေျပာင္းလဲပစ္လို႔ရတယ္လို႔ ထင္ေကာင္းထင္ႏုိင္ေပမဲ့ ေရတုိပဲ ရပါလိမ့္မယ္။ အဆုံးမွာေတာ့ ဘယ္ေလာက္ပဲ ေငြေတြသုံးျပီး အမွန္တရားကို ဖုံးကြယ္ပစ္ပစ္ အမွန္တရားကေတာ့ ေပၚလာမွာပဲျဖစ္ပါတယ္။ ဒါေပမဲ့ ဒီအမွန္တရားရဲ႕ အသုံးဝင္မႈကေတာ့ အခ်ိန္ရဲ႕ ပံ့ပိုးမႈနဲ႔ အမ်ားၾကီးဆုိင္ပါတယ္။ ဘယ္ကိစၥမွာမဆုိ ေနာက္က်မွေပၚလာတဲ့အမွန္တရားနဲ႔ အခ်ိန္မီသိခြင့္ရတဲ့အမွန္တရားရဲ႕ သက္ေရာက္မႈအတုိင္းအတာေတာ့ကြာမွာေပါ့။

ခ်စ္ျခင္းေမတၱာ
ေငြနဲ႔ ရမၼက္၊ ဆြဲေဆာင္မႈနဲ႔ အေပၚယံဟန္ေဆာင္မႈေတြကို ဝယ္လို႔ရႏုိင္ေပမဲ့ ေမတၱာကိုေတာ့ ဝယ္လုိ႔မရပါ။ ဘာေၾကာင့္လဲဆုိေတာ့ ခ်စ္ျခင္းဆုိတာ ႏွလုံးသားက ခံစားရတဲ့ ရင္းႏွီးမႈ၊ ဆန္းၾကယ္မႈေတြ ဖန္တီးေပးႏုိ္င္တဲ့အရာျဖစ္ျပီး ေငြကေတာ့ ဒီလုိခံစားခ်က္ေတြကို ဘယ္လုိမွ လုပ္ေပးႏုိင္စြမ္းမရွိပါဘူး။ ေငြဆုိတာ အေပးအယူသက္သက္ လဲလွယ္ဖို႔ဖန္တီးထားတဲ့အရာျဖစ္ျပီး ခ်စ္ျခင္းဆုိတာက ရစရာမရွိလည္း ေပးလိုတဲ့ဆႏၵေတြျဖစ္ေစႏုိင္တဲ့ခံစားမႈတစ္ခုပါ။

အခ်ိန္
ကုန္သြားတဲ့ တစ္စကၠန္႔တုိင္းက ကိုယ္ျပန္မရႏုိင္ေတာ့တဲ့အရာပါ။ ေသဖုိ႔အတြက္ တစ္စကၠန္႔ပိုနီးလာေနတာပဲျဖစ္ပါတယ္။ သိပၸံပညာေတြ၊ နည္းပညာေတြဘယ္ေလာက္ပဲ တုိးတက္လာပါေစ လူ႔သက္တမ္းအခ်ိန္ေတြကို ဆြဲဆန္႔ဖို႔ နည္းလမ္းမရွိေသးပါဘူး။ ေငြေတြဘယ္ေလာက္ပဲ ပုံေအာျပီးသုံးသုံး ကုန္သြားတဲ့အခ်ိန္ကို ဝယ္မရသလို မလာေသးတဲ့အခ်ိန္ကိုလည္း ၾကဳိစုထားလို႔မရပါဘူး။

က်န္းမာေရး
ေဆးဝါးေတြ၊ ကုသနည္းေတြကို ေငြေပးရင္ရႏုိင္တာမွန္ေပမဲ့ သဘာဝကေပးထားတဲ့ က်န္းမာျခင္းတရားကိုေတာ့ ေငြနဲ႔ဝယ္လို႔မရႏုိင္ပါ။ ေရာဂါျဖစ္လာရင္ ေဆးကုလို႔ရေပမဲ့ လူေကာင္းပကတိ တစ္ေယာက္ရဲ႕ သဘာဝက်န္းမာေရးမ်ဳိးကိုေတာ့ ဘယ္ေလာက္ခ်မ္းသာတဲ့သူေဌးၾကီးေတြ ျဖစ္ပါေစ ဘယ္ေလာက္ေကာင္းတဲ့ ကာကြယ္နည္းေတြ၊ ေဆးေတြနဲ႔မွ တစ္သက္လုံးသိမ္းထားဖို႔ မျဖစ္ႏုိင္ပါဘူး။

မိတ္ေဆြစစ္
ေငြေတြအမ်ားၾကီးပိုင္တဲ့အခါ မိတ္ေဆြျဖစ္ခ်င္တဲ့သူေတြမ်ားတတ္တာ သဘာဝျဖစ္ေပမဲ့ အဲ့ဒီထဲမွာ မိတ္ေဆြစစ္ဘယ္ႏွစ္ေယာက္ပါမယ္ ထင္ပါသလဲ။ အက်ဳိးတစ္ခုအတြက္ေပါင္းတဲ့ သူငယ္ခ်င္းမဟုတ္ဘဲ ကုိယ့္ရဲ႕ အရွိအတုိင္းကိုပဲ တကယ္လက္ခံျပီး အျပန္အလွန္ ခ်စ္ခ်စ္ခင္ခင္နဲ႔ ေကာင္းတူဆုိးဖက္ အခ်ိန္အၾကာၾကီးလက္တြဲႏုိင္တဲ့ မိတ္ေဆြစစ္ရွိတာက ဘုရားေပးတဲ့လက္ေဆာင္တစ္ခုနဲ႔ တူပါတယ္။

အသိ
စာတတ္ေအာင္ ပိုက္ဆံနဲ႔ဆက္ျပီး သင္လို႔ရေပမဲ့ ေဝဖန္ပိုင္းျခားႏုိင္တဲ့ အသိကိုေတာ့ ဝယ္လို႔မရပါဘူး။ ေငြေတြအမ်ားၾကီးရွိေပမဲ့ အသိနည္းနည္းေလးမရွိတဲ့သူနဲ႔ အသိပညာေတြ အမ်ားၾကီးရွိျပီး ေငြနည္းနည္းေလးရွိတဲ့သူႏွစ္ေယာက္မွာ ဘယ္သူက ေလာကကို ပိုျပီးအက်ဳိးျပဳႏုိင္မယ္ထင္ပါသလဲ။ ေကာင္းတဲ့အသိပညာရွိဖို႔အတြက္ ပင္ကိုဗီဇ၊ ေလ့လာသင္ယူမႈ၊ အရည္အခ်င္းစတာေတြနဲ႔ပဲ တည္ေဆာက္လို႔ရႏုိ္င္တာေၾကာင့္ အသိပညာကုိေငြနဲ႔ဝယ္ဖုိ႔မေျပာနဲ႔ တန္ဖုိးျဖတ္ရင္ေတာင္ ခက္ခဲမွာျဖစ္ပါတယ္။

Credit:Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လောကမှာ ငွေရှိတိုင်း အကုန်ဖြစ်ပြီလို့ ထင်မြင်ယူဆကြပါလိမ့်မယ်။ ဒါပေမယ့် ငွေနဲ့ဝယ်လို့မရတဲ့ အရာတွေများစွာရှိသလို ငွေရှိရုံနဲ့သင့်စိတ်လိုအင်ဆန္ဒတွေ ပြည့်မြောက်နိုင်ဖို့ကလည်း ရာခိုင်နှုန်းပြည့်မလွယ်ကူပါဘူး။ ဒီတော့ ငွေနဲ့ဝယ်လို့မရတဲ့ အရာတွေကို ပြောပြပေးချင်ပါတယ်။

အမှန်တရား
ငွေနဲ့ အာဏာကို ဝယ်လို့ရနိုင်ပေမဲ့ အမှန်တရားကတော့ ဝယ်လို့မရတာကြောင့် စွမ်းအားအကြီးဆုံးပါ။ ငွေသုံးပြီး ယုံကြည်မှုတွေ၊ ထင်မြင်ချက်တွေကို ပြောင်းလဲပစ်လို့ရတယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ ရေတိုပဲ ရပါလိမ့်မယ်။ အဆုံးမှာတော့ ဘယ်လောက်ပဲ ငွေတွေသုံးပြီး အမှန်တရားကို ဖုံးကွယ်ပစ်ပစ် အမှန်တရားကတော့ ပေါ်လာမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအမှန်တရားရဲ့ အသုံးဝင်မှုကတော့ အချိန်ရဲ့ ပံ့ပိုးမှုနဲ့ အများကြီးဆိုင်ပါတယ်။ ဘယ်ကိစ္စမှာမဆို နောက်ကျမှပေါ်လာတဲ့အမှန်တရားနဲ့ အချိန်မီသိခွင့်ရတဲ့အမှန်တရားရဲ့ သက်ရောက်မှုအတိုင်းအတာတော့ကွာမှာပေါ့။

ချစ်ခြင်းမေတ္တာ
ငွေနဲ့ ရမ္မက်၊ ဆွဲဆောင်မှုနဲ့ အပေါ်ယံဟန်ဆောင်မှုတွေကို ဝယ်လို့ရနိုင်ပေမဲ့ မေတ္တာကိုတော့ ဝယ်လို့မရပါ။ ဘာကြောင့်လဲဆိုတော့ ချစ်ခြင်းဆိုတာ နှလုံးသားက ခံစားရတဲ့ ရင်းနှီးမှု၊ ဆန်းကြယ်မှုတွေ ဖန်တီးပေးနိုင်တဲ့အရာဖြစ်ပြီး ငွေကတော့ ဒီလိုခံစားချက်တွေကို ဘယ်လိုမှ လုပ်ပေးနိုင်စွမ်းမရှိပါဘူး။ ငွေဆိုတာ အပေးအယူသက်သက် လဲလှယ်ဖို့ဖန်တီးထားတဲ့အရာဖြစ်ပြီး ချစ်ခြင်းဆိုတာက ရစရာမရှိလည်း ပေးလိုတဲ့ဆန္ဒတွေဖြစ်စေနိုင်တဲ့ခံစားမှုတစ်ခုပါ။

အချိန်
ကုန်သွားတဲ့ တစ်စက္ကန့်တိုင်းက ကိုယ်ပြန်မရနိုင်တော့တဲ့အရာပါ။ သေဖို့အတွက် တစ်စက္ကန့်ပိုနီးလာနေတာပဲဖြစ်ပါတယ်။ သိပ္ပံပညာတွေ၊ နည်းပညာတွေဘယ်လောက်ပဲ တိုးတက်လာပါစေ လူ့သက်တမ်းအချိန်တွေကို ဆွဲဆန့်ဖို့ နည်းလမ်းမရှိသေးပါဘူး။ ငွေတွေဘယ်လောက်ပဲ ပုံအောပြီးသုံးသုံး ကုန်သွားတဲ့အချိန်ကို ဝယ်မရသလို မလာသေးတဲ့အချိန်ကိုလည်း ကြိုစုထားလို့မရပါဘူး။

ကျန်းမာရေး
ဆေးဝါးတွေ၊ ကုသနည်းတွေကို ငွေပေးရင်ရနိုင်တာမှန်ပေမဲ့ သဘာဝကပေးထားတဲ့ ကျန်းမာခြင်းတရားကိုတော့ ငွေနဲ့ဝယ်လို့မရနိုင်ပါ။ ရောဂါဖြစ်လာရင် ဆေးကုလို့ရပေမဲ့ လူကောင်းပကတိ တစ်ယောက်ရဲ့ သဘာဝကျန်းမာရေးမျိုးကိုတော့ ဘယ်လောက်ချမ်းသာတဲ့သူဌေးကြီးတွေ ဖြစ်ပါစေ ဘယ်လောက်ကောင်းတဲ့ ကာကွယ်နည်းတွေ၊ ဆေးတွေနဲ့မှ တစ်သက်လုံးသိမ်းထားဖို့ မဖြစ်နိုင်ပါဘူး။

မိတ်ဆွေစစ်
ငွေတွေအများကြီးပိုင်တဲ့အခါ မိတ်ဆွေဖြစ်ချင်တဲ့သူတွေများတတ်တာ သဘာဝဖြစ်ပေမဲ့ အဲ့ဒီထဲမှာ မိတ်ဆွေစစ်ဘယ်နှစ်ယောက်ပါမယ် ထင်ပါသလဲ။ အကျိုးတစ်ခုအတွက်ပေါင်းတဲ့ သူငယ်ချင်းမဟုတ်ဘဲ ကိုယ့်ရဲ့ အရှိအတိုင်းကိုပဲ တကယ်လက်ခံပြီး အပြန်အလှန် ချစ်ချစ်ခင်ခင်နဲ့ ကောင်းတူဆိုးဖက် အချိန်အကြာကြီးလက်တွဲနိုင်တဲ့ မိတ်ဆွေစစ်ရှိတာက ဘုရားပေးတဲ့လက်ဆောင်တစ်ခုနဲ့ တူပါတယ်။

အသိ
စာတတ်အောင် ပိုက်ဆံနဲ့ဆက်ပြီး သင်လို့ရပေမဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိကိုတော့ ဝယ်လို့မရပါဘူး။ ငွေတွေအများကြီးရှိပေမဲ့ အသိနည်းနည်းလေးမရှိတဲ့သူနဲ့ အသိပညာတွေ အများကြီးရှိပြီး ငွေနည်းနည်းလေးရှိတဲ့သူနှစ်ယောက်မှာ ဘယ်သူက လောကကို ပိုပြီးအကျိုးပြုနိုင်မယ်ထင်ပါသလဲ။ ကောင်းတဲ့အသိပညာရှိဖို့အတွက် ပင်ကိုဗီဇ၊ လေ့လာသင်ယူမှု၊ အရည်အချင်းစတာတွေနဲ့ပဲ တည်ဆောက်လို့ရနိုင်တာကြောင့် အသိပညာကိုငွေနဲ့ဝယ်ဖို့မပြောနဲ့ တန်ဖိုးဖြတ်ရင်တောင် ခက်ခဲမှာဖြစ်ပါတယ်။


Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top