iMyanmarHouse.com - Best Property Website for Myanmar
×







Credit: thithtoolwin


Unicode Version

အမေရိကားက မိဘတော်တော်များများက တုတ်ကွေးအတွက် ကာကွယ်ဆေးထိုးဖို့မလိုအပ်ဘူးလို့ ထင်ကြတာကို လေ့လာတွေ့ရှိရပါတယ်။

မိသားစုအတွင်းမှာ တုန်ကွေးဖြစ်ပွားမှု နည်းတာက ကာကွယ်ဆေးမလိုအပ်ဘူးလို့ ထင်ကြတဲ့ ယေဘူယျ အကြောင်းပြချက်ထဲမှာ ပါဝင်ပါတယ်။

ကိုယ်တိုင်ကိုယ်ကျ တုတ်ကွေးမဖြစ်ဘူး ဘူးဆိုရင် ဘာတွေဖြစ်နိုင်တယ်ဆိုတာ မှန်းဆနိုင်မှာမဟုတ်ပါဘူး။
၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း မိဘ ၁၃၁ ယောက်ရဲ့ အသက် ၉ လက နေ ၁၈ နှစ်အတွင်းမှာရှိတဲ့ ကလေးတွေကို လေ့လာခဲ့ပါတယ်။ ကလေးတွေနဲ့ ပက်သက်တဲ့ တုတ်ကွေး နဲ့ ကာကွယ်ဆေး အကြောင်း၊ ကာကွယ်ဆေး ဘာလို့ မထိုးဖြစ်တဲ့အကြောင်း နဲ့ လာမယ့်တုတ်ကွေး ရာသီမှာ ကာကွယ်ဆေး ထိုးဖို့အစီအစဉ် ရှိမရှိကို မေးမြန်းခဲ့ပါတယ်။

ကာကွယ်ဆးထိုးဖို့မလိုအပ်ဘူးလို့ ယုံကြည်တာ၊ ဘေးထွက်ဆိုးကျိုးတွေ ရှိမှာ စိုးရိမ်တာ နဲ့ မေ့လို့ ဒါမှမဟုတ် ဂရုတစိုက်မရှိတာတွေက ကာကွယ်ဆေးမထိုးပေးဖြစ်တဲ့ မိဘတွေရဲ့ အကြောင်းပြချက်တွေပါ။
တုတ်ကွေးကြောင့် အမေရိကန်က ကလေးတွေဟာ ကျန်တဲ့ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရတဲ့ ရောဂါတွေထက် ဆေးရုံတတ်ရတာ အသေအပျောက်များတာကို တွေ့ရပါတယ်။

တုတ်ကွေးကာကွယ်ဆေးက ၆ လနဲ့ အထက် ကလေးတွေ တစ်နှစ်တစ်ကြိမ် ထိုးဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။


Credit: thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top