iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတစ္ေလ မသိစိတ္က ကိုယ့္ခ်စ္သူကိုယ့္အေပၚ တစ္ခုခု လိမ္ညာေနတယ္၊ ေနာက္တစ္ေယာက္နဲ႕ အီစီကလီလုပ္ေနတယ္လို႕ ခံစားေနမိေပမယ့္ သူ႕အေနအထားကိုေတာ့ ဟုတ္မဟုတ္ တပ္အပ္မေျပာႏိုင္တာမ်ိဳးေတြ ရွိတတ္ပါတယ္။ အရင္အခါေတြတုန္းက အမ်ိဳးသားေတြ ကိုယ့္ခ်စ္သူေကာင္မေလးကို လိမ္ညာေနျပီလားဆုိတာ ဘယ္လိုေဖာ္ထုတ္ရမယ္ဆိုျပီး ေရးသားခဲ့ဖူးတာမို႕ ဒီတစ္ေခါက္ေတာ့ အမ်ိဳးသမီးေတြ ကိုယ့္ခ်စ္သူေကာင္ေလးကို လိမ္ညာေနသလား၊ ေနာက္တစ္ေယာက္နဲ႕အီေနသလားဆုိတာ ဒီအခ်က္ ကေလးေတြနဲ႕ ေဖာ္ထုတ္ႏိုင္ေၾကာင္း ေရးလုိက္ ရပါတယ္။

၁။ သူမဟာ ပံုမွန္ထက္ ပိုေပ်ာ္ရႊင္ေနမယ္
အသစ္တစ္ေယာက္ ထပ္ေတြ႕ေနတဲ့ အမ်ိဳးသမီးဟာ သာမာန္ထက္ကို ပိုမိုရႊင္လန္းေနတတ္ပါတယ္။ သင္နဲ႕စေတြ႕ခါစတုန္းကလည္း သူမရဲ႕ အျပဴအမူဟာ ဒီလိုပဲ ျဖစ္ေနပါလိမ့္မယ္။ သင္နဲ႕ေတြ႕ဖုိ႕၊ ဖုန္းေျပာဖုိ႕ တက္ၾကြေနတဲ့သူတစ္ေယာက္ေပါ့။ ဒါ့အျပင္ သူမဟာ ေနာက္တစ္ေယာက္နဲ႕ ဟိုတယ္သြားတာမ်ိဳးေတြ ဘာေတြေတာင္ ရွိေနျပီဆုိရင္လည္း ဒီအခ်က္နဲ႕ ဆက္စပ္ေတြးႏိုင္ပါတယ္။ အမ်ိဳးသားတစ္ေယာက္နဲ႕ အတူေနတဲ့ အၾကိမ္တစ္ပတ္ကို သံုးေလးၾကိမ္ရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ လေပါင္းမ်ားစြာ ခ်စ္တင္းမေႏွာတဲ့ အမ်ိဳးသမီးေတြထက္ ၅၅ရာခုိင္ႏႈန္းပိုမို ေပ်ာ္ရႊင္တတ္ၾကလို႕ပါပဲ။

၂။ တစ္ခ်ိန္လံုးနီးပါး ဖုန္းကိုပဲ တၾကည့္ၾကည့္ျဖစ္ေနမယ္
သင္နဲ႕ စကားေျပာဖုိ႕ သူစိတ္မ၀င္စားေတာ့ပါဘူး။ တစ္ခ်ိန္လံုးနီးပါး ဖုန္းကိုၾကည့္ျပီး သူနဲ႕အီေနတဲ့အျခားတစ္ေယာက္ရဲ႕ ပရိုဖုိင္းကိုပဲ ၾကည့္ေနမယ္။ instagram ကို ၀င္ၾကည့္ေနမယ္၊ ဖုန္းကိုလက္က မခ်ႏိုင္ျဖစ္ေနပါလိမ့္မယ္။

၃။ သင္ဘယ္မွာ ရွိေနသလဲဆုိတာ တစ္ခ်ိန္လံုးေမးေနလိမ့္မယ္
သင့္ကို အရင္က ဘယ္မွာလဲ၊ ဘာလုပ္ေနသလဲဆုိတာ သူမ ေမးေကာင္းေမးႏိုင္ပါတယ္။ ဒါေပမယ့္ ဒီရက္ပိုင္းေတြ အရင္ကထက္ ပိုေမးပါလိမ့္မယ္။ သင္သူမနဲ႕ အတူမရွိတဲ့အခ်ိန္ ဖုန္းခဏခဏ ဆက္ျပီး ဘာလုပ္ေနလဲ၊ ဘယ္မွာလဲ တစ္ခ်ိန္လံုးေမးေနရင္ ဒါ ငါ့ကို ငါ့ခ်စ္သူ သိပ္ဂရုစိုက္ပါလားဆုိျပီး ေတြးရမွာမ်ိဳး မဟုတ္ပါဘူး။ သူမ သင္မသိေအာင္ တစ္ခုခု လုပ္ဖုိ႕ၾကံေနလို႕ဆိုတာ ေသခ်ာပါတယ္။

၄။ သင့္ကို ေတာင္းဆိုတာေတြ သိပ္မရွိေတာ့ဘူး။
အရင္က သင့္ကို ဘာမလုပ္လုိ႕၊ သူ႕ကို ဂရုမစိုက္လို႕၊ ရစ္တာ ျပသနာရွာတာမ်ိဳး ရွိေပမယ့္ ခုေနာက္ပိုင္း သင့္ကို ဘာမွမေတာင္းဆုိေတာ့ပါဘူး။ သင္သူမအေပၚ ျပဳမူဆက္ဆံလုပ္ေဆာင္ေပးသမ်ွကို အထြန္႕တစ္ခ်က္မတက္ေတာ့ပဲ လက္ခံေနပါလိမ့္မယ္။

၅။သင့္ကို သိပ္အခ်ိန္မေပးေတာ့ဘူး။
အရင္က သင္နဲ႕အတူ ညေနတုိင္း သူမရွိတတ္ပါလိမ့္မယ္။ ဒါေပမယ့္ ခုေနာက္ပိုင္းေတာ့ အလုပ္ကို အေၾကာင္းျပျပီးပဲျဖစ္ျဖစ္၊ သင္တန္း၊ မိသားစုကိစၥေတြ အေၾကာင္းျပျပီး သိပ္မေတြ႔ပဲ ေနလာပါျပီ။

၆။ message တစ္ခုကို အေၾကာင္ျပန္ဖုိ႕ တစ္နာရီေလာက္အခ်ိန္ယူလာတယ္။
အရင္ကဆုိ ဘာလုပ္ေနလဲ၊ ထမင္းစားျပီးျပီလား စတာေတြကို ၅မိနစ္အတြင္း ျပန္ပို႕တတ္ေပမယ့္ ခုေနာက္ပိုင္းေတာ့ တစ္နာရီေလာက္ၾကာမွ သူက အေၾကာင္းျပန္လာတတ္ပါျပီ။

၇။ အလွေတြ ပိုျပင္လာသလို သိပ္မၾကိဳက္တဲ့ ဖက္ရွင္မ်ိဳးေတြေတာင္ ၀တ္လာတတ္ျပီ။
သင္နဲ႕စၾကိဳက္တုန္းက အခ်ိန္ေတြလို သူမဟာ အလွေတြျပင္လာမယ္၊ သူမဘာသာတစ္ေယာက္တည္း သေဘာက်ျပီး ျပံဳးေစ့ေစ့ျဖစ္ေနမယ္၊ ဒါ့အျပင္ ဖက္ရွင္ပိုင္းကိုလည္း သူမ၀တ္ေနက် ဖက္ရွင္မ်ိဳးေတြ မေရြးေတာ့ပဲ ဒီဇုိင္းေတြ ေျပာင္းလဲဆင္ျမန္းလာျပီဆုိရင္ သင့္မသိစိတ္ထဲက ထင္ေနတဲ့အရာဟာ မွန္သေလာက္ရွိေနပါျပီ။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

တစ်ခါတစ်လေ မသိစိတ်က ကိုယ့်ချစ်သူကိုယ့်အပေါ် တစ်ခုခု လိမ်ညာနေတယ်၊ နောက်တစ်ယောက်နဲ့ အီစီကလီလုပ်နေတယ်လို့ ခံစားနေမိပေမယ့် သူ့အနေအထားကိုတော့ ဟုတ်မဟုတ် တပ်အပ်မပြောနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ အရင်အခါတွေတုန်းက အမျိုးသားတွေ ကိုယ့်ချစ်သူကောင်မလေးကို လိမ်ညာနေပြီလားဆိုတာ ဘယ်လိုဖော်ထုတ်ရမယ်ဆိုပြီး ရေးသားခဲ့ဖူးတာမို့ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေ ကိုယ့်ချစ်သူကောင်လေးကို လိမ်ညာနေသလား၊ နောက်တစ်ယောက်နဲ့အီနေသလားဆိုတာ ဒီအချက် ကလေးတွေနဲ့ ဖော်ထုတ်နိုင်ကြောင်း ရေးလိုက် ရပါတယ်။

၁။ သူမဟာ ပုံမှန်ထက် ပိုပျော်ရွှင်နေမယ်
အသစ်တစ်ယောက် ထပ်တွေ့နေတဲ့ အမျိုးသမီးဟာ သာမာန်ထက်ကို ပိုမိုရွှင်လန်းနေတတ်ပါတယ်။ သင်နဲ့စတွေ့ခါစတုန်းကလည်း သူမရဲ့ အပြူအမူဟာ ဒီလိုပဲ ဖြစ်နေပါလိမ့်မယ်။ သင်နဲ့တွေ့ဖို့၊ ဖုန်းပြောဖို့ တက်ကြွနေတဲ့သူတစ်ယောက်ပေါ့။ ဒါ့အပြင် သူမဟာ နောက်တစ်ယောက်နဲ့ ဟိုတယ်သွားတာမျိုးတွေ ဘာတွေတောင် ရှိနေပြီဆိုရင်လည်း ဒီအချက်နဲ့ ဆက်စပ်တွေးနိုင်ပါတယ်။ အမျိုးသားတစ်ယောက်နဲ့ အတူနေတဲ့ အကြိမ်တစ်ပတ်ကို သုံးလေးကြိမ်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ လပေါင်းများစွာ ချစ်တင်းမနှောတဲ့ အမျိုးသမီးတွေထက် ၅၅ရာခိုင်နှုန်းပိုမို ပျော်ရွှင်တတ်ကြလို့ပါပဲ။

၂။ တစ်ချိန်လုံးနီးပါး ဖုန်းကိုပဲ တကြည့်ကြည့်ဖြစ်နေမယ်
သင်နဲ့ စကားပြောဖို့ သူစိတ်မဝင်စားတော့ပါဘူး။ တစ်ချိန်လုံးနီးပါး ဖုန်းကိုကြည့်ပြီး သူနဲ့အီနေတဲ့အခြားတစ်ယောက်ရဲ့ ပရိုဖိုင်းကိုပဲ ကြည့်နေမယ်။ instagram ကို ဝင်ကြည့်နေမယ်၊ ဖုန်းကိုလက်က မချနိုင်ဖြစ်နေပါလိမ့်မယ်။

၃။ သင်ဘယ်မှာ ရှိနေသလဲဆိုတာ တစ်ချိန်လုံးမေးနေလိမ့်မယ်
သင့်ကို အရင်က ဘယ်မှာလဲ၊ ဘာလုပ်နေသလဲဆိုတာ သူမ မေးကောင်းမေးနိုင်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းတွေ အရင်ကထက် ပိုမေးပါလိမ့်မယ်။ သင်သူမနဲ့ အတူမရှိတဲ့အချိန် ဖုန်းခဏခဏ ဆက်ပြီး ဘာလုပ်နေလဲ၊ ဘယ်မှာလဲ တစ်ချိန်လုံးမေးနေရင် ဒါ ငါ့ကို ငါ့ချစ်သူ သိပ်ဂရုစိုက်ပါလားဆိုပြီး တွေးရမှာမျိုး မဟုတ်ပါဘူး။ သူမ သင်မသိအောင် တစ်ခုခု လုပ်ဖို့ကြံနေလို့ဆိုတာ သေချာပါတယ်။

၄။ သင့်ကို တောင်းဆိုတာတွေ သိပ်မရှိတော့ဘူး။
အရင်က သင့်ကို ဘာမလုပ်လို့၊ သူ့ကို ဂရုမစိုက်လို့၊ ရစ်တာ ပြသနာရှာတာမျိုး ရှိပေမယ့် ခုနောက်ပိုင်း သင့်ကို ဘာမှမတောင်းဆိုတော့ပါဘူး။ သင်သူမအပေါ် ပြုမူဆက်ဆံလုပ်ဆောင်ပေးသမျှကို အထွန့်တစ်ချက်မတက်တော့ပဲ လက်ခံနေပါလိမ့်မယ်။

၅။သင့်ကို သိပ်အချိန်မပေးတော့ဘူး။
အရင်က သင်နဲ့အတူ ညနေတိုင်း သူမရှိတတ်ပါလိမ့်မယ်။ ဒါပေမယ့် ခုနောက်ပိုင်းတော့ အလုပ်ကို အကြောင်းပြပြီးပဲဖြစ်ဖြစ်၊ သင်တန်း၊ မိသားစုကိစ္စတွေ အကြောင်းပြပြီး သိပ်မတွေ့ပဲ နေလာပါပြီ။

၆။ message တစ်ခုကို အကြောင်ပြန်ဖို့ တစ်နာရီလောက်အချိန်ယူလာတယ်။
အရင်ကဆို ဘာလုပ်နေလဲ၊ ထမင်းစားပြီးပြီလား စတာတွေကို ၅မိနစ်အတွင်း ပြန်ပို့တတ်ပေမယ့် ခုနောက်ပိုင်းတော့ တစ်နာရီလောက်ကြာမှ သူက အကြောင်းပြန်လာတတ်ပါပြီ။

၇။ အလှတွေ ပိုပြင်လာသလို သိပ်မကြိုက်တဲ့ ဖက်ရှင်မျိုးတွေတောင် ဝတ်လာတတ်ပြီ။
သင်နဲ့စကြိုက်တုန်းက အချိန်တွေလို သူမဟာ အလှတွေပြင်လာမယ်၊ သူမဘာသာတစ်ယောက်တည်း သဘောကျပြီး ပြုံးစေ့စေ့ဖြစ်နေမယ်၊ ဒါ့အပြင် ဖက်ရှင်ပိုင်းကိုလည်း သူမဝတ်နေကျ ဖက်ရှင်မျိုးတွေ မရွေးတော့ပဲ ဒီဇိုင်းတွေ ပြောင်းလဲဆင်မြန်းလာပြီဆိုရင် သင့်မသိစိတ်ထဲက ထင်နေတဲ့အရာဟာ မှန်သလောက်ရှိနေပါပြီ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top