iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန ့ကို ေခ်ာကလက္ပူပူ မတ္ခြက္တစ္ခြက္ေသာက္ေပးျခင္းက ေနာက္ထပ္ ၁၀ ႏွစ္အတြင္းမွာ ႏွလုံးေရာဂါ ထေဖာက္ႏိုင္ေျခကို ၃၁ ရာခိုင္ႏွဳန္းအထိ ေလ်ာ့ခ်ေပးႏိုင္တယ္လုိ ့ဆုိပါတယ္။

အပင္ေတြကအမ်ားဆုံးရရွိတဲ့ အာဟာရဓာတ္တစ္မ်ိဳးျဖစ္တဲ့ flavanols ဓာတ္ပစၥည္းဟာ ကိုကိုးေစ့မွာ ပါ၀င္ျပီး အသက္အရြယ္ၾကီးရင့္လာတာနဲ ့အမွ် ေသြးလႊတ္ေၾကာေတြ မာေတာင့္တင္းလာမႈေၾကာင့္ က်ဆင္းလာတဲ့ႏွလုံးရဲ႕ စြမ္းေဆာင္ရည္ကို ျမွင့္တင္ေပးႏိုင္တယ္လုိ ့ဆုိပါတယ္။ ဒီ့အျပင္ ဖေလဗာႏြိဳက္ (flavonoid) ျဒပ္ဟာ ကင္ဆာေရာဂါျဖစ္ႏိုင္ေခ်ကိုပါ နည္းပါးေစေၾကာင္း ေတြ ့ရွိထားရပါတယ္။

Flavonoid ျဒပ္ကို ရရွိထားတဲ့ အမ်ိဳးသား ၄၂ ေယာက္စီပါ၀င္တဲ့ အသက္ ၃၅ ႏွစ္ေအာက္ နဲ ့အသက္ ၅၀ ကေန ၈၀ ၾကား ႏွစ္အုပ္စုကို ေလ့လာစမ္းသပ္ခဲ့ရာမွာ ေသြးေၾကာက်ယ္ျခင္း (vasodilation) ဟာ အုပ္စုႏွစ္ခုလုံးမွာ သိသိသာသာ သက္သာတုိးတက္မႈ ရွိခဲ့ေၾကာင္းေတြ ့ရွိခဲ့ရပါတယ္။

အသက္ပုိငယ္တဲ့အုပ္စုမွာ ေသြးေၾကာက်ယ္ျခင္းဟာ ၃၃ ရာခိုင္ႏွဳန္းအထိ သက္သာတုိးတက္မွဳရွိခဲ့ျပီး လူၾကီးအုပ္စုမွာေတာ့ ၃၂ ရာခိုင္ႏွဳန္းတုိးတက္မွဳရွိခဲ့ပါတယ္။

ဒုတိယေျမာက္စမ္းသပ္မွဳအျဖစ္ က်န္းမာေရးေကာင္းမြန္တဲ့ အသက္ ၃၅ ကေန ၆၀ အတြင္း အမ်ိဳးသမီး၊ အမ်ိဳးသားေတြကိုလည္း ေလ့လာခဲ့ရာမွာလည္း flavanol ပါ၀င္တဲ့ ကိုကိုးကို မတ္ခြက္တစ္ခြက္ တစ္ေန ့ႏွစ္ၾကိမ္၊ ေလးပတ္တိတိေသာက္သုံးခဲ့ျပီးေနာက္မွာ ႏွလုံးႏွင့္ေသြးေၾကာဆုိင္ရာေရာဂါ ျဖစ္ပြားႏိုင္ေျခ ၂၂ ရာခိုင္ႏွဳန္း ေလ်ာ့က်သြားခဲ့တယ္လုိ ့ဆုိပါတယ္။ ဒီ့အျပင္ ေသြးေပါင္ခ်ိန္ပမာဏနဲ ့ကိုလက္စထေရာပမာဏေတြ က်ဆင္းခဲ့တာလည္းကိုလည္း ေတြ ့ခဲ့ရျပန္ပါတယ္။

ကမၻာ့လူဦးေရဟာ အသက္ပုိရွည္လာၾကျပီးေနာက္မွာ ႏွလုံးႏွင့္ေသြးေၾကာဆုိင္ရာေရာဂါ၊ ႏွလုံးေဖာက္မွဳ နဲ ့ေလသင္တုန္းျဖတ္မွဳတုိ ့ကလည္း ပုိမိုမ်ားျပားလာမွာျဖစ္ပါတယ္။ ဒီေရာဂါေတြကို ၾကိဳတင္ကာကြယ္တဲ့ အေနနဲ ့ဖေလဗာႏြိဳက္ ပါ၀င္တဲ့ ကိုကိုးပူပူကို တစ္ေန ့မတ္ခြက္တစ္ခြက္ေသာက္သင့္တယ္လုိ ့ေလ့လာမွဳ ႏွစ္ခုလုံးကို ျပဳလုပ္ခဲ့တဲ့ ဥေရာပသမဂၢရန္ပုံေငြရ Flaviola Research Consortium အဖြဲ ့က တုိက္တြန္း လုိက္ပါတယ္။

Credit:thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

တစ်နေ့ကို ချောကလက်ပူပူ မတ်ခွက်တစ်ခွက်သောက်ပေးခြင်းက နောက်ထပ် ၁၀ နှစ်အတွင်းမှာ နှလုံးရောဂါ ထဖောက်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တယ်လို့ဆိုပါတယ်။

အပင်တွေကအများဆုံးရရှိတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ flavanols ဓာတ်ပစ္စည်းဟာ ကိုကိုးစေ့မှာ ပါဝင်ပြီး အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ သွေးလွှတ်ကြောတွေ မာတောင့်တင်းလာမှုကြောင့် ကျဆင်းလာတဲ့နှလုံးရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တယ်လို့ဆိုပါတယ်။ ဒီ့အပြင် ဖလေဗာနွိုက် (flavonoid) ဒြပ်ဟာ ကင်ဆာရောဂါဖြစ်နိုင်ချေကိုပါ နည်းပါးစေကြောင်း တွေ့ရှိထားရပါတယ်။

Flavonoid ဒြပ်ကို ရရှိထားတဲ့ အမျိုးသား ၄၂ ယောက်စီပါဝင်တဲ့ အသက် ၃၅ နှစ်အောက် နဲ့အသက် ၅၀ ကနေ ၈၀ ကြား နှစ်အုပ်စုကို လေ့လာစမ်းသပ်ခဲ့ရာမှာ သွေးကြောကျယ်ခြင်း (vasodilation) ဟာ အုပ်စုနှစ်ခုလုံးမှာ သိသိသာသာ သက်သာတိုးတက်မှု ရှိခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်။

အသက်ပိုငယ်တဲ့အုပ်စုမှာ သွေးကြောကျယ်ခြင်းဟာ ၃၃ ရာခိုင်နှုန်းအထိ သက်သာတိုးတက်မှုရှိခဲ့ပြီး လူကြီးအုပ်စုမှာတော့ ၃၂ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ပါတယ်။

ဒုတိယမြောက်စမ်းသပ်မှုအဖြစ် ကျန်းမာရေးကောင်းမွန်တဲ့ အသက် ၃၅ ကနေ ၆၀ အတွင်း အမျိုးသမီး၊ အမျိုးသားတွေကိုလည်း လေ့လာခဲ့ရာမှာလည်း flavanol ပါဝင်တဲ့ ကိုကိုးကို မတ်ခွက်တစ်ခွက် တစ်နေ့နှစ်ကြိမ်၊ လေးပတ်တိတိသောက်သုံးခဲ့ပြီးနောက်မှာ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနိုင်ခြေ ၂၂ ရာခိုင်နှုန်း လျော့ကျသွားခဲ့တယ်လို့ဆိုပါတယ်။ ဒီ့အပြင် သွေးပေါင်ချိန်ပမာဏနဲ့ကိုလက်စထရောပမာဏတွေ ကျဆင်းခဲ့တာလည်းကိုလည်း တွေ့ခဲ့ရပြန်ပါတယ်။

ကမ္ဘာ့လူဦးရေဟာ အသက်ပိုရှည်လာကြပြီးနောက်မှာ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါ၊ နှလုံးဖောက်မှု နဲ့လေသင်တုန်းဖြတ်မှုတို့ကလည်း ပိုမိုများပြားလာမှာဖြစ်ပါတယ်။ ဒီရောဂါတွေကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ဖလေဗာနွိုက် ပါဝင်တဲ့ ကိုကိုးပူပူကို တစ်နေ့မတ်ခွက်တစ်ခွက်သောက်သင့်တယ်လို့လေ့လာမှု နှစ်ခုလုံးကို ပြုလုပ်ခဲ့တဲ့ ဥရောပသမဂ္ဂရန်ပုံငွေရ Flaviola Research Consortium အဖွဲ့က တိုက်တွန်း လိုက်ပါတယ်။

Credit:thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top