iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ေတြေန႔စဥ္ ျပဳလုပ္ေနတဲ့ အရာတစ္ခ်ိဳ႕ဟာ က်န္းမာေရးအတြက္ ေတာ္ေတာ္ေလးဆုိးရြားေစတယ္ ဆိုတာ သတိျပဳမိဖုိ႔ ခဲယဥ္းတတ္ၾကပါတယ္။ ဥပမာခဏခဏ ႏွာေခ်တတ္တဲ့သူဟာ
 ေနာက္ေက်ာရိုးေတြနာက်င္ေစတဲ့အျပင္ ေျခေတြ လက္ေတြ လႈပ္ရွားဖုိ႔အတြက္ ထိန္းခ်ဳပ္ႏိုင္တဲ့ အေၾကာေတြထိေတာင္ ဒဏ္ျဖစ္ေစႏိုင္တာပါ။ ဒီလိုမ်ိဳး ဘာမဟုတ္တာေလးလုိ႔ ကိုယ္ထင္ျမင္ေနတဲ့ အရာတစ္ခ်ိဳ႕ဟာ သင့္ကို ေဆးရံုး၊ ေဆးခန္းေရာက္ေစတဲ့အထိ ဒုကၡေပးႏိုင္တယ္ဆိုတာနဲ႔ ပတ္သက္ၿပီး သင္သိထားသင့္တဲ့အရာေတြကေတာ့

ေျခညွပ္ဖိနပ္အပါးေလးမ်ား စီးျခင္း

Flip Flop လို႔ေခၚတဲ့ ေျခညွပ္ဖိနပ္အပါးေလးေတြ စီးရတာ ဘယ္ေလာက္ ေပါ့ေပါ့ပါးပါး ရွိုလိုက္သလဲ။ လြတ္လည္း လြတ္လပ္တယ္ေလ။ ဒါေပမယ့္ ဒီဖိနပ္ေတြေၾကာင့္ ကိုယ္ေတြလမ္းေလွ်ာက္တဲ့ပံုစံ ေျပာင္းလဲသြားတတ္ၿပီး တင္ပါးေတြနဲ႔ ဒူးေခါင္းနာက်င္တဲ့ ေ၀ဒနာေတြ ခံစားရတတ္ပါတယ္။ ဒါ့ေၾကာင့္ ဖိနပ္အပါးေလးေတြ ၀ယ္မယ္ဆို ကိုယ္နဲ႔တကယ္အဆင္ေျပတဲ့ ဖိနပ္မ်ိဳး၊ ေျခေထာက္နဲ႔ ကြက္တိျဖစ္မယ့္ ဖိနပ္မ်ိဳးေတြကို အသားေပး၀ယ္ပါ။

ပိုက္ဆံအိတ္ထဲ ျပံဳစုထည့္ၿပီး ေဘာင္းဘီေနာက္ အိတ္ကပ္ထဲ ထည့္ျခင္း

မ်ားေသာအားျဖင့္ ေယာက်ၤားေလးေတြဟာ ပိုက္ဆံအိတ္အသံုးျပဳတဲ့အခါ ရွိသမွ် စာရြက္အပိုင္းအစ၊ ေဘာက္ခ်ာ စတာေတြကိုပါ ပိုက္ဆံအိတ္ထဲ ထိုးထည့္တတ္ၾကပါတယ္။ ဒီလိုထည့္တဲ့အခါတုိင္း ခါးလိမ္လိမ္ၿပီး ေနာက္ေဘာင္းဘီ အိတ္ကပ္ထဲက ပိုက္ဆံအိတ္ထုတ္၊ ျပန္ထည့္နဲ႔ တစ္ရက္တစ္ရက္ အခါေပါင္းမနည္း ဒီလိုလႈပ္ရွားမႈမ်ိဳး လုပ္တတ္ၾကပါတယ္။ ဒါဟာ ခါးနဲ႔ဇက္ကို ျပသနာေပးေတာ့တာပါပဲ။ ဒါ့ေၾကာင့္ ျဖစ္ႏုိင္ရင္ ေဘာင္းဘီေနာက္အိတ္ထဲ ပိုက္ဆံအိတ္ ထည့္တာမ်ိဳး မလုပ္ပါနဲ႔။

အရမ္းက်ပ္တဲ့ ေဘာင္းဘီေတြ ၀တ္ျခင္း

skinny ေဘာင္းဘီေတြထဲမွာ တစ္ခ်ိဳ႕ေဘာင္းဘီေတြက ၀တ္ရတာ ေတာ္ေတာ္ကို အဆင္မေျပပါဘူး။ ဒီလိုေဘာင္းဘီမ်ိဳးကို အတင္းထိုးစြပ္ၿပီး ၀တ္မယ့္အစား သိမ္းသာထားလိုက္ပါ။ ဒီလို က်ပ္တဲ့ေဘာင္းဘီေတြကို ၀တ္မယ္ဆုိရင္ ေပါင္အေပၚပိုင္းနားက အာရံုေၾကာေတြကို ျဖစ္ညွစ္ထားသလို ျဖစ္ၿပီး ေျခေထာက္ကို သြားတဲ့ေသြးေၾကာေတြကို ဒုကၡေပးတတ္ပါတယ္။

ကိုယ္လက္ေလ့က်င့္ခန္း တရားလြန္လုပ္ျခင္း

ဘယ္အရာမဆို အလြန္အကၽြံလုပ္မိျခင္းဟာ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကိုသာ မ်ားေစတာပါ။ ေလ့က်င့္ခန္းကို ပံုမွန္မလုပ္ပဲ လုပ္သင့္တာထက္ လြန္လြန္က်ဴးက်ဴး လုပ္ေနမယ္ဆုိရင္ ေသြးေၾကာထဲကို ပရိုတင္းေတြ လႊတ္ေပးေနတဲ့ တစ္သွ်ဴးေတြ ျပတ္ထြက္ကုန္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္လိုခ်င္တဲ့ ၾကြက္သားအေနအထားေရာက္ရင္ အသားကုန္ဆက္ေဆာ့တာမ်ိဳးေတြ မလုပ္ပါနဲ႔။

ေရကို အလြန္အကၽြံေသာက္ျခင္း

အားလံုးသိထားတာက ေရအမ်ားႀကီးေသာက္တာဟာ သင့္ခႏၶာကိုယ္အတြက္ ေကာင္းတယ္။ ေရအမ်ားႀကီး ေသာက္ျခင္းဟာ သင့္ခႏၶာကိုယ္ထဲက သံဓာတ္၊ ဆုိဒီယံနဲ႔ အျခား သတၱဳဓာတ္ေတြကို ေလ်ာ့သြားေစၿပီး ေခါင္းကိုက္ျခင္း၊ ေအာ့အန္ျခင္းေတြကို ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ေရအစား ေရဓာတ္ၾကြယ္၀တဲ့ အသီးအႏွံေတြ၊ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အားျဖည့္အခ်ိဳရည္ေတြ ေသာက္ေပးပါ။

Credit :  Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ်တွေနေ့စဉ် ပြုလုပ်နေတဲ့ အရာတစ်ချို့ဟာ ကျန်းမာရေးအတွက် တော်တော်လေးဆိုးရွားစေတယ်ဆိုတာ သတိပြုမိဖို့ ခဲယဉ်းတတ်ကြပါတယ်။ ဥပမာ ခဏခဏ နှာချေတတ်တဲ့သူဟာ နောက်ကျောရိုးတွေ နာကျင်စေတဲ့အပြင် ခြေတွေ လက်တွေ လှုပ်ရှားဖို့အတွက် ထိန်းချုပ်နိုင်တဲ့ အကြောတွေထိတောင် ဒဏ်ဖြစ်စေနိုင်တာပါ။ ဒီလိုမျိုး ဘာမဟုတ်တာလေးလို့ ကိုယ်ထင်မြင်နေတဲ့ အရာတစ်ချို့ဟာ သင့်ကို ဆေးရုံး၊ ဆေးခန်းရောက်စေတဲ့အထိ ဒုက္ခပေးနိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့အရာတွေကတော့

ခြေညှပ်ဖိနပ်အပါးလေးများ စီးခြင်း

Flip Flop လို့ခေါ်တဲ့ ခြေညှပ်ဖိနပ်အပါးလေးတွေ စီးရတာ ဘယ်လောက် ပေါ့ပေါ့ပါးပါး ရှိုလိုက်သလဲ။ လွတ်လည်း လွတ်လပ်တယ်လေ။ ဒါပေမယ့် ဒီဖိနပ်တွေကြောင့် ကိုယ်တွေလမ်းလျှောက်တဲ့ပုံစံ ပြောင်းလဲသွားတတ်ပြီး တင်ပါးတွေနဲ့ ဒူးခေါင်းနာကျင်တဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် ဖိနပ်အပါးလေးတွေ ဝယ်မယ်ဆို ကိုယ်နဲ့တကယ်အဆင်ပြေတဲ့ ဖိနပ်မျိုး၊ ခြေထောက်နဲ့ ကွက်တိဖြစ်မယ့် ဖိနပ်မျိုးတွေကို အသားပေးဝယ်ပါ။

ပိုက်ဆံအိတ်ထဲ ပြုံစုထည့်ပြီး ဘောင်းဘီနောက် အိတ်ကပ်ထဲ ထည့်ခြင်း

များသောအားဖြင့် ယောကျၤားလေးတွေဟာ ပိုက်ဆံအိတ်အသုံးပြုတဲ့အခါ ရှိသမျှ စာရွက်အပိုင်းအစ၊ ဘောက်ချာ စတာတွေကိုပါ ပိုက်ဆံအိတ်ထဲ ထိုးထည့်တတ်ကြပါတယ်။ ဒီလိုထည့်တဲ့အခါတိုင်း ခါးလိမ်လိမ်ပြီး နောက်ဘောင်းဘီ အိတ်ကပ်ထဲက ပိုက်ဆံအိတ်ထုတ်၊ ပြန်ထည့်နဲ့ တစ်ရက်တစ်ရက် အခါပေါင်းမနည်း ဒီလိုလှုပ်ရှားမှုမျိုး လုပ်တတ်ကြပါတယ်။ ဒါဟာ ခါးနဲ့ဇက်ကို ပြသနာပေးတော့တာပါပဲ။ ဒါ့ကြောင့် ဖြစ်နိုင်ရင် ဘောင်းဘီနောက်အိတ်ထဲ ပိုက်ဆံအိတ် ထည့်တာမျိုး မလုပ်ပါနဲ့။

အရမ်းကျပ်တဲ့ ဘောင်းဘီတွေ ဝတ်ခြင်း

skinny ဘောင်းဘီတွေထဲမှာ တစ်ချို့ဘောင်းဘီတွေက ဝတ်ရတာ တော်တော်ကို အဆင်မပြေပါဘူး။ ဒီလိုဘောင်းဘီမျိုးကို အတင်းထိုးစွပ်ပြီး ဝတ်မယ့်အစား သိမ်းသာထားလိုက်ပါ။ ဒီလို ကျပ်တဲ့ဘောင်းဘီတွေကို ဝတ်မယ်ဆိုရင် ပေါင်အပေါ်ပိုင်းနားက အာရုံကြောတွေကို ဖြစ်ညှစ်ထားသလို ဖြစ်ပြီး ခြေထောက်ကို သွားတဲ့သွေးကြောတွေကို ဒုက္ခပေးတတ်ပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်း တရားလွန်လုပ်ခြင်း

ဘယ်အရာမဆို အလွန်အကျွံလုပ်မိခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ များစေတာပါ။ လေ့ကျင့်ခန်းကို ပုံမှန်မလုပ်ပဲ လုပ်သင့်တာထက် လွန်လွန်ကျူးကျူး လုပ်နေမယ်ဆိုရင် သွေးကြောထဲကို ပရိုတင်းတွေ လွှတ်ပေးနေတဲ့ တစ်သျှူးတွေ ပြတ်ထွက်ကုန်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်လိုချင်တဲ့ ကြွက်သားအနေအထားရောက်ရင် အသားကုန်ဆက်ဆော့တာမျိုးတွေ မလုပ်ပါနဲ့။

ရေကို အလွန်အကျွံသောက်ခြင်း

အားလုံးသိထားတာက ရေအများကြီးသောက်တာဟာ သင့်ခန္ဓာကိုယ်အတွက် ကောင်းတယ်။ ရေအများကြီး သောက်ခြင်းဟာ သင့်ခန္ဓာကိုယ်ထဲက သံဓာတ်၊ ဆိုဒီယံနဲ့ အခြား သတ္တုဓာတ်တွေကို လျော့သွားစေပြီး ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းတွေကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် ရေအစား ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အားဖြည့်အချိုရည်တွေ သောက်ပေးပါ။

Credit :  Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top