iMyanmarHouse.com - Best Property Website for Myanmar
×

သင္ညဘက္အိပ္တဲ့အခါ ဘယ္လိုပံုစံမ်ိဳးနဲ႔ အိပ္စက္ေလ့၊ အိပ္ေပ်ာ္သြားေလ့ရွိပါသလဲ။ သင္အိပ္စက္တဲ့ ပံုစံကိုၾကည့္ၿပီး သင္ဟာ ဘယ္လိုလူမ်ိဳးျဖစ္တယ္၊ ဘယ္လိုစိတ္ထားရွိတယ္ဆုိတာ ခန္႔မွန္းေျပာဆိုႏိုင္တယ္ဆုိတာ မယံုမရွိပါနဲ႔။ ကဲ သင္ဘယ္လိုလူမ်ိဳးျဖစ္တယ္ဆိုတာ တစ္ခ်က္ေလာက္ ၾကည့္ရေအာင္။

၁။အေတြးသမား

တကယ္လို႔သင္ဟာ လက္ႏွစ္ဖက္ကို ေခါင္းဦးေပၚတင္၊ ဒါမွမဟုတ္လည္း ေခါင္းဦးေအာက္ထည့္ၿပီးေဘးဘက္ ေကြးေကြးေလး အိပ္တတ္တဲ့သူဆုိရင္ သင္ဟာအေတြးသမားတစ္ေယာက္ပါတဲ့။ ဒါ့အျပင္သူေျပာထားက ဒီလိုအိပ္တတ္တဲ့သူေတြရဲ႕ လက္တစ္ဖက္ဟာ ေမးေစ့နားမွာသာရွိေနတတ္တာကိုလည္း ထည့္စဥ္းစားထားပါတယ္။ ဒီလိုလူမ်ိဳးေတြဟာ အျပင္မွာနည္းနည္းၾကမ္းတမ္းတဲ့အသြင္ ရွိတယ္လုိ႔ဆိုထားၿပီး စိတ္ဆတ္ပါတယ္တဲ့။   ဒါေပမယ့္ သူတုိ႔ေတြဟာ သစၥာရွိၾကတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

၂။ေဗဒင္လကၡဏာကိုယံုၾကည္သူ

ေဗဒင္လကၡဏာယံုၾကည္တတ္သူေတြကေတာ့ အိပ္တဲ့အခါ ပက္လက္အိပ္တတ္ၿပီး ေျခာက္ေထာက္ကိုနည္းနည္းခြဲထားကာ ေခါင္းေအာက္မွာလက္ကိုထားၿပီး အိပ္တတ္ၾကပါတယ္တဲ့။ ဒီလိုလူမ်ိဳးေတြကို သူတုိ႔ရဲ႕အေပါင္းအသင္းေတြက လြတ္လြတ္လပ္လပ္၊ ေပ်ာ္ေပ်ာ္ရႊင္ရြင္ေနတတ္ၿပီး၊ အလွအပကို ခံစားတတ္တဲ့အျပင္ ေပါင္းရသင္းရ ေကာင္းလွတဲ့အတြက္ ခ်စ္ခင္ႏွစ္လိုတတ္ၾကပါတယ္တဲ့။ သူတုိ႔စိတ္ကူးေမွ်ာ္လင့္ခ်က္ေတြက ႀကီးမားတတ္သလို အေကာင္အထည္ေဖာ္ႏိုင္ေအာင္လည္း ႀကိဳးစားတတ္ၾကပါတယ္။

၃။ကူညီတတ္တဲ့သူ

သင္အိပ္စက္တဲ့အခါ လက္ႏွစ္ဘက္ကုိ ေဘးမွာကား၊ ေျခေထာက္ကုိကားၿပီး ပက္လက္အိပ္တတ္တဲ့သူမ်ိဳးပါလား။ အိပ္ယာတစ္ခုလုံး သင္တစ္ေယာက္တည္းအျပည့္ယူထားသလိုမ်ိဳးေလ။ သင္က ဒီလို အိပ္စက္တတ္သူဆုိရင္ေတာ့ သင္ကတစ္ျခားသူေတြ ေျပာသမွ်ကို နားေထာင္ေပးတတ္တဲ့သူပါ။ တစ္ေယာက္ကရင္ဖြင့္ရင္ သင္ကနားေထာင္ၿပီး အႀကံေပးတတ္တဲ့သူျဖစ္တဲ့အျပင္ သူငယ္ခ်င္းေတြကလည္း တစ္ခုခုဆုိတာနဲ႔ သင့္ကို ေျပးသတိရတတ္ၾကေရာ။ သင္က ကူညီတတ္ၿပီး နည္းနည္းေတာ့ ရွက္တတ္တဲ့သူမ်ိဳးပါ။

၄။အစြဲႀကီးတတ္တဲ့သူ

အိပ္စက္တဲ့အခါ ၀မ္းလ်ားေမွာက္လွ်က္အေနအထားနဲ႔ အိပ္တတ္သူေတြဟာ လူေတြနဲ႔ ဆက္ဆံတဲ့အခါ နည္းနည္းတည္တည္တင္းတင္းနဲ႔ ခက္ခဲသလိုျဖစ္ေနေပမယ့္ သူတုိ႔ဟာ စိတ္ထားေကာင္းတ့ဲသူေတြပါ။ ဒါေပမယ့္ တစ္စံုတစ္ခုအတြက္ အၿမဲတမ္းႀကိဳးစားေနတတ္သူျဖစ္ၿပီး သူတို႔စိတ္ထဲက လူေတြလက္မခံႏိုင္တဲ့အရာေတြကို အၿမဲႀကိဳးစားထိန္းခ်ဳပ္ေနရတဲ့ပံုစံမ်ိဳးပါ။ ဒါ့အျပင္ ဒီလိုလူမ်ိဳးေတြဟာ အစြဲႀကီးတတ္ၾကပါတယ္တဲ့။

၅။စိတ္ခံစားလြယ္တဲ့သူ

သင္ဟာ ပက္လက္အေနအထားအိပ္တတ္ၿပီး လက္ႏွစ္ဘက္ကိုေဘးမွာ ထားကာ ေျခေထာက္ကိုလည္းဆန္႔တန္းၿပီး အိပ္တတ္တဲ့သူဆိုရင္ေတာ့ သင္ကအျပင္မွာ ေအးခ်မ္းတည္ၿငိမ္တဲ့အသြင္ဘယ္ေလာက္ရွိရွိ၊ သင့္စိတ္ထဲမွာေတာ့ စိတ္ခံစား၊ စိတ္လႈပ္ရွားလြယ္တဲ့သူပါတဲ့။ ကိုယ့္ကိုယ္ကုိယ္ ထိန္းခ်ဳပ္ထားမယ္၊ အစီအစဥ္ေတြနဲ႔ ျပဳမူေနထုိင္တတ္သူျဖစ္သလို ေတြးတတ္ေခၚတတ္တဲ့သူဆိုရင္လည္း မမွားပါဘူး။

၆။ေခါင္းမာတဲ့သူ

သင္ဟာ အိပ္စက္တဲ့အခါ ေဘးေစာင္းအိပ္စက္တတ္ေပမယ့္ ေျခေထာက္ေလးနည္းနည္းေကြးထားတာကလြဲၿပီး ခါးေက်ာစတာေတြကို တစ္ေျဖာင့္တည္းတန္းေနေအာင္ အိပ္တတ္သူဆုိရင္ေတာ့ ခင္မင္တတ္တဲ့သူ၊ သင့္စိတ္ထဲမွာရွိတဲ့ ယံုၾကည္မႈတစ္ခုအတြက္ ရုနး္ကန္လႈပ္ရွားတတ္သူျဖစ္သလို ေခါင္းနည္းနည္းမာတဲ့သူပါတဲ့။ ဒါေပမယ့္ သင္နဲ႔ပတ္သက္တဲ့သူေတြအေပၚေတာ့ သစၥာရွိသူပါ။

၇။လူမႈဆက္ဆံေရးအထူးေကာင္းမြန္သူ

အိပ္စက္တဲ့အခါ လက္ေတြေရာ၊ ေျခေထာက္ေတြပါ တစ္ေျဖာင့္တည္းပံုစံ ဆန္႔တန္းထားၿပီး ေဘးက ဖက္လံုးကို မ်က္ႏွာမူ တည့္တည့္အေနအထား အိပ္တတ္တဲ့သူေတြဟာ အာရံုထဲရႈပ္ရႈပ္ေထြးေထြးမေနတတ္တဲ့သူ၊ ဂရုစိုက္ေနရတာမ်ိဳး မႀကိဳက္တဲ့သူ ျဖစ္ေပမယ့္ လူမႈဆက္ဆံေရးပိုင္းမွာေတာ့ အားလံုးရဲ႕ၾကားေရပန္းစားတတ္တဲ့သူပါ။ ဒီလိုအိပ္စက္ျခင္းအားျဖင့္ သူဟာ သူ႕ဘာသာသူ သက္ေတာင့္သက္သာ အဆင္ေျပေျပ အိပ္စက္လုိက္တာမ်ိဳးျဖစ္ၿပီး လူေတြကို သူယံုၾကည္သလို သူလည္း ေအးေအးခ်မ္းခ်မ္း အိပ္စက္ႏိုင္မယ္ဆုိတဲ့ သေဘာပါတဲ့။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင်ညဘက်အိပ်တဲ့အခါ ဘယ်လိုပုံစံမျိုးနဲ့ အိပ်စက်လေ့၊ အိပ်ပျော်သွားလေ့ရှိပါသလဲ။ သင်အိပ်စက်တဲ့ ပုံစံကိုကြည့်ပြီး သင်ဟာ ဘယ်လိုလူမျိုးဖြစ်တယ်၊ ဘယ်လိုစိတ်ထားရှိတယ်ဆိုတာ ခန့်မှန်းပြောဆိုနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။ ကဲ သင်ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ တစ်ချက်လောက် ကြည့်ရအောင်။

၁။အတွေးသမား

တကယ်လို့သင်ဟာ လက်နှစ်ဖက်ကို ခေါင်းဦးပေါ်တင်၊ ဒါမှမဟုတ်လည်း ခေါင်းဦးအောက်ထည့်ပြီးဘေးဘက် ကွေးကွေးလေး အိပ်တတ်တဲ့သူဆိုရင် သင်ဟာအတွေးသမားတစ်ယောက်ပါတဲ့။ ဒါ့အပြင်သူပြောထားက ဒီလိုအိပ်တတ်တဲ့သူတွေရဲ့ လက်တစ်ဖက်ဟာ မေးစေ့နားမှာသာရှိနေတတ်တာကိုလည်း ထည့်စဉ်းစားထားပါတယ်။ ဒီလိုလူမျိုးတွေဟာ အပြင်မှာနည်းနည်းကြမ်းတမ်းတဲ့အသွင် ရှိတယ်လို့ဆိုထားပြီး စိတ်ဆတ်ပါတယ်တဲ့။   ဒါပေမယ့် သူတို့တွေဟာ သစ္စာရှိကြတယ်လို့လည်း ဖော်ပြထားပါတယ်။

၂။ဗေဒင်လက္ခဏာကိုယုံကြည်သူ

ဗေဒင်လက္ခဏာယုံကြည်တတ်သူတွေကတော့ အိပ်တဲ့အခါ ပက်လက်အိပ်တတ်ပြီး ခြောက်ထောက်ကိုနည်းနည်းခွဲထားကာ ခေါင်းအောက်မှာလက်ကိုထားပြီး အိပ်တတ်ကြပါတယ်တဲ့။ ဒီလိုလူမျိုးတွေကို သူတို့ရဲ့အပေါင်းအသင်းတွေက လွတ်လွတ်လပ်လပ်၊ ပျော်ပျော်ရွှင်ရွင်နေတတ်ပြီး၊ အလှအပကို ခံစားတတ်တဲ့အပြင် ပေါင်းရသင်းရ ကောင်းလှတဲ့အတွက် ချစ်ခင်နှစ်လိုတတ်ကြပါတယ်တဲ့။ သူတို့စိတ်ကူးမျှော်လင့်ချက်တွေက ကြီးမားတတ်သလို အကောင်အထည်ဖော်နိုင်အောင်လည်း ကြိုးစားတတ်ကြပါတယ်။

၃။ကူညီတတ်တဲ့သူ

သင်အိပ်စက်တဲ့အခါ လက်နှစ်ဘက်ကို ဘေးမှာကား၊ ခြေထောက်ကိုကားပြီး ပက်လက်အိပ်တတ်တဲ့သူမျိုးပါလား။ အိပ်ယာတစ်ခုလုံး သင်တစ်ယောက်တည်းအပြည့်ယူထားသလိုမျိုးလေ။ သင်က ဒီလို အိပ်စက်တတ်သူဆိုရင်တော့ သင်ကတစ်ခြားသူတွေ ပြောသမျှကို နားထောင်ပေးတတ်တဲ့သူပါ။ တစ်ယောက်ကရင်ဖွင့်ရင် သင်ကနားထောင်ပြီး အကြံပေးတတ်တဲ့သူဖြစ်တဲ့အပြင် သူငယ်ချင်းတွေကလည်း တစ်ခုခုဆိုတာနဲ့ သင့်ကို ပြေးသတိရတတ်ကြရော။ သင်က ကူညီတတ်ပြီး နည်းနည်းတော့ ရှက်တတ်တဲ့သူမျိုးပါ။

၄။အစွဲကြီးတတ်တဲ့သူ

အိပ်စက်တဲ့အခါ ဝမ်းလျားမှောက်လျှက်အနေအထားနဲ့ အိပ်တတ်သူတွေဟာ လူတွေနဲ့ ဆက်ဆံတဲ့အခါ နည်းနည်းတည်တည်တင်းတင်းနဲ့ ခက်ခဲသလိုဖြစ်နေပေမယ့် သူတို့ဟာ စိတ်ထားကောင်းတဲ့သူတွေပါ။ ဒါပေမယ့် တစ်စုံတစ်ခုအတွက် အမြဲတမ်းကြိုးစားနေတတ်သူဖြစ်ပြီး သူတို့စိတ်ထဲက လူတွေလက်မခံနိုင်တဲ့အရာတွေကို အမြဲကြိုးစားထိန်းချုပ်နေရတဲ့ပုံစံမျိုးပါ။ ဒါ့အပြင် ဒီလိုလူမျိုးတွေဟာ အစွဲကြီးတတ်ကြပါတယ်တဲ့။

၅။စိတ်ခံစားလွယ်တဲ့သူ

သင်ဟာ ပက်လက်အနေအထားအိပ်တတ်ပြီး လက်နှစ်ဘက်ကိုဘေးမှာ ထားကာ ခြေထောက်ကိုလည်းဆန့်တန်းပြီး အိပ်တတ်တဲ့သူဆိုရင်တော့ သင်ကအပြင်မှာ အေးချမ်းတည်ငြိမ်တဲ့အသွင်ဘယ်လောက်ရှိရှိ၊ သင့်စိတ်ထဲမှာတော့ စိတ်ခံစား၊ စိတ်လှုပ်ရှားလွယ်တဲ့သူပါတဲ့။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားမယ်၊ အစီအစဉ်တွေနဲ့ ပြုမူနေထိုင်တတ်သူဖြစ်သလို တွေးတတ်ခေါ်တတ်တဲ့သူဆိုရင်လည်း မမှားပါဘူး။

၆။ခေါင်းမာတဲ့သူ

သင်ဟာ အိပ်စက်တဲ့အခါ ဘေးစောင်းအိပ်စက်တတ်ပေမယ့် ခြေထောက်လေးနည်းနည်းကွေးထားတာကလွဲပြီး ခါးကျောစတာတွေကို တစ်ဖြောင့်တည်းတန်းနေအောင် အိပ်တတ်သူဆိုရင်တော့ ခင်မင်တတ်တဲ့သူ၊ သင့်စိတ်ထဲမှာရှိတဲ့ ယုံကြည်မှုတစ်ခုအတွက် ရုန်းကန်လှုပ်ရှားတတ်သူဖြစ်သလို ခေါင်းနည်းနည်းမာတဲ့သူပါတဲ့။ ဒါပေမယ့် သင်နဲ့ပတ်သက်တဲ့သူတွေအပေါ်တော့ သစ္စာရှိသူပါ။

၇။လူမှုဆက်ဆံရေးအထူးကောင်းမွန်သူ

အိပ်စက်တဲ့အခါ လက်တွေရော၊ ခြေထောက်တွေပါ တစ်ဖြောင့်တည်းပုံစံ ဆန့်တန်းထားပြီး ဘေးက ဖက်လုံးကို မျက်နှာမူ တည့်တည့်အနေအထား အိပ်တတ်တဲ့သူတွေဟာ အာရုံထဲရှုပ်ရှုပ်ထွေးထွေးမနေတတ်တဲ့သူ၊ ဂရုစိုက်နေရတာမျိုး မကြိုက်တဲ့သူ ဖြစ်ပေမယ့် လူမှုဆက်ဆံရေးပိုင်းမှာတော့ အားလုံးရဲ့ကြားရေပန်းစားတတ်တဲ့သူပါ။ ဒီလိုအိပ်စက်ခြင်းအားဖြင့် သူဟာ သူ့ဘာသာသူ သက်တောင့်သက်သာ အဆင်ပြေပြေ အိပ်စက်လိုက်တာမျိုးဖြစ်ပြီး လူတွေကို သူယုံကြည်သလို သူလည်း အေးအေးချမ်းချမ်း အိပ်စက်နိုင်မယ်ဆိုတဲ့ သဘောပါတဲ့။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top