iMyanmarHouse.com - Best Property Website for Myanmar
×

 ေပါ့ပ္ဂီတစူပါ ၾကယ္ပြင့္ေလဒီဂါဂါ၏ မၾကာေသးမီက ထြက္ရိွထားသည့္ Joanne ေတးအယ္လ္ဘမ္သစ္သည္ အေမရိကန္ေတးအယ္လ္ဘမ္ မ်ားစာရင္း ေဘဘုတ္ ၂၀၀ တြင္နံပါတ္(၁) ေနရာ၌ ရပ္တည္ေန သည္။

ယင္းမွာ ေလဒီဂါဂါ၏ စတု တၳေျမာက္ နံပါတ္ (၁) ေတး အယ္လ္ဘမ္ျဖစ္လာျခင္းေၾကာင့္ အမ်ိဳးသမီးအဆုိေတာ္မ်ားတြင္ နံပါတ္ (၁) ေတးအယ္လ္ဘမ္အ မ်ားဆံုးအဆုိေတာ္ျဖစ္လာသည္။

ဘီယြန္ေစးႏွင့္ ေတလာ ဆြစ္ဖ္တို႔ႏွစ္ဦးလံုးသည္ နံပါတ္(၁) ေတးအယ္လ္ဘမ္ သံုးခုစီရိွ ေသာ အဆုိေတာ္မ်ားျဖစ္ၾက သည္။ေလဒီဂါဂါ၏ ေတးအယ္လ္ဘမ္သစ္သည္ ခ်ပ္ေရ ၂၀၁,၀၀၀ အထိ ေရာင္းအားရိွေနၿပီး အမ်ဳိး သားရက္ပ္အဆိုေတာ္ ဒရိတ္ခ္၏ Views ေတးအယ္လ္ဘမ္သည္ ေရာင္းအား ၁ ဒသမ ၀၄ သန္းျဖင့္ ထိပ္ဆံုး၌ ရပ္တည္ေနသည္။

Joanne သည္ ေလဒီဂါဂါ ၏ ကြယ္လြန္သြားၿပီျဖစ္ေသာ အေဒၚျဖစ္သူကုိ အမွတ္တရေပးထားေသာ အမည္ျဖစ္ၿပီး ၎၏ Cheek to Cheek အယ္လ္ဘမ္၊ Artpop အယ္လ္ဘမ္ႏွင့္ Born This Way အယ္လ္ဘမ္မ်ားသည္ ၂၀၁၄၊ ၂၀၁၃ ႏွင့္ ၂၀၁၁ တို႔ တြင္ နံပါတ္(၁)ျဖစ္ခဲ့သည့္ ေတး အယ္လ္ဘမ္မ်ားျဖစ္သည္။

ၿပီးခဲ့သည့္ ေျခာက္ႏွစ္အ တြင္း ေဘလ္ဘုတ္ ၂၀၀ စာရင္း တြင္ ဂ်ပ္စတင္ဘီဘာႏွင့္ ဒရိတ္ခ္ တို႔က စုစုေပါင္း နံပါတ္ (၁) အယ္လ္ဘမ္ေျခာက္ခုစီျဖင့္ အႏုပညာရွင္အားလံုးအေပၚ ဦး ေဆာင္ထားသည္။

‘‘ဒီဆယ္စုႏွစ္မွာ နံပါတ္ (၁) အယ္လ္ဘမ္အမ်ားဆံုးအမ်ဳိးသ မီးအႏုပညာရွင္ျဖစ္လာတာ ယံု ေတာင္ မယံုႏုိင္ဘူး’’ဟု ေလဒီဂါ ဂါက ၎၏ တြစ္တာအေကာင့္ တြင္ တနဂၤေႏြေန႔က ေရးသားေဖာ္ ျပထားသည္။


Credit: 7 day daily


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 ပေါ့ပ်ဂီတစူပါ ကြယ်ပွင့်လေဒီဂါဂါ၏ မကြာသေးမီက ထွက်ရှိထားသည့် Joanne တေးအယ်လ်ဘမ်သစ်သည် အမေရိကန်တေးအယ်လ်ဘမ် များစာရင်း ဘေဘုတ် ၂၀၀ တွင်နံပါတ်(၁) နေရာ၌ ရပ်တည်နေ သည်။

ယင်းမှာ လေဒီဂါဂါ၏ စတု တ္ထမြောက် နံပါတ် (၁) တေး အယ်လ်ဘမ်ဖြစ်လာခြင်းကြောင့် အမျိုးသမီးအဆိုတော်များတွင် နံပါတ် (၁) တေးအယ်လ်ဘမ်အ များဆုံးအဆိုတော်ဖြစ်လာသည်။

ဘီယွန်စေးနှင့် တေလာ ဆွစ်ဖ်တို့နှစ်ဦးလုံးသည် နံပါတ်(၁) တေးအယ်လ်ဘမ် သုံးခုစီရှိ သော အဆိုတော်များဖြစ်ကြ သည်။လေဒီဂါဂါ၏ တေးအယ်လ်ဘမ်သစ်သည် ချပ်ရေ ၂၀၁,၀၀၀ အထိ ရောင်းအားရှိနေပြီး အမျိုး သားရက်ပ်အဆိုတော် ဒရိတ်ခ်၏ Views တေးအယ်လ်ဘမ်သည် ရောင်းအား ၁ ဒသမ ၀၄ သန်းဖြင့် ထိပ်ဆုံး၌ ရပ်တည်နေသည်။

Joanne သည် လေဒီဂါဂါ ၏ ကွယ်လွန်သွားပြီဖြစ်သော အဒေါ်ဖြစ်သူကို အမှတ်တရပေးထားသော အမည်ဖြစ်ပြီး ၎င်း၏ Cheek to Cheek အယ်လ်ဘမ်၊ Artpop အယ်လ်ဘမ်နှင့် Born This Way အယ်လ်ဘမ်များသည် ၂၀၁၄၊ ၂၀၁၃ နှင့် ၂၀၁၁ တို့ တွင် နံပါတ်(၁)ဖြစ်ခဲ့သည့် တေး အယ်လ်ဘမ်များဖြစ်သည်။

ပြီးခဲ့သည့် ခြောက်နှစ်အ တွင်း ဘေလ်ဘုတ် ၂၀၀ စာရင်း တွင် ဂျပ်စတင်ဘီဘာနှင့် ဒရိတ်ခ် တို့က စုစုပေါင်း နံပါတ် (၁) အယ်လ်ဘမ်ခြောက်ခုစီဖြင့် အနုပညာရှင်အားလုံးအပေါ် ဦး ဆောင်ထားသည်။

‘‘ဒီဆယ်စုနှစ်မှာ နံပါတ် (၁) အယ်လ်ဘမ်အများဆုံးအမျိုးသ မီးအနုပညာရှင်ဖြစ်လာတာ ယုံ တောင် မယုံနိုင်ဘူး’’ဟု လေဒီဂါ ဂါက ၎င်း၏ တွစ်တာအကောင့် တွင် တနင်္ဂနွေနေ့က ရေးသားဖော် ပြထားသည်။


Credit: 7 day daily



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top