iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးအမ်ားစုက ခပ္္ဆုိးဆုိးေယာက္်ားေလးေတြအေပၚမွာ ပိုျပီးယုိင္လဲတတ္တယ္လို႔ ဆုိပါတယ္။ မိန္းကေလးေတြက ဘာေၾကာင့္ကိုယ့္အေပၚေကာင္းပါလိမ့္မယ္လုိ႔ အာမ မခံႏုိင္တဲ့ေယာက္်ားေတြကိုမွ ခ်စ္တတ္ၾကပါသလဲဆုိတာကို သိႏုိင္ဖို႔အတြက္ သိပၸံနည္းက်တဲ့ စမ္းသပ္မႈေတြ၊ ေလ့လာမႈေတြနဲ႔ သုေတသနေပါင္းမ်ားစြာကို လုပ္ခဲ့ၾကေပမယ့္ တိက်တဲ့အေျဖတစ္ခု မထုတ္ႏုိင္ခဲ့ပါဘူး။

လူတစ္ေယာက္ အခ်စ္ေရးတစ္ခုကို စတင္မိတဲ့အခါ ဘယ္လိုၾကဳံေတြ႔ဆက္ဆံရမယ္ဆုိတာကို အတိအက်ျပဌာန္းထားတာ မရွိပါဘူး။ ကိုယ့္ရဲ႕သဘာဝအလိုက္ တစ္ဖက္လူအေပၚခံစားမိတဲ့အတုိင္း တုန္႔ျပန္မိရုံပဲျဖစ္ပါတယ္။ အရြယ္ေရာက္လာလို႔ အခ်စ္ဆုိတာကို စျပီးနားလည္မိခ်ိန္မွာ အမွားအယြင္းေပါင္းမ်ားစြာကို လူတုိင္းလုပ္မိတတ္ၾကတာပါပဲ။ ကုိယ္ဘာေတြလုပ္ေနမိခဲ့လဲဆုိတာကို ခ်က္ခ်င္း မသုံးသပ္မိတတ္ဘဲ ေတာ္ေတာ္ေဝးေဝးေရာက္လုိ႔ ျပန္လွည့္ၾကည့္မိေတာ့မွ
 ေရးေရးေလးသေဘာေပါက္ေလ့ရွိပါတယ္။

ကိုယ့္ကို တန္ဖိုးမထားတတ္တဲ့ေယာက္်ားေလးေတြနဲ႔ တြဲမိခဲ့ဖူးတဲ့ မိန္းကေလးေတြအတြက္ အက်ဳိးေက်းဇူးေတြရွိပါတယ္လို႔ဆုိရင္ အ့ံၾသၾကမလားမသိဘူး။ တကယ္ပါ။ လူတစ္ေယာက္က ကိုယ္ဘာလုိခ်င္လဲဆုိတာကို သိဖု႔ိအတြက္ ကိုယ္ဘာကို မလုိခ်င္ဘူးလဲဆုိတာသိသြားရင္ လြယ္သြားပါတယ္။ ဒီလိုပါပဲ ကိုယ့္ကိုတန္ဖိုးမထားဘဲ ဆက္ဆံခံခဲ့ရဖူးရင္ ကုိယ္ဘယ္လိုပုုံစံမ်ဳိး ဆက္ဆံခံရရင္ စိတ္ခ်မ္းသာမလဲဆုိတာ ကိုယ္ခ်င္းစာတတ္သြားပါမယ္။

လူဆုိးတစ္ေယာက္ကို ခ်စ္ခဲ့မိဖူးတဲ့အတြက္ ကုိယ့္ကိုကို ေဒါသထြက္ေနပါသလား။ ကိုယ့္အေပၚမေကာင္းရက္ေလျခင္းလို႔ မခံခ်ိမခံသာနဲ႔ မုန္းေနပါသလား။ ဒီလိုလုံးဝအျဖစ္မခံပါနဲ႔။ ဒါက ကိုယ့္ကိုပိုေကာင္းတဲ့လူတစ္ေယာက္ျဖစ္ေအာင္ တြန္းအားေပးလိုက္တာပါ။ သူက ကိုယ့္အတြက္ သင္ခန္းစာတစ္ခုပါ။ အခ်စ္ေရးတစ္ခုမွာ ကိုယ္ဘာကို လက္ခံႏုိင္ျပီး ဘာေတြကို လက္မခံႏုိင္ဘူးလဲဆုိတာကို ကိုယ္သိေအာင္ သင္ေပးသြားတာပါ။ ေနာက္တစ္ခ်က္က သင္အသည္းကြဲရာက ျပန္ေကာင္းလာရင္ ပိုျပီးၾကံ့ခုိင္လာပါတယ္။ ကိုယ့္ဘဝရဲ႕ အဖုိးတန္လွတဲ့အခ်ိန္ေတြကို ထပ္မျဖဳန္းေတာ့ဘဲ တန္ဖိုးထားရမယ့္အရာေတြကို ေရြးခ်ယ္တတ္လာပါတယ္။

အဖုိးအတန္ဆုံးရလုိက္မယ့္ သင္ခန္းစာတစ္ခုကေတာ့ အခ်စ္ေရးေကာင္းတစ္ခုကို လုိခ်င္ရင္ လူေကာင္းတစ္ေယာက္နဲ႔မွရႏုိင္မယ္ဆုိတာကို သိလိုက္တာပါပဲ။ ကုိယ့္အေပၚ မေကာင္းခဲ့တဲ့လူေတြေၾကာင့္သာ လူေကာင္းတစ္ေယာက္နဲ႔ဆုံရတဲ့အခါ သူ႔ကိုတန္ဖိုးထားရေကာင္းမွန္းသိသြားတာပါ။ ဒါေၾကာင့္ သင္ဟာ ကံဆုိးတဲ့အခ်စ္ေရးအမ်ဳိးမ်ဳိးၾကဳံေစခဲ့တဲ့ လူေတြကိုေက်းဇူးတင္လိုက္ပါ။ သူတုိ႔သာမရွိခဲ့ရင္ လူေကာင္းတစ္ေယာက္ရဲ႕ တန္ဖုိးကိုေတာင္မသိဘဲ ေက်ာ္သြားမိမလားေတာင္ မသိလို႔ပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မိန်းကလေးအများစုက ခပ်ဆိုးဆိုးယောက်ျားလေးတွေအပေါ်မှာ ပိုပြီးယိုင်လဲတတ်တယ်လို့ ဆိုပါတယ်။ မိန်းကလေးတွေက ဘာကြောင့်ကိုယ့်အပေါ်ကောင်းပါလိမ့်မယ်လို့ အာမ မခံနိုင်တဲ့ယောက်ျားတွေကိုမှ ချစ်တတ်ကြပါသလဲဆိုတာကို သိနိုင်ဖို့အတွက် သိပ္ပံနည်းကျတဲ့ စမ်းသပ်မှုတွေ၊ လေ့လာမှုတွေနဲ့ သုတေသနပေါင်းများစွာကို လုပ်ခဲ့ကြပေမယ့် တိကျတဲ့အဖြေတစ်ခု မထုတ်နိုင်ခဲ့ပါဘူး။

လူတစ်ယောက် အချစ်ရေးတစ်ခုကို စတင်မိတဲ့အခါ ဘယ်လိုကြုံတွေ့ဆက်ဆံရမယ်ဆိုတာကို အတိအကျပြဌာန်းထားတာ မရှိပါဘူး။ ကိုယ့်ရဲ့သဘာဝအလိုက် တစ်ဖက်လူအပေါ်ခံစားမိတဲ့အတိုင်း တုန့်ပြန်မိရုံပဲဖြစ်ပါတယ်။ အရွယ်ရောက်လာလို့ အချစ်ဆိုတာကို စပြီးနားလည်မိချိန်မှာ အမှားအယွင်းပေါင်းများစွာကို လူတိုင်းလုပ်မိတတ်ကြတာပါပဲ။ ကိုယ်ဘာတွေလုပ်နေမိခဲ့လဲဆိုတာကို ချက်ချင်း မသုံးသပ်မိတတ်ဘဲ တော်တော်ဝေးဝေးရောက်လို့ ပြန်လှည့်ကြည့်မိတော့မှ ရေးရေးလေးသဘောပေါက်လေ့ရှိပါတယ်။

ကိုယ့်ကို တန်ဖိုးမထားတတ်တဲ့ယောက်ျားလေးတွေနဲ့ တွဲမိခဲ့ဖူးတဲ့ မိန်းကလေးတွေအတွက် အကျိုးကျေးဇူးတွေရှိပါတယ်လို့ဆိုရင် အံ့သြကြမလားမသိဘူး။ တကယ်ပါ။ လူတစ်ယောက်က ကိုယ်ဘာလိုချင်လဲဆိုတာကို သိဖု့ိအတွက် ကိုယ်ဘာကို မလိုချင်ဘူးလဲဆိုတာသိသွားရင် လွယ်သွားပါတယ်။ ဒီလိုပါပဲ ကိုယ့်ကိုတန်ဖိုးမထားဘဲ ဆက်ဆံခံခဲ့ရဖူးရင် ကိုယ်ဘယ်လိုပုုံစံမျိုး ဆက်ဆံခံရရင် စိတ်ချမ်းသာမလဲဆိုတာ ကိုယ်ချင်းစာတတ်သွားပါမယ်။

လူဆိုးတစ်ယောက်ကို ချစ်ခဲ့မိဖူးတဲ့အတွက် ကိုယ့်ကိုကို ဒေါသထွက်နေပါသလား။ ကိုယ့်အပေါ်မကောင်းရက်လေခြင်းလို့ မခံချိမခံသာနဲ့ မုန်းနေပါသလား။ ဒီလိုလုံးဝအဖြစ်မခံပါနဲ့။ ဒါက ကိုယ့်ကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် တွန်းအားပေးလိုက်တာပါ။ သူက ကိုယ့်အတွက် သင်ခန်းစာတစ်ခုပါ။ အချစ်ရေးတစ်ခုမှာ ကိုယ်ဘာကို လက်ခံနိုင်ပြီး ဘာတွေကို လက်မခံနိုင်ဘူးလဲဆိုတာကို ကိုယ်သိအောင် သင်ပေးသွားတာပါ။ နောက်တစ်ချက်က သင်အသည်းကွဲရာက ပြန်ကောင်းလာရင် ပိုပြီးကြံ့ခိုင်လာပါတယ်။ ကိုယ့်ဘဝရဲ့ အဖိုးတန်လှတဲ့အချိန်တွေကို ထပ်မဖြုန်းတော့ဘဲ တန်ဖိုးထားရမယ့်အရာတွေကို ရွေးချယ်တတ်လာပါတယ်။

အဖိုးအတန်ဆုံးရလိုက်မယ့် သင်ခန်းစာတစ်ခုကတော့ အချစ်ရေးကောင်းတစ်ခုကို လိုချင်ရင် လူကောင်းတစ်ယောက်နဲ့မှရနိုင်မယ်ဆိုတာကို သိလိုက်တာပါပဲ။ ကိုယ့်အပေါ် မကောင်းခဲ့တဲ့လူတွေကြောင့်သာ လူကောင်းတစ်ယောက်နဲ့ဆုံရတဲ့အခါ သူ့ကိုတန်ဖိုးထားရကောင်းမှန်းသိသွားတာပါ။ ဒါကြောင့် သင်ဟာ ကံဆိုးတဲ့အချစ်ရေးအမျိုးမျိုးကြုံစေခဲ့တဲ့ လူတွေကိုကျေးဇူးတင်လိုက်ပါ။ သူတို့သာမရှိခဲ့ရင် လူကောင်းတစ်ယောက်ရဲ့ တန်ဖိုးကိုတောင်မသိဘဲ ကျော်သွားမိမလားတောင် မသိလို့ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top