iMyanmarHouse.com - Best Property Website for Myanmar
×




Credit:Trend Myanmar



#Unicode Version

ကမ္ဘာကျော်အဆိုတော် ဘီယွန်စေးဟာ ပြီးခဲ့တဲ့ ကန်းထရီးဂီတအမျိုးအစား ဆုပေးပွဲမှာ ဖျော်ဖြေခဲ့ပြီးတဲ့နောက်ပိုင်း တေလာဆွစ်ဖ်ရဲ့ နောက်အယ်လ်ဘမ်မှာ Hip Hop မြူးဇစ်ပုံစံတွေ ပါဝင်လာမယ်လို့ကြားရတာ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ သူတို့နှစ်ယောက်ဟာ ပုံစံအပြောင်းအလဲတွေ လုပ်ရတာပဲ သဘောကျတာလား။ ပရိသတ်တွေကပဲ တောင်းဆိုလို့ပဲလား မကွဲပြားတာအမှန်ပါ။ အားလုံးသိတဲ့အတိုင်း တေလာဆွစ်ဖ်ဟာ အယ်လ်ဘမ်အသစ်မထွက် ရှိတာ တော်တော်လေး ကြာနေပါပြီ။ ဒီတော့ ပရိသတ်တွေကလည်း နောက်အယ်လ်ဘမ်မှာ ဘယ်လိုပုံစံတွေ ပါဦးမလဲဆိုပြီး စိတ်ဝင်စားနေကြပေမယ့် သူမကတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

 အယ်လ်ဘမ်နဲ့ပတ်သက်ပြီး ဘာမှရေရေရာရာ ပြောဆိုထားတာမျိုး မရှိပေမယ့် တေလာဆွစ်ဖ်ရဲ့ ခြောက်ခွေမြောက် ဒီအယ်လ်ဘမ်ဟာ R&B နဲ့ Hip Hop ဂီတအမျိုးအစားတွေ ရောပြီးပါဝင်လိမ့်မယ်ဆိုပြီး အတွင်းစကားတစ်ချို့အရ သိရပါတယ်။ အတွင်းစကားတွေအရတော့ သူမဟာ လုပ်နေကျပုံစံမဟုတ်တဲ့ ထူးခြားတဲ့အရာတွေ ပရိသတ်ကို ပေးချင်နေပါတယ်တဲ့။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း သူမရဲ့ 1989အခွေဟာ ပေါ့ပ်အခွေတစ်ခွေအဖြစ် ပရိသတ်ရှေ့မချပြခင် သူမကို စသိခဲ့ကြတာက ကန်းထရီးအဆိုတော်တစ်ယောက်အဖြစ်ပါ။ ဒီတော့ သူမရဲ့ ပရိသတ်တွေကတော့ သူမခုလို ပုံစံမျိုးစုံသီဆိုနေတာကို သဘောတွေ့ကောင်းတွေ့နေမှာပါပဲ။ အထူးအဆန်းဖြစ်ချင်မှတောင် ဖြစ်ပါလိမ့်မယ်။

သူမသီချင်းကို Kendrick Lamar remix ပြန်လုပ်ထားတဲ့ Bad Blood remix သီချင်းဟာဆိုရင်ဖြင့် Hip Hop ပုံစံနဲ့တော်တော်လေး နီးစပ်နေခဲ့ပြီ မဟုတ်လား။ ဒီတော့ ခုထွက်လာတဲ့ ကောလာဟလဟာလည်း အတည်ဖြစ်မသွားဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top