iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ အခ်ိန္ခါမွာ အမ်ိဳးသမီး သံုးဦးမွာ တဦးက ဆံပင္ဆိုးေဆးကို အသံုးျပဳ ေနၾကတာျဖစ္ၿပီး ၁ ႏွစ္မွာ ၉ ႀကိမ္ထက္ ပိုၿပီး ဆံပင္ဆိုးေဆး အသံုးျပဳတဲ့ အမ်ိဳးသမီးေတြဟာ ေသြးကင္ဆာ ျဖစ္ႏိုင္ေျခ ၆၀ ရာခိုင္ႏႈန္း ျမင့္မားတယ္လို႔ သုေတသန မွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

ဆံပင္ဆိုးေဆး အသံုးျပဳမႈမ်ားေၾကာင့္ သားျမတ္၊ ဆီးအိမ္၊ မ မ်ိဳးဥအိမ္၊ ဦးေႏွာက္နဲ႔ ေသြးကင္ဆာေတြ ျဖစ္ႏိုင္ေျခ ပိုမ်ားတယ္လို႔ သိရွိလာၾကေပမယ့္ အမ်ိဳးသမီးထုအတြင္း ဆံပင္ဆိုးေဆး အသံုးျပဳမႈကေတာ့ ပိုမိုမ်ားျပားလာ ေနပါတယ္။

ဆံပင္ဆိုးေဆးမွာ ပါဝင္တဲ့ ဓာတုပစၥည္းေတြဟာ ေဆးလိပ္ေငြ႔နဲ႔ တျခား ေလထုအတြင္း ညစ္ညမ္းတဲ့ ဓာတ္ပစၥည္းေတြနဲ႔ ထိေတြ႔တဲ့အခါမွာ ကင္ဆာ ျဖစ္ႏိုင္တဲ့ အစြမ္းထက္ဆံုး ျဒပ္ေပါင္း တမ်ိဳးအျဖစ္ ေျပာင္းလဲသြားပါတယ္။ အဲဒီျဒပ္ေပါင္းဟာ ဆင့္ပြား (Secondary Amines) အေနနဲ႔ ဆံပင္ဆိုးၿပီးတဲ့ေနာက္ ဦးေခါင္းအေရျပားအတြင္း ဝင္ေရာက္ႏိုင္တဲ့ အျပင္ ဆံပင္ေပၚမွာလည္း သီတင္း ပတ္ေပါင္း၊ လေပါင္း မ်ားစြာ ရွိေနႏိုင္ပါတယ္။

ဆံပင္ဆိုးေဆးတဖန္ အဲဒီ ဓာတုပစၥည္းဟာ ေဆးလိပ္ေငြ႔နဲ႔ ေမာ္ေတာ္ကား အိပ္ေဇာေငြ႔ေတြနဲ႔ ဓာတ္တံု႔ျပန္မႈ ျဖစ္ၿပီး အလြန္ အဆိပ္ျပင္းတဲ့ ဓာတုပစၥည္း N-nitrosamines ေတြ ျဖစ္ေပၚကာ ကင္ဆာ ေရာဂါကို ျဖစ္ေစႏိုင္တယ္လို႔ သုေတသီ ေတြက မွတ္ခ်က္ ေပးထားတာေၾကာင့္ ဆံပင္ဆိုးေဆးကို အတတ္ႏိုင္ဆံုး ေလွ်ာ့ခ် သံုးစြဲၾကဖို႔ အႀကံျပဳလိုက္ပါတယ္။

Credit:Burma.Irrawaddy


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ယနေ့ အချိန်ခါမှာ အမျိုးသမီး သုံးဦးမှာ တဦးက ဆံပင်ဆိုးဆေးကို အသုံးပြု နေကြတာဖြစ်ပြီး ၁ နှစ်မှာ ၉ ကြိမ်ထက် ပိုပြီး ဆံပင်ဆိုးဆေး အသုံးပြုတဲ့ အမျိုးသမီးတွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ သုတေသန မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဆံပင်ဆိုးဆေး အသုံးပြုမှုများကြောင့် သားမြတ်၊ ဆီးအိမ်၊ မ မျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာတွေ ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရှိလာကြပေမယ့် အမျိုးသမီးထုအတွင်း ဆံပင်ဆိုးဆေး အသုံးပြုမှုကတော့ ပိုမိုများပြားလာ နေပါတယ်။

ဆံပင်ဆိုးဆေးမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထုအတွင်း ညစ်ညမ်းတဲ့ ဓာတ်ပစ္စည်းတွေနဲ့ ထိတွေ့တဲ့အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်း တမျိုးအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီဒြပ်ပေါင်းဟာ ဆင့်ပွား (Secondary Amines) အနေနဲ့ ဆံပင်ဆိုးပြီးတဲ့နောက် ဦးခေါင်းအရေပြားအတွင်း ဝင်ရောက်နိုင်တဲ့ အပြင် ဆံပင်ပေါ်မှာလည်း သီတင်း ပတ်ပေါင်း၊ လပေါင်း များစွာ ရှိနေနိုင်ပါတယ်။

ဆံပင်ဆိုးဆေးတဖန် အဲဒီ ဓာတုပစ္စည်းဟာ ဆေးလိပ်ငွေ့နဲ့ မော်တော်ကား အိပ်ဇောငွေ့တွေနဲ့ ဓာတ်တုံ့ပြန်မှု ဖြစ်ပြီး အလွန် အဆိပ်ပြင်းတဲ့ ဓာတုပစ္စည်း N-nitrosamines တွေ ဖြစ်ပေါ်ကာ ကင်ဆာ ရောဂါကို ဖြစ်စေနိုင်တယ်လို့ သုတေသီ တွေက မှတ်ချက် ပေးထားတာကြောင့် ဆံပင်ဆိုးဆေးကို အတတ်နိုင်ဆုံး လျှော့ချ သုံးစွဲကြဖို့ အကြံပြုလိုက်ပါတယ်။

Credit:Burma.Irrawaddy


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top