iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Drmyanmar
Unicode Version
အမျိုးသားများအနေနဲ့ အလွန်အမင်းကျပ်နေတဲ့ အတွင်းခံဘောင်းဘီတွေဝတ်ပါက သုတ်ကောင်အရေအတွက်ကျဆင်းခြင်း၊ သုတ်ကောင်စွမ်းရည် မပြည့်မီခြင်းတို့ကြောင့် မျိုးအောင်နိုင်စွမ်း ကျဆင်းစေနိုင်ပါတယ်။ သုတ်ကောင်စွမ်းရည်ပြည့်မီပြီး သုတ်အကောင်အရေအတွက် လုံလုံလောက်လောက် ထုတ်နိုင်ရန်မှာယောကျာ်းအင်္ဂါအပူချိန်နဲ့ သက်ဆိုင်ပါတယ်။ အတွင်းခံဘောင်းဘီအကျပ်တွေ ဝတ်ခြင်းကြောင့် လေဝင်လေထွက်မရှိစေဘဲ ယောကျ်ားအင်္ဂါမှာအပူသက်ရောက်စေပြီး သုတ်ကောင်ထုတ်နိုင်စွမ်းလျော့ကျစေပါတယ်။
 သုတ်ကောင်ထုတ်နိုင်ဖို့ ရက်သတ္တပတ် 10-11 ပတ်ကြာအချိန်ယူရတာဖြစ်တဲ့အတွက် သုတ်ကောင်ပျက်စီးစေနိုင်တဲ့ အပြုအမူတွေဖြစ်တဲ့ အတွင်းခံဘောင်းဘီအကျပ်တွေ ဝတ်ဆင်ခြင်း၊ ချွေးထုတ်ခန်းတွင် အချိန်ကြာမြင့်စွာနေခြင်း၊ ရေပူရေချိုးကန်တွင် မကြာခဏရေစိမ်ချိုးခြင်း တို့ကို ရှောင်ကျဉ်သင့်ပါတယ်။ အထူးသဖြင့် အားကစားလုပ်ချိန်နဲ့ အချိန်ကြာမြင့်စွာထိုင်ရမယ့် အခြေအနေမျိုးမှာ ခန္ဓာကိုယ် သက်တောင့်သက်သာဖြစ်စေမယ့် ချောင်ချောင်ချိချိ အတွင်းခံဘောင်းဘီကိုသာရွေး ချယ်ဝတ်ဆင်ဖို့ဂရုပြုသင့်ပါတယ်။
Credit:Drmyanmar
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top