iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Momolay
Unicode Version
မကြာသေးမီအချိန်က ကိုယ်လုံးတီးအိပ်စက်ခြင်းရဲ့ ကောင်းကျိုးများဆိုပြီး အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။ ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှုအချို့အရတော့ ဒီအချက်ဟာ ဖြစ်နိုင်ချေနည်းပါတယ်။ ဒါပေမယ့် ကိုယ်လုံးတီးမအိပ်ဖြစ်ရင်တောင် အတွင်းခံတွေတော့ ချွတ်အိပ်သင့်ပါတယ်။ ဖြစ်နိုင်ရင် ညအိပ်ဝတ်အင်္ကျီလေးနဲ့ ပေ့ါပေါ့ပါးပါးအိပ်စက်ခြင်းကသာ အကောင်းဆုံးပါ။ သင်ဟာ ညအိပ်ချိန်မှာ အတွင်းခံဝတ်အိပ်ခဲ့မယ်ဆိုရင် အတွင်းခံဝတ်ထားတဲ့ နေရာတွေမှာ ချွေးစိုပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို အားပေးပါတယ်။ ဒီနောက်မှာတော့ အရေပြားဆိုင်ရာ ရောဂါတွေနဲ့ ယားနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါ့အပြင် အမျိုးသားများမှာဆိုရင် အတွင်းခံဝတ်အိပ်ခြင်းက မျိုးပွားနိုင်စွမ်းကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ရှားသင့်သလို အတွင်းခံချွတ်အိပ်ခြင်းက သွေးလှည့်ပတ်မှုကိုလည်း ပိုမိုကောင်းမွန်စေမှာပါ။ ညအိပ်ချိန်မှာ အတွင်းခံဝတ်မအိပ်သင့်ပေမယ့် အပြင်ထွက်မယ်ဆိုရင်တော့ အတွင်းခံဝတ်ဖို့ မမေ့ပါနဲ့လို့ သတိပေးလိုက်ပါရစေနော်။
Credit:Momolay
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top