iMyanmarHouse.com - Best Property Website for Myanmar
×

အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို အြန္လုိင္းမွာ ကုန္ဆုံးၾကေလ့ရွိတဲ့ ကၽြန္မတုိ ့ေတြအေနနဲ ့တစ္ခါတစ္ေလ ကိုယ့္ရဲ့ စိတ္ခံစားခ်က္ေတြ အကုန္လုံးကို ရင္ဖြင့္ခ်မိတာမ်ိဳး လုပ္မိဖုိ ့မဆန္းပါဘူး။ ဒါေပမယ့္ ဒါဟာ ကိုယ့္ရဲ့ နာမည္နဲ ့ဂုဏ္သတင္းအေပၚ အၾကီးအက်ယ္ သက္ေရာက္မွဳရွိေနႏိုင္တာကိုေကာ သတိျပဳမိပါရဲ့လား။ ေအာက္ေဖာ္ျပပါ အခ်က္ေတြကေတာ့ ဆုိရွယ္မီဒီယာၾကီးမွာ ကၽြန္မတုိ ့ၾကဳံေတြ ့ရေလ့ရွိျပီး လူတစ္ေယာက္ရဲ့ ဂုဏ္သတင္းကို ထိခုိက္ေစႏိုင္တဲ့ အရာေလးေတြ ျဖစ္ပါတယ္။

၁။ တစ္ခါတစ္ေလ တစ္ခ်ိဳ ့လူေတြက ေအာင္သြယ္ေတာ္၀က္ဘ္ဆုိဒ္နဲ ့ဆုိရွယ္မီဒီယာကို တူတူပဲထင္ေနၾကတယ္။

ေအာင္သြယ္ေတာ္၀က္ဘ္ဆုိဒ္နဲ ့ဆုိရွယ္မီဒီယာကို မွားေနၾကသူေတြကလည္း စိတ္ပ်က္စရာပါ။ ကုမၸဏီၾကီး တစ္ခုက CEO တစ္ေယာက္ဟာ လြန္္ခဲ့တဲ့ရက္ အနည္းငယ္ကပဲ ကၽြန္မ LinkedIn အေကာင့္ထဲကို မက္ေဆ့ပုိ ့ထားတယ္။ ကၽြန္မရဲ့ ရုပ္ရည္သြင္ျပင္ကို သေဘာက်တဲ့အေၾကာင္း၊ သူအားလပ္ရက္မွာ ဘာေတြ လုပ္တတ္တဲ့အေၾကာင္းနဲ ့အခြင့္သင့္ရင္ ညစာအတူစားဖုိ ့ေတြ ့ဆုံခ်င္တဲ့အေၾကာင္းေတြေပ့ါ။ ဒါနဲ ့ကၽြန္မလည္း ဒါဟာ Match.com လုိမ်ိဳး ေအာင္သြယ္ေတာ္၀က္ဘ္ဆုိဒ္ မဟုတ္ဘူးလုိ ့ျပန္ပုိ ့ျပီး တစ္ခါတည္း ဘေလာ့လုိက္တယ္။

၂။ Selfie ပုံကို ပေရာ္ဖက္ရွင္နယ္ ဓာတ္ပုံအျဖစ္ သုံးၾကတာမ်ိဳး။

ကိုယ့္ကို ဓာတ္ပုံရိုက္ေပးမယ့္လူကို ရွာရတာ မခက္ပါဘူး။ စီးပြားေရးပုိင္းဆုိင္ရာအေလးေပးထားတဲ့ LinkedIn လုိ ဆုိရွယ္မီဒီယာမ်ိဳးမွာ ပေရာ္ဖက္ရွင္နယ္တစ္ေယာက္အျဖစ္ ရပ္တည္မယ္ဆုိရင္ ကိုယ့္ရဲ့ ပရိုဖုိင္ပုံကိုလည္း ဓာတ္ပုံဆရာနဲ ့ရိုက္သင့္ပါတယ္။

၃။ ကိုယ့္စိတ္ထဲျဖစ္ေနသမွွွွ် ပုိ ့စ္ေတြ တင္ၾကတယ္။

အဆက္ေဟာင္း ဒါမွမဟုတ္ ကိုယ့္ဆီအလုပ္လာအပ္တဲ့လူ၊ လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္ေယာက္ကို စိတ္ဆုိးေဒါသထြက္ေနတာကို offline ပဲ ထားထားသင့္ပါတယ္။

၄။ တျခား စာမ်က္ႏွာေတြမွာ လက္လြတ္စပတ္ သြားေရးတတ္ၾကတယ္။

တျခား စာမ်က္ႏွာေတြ၊ တျခားလူေတြရဲ့ ပုိ ့စ္ေတြမွာ သူမ်ားၾကိဳက္လား၊မၾကိဳက္လားမသိ၊ လက္လြတ္စပတ္ သြားေရးတတ္တဲ့ လူေတြကလည္း ကိုယ့္နာမည္၊ဂုဏ္သတင္းကို ကိုယ္ျပန္ေျခမြေနတာနဲ ့တူပါတယ္။

၅။ ပုံေတြ တင္လြန္းအားၾကီးတယ္။

Kardashian တစ္ေယာက္လုိ ဓာတ္ပုံေတြ တင္တာမ်ိဳးက သူတုိ ့လုိ ဆယ္လီေတြအတြက္ေတာ့ ေကာင္းပါတယ္။

၆။ က်ား၊မလိင္ခြဲျခားတာမ်ိဳး၊ ရိုင္းစိုင္းတဲ့စကားလုံးမ်ိဳးေတြ တင္ေလ့ရွိတယ္။

သင္ဒါေတြကို ႏွစ္သက္ခြင့္ရွိေပမယ့္၊ ကိုယ့္လုိပေရာ္ဖက္ရွင္နယ္တစ္ေယာက္ကို follow လုပ္ထားတဲ့ လူေတြၾကားမွာေတာ့ share မလုပ္သင့္ပါဘူး။

၇။ Caps ေတြနဲ ့ပဲ စာရိုက္တတ္ၾကတာ။

စာလုံးေတြအကုန္လုံးကို စာလုံးအၾကီးေတြနဲ ့ပဲ ရိုက္တာမ်ိဳးကလည္း စိတ္အေႏွာင့္အယွက္ျဖစ္စရာ တစ္ခုပါ။

၈။ ကိုယ္ ဘာအရက္ေသာက္ေနတာကအစ တင္တတ္ၾကတယ္။

ဒါဟာ လုံး၀ပေရာ္ဖက္ရွင္နယ္မပီသတဲ့လူတစ္ေယာက္ရဲ့ လုပ္ရပ္မ်ိဳးပါ။

Credit : TrendMyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အချိန်တော်တော်များများကို အွန်လိုင်းမှာ ကုန်ဆုံးကြလေ့ရှိတဲ့ ကျွန်မတို့တွေအနေနဲ့တစ်ခါတစ်လေ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ အကုန်လုံးကို ရင်ဖွင့်ချမိတာမျိုး လုပ်မိဖို့မဆန်းပါဘူး။ ဒါပေမယ့် ဒါဟာ ကိုယ့်ရဲ့ နာမည်နဲ့ဂုဏ်သတင်းအပေါ် အကြီးအကျယ် သက်ရောက်မှုရှိနေနိုင်တာကိုကော သတိပြုမိပါရဲ့လား။ အောက်ဖော်ပြပါ အချက်တွေကတော့ ဆိုရှယ်မီဒီယာကြီးမှာ ကျွန်မတို့ကြုံတွေ့ရလေ့ရှိပြီး လူတစ်ယောက်ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေနိုင်တဲ့ အရာလေးတွေ ဖြစ်ပါတယ်။

၁။ တစ်ခါတစ်လေ တစ်ချို့လူတွေက အောင်သွယ်တော်ဝက်ဘ်ဆိုဒ်နဲ့ဆိုရှယ်မီဒီယာကို တူတူပဲထင်နေကြတယ်။

အောင်သွယ်တော်ဝက်ဘ်ဆိုဒ်နဲ့ဆိုရှယ်မီဒီယာကို မှားနေကြသူတွေကလည်း စိတ်ပျက်စရာပါ။ ကုမ္ပဏီကြီး တစ်ခုက CEO တစ်ယောက်ဟာ လွန်ခဲ့တဲ့ရက် အနည်းငယ်ကပဲ ကျွန်မ LinkedIn အကောင့်ထဲကို မက်ဆေ့ပို့ထားတယ်။ ကျွန်မရဲ့ ရုပ်ရည်သွင်ပြင်ကို သဘောကျတဲ့အကြောင်း၊ သူအားလပ်ရက်မှာ ဘာတွေ လုပ်တတ်တဲ့အကြောင်းနဲ့အခွင့်သင့်ရင် ညစာအတူစားဖို့တွေ့ဆုံချင်တဲ့အကြောင်းတွေပေ့ါ။ ဒါနဲ့ကျွန်မလည်း ဒါဟာ Match.com လိုမျိုး အောင်သွယ်တော်ဝက်ဘ်ဆိုဒ် မဟုတ်ဘူးလို့ပြန်ပို့ပြီး တစ်ခါတည်း ဘလော့လိုက်တယ်။

၂။ Selfie ပုံကို ပရော်ဖက်ရှင်နယ် ဓာတ်ပုံအဖြစ် သုံးကြတာမျိုး။

ကိုယ့်ကို ဓာတ်ပုံရိုက်ပေးမယ့်လူကို ရှာရတာ မခက်ပါဘူး။ စီးပွားရေးပိုင်းဆိုင်ရာအလေးပေးထားတဲ့ LinkedIn လို ဆိုရှယ်မီဒီယာမျိုးမှာ ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ် ရပ်တည်မယ်ဆိုရင် ကိုယ့်ရဲ့ ပရိုဖိုင်ပုံကိုလည်း ဓာတ်ပုံဆရာနဲ့ရိုက်သင့်ပါတယ်။

၃။ ကိုယ့်စိတ်ထဲဖြစ်နေသမှှှျှ ပို့စ်တွေ တင်ကြတယ်။

အဆက်ဟောင်း ဒါမှမဟုတ် ကိုယ့်ဆီအလုပ်လာအပ်တဲ့လူ၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်ကို စိတ်ဆိုးဒေါသထွက်နေတာကို offline ပဲ ထားထားသင့်ပါတယ်။

၄။ တခြား စာမျက်နှာတွေမှာ လက်လွတ်စပတ် သွားရေးတတ်ကြတယ်။

တခြား စာမျက်နှာတွေ၊ တခြားလူတွေရဲ့ ပို့စ်တွေမှာ သူများကြိုက်လား၊မကြိုက်လားမသိ၊ လက်လွတ်စပတ် သွားရေးတတ်တဲ့ လူတွေကလည်း ကိုယ့်နာမည်၊ဂုဏ်သတင်းကို ကိုယ်ပြန်ခြေမွနေတာနဲ့တူပါတယ်။

၅။ ပုံတွေ တင်လွန်းအားကြီးတယ်။

Kardashian တစ်ယောက်လို ဓာတ်ပုံတွေ တင်တာမျိုးက သူတို့လို ဆယ်လီတွေအတွက်တော့ ကောင်းပါတယ်။

၆။ ကျား၊မလိင်ခွဲခြားတာမျိုး၊ ရိုင်းစိုင်းတဲ့စကားလုံးမျိုးတွေ တင်လေ့ရှိတယ်။

သင်ဒါတွေကို နှစ်သက်ခွင့်ရှိပေမယ့်၊ ကိုယ့်လိုပရော်ဖက်ရှင်နယ်တစ်ယောက်ကို follow လုပ်ထားတဲ့ လူတွေကြားမှာတော့ share မလုပ်သင့်ပါဘူး။

၇။ Caps တွေနဲ့ပဲ စာရိုက်တတ်ကြတာ။

စာလုံးတွေအကုန်လုံးကို စာလုံးအကြီးတွေနဲ့ပဲ ရိုက်တာမျိုးကလည်း စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုပါ။

၈။ ကိုယ် ဘာအရက်သောက်နေတာကအစ တင်တတ်ကြတယ်။

ဒါဟာ လုံးဝပရော်ဖက်ရှင်နယ်မပီသတဲ့လူတစ်ယောက်ရဲ့ လုပ်ရပ်မျိုးပါ။

Credit : TrendMyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top