iMyanmarHouse.com - Best Property Website for Myanmar
×

ေခါင္းတစ္ျခမ္းကုိက္  ေ၀ဒနာအတြက္ အိမ္တြင္းကုထံုးေလးေတြနဲ႔ ကုသလို႔ရပါတယ္။

၁။ ေခါင္းကုိ အေအး(ေရခဲ)ကပ္ပါ

သင္ရဲ႕ နဖူး၊ ငယ္ထိပ္ ဒါမွမဟုတ္ လည္ကုပ္ေနရာကို ေရခဲကပ္ေပးတာက ေခါင္းကိုက္ေ၀ဒနာ သက္သာႏုိင္ပါတယ္။ ဘာေၾကာင့္ ေခါင္းကုိက္ေပ်ာက္ရသလဲ ဆုိတာကုိ ကၽြမ္းက်င္သူေတြက တိတိက်က် မရွင္းျပႏုိင္ေသးေပမယ့္ ေသြးလွည့္ပတ္မႈ ေလ်ာ့နည္းတာေၾကာင့္ တစ္စိတ္တစ္ပုိင္းျဖစ္ႏုိင္တယ္လုိ႔ ဆုိပါတယ္။

၂။ ေဆးဆုိင္ေပၚမွာ ဆရာ၀န္လက္မွတ္မပါဘဲ ၀ယ္လုိ႔ရတဲ့ အကုိက္အခဲ ေပ်ာက္ေဆး ၀ယ္ေသာက္ပါ

ပါရာစီတေမာနဲ႔ အက္စပရင္လုိမ်ဳိး အကုိက္အခဲေပ်ာက္ၿပီး ေရာင္ရမ္းမႈေလ်ာ့ေစတဲ့ ေဆး၀ါးေတြကုိ ေသာက္တာက ေခါင္းကုိက္တာ သက္သာသြားႏုိင္ပါတယ္။ အက္စပရင္ေဆး၀ါးကုိ အစာစားၿပီးမွသာ ေသာက္သံုးသင့္ပါတယ္။

၃။ ကဖင္း အသံုးျပဳပါ

ေကာ္ဖီနဲ႔ တျခားေဖ်ာ္ရည္ေတြမွာ ပါ၀င္တဲ့ ကဖင္းဓာတ္က ေခါင္းကုိက္ေ၀ဒနာကုိ သက္သာေစႏုိင္ပါတယ္။ ကဖင္းဟာ ေခါင္းကုိက္ေပ်ာက္ေဆးေတြကုိ ခႏၶာကုိယ္မွ စုပ္ယူမႈလည္း ျမန္ဆန္ေစႏုိင္ပါတယ္။

၄။ ေမွာင္ၿပီး ဆိတ္ၿငိမ္တဲ့အခန္းမွာ ေနပါ

ေတာက္ပတဲ့ အလင္းေရာင္နဲ႔ က်ယ္ေလာင္သံေတြက ေခါင္းကုိက္ေ၀ဒနာကုိ ပုိဆုိးရြားေစႏုိင္ပါတယ္။ ဒါေၾကာင့္ ေခါင္းကုိက္ တဲ့အခါမွာ ခန္းဆီးနဲ႔ အလင္းေရာင္ကုိ ကာလုိက္တာမ်ဳိး၊ ဆူညံသံကင္းတဲ့ေနရာမွာ ေနတာမ်ဳိးေတြက ေရာဂါကုိ အျမန္သက္သာႏုိင္ပါတယ္။

၅။ ေလ့က်င့္ခန္းလုပ္ပါ

ေခါင္းတစ္ျခမ္းကုိက္  ေနစဥ္မွာေတာ့ ေလ့က်င့္ခန္း မလုပ္သင့္ပါဘူး။ ေရာဂါကုိ ပုိမုိဆုိးရြားေစႏုိင္ပါတယ္။ ေခါင္းမကုိက္တဲ့အခ်ိန္ေတြမွာ ပံုမွန္ေလ့က်င့္ခန္းျပဳလုပ္တာက ေခါင္းမကုိက္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။ ေလ့က်င့္ခန္းျပဳလုပ္တာေၾကာင့္ ခႏၶာကုိယ္က နာက်င္မႈေ၀ဒနာကုိ တြန္းလွန္ႏုိုင္တဲ့ အန္ဒုိဖင္ေတြ ထြက္ရွိလာတဲ့အျပင္ စိတ္ဖိစီးမႈလည္း ေလ်ာ့နည္းႏုိင္ၿပီး အိပ္စက္မႈကုိ ေကာင္းမြန္ေစႏုိင္ပါတယ္။

၆။ မဂၢနီဆီယမ္ မွီ၀ဲပါ

အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္၊ ေကာက္ႏံွတစ္ခုလံုးပါ၀င္စာနဲ႔ အခြံမာသီးေတြမွာ ပါ၀င္တဲ့ မဂၢနီဆီယမ္က ေခါင္းတစ္ျခမ္းကုိက္ ေ၀ဒနာမျဖစ္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။ မဂၢနီဆီယမ္ကုိ ေသာက္ေဆးအျဖစ္ မွီ၀ဲလုိ႔ ရပါတယ္။ ေခါင္းကုိက္ေနစဥ္အတြင္းမွာေတာ့ မဂၢနီဆီယမ္ မွီ၀ဲရင္ ေ၀ဒနာ သက္သာႏုိင္မွာ မဟုတ္ပါဘူး။

၇။ အိပ္ေရး၀ေအာင္ အိပ္ပါ

အိပ္ေရး၀၀အိပ္တာက ေခါင္းတစ္ျခမ္းကုိက္ တဲ့အႀကိမ္ေရ ေလ်ာ့နည္းသြားႏုိင္ပါတယ္။ အိပ္ခ်ိန္မ်ားလြန္းတာ ဒါမွမဟုတ္ နည္းလြန္းတာက ေခါင္းကုိက္ေအာင္ လႈံ႔ေဆာ္ႏုိင္ပါတယ္။ ညစဥ္ အိပ္ခ်ိန္ကုိ ခုနစ္နာရီ ဒါမွမဟုတ္ ရွစ္နာရီ ရေအာင္ အိပ္ၿပီး အိပ္ခ်ိန္နဲ႔ ထခ်ိန္ဟာ ေန႔စဥ္ေန႔တုိင္း တူညီမႈရွိေနရပါမယ္။

၈။ ေယာဂက်င့္စဥ္ျပဳလုပ္ပါ

ႏွလံုးခုန္ေစတဲ့ ေလ့က်င့္ခန္းေတြက ေခါင္းတစ္ျခမ္းကုိက္ တာ မျဖစ္ေအာင္ ကာကြယ္ႏုိင္ေပမယ့္ တခ်ဳိ႕လူေတြမွာေတာ့ ေခါင္းကုိက္ေအာင္ လႈံ႔ေဆာ္ေပးႏုိင္ပါတယ္။ ျဖည္းျဖည္းခ်င္းေရြ႕လ်ားမႈျပဳလုပ္တဲ့ ေယာဂက်င့္စဥ္ကေတာ့ ေခါင္းကုိက္တဲ့အႀကိမ္အ ေရအတြက္ကုိ ေလ်ာ့နည္းေစႏုိင္ပါတယ္။

၉။ ဗီတာမင္ ဘီ ၂ မွီ၀ဲပါ

ႏြားႏုိ႔၊ ဒိန္ခဲ၊ ငါးနဲ႔ ၾကက္သားမွာ ပါ၀င္တဲ့ ႐ုိင္ဗုိဖေလဘင္ေခၚတဲ့ ဘီ ၂ ဟာ ေခါင္းတစ္ျခမ္းကုိက္ေ၀ဒနာ မျဖစ္ေအာင္ ကာကြယ္ႏုိင္တယ္လုိ႔ ေလ့လာမႈေတြအရ သိရပါတယ္။ ေဆး၀ါးအေနနဲ႔လည္း မွီ၀ဲႏုိင္ပါတယ္။

၁၀။ ေခါင္းကုိက္ေအာင္ လႈံ႔ေဆာ္ႏုိင္တဲ့ အခ်က္ေတြကုိ ေရွာင္ပါ

သင္ ေခါင္းတစ္ျခမ္းကုိက္ ေ၀ဒနာျဖစ္တာက တစ္ခါတစ္ရံမွာ သင္စားတဲ့ အစားအစာေၾကာင့္ ျဖစ္တတ္သလုိ တစ္ခါတစ္ရံမွာလည္း သင့္ပတ္၀န္းက်င္အေျခအေနေၾကာင့္ ျဖစ္တတ္ပါတယ္။ ဘာေၾကာင့္ ျဖစ္ရသလဲဆုိတာကုိ သတိထားၾကည့္ၿပီး ျဖစ္ေစတဲ့အေၾကာင္းရင္းကုိ ေရွာင္ပါ။ အနီေရာင္၀ုိင္၊ ဒိန္ခဲ၊ ေတာက္ပတဲ့ အလင္းေရာင္၊ အနံ႔ျပင္းျပင္းေတြနဲ႔ ေတာင္ေပၚေဒသမွာေနထုိင္တာက ေခါင္းတစ္ျခမ္းကုိက္ ျဖစ္ေအာင္ လႈံ႔ေဆာ္ႏုိင္တဲ့အေၾကာင္းရင္းေတြျဖစ္ပါတယ္။


Credit:Good health journal

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခေါင်းတစ်ခြမ်းကိုက်  ဝေဒနာအတွက် အိမ်တွင်းကုထုံးလေးတွေနဲ့ ကုသလို့ရပါတယ်။

၁။ ခေါင်းကို အအေး(ရေခဲ)ကပ်ပါ

သင်ရဲ့ နဖူး၊ ငယ်ထိပ် ဒါမှမဟုတ် လည်ကုပ်နေရာကို ရေခဲကပ်ပေးတာက ခေါင်းကိုက်ဝေဒနာ သက်သာနိုင်ပါတယ်။ ဘာကြောင့် ခေါင်းကိုက်ပျောက်ရသလဲ ဆိုတာကို ကျွမ်းကျင်သူတွေက တိတိကျကျ မရှင်းပြနိုင်သေးပေမယ့် သွေးလှည့်ပတ်မှု လျော့နည်းတာကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

၂။ ဆေးဆိုင်ပေါ်မှာ ဆရာဝန်လက်မှတ်မပါဘဲ ဝယ်လို့ရတဲ့ အကိုက်အခဲ ပျောက်ဆေး ဝယ်သောက်ပါ

ပါရာစီတမောနဲ့ အက်စပရင်လိုမျိုး အကိုက်အခဲပျောက်ပြီး ရောင်ရမ်းမှုလျော့စေတဲ့ ဆေးဝါးတွေကို သောက်တာက ခေါင်းကိုက်တာ သက်သာသွားနိုင်ပါတယ်။ အက်စပရင်ဆေးဝါးကို အစာစားပြီးမှသာ သောက်သုံးသင့်ပါတယ်။

၃။ ကဖင်း အသုံးပြုပါ

ကော်ဖီနဲ့ တခြားဖျော်ရည်တွေမှာ ပါဝင်တဲ့ ကဖင်းဓာတ်က ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ကဖင်းဟာ ခေါင်းကိုက်ပျောက်ဆေးတွေကို ခန္ဓာကိုယ်မှ စုပ်ယူမှုလည်း မြန်ဆန်စေနိုင်ပါတယ်။

၄။ မှောင်ပြီး ဆိတ်ငြိမ်တဲ့အခန်းမှာ နေပါ

တောက်ပတဲ့ အလင်းရောင်နဲ့ ကျယ်လောင်သံတွေက ခေါင်းကိုက်ဝေဒနာကို ပိုဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက် တဲ့အခါမှာ ခန်းဆီးနဲ့ အလင်းရောင်ကို ကာလိုက်တာမျိုး၊ ဆူညံသံကင်းတဲ့နေရာမှာ နေတာမျိုးတွေက ရောဂါကို အမြန်သက်သာနိုင်ပါတယ်။

၅။ လေ့ကျင့်ခန်းလုပ်ပါ

ခေါင်းတစ်ခြမ်းကိုက်  နေစဉ်မှာတော့ လေ့ကျင့်ခန်း မလုပ်သင့်ပါဘူး။ ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ခေါင်းမကိုက်တဲ့အချိန်တွေမှာ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာက ခေါင်းမကိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ခန္ဓာကိုယ်က နာကျင်မှုဝေဒနာကို တွန်းလှန်နိုင်တဲ့ အန်ဒိုဖင်တွေ ထွက်ရှိလာတဲ့အပြင် စိတ်ဖိစီးမှုလည်း လျော့နည်းနိုင်ပြီး အိပ်စက်မှုကို ကောင်းမွန်စေနိုင်ပါတယ်။

၆။ မဂ္ဂနီဆီယမ် မှီဝဲပါ

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ ကောက်နံှတစ်ခုလုံးပါဝင်စာနဲ့ အခွံမာသီးတွေမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်က ခေါင်းတစ်ခြမ်းကိုက် ဝေဒနာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ကို သောက်ဆေးအဖြစ် မှီဝဲလို့ ရပါတယ်။ ခေါင်းကိုက်နေစဉ်အတွင်းမှာတော့ မဂ္ဂနီဆီယမ် မှီဝဲရင် ဝေဒနာ သက်သာနိုင်မှာ မဟုတ်ပါဘူး။

၇။ အိပ်ရေးဝအောင် အိပ်ပါ

အိပ်ရေး၀၀အိပ်တာက ခေါင်းတစ်ခြမ်းကိုက် တဲ့အကြိမ်ရေ လျော့နည်းသွားနိုင်ပါတယ်။ အိပ်ချိန်များလွန်းတာ ဒါမှမဟုတ် နည်းလွန်းတာက ခေါင်းကိုက်အောင် လှုံ့ဆော်နိုင်ပါတယ်။ ညစဉ် အိပ်ချိန်ကို ခုနစ်နာရီ ဒါမှမဟုတ် ရှစ်နာရီ ရအောင် အိပ်ပြီး အိပ်ချိန်နဲ့ ထချိန်ဟာ နေ့စဉ်နေ့တိုင်း တူညီမှုရှိနေရပါမယ်။

၈။ ယောဂကျင့်စဉ်ပြုလုပ်ပါ

နှလုံးခုန်စေတဲ့ လေ့ကျင့်ခန်းတွေက ခေါင်းတစ်ခြမ်းကိုက် တာ မဖြစ်အောင် ကာကွယ်နိုင်ပေမယ့် တချို့လူတွေမှာတော့ ခေါင်းကိုက်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဖြည်းဖြည်းချင်းရွေ့လျားမှုပြုလုပ်တဲ့ ယောဂကျင့်စဉ်ကတော့ ခေါင်းကိုက်တဲ့အကြိမ်အ ရေအတွက်ကို လျော့နည်းစေနိုင်ပါတယ်။

၉။ ဗီတာမင် ဘီ ၂ မှီဝဲပါ

နွားနို့၊ ဒိန်ခဲ၊ ငါးနဲ့ ကြက်သားမှာ ပါဝင်တဲ့ ရိုင်ဗိုဖလေဘင်ခေါ်တဲ့ ဘီ ၂ ဟာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဆေးဝါးအနေနဲ့လည်း မှီဝဲနိုင်ပါတယ်။

၁၀။ ခေါင်းကိုက်အောင် လှုံ့ဆော်နိုင်တဲ့ အချက်တွေကို ရှောင်ပါ

သင် ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်တာက တစ်ခါတစ်ရံမှာ သင်စားတဲ့ အစားအစာကြောင့် ဖြစ်တတ်သလို တစ်ခါတစ်ရံမှာလည်း သင့်ပတ်ဝန်းကျင်အခြေအနေကြောင့် ဖြစ်တတ်ပါတယ်။ ဘာကြောင့် ဖြစ်ရသလဲဆိုတာကို သတိထားကြည့်ပြီး ဖြစ်စေတဲ့အကြောင်းရင်းကို ရှောင်ပါ။ အနီရောင်ဝိုင်၊ ဒိန်ခဲ၊ တောက်ပတဲ့ အလင်းရောင်၊ အနံ့ပြင်းပြင်းတွေနဲ့ တောင်ပေါ်ဒေသမှာနေထိုင်တာက ခေါင်းတစ်ခြမ်းကိုက် ဖြစ်အောင် လှုံ့ဆော်နိုင်တဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။


Credit:Good health journal



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top