iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္စက္ျခင္းက အခုအခါ လူေျပာမ်ားတဲ့အေၾကာင္းအရာတစ္ခု ျဖစ္ပါတယ္။ ေကာင္းမြန္စြာ အိပ္စက္ႏိုင္ဖုိ႕အတြက္ဆုိရင္ ေန႔စဥ္ပုံမွန္အေလ့အက်င့္တစ္ခု ပ်ဳိးေထာင္ေပးဖုိ႕ လိုပါတယ္။ တစ္ေန႔တာအတြက္ အသင့္ျဖစ္ေအာင္ မနက္ခင္းပုံမွန္ က်င့္စဥ္တစ္ခုနဲ႔  ညအိပ္ဖုိ႔ အသင့္ျဖစ္ေနေအာင္ ညဘက္ပုံမွန္က်င့္စဥ္တစ္ခုခု ရိွထားဖုိ႔လုိပါတယ္။

အေမြးန႔ံဖ်န္းပါ

ညအိပ္ခ်ိန္ ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ဖုိ႕ ပထမဆံုးလုပ္ေဆာင္ရမွာက ကိုယ္အိပ္တဲ့ အခန္းေလးကို အနံ႕ေလးေတြသင္းေနေအာင္ အေမႊးရနံ႕တစ္ခုခု ဖ်န္းေပးရပါမယ္။ အိပ္ခန္းထဲ၀င္လိုက္တာနဲ႕ ပင္ပန္းတာေတြ ေျပေပ်ာက္ျပီး စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ လာဗင္ဒါအေမႊးနံ႕စတာေတြလည္း ဖ်န္းေပးႏိုင္ပါတယ္။ ခုလိုလုပ္တာက စိတ္ဖိစီးမႈေတြကို သက္သာေစရုံမက လြယ္လြယ္ကူကူပဲ အိပ္ေပ်ာ္သြားေစပါလိမ့္မယ္။

အေၾကာဆန္႔ပါ

လည္ပင္း အတြန္႔အေခါက္ျဖစ္တာ၊ ေက်ာျပင္ေအာက္ပုိင္း နာက်င္တာ၊ သုိ႔မဟုတ္ ၾကြက္တက္တာေတြေၾကာင့္ တခါတရံ တစ္ညလုံး လူးလိွမ့္ေနရတတ္ပါလိမ့္မယ္။ ဒါေတြမခံစားရေအာင္ အေၾကာဆန္႕ေလ့က်င့္ခန္းေတြကို မအိပ္ခင္ လုပ္ေဆာင္ၾကည့္ပါ။ အိပ္ခါနီးကပ္ျပီးေတာ့ လုပ္တာမ်ိဳး မဟုတ္ပဲ၊ နာရီေလးနည္းနည္းျခားျပီး လုပ္ၾကည့္ပါ။ အေၾကာဆန္႕ေလ့က်င့္ခန္းေတြက ခုနက ခံစားေနရတဲ့ ေ၀ဒနာေတြကို ဖယ္ရွားေပးပါလိမ့္မယ္။ သူက သင့္ကို ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေစရံုမက စိတ္ပင္ပန္းမႈေတြပါ ေပ်ာက္ကင္းေစပါလိမ့္မယ္။

ျငိမ့္ေညာင္းတဲ့ သံစဥ္ေတြနားေထာင္ပါ

ဖုန္းကေန ျငိမ့္ေညာင္းတဲ့ သံစဥ္ေတြဖြင့္၊ အသံတျဖည္းျဖည္းတုိးသြားျပီး ေနာက္ဆုံး အသံတိတ္သြားတဲ့ သံစဥ္မ်ဳိးေတြ ဖြင့္နားေထာင္ပါ။

အိပ္ခန္းကို ဖုန္းကင္းမဲ့ဇုံအျဖစ္ ဖန္တီးပါ

Screen က ထုတ္လႊတ္တဲ့အလင္းက melatonin ေဟာ္မုန္းပမာဏ ဖရုိဖရဲျဖစ္ေစျပီး circadian rhythm ပ်က္ယြင္းေစႏုိင္ပါတယ္။ စာအုပ္ဖတ္ပါ။ စာအုပ္ဖတ္တာက counting sheep လုပ္တာထက္ အမ်ားၾကီးပိုေကာင္းပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အိပ်စက်ခြင်းက အခုအခါ လူပြောများတဲ့အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အတွက်ဆိုရင် နေ့စဉ်ပုံမှန်အလေ့အကျင့်တစ်ခု ပျိုးထောင်ပေးဖို့ လိုပါတယ်။ တစ်နေ့တာအတွက် အသင့်ဖြစ်အောင် မနက်ခင်းပုံမှန် ကျင့်စဉ်တစ်ခုနဲ့  ညအိပ်ဖို့ အသင့်ဖြစ်နေအောင် ညဘက်ပုံမှန်ကျင့်စဉ်တစ်ခုခု ရှိထားဖို့လိုပါတယ်။

အမွေးနံ့ဖျန်းပါ

ညအိပ်ချိန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ပထမဆုံးလုပ်ဆောင်ရမှာက ကိုယ်အိပ်တဲ့ အခန်းလေးကို အနံ့လေးတွေသင်းနေအောင် အမွှေးရနံ့တစ်ခုခု ဖျန်းပေးရပါမယ်။ အိပ်ခန်းထဲဝင်လိုက်တာနဲ့ ပင်ပန်းတာတွေ ပြေပျောက်ပြီး စိတ်ပြေလက်ပျောက်ဖြစ်အောင် လာဗင်ဒါအမွှေးနံ့စတာတွေလည်း ဖျန်းပေးနိုင်ပါတယ်။ ခုလိုလုပ်တာက စိတ်ဖိစီးမှုတွေကို သက်သာစေရုံမက လွယ်လွယ်ကူကူပဲ အိပ်ပျော်သွားစေပါလိမ့်မယ်။

အကြောဆန့်ပါ

လည်ပင်း အတွန့်အခေါက်ဖြစ်တာ၊ ကျောပြင်အောက်ပိုင်း နာကျင်တာ၊ သို့မဟုတ် ကြွက်တက်တာတွေကြောင့် တခါတရံ တစ်ညလုံး လူးလှိမ့်နေရတတ်ပါလိမ့်မယ်။ ဒါတွေမခံစားရအောင် အကြောဆန့်လေ့ကျင့်ခန်းတွေကို မအိပ်ခင် လုပ်ဆောင်ကြည့်ပါ။ အိပ်ခါနီးကပ်ပြီးတော့ လုပ်တာမျိုး မဟုတ်ပဲ၊ နာရီလေးနည်းနည်းခြားပြီး လုပ်ကြည့်ပါ။ အကြောဆန့်လေ့ကျင့်ခန်းတွေက ခုနက ခံစားနေရတဲ့ ဝေဒနာတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ သူက သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေရုံမက စိတ်ပင်ပန်းမှုတွေပါ ပျောက်ကင်းစေပါလိမ့်မယ်။

ငြိမ့်ညောင်းတဲ့ သံစဉ်တွေနားထောင်ပါ

ဖုန်းကနေ ငြိမ့်ညောင်းတဲ့ သံစဉ်တွေဖွင့်၊ အသံတဖြည်းဖြည်းတိုးသွားပြီး နောက်ဆုံး အသံတိတ်သွားတဲ့ သံစဉ်မျိုးတွေ ဖွင့်နားထောင်ပါ။

အိပ်ခန်းကို ဖုန်းကင်းမဲ့ဇုံအဖြစ် ဖန်တီးပါ

Screen က ထုတ်လွှတ်တဲ့အလင်းက melatonin ဟော်မုန်းပမာဏ ဖရိုဖရဲဖြစ်စေပြီး circadian rhythm ပျက်ယွင်းစေနိုင်ပါတယ်။ စာအုပ်ဖတ်ပါ။ စာအုပ်ဖတ်တာက counting sheep လုပ်တာထက် အများကြီးပိုကောင်းပါတယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top