iMyanmarHouse.com - Best Property Website for Myanmar
×





Credit:Yoyarlay

#Unicode Version
ရှစ်လအရွယ် ကလေးငယ် လေးတွေတောင် အပြစ်ရှိ တဲ့ အပြုအမူ ဆိုးတွေကို မကြိုက်ကြကြောင်း လေ့လာ ချက်တစ်ခုမှာ တွေ့ခဲ့ရပါတယ်လို့ သုတေသန အသစ် တစ်ခုမှာ ဖော်ပြလိုက်ပါတယ်။
လေ့လာသုတေ သနပြု ချက်အရ ၈ လ အရွယ် ကလေးငယ်များဟာ ကြင်နာ တတ်တဲ့ ရုပ်သေးရုပ် ကလေးများကို ကြိုက်ရုံတင်မက ဖော်ရွေမှုမရှိ အနိုင်ကျင့်တဲ့ အကျင့်ရှိတဲ့ ရုပ်သေးရုပ် လေးရဲ့ မကောင်းတဲ့ အပြုအမူအကျင့်ဆိုး များကို မကြိုက်ကြ ကြောင်းလည်း တိုက်ရိုက်အတည်ပြု ထောက်ခံကြ တာတွေ့ခဲ့ရ ပါသတဲ့။
မြောက်အမေရိက သုတေသီများဟာ ကလေးငယ် ပေါင်း ၁၀ဝ အား တိရစ္ဆာန် ရုပ်သေးပွဲ ၄ မျိုး တင်ဆက် ကပြခဲ့ကြရာမှ လေ့လာသုတေသန ပြုခဲ့ခြင်း ဖြစ်ပါ တယ်။ ထိုရုပ်သေး ပွဲမှာ အခြားသူများကို ကောင်းမွန် စွာ ပြုမူပေါင်း သင်း ဆက်ဆံတဲ့ ရုပ်သေးလေးတွေနဲ့ အခြားသူအပေါ် မကောင်းတဲ့အပြု အမူဆိုးတွေနဲ့ ဆက်ဆံ တတ်တဲ့ ရုပ်သေးရုပ် လေးတွေကို ဇာတ် လမ်းထဲမှာ ပါဝင်ကပြ ဖြေဖျော် စေခဲ့ပါတယ်။
ရုပ်သေးပွဲ ပြီးတဲ့အခါ ပွဲကြည့် ကလေး ငယ်များအား ထိုတိရစ္ဆာန် ရုပ်သေးရုပ်လေး များအား ပြသပြီး သူတို့ကြိုက်ရာ ရွေးချယ်စေတဲ့အခါ အပြုအမူ အကျင့်ဆိုးရှိတဲ့ တိရစ္ဆာန် ရုပ်သေးလေး တွေကို အနိုင်ရအောင် ဆုံးမပေးနိုင်တဲ့ တိရစ္ဆာန်ရုပ် သေးရုပ်လေး များကိုသာ ရွေးချယ်ကြောင်း တွေ့ခဲ့ ရပါသတဲ့။



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit:မေ
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top