iMyanmarHouse.com - Best Property Website for Myanmar
×

ကိုရီးယားႏိုင္ငံရဲ႕ အေက်ာ္အေမာ္အႏုပညာရွင္ေတြထဲ တစ္ဦးအပါအ၀င္ျဖစ္တဲ့ Lee Byung Hun ဟာ သူ စိတ္ကစဥ္႕ကလ်ား ခံစားခဲ့ရတဲ့ အေၾကာင္းအရာတစ္ခုကို ဖက္ရွင္မဂၢဇင္း Esquire မွာ ေျပာၾကာသြားခဲ့ပါတယ္။ "ျပီးခဲ့တဲ့ႏွစ္ေတြတုန္းက က်ြန္ေတာ္ အလြယ္တကူ စိတ္တုိေဒါသထြက္လြယ္ျပီး စိတ္ကစဥ္႕ကလ်ားသလို ေ၀ဒနာမ်ိဳး ခံစားခဲ့ရပါတယ္။ က်ြန္ေတာ့ပံုစံကိုက တစ္ခုခုဆုိ စိတ္ပူတတ္တယ္။ အဲ့ဒါကိုမွ စိတ္ကစဥ္႕ကလ်ားျဖစ္သလို ခံစားရရင္ အသက္ေတာင္ မရႈႏိုင္ဘူး။ ဘာ့ေၾကာင့္ ဒီလိုျဖစ္တာလည္း ဆုိတာလည္း က်ြန္ေတာ္ စဥ္းစားမရဘူး"လို႕ ဆုိပါတယ္။

သူဆက္ေျပာသြားတာက "ကိုယ္တိုင္က အႏုပညာရွင္တစ္ေယာက္ဆုိေတာ့ ေရဒီယိုထုတ္လႊင့္မႈအစီအစဥ္ေတြ၊ ေနာက္ ပရိသတ္ေတြနဲ႕ ေတြ႕ဆံုပြဲေတြကို က်ြန္ေတာ္ဘယ္လိုမွ ေရွာင္မရဘူး။ အဲ့ဒီလို စိတ္ကစဥ္႕ကလ်ားျဖစ္ေနတဲ့အခ်ိန္ အဲ့ဒီလို တစ္ေနရာရာကို ေရာက္ေနရင္ ေသခ်ာတယ္ က်ြန္ေတာ္ ဘာမွမၾကားေတာ့ဘူး။ စိတ္က ဟာလာဟင္းလင္းၾကီး ျဖစ္သြားသလိုပဲ"တဲ့။

အဲ့ဒီတုန္းက ဘာလုပ္သင့္သလဲ၊ အေ၀းကို ထြက္ေျပးသင့္သလား၊ ဘာလုပ္ႏိုင္မလဲဆုိတဲ့ ေမးခြန္းေတြနဲ႕ စိတ္ရႈပ္ေထြးခဲ့ရတဲ့ Lee Byung Hun ဟာ ျပန္လည္တည္ျငိမ္သြားဖုိ႕ အနည္းဆံုးအခ်ိန္ ဆယ္မိနစ္နီးပါး ၾကာတတ္ေၾကာင္းလည္း ဖြင့္ဟခဲ့ပါတယ္။ "ေနာက္ဆံုး က်ြန္ေတာ္ေတြးတာက ငါဒီေနရာမွာ ေပ်ာက္ဆံုးသြားမယ္ဆုိရင္လည္း ေပ်ာက္သြားပါေစေတာ့၊ ငါဒါကို သည္းခံျပီး ေနရမွာပဲဆိုျပီး ေတြးမိတယ္။

Lee Byung Hun ကို လူတုိင္းက ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူ တစ္ေယာက္လို႕ သိထားၾကျပီး အလုပ္တြဲလုပ္ဖူးသူေတြကလည္း အျမဲတမ္းရယ္ေမာေပ်ာ္ရႊင္ေနတတ္သူလို႕ ဆုိၾကပါတယ္။ ခုခ်ိန္မွာေတာ့ သူဟာ ေကာင္းမြန္တဲ့ အေျခအေနတစ္ရပ္ကို ျပန္လည္ေရာက္ရွိေနျပီမုိ႕ ပရိသတ္ေတြလည္း သူ႕အတြက္ စိတ္ပူပန္စရာမလိုဘူးလို႕ အင္တာဗ်ဴးမွာ ေျဖၾကားသြားခဲ့ပါတယ္။

Credit :Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုရီးယားနိုင်ငံရဲ့ အကျော်အမော်အနုပညာရှင်တွေထဲ တစ်ဦးအပါအဝင်ဖြစ်တဲ့ Lee Byung Hun ဟာ သူ စိတ်ကစဥ့်ကလျား ခံစားခဲ့ရတဲ့ အကြောင်းအရာတစ်ခုကို ဖက်ရှင်မဂ္ဂဇင်း Esquire မှာ ပြောကြာသွားခဲ့ပါတယ်။ "ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် အလွယ်တကူ စိတ်တိုဒေါသထွက်လွယ်ပြီး စိတ်ကစဥ့်ကလျားသလို ဝေဒနာမျိုး ခံစားခဲ့ရပါတယ်။ ကျွန်တော့ပုံစံကိုက တစ်ခုခုဆို စိတ်ပူတတ်တယ်။ အဲ့ဒါကိုမှ စိတ်ကစဥ့်ကလျားဖြစ်သလို ခံစားရရင် အသက်တောင် မရှုနိုင်ဘူး။ ဘာ့ကြောင့် ဒီလိုဖြစ်တာလည်း ဆိုတာလည်း ကျွန်တော် စဉ်းစားမရဘူး"လို့ ဆိုပါတယ်။

သူဆက်ပြောသွားတာက "ကိုယ်တိုင်က အနုပညာရှင်တစ်ယောက်ဆိုတော့ ရေဒီယိုထုတ်လွှင့်မှုအစီအစဉ်တွေ၊ နောက် ပရိသတ်တွေနဲ့ တွေ့ဆုံပွဲတွေကို ကျွန်တော်ဘယ်လိုမှ ရှောင်မရဘူး။ အဲ့ဒီလို စိတ်ကစဥ့်ကလျားဖြစ်နေတဲ့အချိန် အဲ့ဒီလို တစ်နေရာရာကို ရောက်နေရင် သေချာတယ် ကျွန်တော် ဘာမှမကြားတော့ဘူး။ စိတ်က ဟာလာဟင်းလင်းကြီး ဖြစ်သွားသလိုပဲ"တဲ့။

အဲ့ဒီတုန်းက ဘာလုပ်သင့်သလဲ၊ အဝေးကို ထွက်ပြေးသင့်သလား၊ ဘာလုပ်နိုင်မလဲဆိုတဲ့ မေးခွန်းတွေနဲ့ စိတ်ရှုပ်ထွေးခဲ့ရတဲ့ Lee Byung Hun ဟာ ပြန်လည်တည်ငြိမ်သွားဖို့ အနည်းဆုံးအချိန် ဆယ်မိနစ်နီးပါး ကြာတတ်ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။ "နောက်ဆုံး ကျွန်တော်တွေးတာက ငါဒီနေရာမှာ ပျောက်ဆုံးသွားမယ်ဆိုရင်လည်း ပျောက်သွားပါစေတော့၊ ငါဒါကို သည်းခံပြီး နေရမှာပဲဆိုပြီး တွေးမိတယ်။

Lee Byung Hun ကို လူတိုင်းက ပျော်ပျော်နေတတ်တဲ့သူ တစ်ယောက်လို့ သိထားကြပြီး အလုပ်တွဲလုပ်ဖူးသူတွေကလည်း အမြဲတမ်းရယ်မောပျော်ရွှင်နေတတ်သူလို့ ဆိုကြပါတယ်။ ခုချိန်မှာတော့ သူဟာ ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ပြန်လည်ရောက်ရှိနေပြီမို့ ပရိသတ်တွေလည်း သူ့အတွက် စိတ်ပူပန်စရာမလိုဘူးလို့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top