iMyanmarHouse.com - Best Property Website for Myanmar
×

လူ အမ်ားစုဟာ ဘ၀ ရဲ႕ အခ်ိန္ ၅ ႏွစ္ခန္႔ကို စိတ္ပူျခင္းေတြနဲ႔ ကုန္ဆံုးေစၾကတယ္လို႔ ေလ့လာမႈ တစ္ခုက ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

အခုလိုရွာေဖြေတြ႕ရွိဖို႔အတြက္ သုေတသန စစ္တမ္းေကာက္ယူမႈ တစ္ခုလုပ္ခဲ့ရၿပီး ထို စစ္တမ္းေကာက္ယူမႈ မွာပါ၀င္တဲ့ ၈၆ ရာခိုင္ႏႈန္းကေတာ့ သူတို႔ကို သူတို႔ စိတ္ပူတတ္သူေတြလို႔ သတ္မွတ္ထားၾကပါတယ္။

ဒါ့အျပင္ ထိုသုေတသန ကေန ေဖာ္ျပႏိုင္ခဲ့တာက ကၽြႏ္ုပ္တို႔ဟာ ပ်မ္းမွ်အားျဖင့္ တစ္ေန႔ကို ၁ နာရီ မိနစ္ ၅၀ ခန္႔ စိတ္ပူျခင္းနဲ႔ အခ်ိန္ကုန္ဆံုးေစခဲ့ၿပီး တစ္ပတ္မွာဆိုရင္ေတာ့ ၁၂ နာရီနဲ႔ ၅၃ မိနစ္ စာ ပ်မ္းမွ် ရွိပါတယ္။ ဘ၀ တစ္သက္စာအတြက္ လူတစ္ေယာက္ရဲ႕ ပ်မ္းမွ် အသက္ရွင္ခ်ိန္ ၆၄ ႏွစ္အတြင္းမွာ ဆိုရင္ ကၽြႏ္ုပ္တို႔ဟာ ၄ ႏွစ္နဲ႔ ၁၁ လ တိတိ စိတ္ပူျခင္းနဲ႔ အခ်ိန္ကုန္ဆံုးေစခဲ့ၾကပါတယ္။

ထို စစ္တမ္းေကာက္ယူမႈ အရ လူေတြစိတ္ပူ ရတာ အမ်ားဆံုး အရာကေတာ့ အလုပ္ပါ။ အျခား ေငြေရးေၾကးေရး ျပသနာ ေတြ ၊ ေနာက္က်တာေတြ ၊ ကိုယ္ခ်စ္တဲ့သူတစ္ေယာက္ရဲ႕ က်န္းမာေရး အေျခအေနေတြ နဲ႔ ကိုယ္ပိုင္က်န္းမာေရး အေျခအေနေတြေၾကာင့္လည္း စိတ္ပူတာမ်ားပါတယ္။ အျခား စိတ္ပူစရာ ကိစၥေတြကေတာ့ အခ်စ္ေရး ၊ ရထား ( သို႔ ) ကား မမီွမွာ ၊ ႏိႈးစက္မည္တဲ့အခ်ိန္မထတာ ၊ ပံုပန္းသ႑န္ နဲ႔ မိသားစု လံုၿခံဳေရးတို႔ပဲ ျဖစ္ပါတယ္။

ထို ေလ့လာ စစ္တမ္းေကာက္ယူမႈက ၿဗိတိန္ ႏိုင္ငံသား အေယာက္ ၂၀၀၀ ကို စမ္းသပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ထို စစ္တမ္းေကာက္ခံသူေတြရဲ႕ ၈၄ ရာခိုင္ႏႈန္းခန္႔ဟာ စိတ္ပူျခင္းေၾကာင့္ အိပ္ေရးပ်က္ေနၾကတယ္လို႔ဆိုပါတယ္။ ထို သုေတသနကို ဦးေဆာင္ခဲ့သူတစ္ေယာက္ကေတာ့ ဒီရွာေဖြေတြ႕ရွိမႈဟာ လူေတြကို သတိေပးလိုက္တာပဲ ျဖစ္တယ္လို႔ဆိုပါတယ္။

လူ ၁၀ ေယာက္မွာ ၆ ေယာက္အထက္က စိတ္ပူျခင္းဟာ က်န္းမာေပ်ာ္ရႊင္တဲ့ဘ၀ေနထိုင္မႈကို ထိခိုက္ေစႏိုင္တယ္လို႔ ဆိုၾကၿပီး အခ်ိဳ႕ေတာ့ စိတ္ပူတတ္ျခင္းေၾကာင့္ မိတ္ေဆြေတြနဲ႔ စကားမ်ားျခင္း ၊ အခ်စ္ေရးမွာ ေ၀းကြာေနတတ္ျခင္း နဲ႔ တစ္ခ်ိဳ႕ဆို အလုပ္ျပဳတ္သြားတဲ့အထိ သက္ေရာက္မႈေတြရွိခဲ့ပါတယ္။ အဲဒီလို စိတ္ပူတတ္သူေတြထဲမွာ ၃၄ ရာခိုင္ႏႈန္းခန္႔ကသာ မိမိ စိတ္ပူေနရတဲ့အေၾကာင္းအရာကို ဖြင့္ဟေျပာျပေလ့ရွိၿပီး ၄ ပံု ၁ ပံုကေတာ့ သူတို႔ရဲ႕ စိတ္ပူပန္မႈ ေတြကို ၿမိဳသိပ္ထားၾကတတ္ပါတယ္။

၇၂ ရာခိုင္ႏႈန္းကေတာ့ သူတို႔အေနနဲ႔ စိတ္ပူေနရတဲ့အေၾကာင္းေတြကို တစ္စံုတစ္ေယာက္နဲ႔ ေ၀မွ်လိုက္တဲ့အခါမွာ စိတ္ပူတာ နည္းသြားေစတယ္လို႔ ၀န္ခံထားၾကပါတယ္။ ၁၀ ေယာက္မွာ ၈ ေယာက္ကေတာ့ စိတ္ပူသင့္တာထက္ပိုစိတ္ပူတတ္တာကို ၀န္ခံထားၾကျပန္ပါတယ္။ ၁၀ ေယာက္မွာ ၇ ေယာက္ခန္႔ကေတာ့ သူတို႔ တစ္စံုတစ္ခုကို စိတ္ပူတဲ့အခါမွာ သူတို႔ကိုယ္သူတို႔ တည္ၿငိမ္သြားေစတဲ့ နည္းလမ္းေတြကို ႀကိဳးစားေဆာင္ရြက္တတ္ၾကတယ္လို႔ ဆိုျပန္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Thit Htoo Lwin


#Unicode Version
လူ အများစုဟာ ဘ၀ ရဲ့ အချိန် ၅ နှစ်ခန့်ကို စိတ်ပူခြင်းတွေနဲ့ ကုန်ဆုံးစေကြတယ်လို့ လေ့လာမှု တစ်ခုက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အခုလိုရှာဖွေတွေ့ရှိဖို့အတွက် သုတေသန စစ်တမ်းကောက်ယူမှု တစ်ခုလုပ်ခဲ့ရပြီး ထို စစ်တမ်းကောက်ယူမှု မှာပါဝင်တဲ့ ၈၆ ရာခိုင်နှုန်းကတော့ သူတို့ကို သူတို့ စိတ်ပူတတ်သူတွေလို့ သတ်မှတ်ထားကြပါတယ်။

ဒါ့အပြင် ထိုသုတေသန ကနေ ဖော်ပြနိုင်ခဲ့တာက ကျွန်ုပ်တို့ဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ၁ နာရီ မိနစ် ၅၀ ခန့် စိတ်ပူခြင်းနဲ့ အချိန်ကုန်ဆုံးစေခဲ့ပြီး တစ်ပတ်မှာဆိုရင်တော့ ၁၂ နာရီနဲ့ ၅၃ မိနစ် စာ ပျမ်းမျှ ရှိပါတယ်။ ဘ၀ တစ်သက်စာအတွက် လူတစ်ယောက်ရဲ့ ပျမ်းမျှ အသက်ရှင်ချိန် ၆၄ နှစ်အတွင်းမှာ ဆိုရင် ကျွန်ုပ်တို့ဟာ ၄ နှစ်နဲ့ ၁၁ လ တိတိ စိတ်ပူခြင်းနဲ့ အချိန်ကုန်ဆုံးစေခဲ့ကြပါတယ်။

ထို စစ်တမ်းကောက်ယူမှု အရ လူတွေစိတ်ပူ ရတာ အများဆုံး အရာကတော့ အလုပ်ပါ။ အခြား ငွေရေးကြေးရေး ပြသနာ တွေ ၊ နောက်ကျတာတွေ ၊ ကိုယ်ချစ်တဲ့သူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေတွေ နဲ့ ကိုယ်ပိုင်ကျန်းမာရေး အခြေအနေတွေကြောင့်လည်း စိတ်ပူတာများပါတယ်။ အခြား စိတ်ပူစရာ ကိစ္စတွေကတော့ အချစ်ရေး ၊ ရထား ( သို့ ) ကား မမှီမှာ ၊ နှိုးစက်မည်တဲ့အချိန်မထတာ ၊ ပုံပန်းသဏ္ဍန် နဲ့ မိသားစု လုံခြုံရေးတို့ပဲ ဖြစ်ပါတယ်။

ထို လေ့လာ စစ်တမ်းကောက်ယူမှုက ဗြိတိန် နိုင်ငံသား အယောက် ၂၀၀၀ ကို စမ်းသပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ထို စစ်တမ်းကောက်ခံသူတွေရဲ့ ၈၄ ရာခိုင်နှုန်းခန့်ဟာ စိတ်ပူခြင်းကြောင့် အိပ်ရေးပျက်နေကြတယ်လို့ဆိုပါတယ်။ ထို သုတေသနကို ဦးဆောင်ခဲ့သူတစ်ယောက်ကတော့ ဒီရှာဖွေတွေ့ရှိမှုဟာ လူတွေကို သတိပေးလိုက်တာပဲ ဖြစ်တယ်လို့ဆိုပါတယ်။

လူ ၁၀ ယောက်မှာ ၆ ယောက်အထက်က စိတ်ပူခြင်းဟာ ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုကို ထိခိုက်စေနိုင်တယ်လို့ ဆိုကြပြီး အချို့တော့ စိတ်ပူတတ်ခြင်းကြောင့် မိတ်ဆွေတွေနဲ့ စကားများခြင်း ၊ အချစ်ရေးမှာ ဝေးကွာနေတတ်ခြင်း နဲ့ တစ်ချို့ဆို အလုပ်ပြုတ်သွားတဲ့အထိ သက်ရောက်မှုတွေရှိခဲ့ပါတယ်။ အဲဒီလို စိတ်ပူတတ်သူတွေထဲမှာ ၃၄ ရာခိုင်နှုန်းခန့်ကသာ မိမိ စိတ်ပူနေရတဲ့အကြောင်းအရာကို ဖွင့်ဟပြောပြလေ့ရှိပြီး ၄ ပုံ ၁ ပုံကတော့ သူတို့ရဲ့ စိတ်ပူပန်မှု တွေကို မြိုသိပ်ထားကြတတ်ပါတယ်။

၇၂ ရာခိုင်နှုန်းကတော့ သူတို့အနေနဲ့ စိတ်ပူနေရတဲ့အကြောင်းတွေကို တစ်စုံတစ်ယောက်နဲ့ ဝေမျှလိုက်တဲ့အခါမှာ စိတ်ပူတာ နည်းသွားစေတယ်လို့ ဝန်ခံထားကြပါတယ်။ ၁၀ ယောက်မှာ ၈ ယောက်ကတော့ စိတ်ပူသင့်တာထက်ပိုစိတ်ပူတတ်တာကို ဝန်ခံထားကြပြန်ပါတယ်။ ၁၀ ယောက်မှာ ၇ ယောက်ခန့်ကတော့ သူတို့ တစ်စုံတစ်ခုကို စိတ်ပူတဲ့အခါမှာ သူတို့ကိုယ်သူတို့ တည်ငြိမ်သွားစေတဲ့ နည်းလမ်းတွေကို ကြိုးစားဆောင်ရွက်တတ်ကြတယ်လို့ ဆိုပြန်ပါတယ်။



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Thit Htoo Lwin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top