iMyanmarHouse.com - Best Property Website for Myanmar
×

ဇီကာဗုိင္းရပ္စ္ဟာ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြထံမွာသာမက အမ်ိဳးသားေတြထံမွာလည္း ႀကီးမားတဲ့ ဆိုးက်ိဳးသက္ေရာက္မႈ ရွိလာႏုိင္ေၾကာင္း ေဆးဝါးသုေတသီေတြက ေဖာ္ထုတ္လုိက္ပါတယ္။

ဇီကာကူးစက္ခံရတဲ့ အမ်ိဳးသားေတြရဲ႕ ေဝွးေစ့ဟာ ဗိုင္းရပ္စ္ပိုးေၾကာင့္ က်ံဳ႕သြားေစႏုိင္တယ္လုိ႔ သတိေပးလိုက္တာျဖစ္ပါတယ္။ ဒီသုေတသနက ထြက္လာရတဲ့ ရလဒ္ကို ဝါရွင္တန္တကၠသိုလ္က ေဒါက္တာ မိုက္ကယ္ဒိုင္းမြန္းက ေျပာပါတယ္။ ဇီကာဗုိင္းရပ္စ္ရဲ႕ ဆိုးက်ိဳးေတြကို ၾကြက္ေတြအသံုးျပဳၿပီး စမ္းသပ္ထားတာျဖစ္ပါတယ္။

ဇီကာဗုိင္းရပ္စ္ ကူးစက္တာ ခံလိုက္ရတဲ့ ၾကြက္ထီးေတြဟာ ေဝွးေစ့ ပံုမွန္ထက္ေသးငယ္သြားတဲ့အျပင္ သုတ္ပိုးထုတ္လႊတ္ႏိုင္မႈလည္း ေလ်ာ့နည္းသြားပါတယ္။ အေၾကာင္းရင္းကေတာ့ ဇီကာေရာဂါပိုးေတြဟာ ခႏၶာကိုယ္အတြင္းက ဆဲလ္ေတြကို ေသဆံုးေစလို႔ ျဖစ္ေၾကာင္း သိရပါတယ္။

ဇီကာေၾကာင့္ ေဝွးေစ့ေသးသြားတာမ်ိဳးဟာ ျပန္လည္ကုစားလို႔ မရႏုိင္ေၾကာင္း သုေတသီအခ်ိဳ႕က ယံုၾကည္ထားပါတယ္။ ဇီကာ ကူးစက္ခံရတဲ့ ၾကြက္ ၉၀ ရာခိုင္ႏႈန္းက ဒီဆိုးက်ိဳးခံခဲ့ရေပမယ့္ လူအမ်ိဳးသားေတြမွာ အလားတူ ျဖစ္မယ္ဆိုတာမ်ိဳး တိက်တဲ့ ရလဒ္ထြက္မလာေသးပါဘူး။


Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဇီကာဗိုင်းရပ်စ်ဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေထံမှာသာမက အမျိုးသားတွေထံမှာလည်း ကြီးမားတဲ့ ဆိုးကျိုးသက်ရောက်မှု ရှိလာနိုင်ကြောင်း ဆေးဝါးသုတေသီတွေက ဖော်ထုတ်လိုက်ပါတယ်။

ဇီကာကူးစက်ခံရတဲ့ အမျိုးသားတွေရဲ့ ဝှေးစေ့ဟာ ဗိုင်းရပ်စ်ပိုးကြောင့် ကျုံ့သွားစေနိုင်တယ်လို့ သတိပေးလိုက်တာဖြစ်ပါတယ်။ ဒီသုတေသနက ထွက်လာရတဲ့ ရလဒ်ကို ဝါရှင်တန်တက္ကသိုလ်က ဒေါက်တာ မိုက်ကယ်ဒိုင်းမွန်းက ပြောပါတယ်။ ဇီကာဗိုင်းရပ်စ်ရဲ့ ဆိုးကျိုးတွေကို ကြွက်တွေအသုံးပြုပြီး စမ်းသပ်ထားတာဖြစ်ပါတယ်။

ဇီကာဗိုင်းရပ်စ် ကူးစက်တာ ခံလိုက်ရတဲ့ ကြွက်ထီးတွေဟာ ဝှေးစေ့ ပုံမှန်ထက်သေးငယ်သွားတဲ့အပြင် သုတ်ပိုးထုတ်လွှတ်နိုင်မှုလည်း လျော့နည်းသွားပါတယ်။ အကြောင်းရင်းကတော့ ဇီကာရောဂါပိုးတွေဟာ ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေကို သေဆုံးစေလို့ ဖြစ်ကြောင်း သိရပါတယ်။

ဇီကာကြောင့် ဝှေးစေ့သေးသွားတာမျိုးဟာ ပြန်လည်ကုစားလို့ မရနိုင်ကြောင်း သုတေသီအချို့က ယုံကြည်ထားပါတယ်။ ဇီကာ ကူးစက်ခံရတဲ့ ကြွက် ၉၀ ရာခိုင်နှုန်းက ဒီဆိုးကျိုးခံခဲ့ရပေမယ့် လူအမျိုးသားတွေမှာ အလားတူ ဖြစ်မယ်ဆိုတာမျိုး တိကျတဲ့ ရလဒ်ထွက်မလာသေးပါဘူး။


Credit:Duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top