iMyanmarHouse.com - Best Property Website for Myanmar
×

အန္ဂ်လီနာဂ်ဳိလီဟာ ယခု အသက္ အသက္ ၁၂ ႏွစ္ရွိၿပီျဖစ္တဲ့ ပက္စ္သီရန္ကို ေမြးစားခဲ့တဲ့ ဗီယက္နမ္မိဘမဲ့ေဂဟာကို တစ္ေခါက္မွ ျပန္ေရာက္မလာခဲ့ဘူးလို႔ သိရပါတယ္။

ဂ်ဳိလီဟာ ပက္စ္ ၃ ႏွစ္အရြယ္မွာ ဗီယက္နမ္ရွိ Tam Binh မိဘမဲ့ေဂဟာကို ေရာက္ရွိကာ ပက္စ္ကို ေခၚယူေမြးစားခဲ့တာျဖစ္ၿပီး ယင္းအခ်ိန္ကတည္းက ျပန္မလာခဲ့တာလို႔ ဆုိပါတယ္။

"ကၽြန္မ မၾကာခင္ျပန္လာခဲ့မွာပါ" လို႔  အသက္ ၄၁ ႏွစ္အရြယ္ ဂ်ဳိလီက ၂၀၀၇ ခုႏွစ္တုန္းက Tam Binh မိဘမဲ့ေဂဟာကို ကတိေပးခဲ့တယ္လို႔ ဆုိပါတယ္။

အစိုးရက ေထာက္ပံ့ထားတဲ့ ယင္းေဂဟာဟာ ေငြေၾကးအခက္အခဲနဲ႔ ရင္ဆုိင္ေနရပါတယ္။

အစိုးရရဲ႕ေထာက္ပံ့ေၾကးက တစ္လကို ေဒၚလာ ၆၀ ေက်ာ္သာ ရွိတဲ့အတြက္ ယင္းေငြေၾကးနဲ႔ မေလာက္ငဘူးလို႔ ေဂဟာဝန္ထမ္းတစ္ဦးက ေျပာျပခဲ့ပါတယ္။

ကေလးေတြကို အုပ္ထိန္းခြင့္ရဖုိ႔အတြက္ ခင္ပြန္းေဟာင္း ဘရတ္ပစ္နဲ႔ တရားရင္ဆုိင္ေနတဲ့ ဂ်ဳိလီဟာ လူတင္ေရာက္မလာခဲ့႐ံုမကဘဲ ယင္းအခ်ိန္ကစလို႔ ေဂဟာကို ေထာက္ပံ့လွဴဒါန္းမႈမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အန်ဂျလီနာဂျိုလီဟာ ယခု အသက် အသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ ပက်စ်သီရန်ကို မွေးစားခဲ့တဲ့ ဗီယက်နမ်မိဘမဲ့ဂေဟာကို တစ်ခေါက်မှ ပြန်ရောက်မလာခဲ့ဘူးလို့ သိရပါတယ်။

ဂျိုလီဟာ ပက်စ် ၃ နှစ်အရွယ်မှာ ဗီယက်နမ်ရှိ Tam Binh မိဘမဲ့ဂေဟာကို ရောက်ရှိကာ ပက်စ်ကို ခေါ်ယူမွေးစားခဲ့တာဖြစ်ပြီး ယင်းအချိန်ကတည်းက ပြန်မလာခဲ့တာလို့ ဆိုပါတယ်။

"ကျွန်မ မကြာခင်ပြန်လာခဲ့မှာပါ" လို့  အသက် ၄၁ နှစ်အရွယ် ဂျိုလီက ၂၀၀၇ ခုနှစ်တုန်းက Tam Binh မိဘမဲ့ဂေဟာကို ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရက ထောက်ပံ့ထားတဲ့ ယင်းဂေဟာဟာ ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

အစိုးရရဲ့ထောက်ပံ့ကြေးက တစ်လကို ဒေါ်လာ ၆၀ ကျော်သာ ရှိတဲ့အတွက် ယင်းငွေကြေးနဲ့ မလောက်ငဘူးလို့ ဂေဟာဝန်ထမ်းတစ်ဦးက ပြောပြခဲ့ပါတယ်။

ကလေးတွေကို အုပ်ထိန်းခွင့်ရဖို့အတွက် ခင်ပွန်းဟောင်း ဘရတ်ပစ်နဲ့ တရားရင်ဆိုင်နေတဲ့ ဂျိုလီဟာ လူတင်ရောက်မလာခဲ့ရုံမကဘဲ ယင်းအချိန်ကစလို့ ဂေဟာကို ထောက်ပံ့လှူဒါန်းမှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top