iMyanmarHouse.com - Best Property Website for Myanmar
×

ေအးစိမ့္တဲ့ ရာသီဥတု ကို ေရာက္လာရင္ လူတိုင္းလို အေအးမိျခင္း ၊ တုပ္ေကြး မိျခင္း စတဲ့ ဖ်ားနာမႈေတြ ျဖစ္ေပၚ လာပါတယ္။ ေခ်ာင္းဆိုးျခင္း ၊ ႏွာေခ်ျခင္းေတြ အျဖစ္မ်ား လာပါတယ္။ ဒါဟာ ရာသီဥတု မွာ ပါလာတဲ့ တုပ္ေကြး လို ဗိုင္းရပ္စ္ ေတြေၾကာင့္ပါ။ မႏွစ္က တုန္းက ၿဗိတိန္ လူမ်ိဳး ၈၁ ရာခိုင္ႏႈန္းဟာ အေအးမိျခင္းကို ခံစားခဲ့ ရပါတယ္။

ဒီလို အေအးမိ ဖ်ားနာျခင္း ၊ ေခ်ာင္းဆိုးျခင္းတို႔ကို ေရွာင္လႊဲဖို႔ ဆိုတာမျဖစ္ႏိုင္ပါဘူး။ ဒီဗိုင္းရပ္စ္ေတြက လူတိုင္းကို အလြယ္တကူ ကပ္တြယ္ လာႏိုင္ပါတယ္။ အေကာင္းဆံုး ေျဖရွင္းရမယ့္ နည္းလမ္းကေတာ့ ခုခံအား ေကာင္းေနေအာင္ ျပဳမူေနထိုင္ဖို႔ပါ။ ဒါမွသာ ဗိုင္းရပ္စ္ေတြ အလြယ္တကူ မ၀င္ေရာက္ႏိုင္ပဲ အေအးမိ ၊ ဖ်ားနာ ၊ တုပ္ေကြး ၊ ေခ်ာင္းဆိုးစတဲ့ ေရာဂါေတြကေန ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။

ခုခံအား စနစ္ ေကာင္းမြန္ေနဖို႔ အတြက္ စားသံုးေပး သင့္တဲ့ အစားအစာေတြ ရွိပါတယ္။ အဲဒါေတြကေတာ့ -

၁။ ၾကက္ဥ

ၾကက္ဥမွာ ခုခံအားစနစ္ကို အေထာက္အပံ့ ေပးႏိုင္တဲ့ Selenium ၾကြယ္၀စြာ ပါ၀င္ေနပါတယ္။ ဒါေၾကာင့္ ၾကက္ဥ စားျခင္းဟာ ခုခံအားစနစ္ကို ေကာင္းမြန္လာေစပါတယ္။

၂။ တရုတ္ ဆီးသီးေျခာက္

လိေမၼာ္ေရာင္ရွိၿပီး မက္မြန္သီးနဲ႔ ဆင္တူတဲ့ တရုတ္ဆီးသီးေျခာက္ေတြဟာ ခုခံအားစနစ္အတြက္ လိုအပ္တဲ့ သံဓါတ္ကို ျပည့္၀စြာေပးစြမ္းႏိုင္ပါတယ္။ ခုခံအားစနစ္ေကာင္းမြန္ေနဖို႔အတြက္ သံဓါတ္ဟာလည္း အေရးႀကီးပါတယ္။

၃။ ဟင္းႏုႏြယ္ ၊ ကိုက္လန္ နဲ႔ အစိမ္းရင့္ေရာင္ အရြက္မ်ား

ဟင္းႏုႏြယ္ ၊ ကိုက္လန္ နဲ႔ အစိမ္းရင့္ေရာင္ ရွိတဲ့ ဟင္းသီးဟင္းရြက္ေတြဟာ ဗီတာမင္ စီ ၾကြယ္၀စြာ ပါ၀င္ေနတဲ့အတြက္ ခုခံအားစနစ္ကုိ ေကာင္းမြန္ေစႏိုင္ပါတယ္။ ခုခံအား စနစ္ ေကာင္းမြန္ေနဖို႔အတြက္ အစားအစာ တစ္ခုထဲပဲ စားသံုးေနလို႔ မရႏိုင္ပါဘူး။ ဗီတာမင္ အမ်ိဳးမ်ိဳးကို ျပည့္၀စြာ ရရွိေနေစဖို႔ အစားအစာ အမ်ိဳးမ်ိဳးကို သင့္တင့္ မွ်တစြာ စားသံုးေပးသင့္ပါတယ္။

၄။ အသား နဲ႔ အခြံပါ ငါးမ်ား

အသား နဲ႔ ငါးေတြဟာ သတၱဳ ဓါတ္ၾကြယ္၀စြာ ပါ၀င္ေနတာေၾကာင့္ ခုခံအား စနစ္ကို သာမန္အေနအထား မ်ိဳးမွာ ထိန္းသိမ္းထားေပးႏိုင္ပါတယ္။ အနီေရာင္ရင့္ရင့္ အသားေတြကိုေတာ့ ေရွာင္ၾကဥ္သင့္ပါတယ္။ ထို အနီေရာင္ရင့္ရင့္ အသားေတြဟာ ခုခံအား စနစ္အတြက္ အေထာက္အပံ့မေပးႏိုင္တဲ့အျပင္ ကင္ဆာေရာဂါ လည္း ျဖစ္ေစႏိုင္ပါတယ္။

၅။ အာလူးနဲ႔ သခြားေမႊး

အာလူးနဲ႔ သခြားေမႊးတို႔ဟာ ဗီတာမင္ ေအ ပါ၀င္တဲ့အတြက္ ခုခံအားစနစ္ကို ေကာင္းမြန္ေအာင္ ထိန္းသိမ္းေပးဖို႔ ကူညီေပးႏိုင္ပါတယ္။ ဒါ့အျပင္ အာလူးနဲ႔ သခြားေမႊး တို႔ဟာ ႏွာေခါင္းနဲ႔ ဆိုင္တဲ့ ေရာဂါေတြ ကိုလည္း သက္သာေစၿပီး ႏွာေခ်ျခင္းအတြက္ အထူးေကာင္းမြန္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Thit Htoo Lwin

#Unicode Version
အေးစိမ့်တဲ့ ရာသီဥတု ကို ရောက်လာရင် လူတိုင်းလို အအေးမိခြင်း ၊ တုပ်ကွေး မိခြင်း စတဲ့ ဖျားနာမှုတွေ ဖြစ်ပေါ် လာပါတယ်။ ချောင်းဆိုးခြင်း ၊ နှာချေခြင်းတွေ အဖြစ်များ လာပါတယ်။ ဒါဟာ ရာသီဥတု မှာ ပါလာတဲ့ တုပ်ကွေး လို ဗိုင်းရပ်စ် တွေကြောင့်ပါ။ မနှစ်က တုန်းက ဗြိတိန် လူမျိုး ၈၁ ရာခိုင်နှုန်းဟာ အအေးမိခြင်းကို ခံစားခဲ့ ရပါတယ်။

ဒီလို အအေးမိ ဖျားနာခြင်း ၊ ချောင်းဆိုးခြင်းတို့ကို ရှောင်လွှဲဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ ဒီဗိုင်းရပ်စ်တွေက လူတိုင်းကို အလွယ်တကူ ကပ်တွယ် လာနိုင်ပါတယ်။ အကောင်းဆုံး ဖြေရှင်းရမယ့် နည်းလမ်းကတော့ ခုခံအား ကောင်းနေအောင် ပြုမူနေထိုင်ဖို့ပါ။ ဒါမှသာ ဗိုင်းရပ်စ်တွေ အလွယ်တကူ မဝင်ရောက်နိုင်ပဲ အအေးမိ ၊ ဖျားနာ ၊ တုပ်ကွေး ၊ ချောင်းဆိုးစတဲ့ ရောဂါတွေကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ခုခံအား စနစ် ကောင်းမွန်နေဖို့ အတွက် စားသုံးပေး သင့်တဲ့ အစားအစာတွေ ရှိပါတယ်။ အဲဒါတွေကတော့ -

၁။ ကြက်ဥ

ကြက်ဥမှာ ခုခံအားစနစ်ကို အထောက်အပံ့ ပေးနိုင်တဲ့ Selenium ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ကြက်ဥ စားခြင်းဟာ ခုခံအားစနစ်ကို ကောင်းမွန်လာစေပါတယ်။

၂။ တရုတ် ဆီးသီးခြောက်

လိမ္မော်ရောင်ရှိပြီး မက်မွန်သီးနဲ့ ဆင်တူတဲ့ တရုတ်ဆီးသီးခြောက်တွေဟာ ခုခံအားစနစ်အတွက် လိုအပ်တဲ့ သံဓါတ်ကို ပြည့်ဝစွာပေးစွမ်းနိုင်ပါတယ်။ ခုခံအားစနစ်ကောင်းမွန်နေဖို့အတွက် သံဓါတ်ဟာလည်း အရေးကြီးပါတယ်။

၃။ ဟင်းနုနွယ် ၊ ကိုက်လန် နဲ့ အစိမ်းရင့်ရောင် အရွက်များ

ဟင်းနုနွယ် ၊ ကိုက်လန် နဲ့ အစိမ်းရင့်ရောင် ရှိတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်နေတဲ့အတွက် ခုခံအားစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ခုခံအား စနစ် ကောင်းမွန်နေဖို့အတွက် အစားအစာ တစ်ခုထဲပဲ စားသုံးနေလို့ မရနိုင်ပါဘူး။ ဗီတာမင် အမျိုးမျိုးကို ပြည့်ဝစွာ ရရှိနေစေဖို့ အစားအစာ အမျိုးမျိုးကို သင့်တင့် မျှတစွာ စားသုံးပေးသင့်ပါတယ်။

၄။ အသား နဲ့ အခွံပါ ငါးများ

အသား နဲ့ ငါးတွေဟာ သတ္တု ဓါတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခုခံအား စနစ်ကို သာမန်အနေအထား မျိုးမှာ ထိန်းသိမ်းထားပေးနိုင်ပါတယ်။ အနီရောင်ရင့်ရင့် အသားတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ထို အနီရောင်ရင့်ရင့် အသားတွေဟာ ခုခံအား စနစ်အတွက် အထောက်အပံ့မပေးနိုင်တဲ့အပြင် ကင်ဆာရောဂါ လည်း ဖြစ်စေနိုင်ပါတယ်။

၅။ အာလူးနဲ့ သခွားမွှေး

အာလူးနဲ့ သခွားမွှေးတို့ဟာ ဗီတာမင် အေ ပါဝင်တဲ့အတွက် ခုခံအားစနစ်ကို ကောင်းမွန်အောင် ထိန်းသိမ်းပေးဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အာလူးနဲ့ သခွားမွှေး တို့ဟာ နှာခေါင်းနဲ့ ဆိုင်တဲ့ ရောဂါတွေ ကိုလည်း သက်သာစေပြီး နှာချေခြင်းအတွက် အထူးကောင်းမွန်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:Thit Htoo Lwin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top