iMyanmarHouse.com - Best Property Website for Myanmar
×

မိခင္ဘ၀ဆုိတာ ေလာကမွာ အခက္အခဲဆံုးအလုပ္တစ္ခုနဲ႕ တူပါတယ္။ ေျပာင္းလဲသြားတဲ့ လူေနမႈပံုစံကို လက္ခံျပီး ကေလးအတြက္ လုိအပ္တဲ့အရာမွန္သမ်ွကို အဆံုးမရွိ လုပ္ေဆာင္ေပးေနရသူေတြေပါ့။ ဒါေပမယ့္ မိခင္တုိင္းဟာ ကိုယ့္သားသမီးေတြအတြက္ေတာ့ ျပီးျပည့္စံုတဲ့သူေတြပါပဲ။ ဘယ္လုိပဲျဖစ္ျဖစ္ တစ္ေန႕မွာေတာ့ ကိုယ္အစအဆံုး အနီးကပ္ျပဳစုေစာင့္ေရွာက္လာတဲ့ ကေလးကို လက္လႊတ္လိုက္ၾကရတာခ်ည္းပါပဲ။ ဒါေပမယ့္ ကေလးအေမအသစ္ေတြဟာ ကေလးအေမဆုိတဲ့ ဘ၀ထဲကို စစေရာက္ေရာက္ခ်င္းမွာ သူတုိ႕စိတ္ထဲ သိခ်င္တာေတြ၊ နားမလည္တာေတြ အမ်ားၾကီးရွိေနတာကို ကေလးအေမတုိင္းခံစားဖူးၾကပါလိမ့္မယ္။ ဒီေတာ့ အေတြ႕အၾကံဳရွိေနျပီးျဖစ္တဲ့ ကေလးအေမေတြက ကေလးအေမအသစ္စက္စက္ေတြကို ခုလို စကားေလးေတြ မွတ္သားဖြယ္ ေျပာျပသြားပါတယ္။

(၁) ကေလးနာမည္ကို ကိုယ္ၾကိဳက္သလို ေပးပါ။
ကိုယ့္ကေလး နာမည္ကို ဘယ္သူ႕နာမည္နဲ႕သြားတူမွာစိုးလို႕၊ ကိုယ္သေဘာမက်တဲ့သူ နာမည္ပါေနလို႕ ဆုိတဲ့ စိတ္ေတြနဲ႕ မေပးပါနဲ႕။ မိဘႏွစ္ဦးစလံုးသေဘာက်တဲ့ နာမည္ကို ဘာမွမေတြးပဲ ေပးသင့္ပါတယ္။

(၂) ကေလးအေမဘ၀က စိတ္ညစ္စရာေကာင္းတယ္ဆုိတာမ်ိဳး ေျပာမိသြားမွာလညး္ မစိုးရိမ္ပါနဲ႕။
ကေလးအေမဘ၀ကို စေရာက္ကတည္းက သင့္ကိုယ္ပိုင္ခ်ိန္ေတြ လက္လႊတ္လိုက္ရပါျပီ။ အရာရာ ကေလးအတြက္ အသက္ရွင္ေနရသလိုမ်ိဳး စိတ္ခံစားခ်က္ေတြ မၾကာခဏခံစားရပါလိမ့္မယ္။ စိတ္ဓာတ္က်သလို ခံစားလာရရင္လည္း ဒါသင္တစ္ေယာက္တည္း မဟုတ္ပါဘူး။ ဒီဘ၀ၾကီးက စိတ္ပ်က္ဖုိ႕ေကာင္းလိုက္တာ ဆိုတာမ်ိဳး ထုတ္ေျပာမိလိုက္လို႕ ကိုယ့္ဘာသာကိုယ္ အျပစ္ဖုိ႕စရာမလိုပါဘူး။ ဒါပံုမွန္ပါပဲ။

(၃) ကေလးေတြက ကုိယ့္ကိုေျပာင္းလဲသြားေစခဲ့ျပီ။
ဒါအမွန္ပါပဲ။ အရင္က ကိုယ့္ရဲ႕အိပ္ခ်ိန္ေတြဟာ ခုေတာ့ ေျပာင္းလဲသြားပါလိမ့္မယ္။ ကေလးအိပ္ခ်ိန္ လိုက္အိပ္ရတာမ်ိဳး ရွိသလို၊ တစ္ခ်ိ႕က်ေတာ့လည္း ကိုယ္ခြဲမရွိတာေၾကာင့္ ကေလးအိပ္ခ်ိန္မွာ အလုပ္လုပ္ရတာမ်ိဳးေတြလညး္ ရွိပါတယ္။ ကေလးဟာ သင့္ေနထိုင္မႈပံုစံကုိ ေျပာင္းလဲပစ္ခဲ့ပါျပီ။

(၄) ေက်ာင္းေတြက ကေလးအတြက္ပါမကပဲ သင့္အတြက္ပါ စိတ္ပ်က္စရာျဖစ္လာပါတယ္။
ကေလးကို ေက်ာင္းထားရေတာ့မယ္ဆုိရင္ အရင္ကထက္ ၀င္ေငြအေနအထား ပိုေတာင့္တင္းမွျဖစ္ပါေတာ့မယ္။ ဒီေတာ့ ကေလးေက်ာင္းသြားခါနီး စိတ္ပ်က္ၾကရသလို သင္တုိ႕မိသားစုက ၾကပ္တည္းတယ္ဆုိရင္ သင္လည္း ကေလးနဲ႕အတူ ေက်ာင္းဆိုတာၾကီးကို စိတ္ပ်က္သြားမွာ အမွန္ပါပဲ။

(၅) ကိုယ့္အတြက္တင္မကပဲ ကေလးအတြက္ပါ လစဥ္လတုိင္း ေရွာ့ပင္ထြက္ရျပီ။
ကေလးအတြက္ ျပင္ဆင္စရာရွိတာေတြ ဘယ္ေလာက္ျပင္ဆင္ထားထား၊ လိုအပ္တာေတြက အျမဲရွိေနပါတယ္။ ဒါ့အျပင္ ကုိယ့္ကေလးက သေရက်တတ္သူလား၊ ဆီးအရမ္းသြားတတ္သလား ဆိုတဲ့အေပၚ မူတည္ျပီးေတာ့လည္းသင့္အေနနဲ႕ လုပ္ေဆာင္ရမွာေတြရွိပါတယ္။ တကယ္လုိ႕ တစ္ေနရာသြားမယ္၊ ပြဲတစ္ခုခုသြားလို႕ကေလး ေခၚသြားမယ္ဆုိရင္ေတာ့ ကိုယ့္အတြက္ကိုယ္ အလွျပင္သလို ကေလးကိုလည္း ျပင္ဆင္ေပးရပါလိမ့္မယ္။

(၆) ႏို႕ျဖတ္တဲ့ကိစၥကိုလည္း ကိုယ္တုိင္ဆံုးျဖတ္ပါ။
သူမ်ားေတြက ဘယ္ေလာက္ဆုိ ႏို႕ျဖတ္သင့္ျပီဆုိျပီး သင့္ကိုေျပာတာမ်ိဳးေတြ ရွိေပမယ့္ သင့္အေနနဲ႕ ကေလးအတြက္ မျဖတ္သင့္ေသးဘူးလုိ႕ ထင္ရင္ မျဖတ္ပါနဲ႕။ ဒီအခ်က္က သင္ကိုယ္တုိင္ဆံုးျဖတ္ရမယ့္အရာပါ။

(၇) ကေလးကို အလြန္အက်ြံမခ်စ္ပါနဲ႕။
ကေလးကို လက္ကမခ်ႏိုင္၊ တစ္ေယာက္တည္း အိပ္ေနတာမ်ိဳးကို မၾကည့္ရက္၊ သူငိုျပီဆုိတာနဲ႕ကိုယ္က ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္လြန္းတာကလည္း မေကာင္းပါဘူး။ ကေလးက သူ႕အရြယ္မွာ သူျပဳမူမယ့္အရာေတြ မျပဳမူေတာ့ပဲ သင့္ေဘးနားမွာပဲ တစ္ခ်ိန္လံုးကပ္ေနတာမ်ိဳး မျဖစ္ေအာင္ ဂရုစိုက္ပါ။

(၈) ကိုယ့္ကေလးက ဆယ္ေက်ာ္သက္ ျဖစ္လာရင္ သူတုိ႕ဘာေတြစတင္ေျပာင္းလဲလာသလဲ သိရပါမယ္။
သင့္ကေလးက မူၾကိဳတက္မယ္၊ တစ္တန္း ၊ႏွစ္တန္းစသျဖင့္ အတန္းေတြတက္ကတည္းက ဂ်စ္ကန္ကန္အေနအထားဆုိရင္ သင့္အေနနဲ႕ ေခါင္းကိုက္ရမွာ အမွန္ပါပဲ။ ဆယ္ေက်ာ္သက္ျဖစ္လာရင္ သူတုိ႕အေျခအေနကို မသိမသာ အျမဲၾကည့္ေနရပါလိမ့္မယ္။ သူတုိ႕ေတြးေခၚပံု၊ ခႏၶာကိုယ္ဖြံ႕ျဖိဳဴးမႈ၊ စိတ္ေနစိတ္ထား စတာေတြ အားလံုးကို သတိထားေစာင့္ၾကည့္ပါ။


Credit:Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိခင်ဘဝဆိုတာ လောကမှာ အခက်အခဲဆုံးအလုပ်တစ်ခုနဲ့ တူပါတယ်။ ပြောင်းလဲသွားတဲ့ လူနေမှုပုံစံကို လက်ခံပြီး ကလေးအတွက် လိုအပ်တဲ့အရာမှန်သမျှကို အဆုံးမရှိ လုပ်ဆောင်ပေးနေရသူတွေပေါ့။ ဒါပေမယ့် မိခင်တိုင်းဟာ ကိုယ့်သားသမီးတွေအတွက်တော့ ပြီးပြည့်စုံတဲ့သူတွေပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နေ့မှာတော့ ကိုယ်အစအဆုံး အနီးကပ်ပြုစုစောင့်ရှောက်လာတဲ့ ကလေးကို လက်လွှတ်လိုက်ကြရတာချည်းပါပဲ။ ဒါပေမယ့် ကလေးအမေအသစ်တွေဟာ ကလေးအမေဆိုတဲ့ ဘဝထဲကို စစရောက်ရောက်ချင်းမှာ သူတို့စိတ်ထဲ သိချင်တာတွေ၊ နားမလည်တာတွေ အများကြီးရှိနေတာကို ကလေးအမေတိုင်းခံစားဖူးကြပါလိမ့်မယ်။ ဒီတော့ အတွေ့အကြုံရှိနေပြီးဖြစ်တဲ့ ကလေးအမေတွေက ကလေးအမေအသစ်စက်စက်တွေကို ခုလို စကားလေးတွေ မှတ်သားဖွယ် ပြောပြသွားပါတယ်။

(၁) ကလေးနာမည်ကို ကိုယ်ကြိုက်သလို ပေးပါ။
ကိုယ့်ကလေး နာမည်ကို ဘယ်သူ့နာမည်နဲ့သွားတူမှာစိုးလို့၊ ကိုယ်သဘောမကျတဲ့သူ နာမည်ပါနေလို့ ဆိုတဲ့ စိတ်တွေနဲ့ မပေးပါနဲ့။ မိဘနှစ်ဦးစလုံးသဘောကျတဲ့ နာမည်ကို ဘာမှမတွေးပဲ ပေးသင့်ပါတယ်။

(၂) ကလေးအမေဘဝက စိတ်ညစ်စရာကောင်းတယ်ဆိုတာမျိုး ပြောမိသွားမှာလည်း မစိုးရိမ်ပါနဲ့။
ကလေးအမေဘဝကို စရောက်ကတည်းက သင့်ကိုယ်ပိုင်ချိန်တွေ လက်လွှတ်လိုက်ရပါပြီ။ အရာရာ ကလေးအတွက် အသက်ရှင်နေရသလိုမျိုး စိတ်ခံစားချက်တွေ မကြာခဏခံစားရပါလိမ့်မယ်။ စိတ်ဓာတ်ကျသလို ခံစားလာရရင်လည်း ဒါသင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီဘဝကြီးက စိတ်ပျက်ဖို့ကောင်းလိုက်တာ ဆိုတာမျိုး ထုတ်ပြောမိလိုက်လို့ ကိုယ့်ဘာသာကိုယ် အပြစ်ဖို့စရာမလိုပါဘူး။ ဒါပုံမှန်ပါပဲ။

(၃) ကလေးတွေက ကိုယ့်ကိုပြောင်းလဲသွားစေခဲ့ပြီ။
ဒါအမှန်ပါပဲ။ အရင်က ကိုယ့်ရဲ့အိပ်ချိန်တွေဟာ ခုတော့ ပြောင်းလဲသွားပါလိမ့်မယ်။ ကလေးအိပ်ချိန် လိုက်အိပ်ရတာမျိုး ရှိသလို၊ တစ်ချိ့ကျတော့လည်း ကိုယ်ခွဲမရှိတာကြောင့် ကလေးအိပ်ချိန်မှာ အလုပ်လုပ်ရတာမျိုးတွေလည်း ရှိပါတယ်။ ကလေးဟာ သင့်နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ခဲ့ပါပြီ။

(၄) ကျောင်းတွေက ကလေးအတွက်ပါမကပဲ သင့်အတွက်ပါ စိတ်ပျက်စရာဖြစ်လာပါတယ်။
ကလေးကို ကျောင်းထားရတော့မယ်ဆိုရင် အရင်ကထက် ဝင်ငွေအနေအထား ပိုတောင့်တင်းမှဖြစ်ပါတော့မယ်။ ဒီတော့ ကလေးကျောင်းသွားခါနီး စိတ်ပျက်ကြရသလို သင်တို့မိသားစုက ကြပ်တည်းတယ်ဆိုရင် သင်လည်း ကလေးနဲ့အတူ ကျောင်းဆိုတာကြီးကို စိတ်ပျက်သွားမှာ အမှန်ပါပဲ။

(၅) ကိုယ့်အတွက်တင်မကပဲ ကလေးအတွက်ပါ လစဉ်လတိုင်း ရှော့ပင်ထွက်ရပြီ။
ကလေးအတွက် ပြင်ဆင်စရာရှိတာတွေ ဘယ်လောက်ပြင်ဆင်ထားထား၊ လိုအပ်တာတွေက အမြဲရှိနေပါတယ်။ ဒါ့အပြင် ကိုယ့်ကလေးက သရေကျတတ်သူလား၊ ဆီးအရမ်းသွားတတ်သလား ဆိုတဲ့အပေါ် မူတည်ပြီးတော့လည်းသင့်အနေနဲ့ လုပ်ဆောင်ရမှာတွေရှိပါတယ်။ တကယ်လို့ တစ်နေရာသွားမယ်၊ ပွဲတစ်ခုခုသွားလို့ကလေး ခေါ်သွားမယ်ဆိုရင်တော့ ကိုယ့်အတွက်ကိုယ် အလှပြင်သလို ကလေးကိုလည်း ပြင်ဆင်ပေးရပါလိမ့်မယ်။

(၆) နို့ဖြတ်တဲ့ကိစ္စကိုလည်း ကိုယ်တိုင်ဆုံးဖြတ်ပါ။
သူများတွေက ဘယ်လောက်ဆို နို့ဖြတ်သင့်ပြီဆိုပြီး သင့်ကိုပြောတာမျိုးတွေ ရှိပေမယ့် သင့်အနေနဲ့ ကလေးအတွက် မဖြတ်သင့်သေးဘူးလို့ ထင်ရင် မဖြတ်ပါနဲ့။ ဒီအချက်က သင်ကိုယ်တိုင်ဆုံးဖြတ်ရမယ့်အရာပါ။

(၇) ကလေးကို အလွန်အကျွံမချစ်ပါနဲ့။
ကလေးကို လက်ကမချနိုင်၊ တစ်ယောက်တည်း အိပ်နေတာမျိုးကို မကြည့်ရက်၊ သူငိုပြီဆိုတာနဲ့ကိုယ်က ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လွန်းတာကလည်း မကောင်းပါဘူး။ ကလေးက သူ့အရွယ်မှာ သူပြုမူမယ့်အရာတွေ မပြုမူတော့ပဲ သင့်ဘေးနားမှာပဲ တစ်ချိန်လုံးကပ်နေတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။

(၈) ကိုယ့်ကလေးက ဆယ်ကျော်သက် ဖြစ်လာရင် သူတို့ဘာတွေစတင်ပြောင်းလဲလာသလဲ သိရပါမယ်။
သင့်ကလေးက မူကြိုတက်မယ်၊ တစ်တန်း ၊နှစ်တန်းစသဖြင့် အတန်းတွေတက်ကတည်းက ဂျစ်ကန်ကန်အနေအထားဆိုရင် သင့်အနေနဲ့ ခေါင်းကိုက်ရမှာ အမှန်ပါပဲ။ ဆယ်ကျော်သက်ဖြစ်လာရင် သူတို့အခြေအနေကို မသိမသာ အမြဲကြည့်နေရပါလိမ့်မယ်။ သူတို့တွေးခေါ်ပုံ၊ ခန္ဓာကိုယ်ဖွံ့ဖြိုူးမှု၊ စိတ်နေစိတ်ထား စတာတွေ အားလုံးကို သတိထားစောင့်ကြည့်ပါ။


Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top