iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ သင့္ခ်စ္သူအေပၚ ဒါမွမဟုတ္ သူငယ္ခ်င္းအေပါင္းအသင္းေတြကို လိမ္ညာေျပာဆုိဖူးပါသလား။ ဒီေမးခြန္းကို အမွန္အတုိင္း ေျဖတဲ့သူနည္းႏိုင္ေပမယ့္ ေနာက္ထပ္အေျဖတစ္ခုကေတာ့ လူတုိင္း ကိုယ့္ပတ္၀န္းက်င္အသိုင္းအ၀ိုင္းက လူေတြကို တစ္နည္းမဟုတ္ တစ္နည္းနဲ႕ လိမ္ညာဖူးၾကတယ္ဆုိတာပါပဲ။

မၾကာေသးခင္က YouGov က ျပဳလုပ္တဲ့ေလ့လာမႈအသစ္တစ္ရပ္မွာဆုိရင္ လူငါးေယာက္မွာ အနည္းဆံုးတစ္ေယာက္ကေတာ့ ကိုယ့္ခ်စ္သူအေပၚ လိမ္ညာခဲ့ဖူးၾကေၾကာင္း ေဖာ္ျပထားပါတယ္။ လူငါးေယာက္မွာတစ္ေယာက္ ဆုိတာဟာ တကယ့္ကို ၾကီးမားတဲ့နံပါတ္ပါပဲ။ ဒီေလ့လာမႈအတြက္ YouGov က အေမရိကန္လူမ်ိဳး အေယာက္ ၁၀၀၀ထဲက အသက္ ၁၈အထက္ အရြယ္လူေတြရဲ႕ ခ်ိန္းေတြ႕မႈအေလ့အက်င့္၊ အခ်စ္ေရးဆုိင္ရာ အေတြ႕အၾကံဳေတြနဲ႕ သူတုိ႕အၾကိဳက္ ဘာေတြျဖစ္မလဲဆုိတာကို စစ္တမ္းေကာက္ခဲ့ၾကပါတယ္။ စစ္တမ္းေကာက္ယူသူေတြ ေျပာျပခ်က္အရ အသက္ ၁၈ႏွစ္ကေန ၂၉အရြယ္လူေတြထဲက ၂၁ရာခုိင္ႏႈန္းနဲ႕ အသက္ ၃၀ကေန ၄၄ၾကား လူေတြထဲက ၁၇ရာခုိင္ႏႈန္းဟာ အနည္းဆံုးတစ္ၾကိမ္ေတာ့ လိမ္ညာခဲ့ဖူးၾကတယ္ဆုိတာပါပဲ။

ေနာက္ထပ္အံအားသင့္စရာအခ်က္ကေတာ့ ကုိယ့္လက္တြဲေဖာ္ကို လိမ္ညာသစၥာေဖာက္ဖူးတဲ့ အမ်ိဳးသားေတြ ၂၅ ရာခုိင္ႏႈန္းရွိျပီး အမ်ိဳးသမီးကေတာ့ ၁၃ရာခိုင္ႏႈန္းရွိတယ္လုိ႕ သိရပါတယ္။ ဒါ့အျပင္ တစ္လင္တစ္မယားစနစ္ကို သေဘာက်တဲ့သူကို စစ္တမ္းေကာက္ၾကည့္ေတာ့ အမ်ိဳးသမီးေတြထဲက ၆၉ ရာခုိင္ႏႈန္းနဲ႕ အမ်ိဳးသားေတြထဲက ၅၂ရာခုိင္ႏႈန္းထပ္မံ အေျဖထြက္ရွိလာျပန္ပါတယ္။  အသက္ ၁၈ႏွစ္ကေန ၂၉ႏွစ္ၾကား လူငယ္ေတြထဲက ၆ရာခုိင္ႏႈန္းကေတာ့ အတည္တြဲရတဲ့ အခ်စ္ေရးကိုသေဘာမက်ၾကဘူးလို႕ ဆုိလာသလို အသက္ ၃၀ကေန ၄၄ၾကား လူလတ္ပိုင္းေတြထဲက ၉ရာခိုင္ႏႈန္းကလည္း တစ္ဦးတည္း တြဲရတာ သေဘာမက်ေၾကာင္း ဖြင့္ဟသြားပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင်ဟာ သင့်ချစ်သူအပေါ် ဒါမှမဟုတ် သူငယ်ချင်းအပေါင်းအသင်းတွေကို လိမ်ညာပြောဆိုဖူးပါသလား။ ဒီမေးခွန်းကို အမှန်အတိုင်း ဖြေတဲ့သူနည်းနိုင်ပေမယ့် နောက်ထပ်အဖြေတစ်ခုကတော့ လူတိုင်း ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လူတွေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ လိမ်ညာဖူးကြတယ်ဆိုတာပါပဲ။

မကြာသေးခင်က YouGov က ပြုလုပ်တဲ့လေ့လာမှုအသစ်တစ်ရပ်မှာဆိုရင် လူငါးယောက်မှာ အနည်းဆုံးတစ်ယောက်ကတော့ ကိုယ့်ချစ်သူအပေါ် လိမ်ညာခဲ့ဖူးကြကြောင်း ဖော်ပြထားပါတယ်။ လူငါးယောက်မှာတစ်ယောက် ဆိုတာဟာ တကယ့်ကို ကြီးမားတဲ့နံပါတ်ပါပဲ။ ဒီလေ့လာမှုအတွက် YouGov က အမေရိကန်လူမျိုး အယောက် ၁၀၀၀ထဲက အသက် ၁၈အထက် အရွယ်လူတွေရဲ့ ချိန်းတွေ့မှုအလေ့အကျင့်၊ အချစ်ရေးဆိုင်ရာ အတွေ့အကြုံတွေနဲ့ သူတို့အကြိုက် ဘာတွေဖြစ်မလဲဆိုတာကို စစ်တမ်းကောက်ခဲ့ကြပါတယ်။ စစ်တမ်းကောက်ယူသူတွေ ပြောပြချက်အရ အသက် ၁၈နှစ်ကနေ ၂၉အရွယ်လူတွေထဲက ၂၁ရာခိုင်နှုန်းနဲ့ အသက် ၃၀ကနေ ၄၄ကြား လူတွေထဲက ၁၇ရာခိုင်နှုန်းဟာ အနည်းဆုံးတစ်ကြိမ်တော့ လိမ်ညာခဲ့ဖူးကြတယ်ဆိုတာပါပဲ။

နောက်ထပ်အံအားသင့်စရာအချက်ကတော့ ကိုယ့်လက်တွဲဖော်ကို လိမ်ညာသစ္စာဖောက်ဖူးတဲ့ အမျိုးသားတွေ ၂၅ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးကတော့ ၁၃ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်လင်တစ်မယားစနစ်ကို သဘောကျတဲ့သူကို စစ်တမ်းကောက်ကြည့်တော့ အမျိုးသမီးတွေထဲက ၆၉ ရာခိုင်နှုန်းနဲ့ အမျိုးသားတွေထဲက ၅၂ရာခိုင်နှုန်းထပ်မံ အဖြေထွက်ရှိလာပြန်ပါတယ်။  အသက် ၁၈နှစ်ကနေ ၂၉နှစ်ကြား လူငယ်တွေထဲက ၆ရာခိုင်နှုန်းကတော့ အတည်တွဲရတဲ့ အချစ်ရေးကိုသဘောမကျကြဘူးလို့ ဆိုလာသလို အသက် ၃၀ကနေ ၄၄ကြား လူလတ်ပိုင်းတွေထဲက ၉ရာခိုင်နှုန်းကလည်း တစ်ဦးတည်း တွဲရတာ သဘောမကျကြောင်း ဖွင့်ဟသွားပါတယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top