iMyanmarHouse.com - Best Property Website for Myanmar
×

သင္ ညစဥ္ ျပဳမူလုပ္ေဆာင္ေနတဲ့အရာတစ္ခ်ိဳ႕ဟာ တစ္ေန႔တာလံုးရဲ႕က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အမူအက်င့္ေတြကို ပ်က္စီးေစႏိုင္ပါတယ္။ တကယ္လို႕ သင္သာ တစ္ေန႔ကုန္ အစားကို ခ်င့္ခ်င့္ခ်ိန္ခ်ိန္ စားခဲ့ၿပီး ညဘက္အိပ္ရာ၀င္ခ်ိန္က်မွ အစီအစဥ္ ပ်က္သြားမယ္ဆိုရင္ေတာ့ ေဖာ္ၿပထားတဲ့ အခ်က္ေလးေတြကို စိတ္ထဲမွာ စြဲၿမဲေအာင္ မွတ္သားၿပီး အိပ္ရာ၀င္သင့္ပါတယ္။

(၁) အိပ္ရာမ၀င္ခင္ ေသာက္တတ္တဲ့ အမူအက်င့္ကို ေလွ်ာ႔ခ်ပစ္ပါ

၀ိုင္တစ္ခြက္ ဒါမွမဟုတ္ သင့္အၾကိဳက္ ေကာ့ေတးတစ္ခြက္ဟာ အိပ္ရာမ၀င္ခင္ အပန္းေၿဖဖို႔အတြက္ ၿပီးၿပည့္စံုတဲ့ ညဘက္ ေသာက္စားၿခင္းလို႔ ထင္ရေပမဲ့ အယ္လ္ကိုေဟာက သင့္ရဲ႔အိပ္စက္ၿခင္းကို အေႏွာင့္အယွက္ေပးႏိုင္ပါတယ္။ ၿပီးေတာ့ အဲဒါက သင့္ရဲ႔ ခါးေကာက္ေၾကာင္းအတြက္ အေႏွာင့္အယွက္ေပးေစႏိုင္ၿပီး အေကာင္းဆံုး ေရြးခ်ယ္မႈလည္းမဟုတ္ပါဘူး။ ေသာက္စရာအမ်ားစုမွာ ကယ္လိုရီ မ်ားစြာ ပါ၀င္ေနၿပီး တစ္ငံု ႏွစ္ငံု ေသာက္ၿခင္းကလည္း အစားစားခ်င္စိတ္ကို ၿဖစ္ေပၚေစပါတယ္။ မူးယစ္ေစမယ့္ နည္းလမ္းနဲ႔ အနားယူပစ္လုိက္မယ့္အစား သစ္ၾကမ္းပိုးေခါက္ထည့္ထားတဲ့ ႏြားႏို႔ပူပူတစ္ခြက္ကို တစ္က်ိဳက္ေလာက္ ေသာက္လိုက္ပါ။ ဒါမွမဟုတ္ ရွားေစာင္းလက္ပက္ လက္ဖက္ရည္တစ္ခြက္ကို ေသာက္သံုးၿပီး ေန႔စဥ္ပံုမွန္ လုပ္ငန္းေဆာင္တာေတြကို ေမ့ထားလုိက္ပါ။ ၿပီးရင္ေတာ့ အသက္ရွဴေလ့က်င့္ခန္းလုပ္ၿပီး စိတ္ပင္ပန္းမႈကို ေၿဖေဖ်ာက္လုိက္ပါေတာ့။

(၂) သင့္မနက္ခင္းအတြက္ အစီအစဥ္ဆြဲပါ

ေနာက္ေန႕အတြက္ ဒီေန႕ညကတည္းက ၅မိနစ္ေလာက္အခ်ိန္ယူျပီး ထုပ္ပိုးၿပင္ဆင္ၿခင္းဟာ သင့္ကို ဆံုးၿဖတ္ခ်က္အၾကီးစားေတြ ခ်မွတ္ရၿခင္းကေန ကင္းေ၀းေစႏိုင္ပါတယ္။ ဒါ့အျပင္ ဦးေႏွာက္သိပ္မသံုးရဘဲ ေကာင္းမြန္တဲ့ ေရြးခ်ယ္မႈေတြရလာဖို႔ အေထာက္အကူလည္း သူကေပးပါေသးတယ္။ မနက္စာအတြက္ စီစဥ္ၿခင္းနဲ႔ အားကစားရံုသြားဖို႔ ထုပ္ပိုးၿပင္ဆင္ျပီးတာနဲ႕ ညဘက္မွာ ေအာင္ၿမင္စြာ အိပ္စက္ႏိုင္ဖို႔ ၾကိဳးစားၾကည့္လိုက္္ပါ။ မနက္ႏိုးတာနဲ႕ ဘာမွအသည္းအသန္လုပ္ေဆာင္ဖုိ႕ မလုိေတာ့တာေၾကာင့္ မနက္ေလ့က်င့္ခန္း မလုပ္ခင္အာရံုေနာက္စရာေတြ မျဖစ္ေစေတာ့သလို ေရးၾကီးသုတ္ပ်ာနဲ႕ အခ်ိဳကဲတဲ့မနက္စာေတြ မွာစားျခင္းကေလ ကာကြယ္ျပီးသား ျဖစ္သြားပါတယ္။ မဟုတ္ရင္ အခ်ိန္မရတာေၾကာင့္ ေသခ်ာခ်င့္ခ်ိန္စဥ္းစားတာမ်ိဳး မရွိပဲ လုပ္ခ်င္တာေတြ လုပ္တတ္ၾကတာေၾကာင့္ပါ။

(၃) သင့္ရဲ႔ အစားအစာဆိုင္ရာ ဂ်ာနယ္ကို သံုးသပ္ပါ
ကိုုယ္အေလးခ်ိန္ ေလ်ာ့က်ၿခင္းပန္းတိုင္ဆီ ေရာက္ဖို႔အတြက္ အစားအစာ ဂ်ာနယ္တစ္ေစာင္ ထားရွိၿခင္းကလည္း အေကာင္းဆံုးနည္းလမ္း တစ္ခုၿဖစ္ပါတယ္။ အိပ္ရာမ၀င္မီ တစ္ေန႔တာအတြင္း အစားအစာ ေရြးခ်ယ္ခဲ့ေတြကို ၿပန္စဥ္းစားၾကည့္ပါ။ ၿပီးေတာ့ ရိုးစင္းတဲ့ ေၿပာင္းလဲမႈေတြနဲ႔ ထိန္းညိွမႈေတြကို သတိထားၾကည့္ပါ။ အဲဒီအရာကလည္း သင့္ရဲ႔ ၾကိဳးပမ္းမႈအတြက္ အေကာင္းဆံုးသတိေပးခ်က္ၿဖစ္ၿပီး က်န္းမာေစတဲ့ ေရြးခ်ယ္မႈေတြကို ဆက္လက္ၿပဳလုပ္ႏိုင္ေစဖို႔ စိတ္အားတက္ၾကြလာေစႏိုင္မွာၿဖစ္ပါတယ္။

Credit:Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

သင် ညစဉ် ပြုမူလုပ်ဆောင်နေတဲ့အရာတစ်ချို့ဟာ တစ်နေ့တာလုံးရဲ့ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အမူအကျင့်တွေကို ပျက်စီးစေနိုင်ပါတယ်။ တကယ်လို့ သင်သာ တစ်နေ့ကုန် အစားကို ချင့်ချင့်ချိန်ချိန် စားခဲ့ပြီး ညဘက်အိပ်ရာဝင်ချိန်ကျမှ အစီအစဉ် ပျက်သွားမယ်ဆိုရင်တော့ ဖော်ပြထားတဲ့ အချက်လေးတွေကို စိတ်ထဲမှာ စွဲမြဲအောင် မှတ်သားပြီး အိပ်ရာဝင်သင့်ပါတယ်။

(၁) အိပ်ရာမဝင်ခင် သောက်တတ်တဲ့ အမူအကျင့်ကို လျှော့ချပစ်ပါ

ဝိုင်တစ်ခွက် ဒါမှမဟုတ် သင့်အကြိုက် ကော့တေးတစ်ခွက်ဟာ အိပ်ရာမဝင်ခင် အပန်းဖြေဖို့အတွက် ပြီးပြည့်စုံတဲ့ ညဘက် သောက်စားခြင်းလို့ ထင်ရပေမဲ့ အယ်လ်ကိုဟောက သင့်ရဲ့အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ပြီးတော့ အဲဒါက သင့်ရဲ့ ခါးကောက်ကြောင်းအတွက် အနှောင့်အယှက်ပေးစေနိုင်ပြီး အကောင်းဆုံး ရွေးချယ်မှုလည်းမဟုတ်ပါဘူး။ သောက်စရာအများစုမှာ ကယ်လိုရီ များစွာ ပါဝင်နေပြီး တစ်ငုံ နှစ်ငုံ သောက်ခြင်းကလည်း အစားစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ မူးယစ်စေမယ့် နည်းလမ်းနဲ့ အနားယူပစ်လိုက်မယ့်အစား သစ်ကြမ်းပိုးခေါက်ထည့်ထားတဲ့ နွားနို့ပူပူတစ်ခွက်ကို တစ်ကျိုက်လောက် သောက်လိုက်ပါ။ ဒါမှမဟုတ် ရှားစောင်းလက်ပက် လက်ဖက်ရည်တစ်ခွက်ကို သောက်သုံးပြီး နေ့စဉ်ပုံမှန် လုပ်ငန်းဆောင်တာတွေကို မေ့ထားလိုက်ပါ။ ပြီးရင်တော့ အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး စိတ်ပင်ပန်းမှုကို ဖြေဖျောက်လိုက်ပါတော့။

(၂) သင့်မနက်ခင်းအတွက် အစီအစဉ်ဆွဲပါ

နောက်နေ့အတွက် ဒီနေ့ညကတည်းက ၅မိနစ်လောက်အချိန်ယူပြီး ထုပ်ပိုးပြင်ဆင်ခြင်းဟာ သင့်ကို ဆုံးဖြတ်ချက်အကြီးစားတွေ ချမှတ်ရခြင်းကနေ ကင်းဝေးစေနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်သိပ်မသုံးရဘဲ ကောင်းမွန်တဲ့ ရွေးချယ်မှုတွေရလာဖို့ အထောက်အကူလည်း သူကပေးပါသေးတယ်။ မနက်စာအတွက် စီစဉ်ခြင်းနဲ့ အားကစားရုံသွားဖို့ ထုပ်ပိုးပြင်ဆင်ပြီးတာနဲ့ ညဘက်မှာ အောင်မြင်စွာ အိပ်စက်နိုင်ဖို့ ကြိုးစားကြည့်လိုက်ပါ။ မနက်နိုးတာနဲ့ ဘာမှအသည်းအသန်လုပ်ဆောင်ဖို့ မလိုတော့တာကြောင့် မနက်လေ့ကျင့်ခန်း မလုပ်ခင်အာရုံနောက်စရာတွေ မဖြစ်စေတော့သလို ရေးကြီးသုတ်ပျာနဲ့ အချိုကဲတဲ့မနက်စာတွေ မှာစားခြင်းကလေ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ မဟုတ်ရင် အချိန်မရတာကြောင့် သေချာချင့်ချိန်စဉ်းစားတာမျိုး မရှိပဲ လုပ်ချင်တာတွေ လုပ်တတ်ကြတာကြောင့်ပါ။

(၃) သင့်ရဲ့ အစားအစာဆိုင်ရာ ဂျာနယ်ကို သုံးသပ်ပါ
ကိုုယ်အလေးချိန် လျော့ကျခြင်းပန်းတိုင်ဆီ ရောက်ဖို့အတွက် အစားအစာ ဂျာနယ်တစ်စောင် ထားရှိခြင်းကလည်း အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။ အိပ်ရာမဝင်မီ တစ်နေ့တာအတွင်း အစားအစာ ရွေးချယ်ခဲ့တွေကို ပြန်စဉ်းစားကြည့်ပါ။ ပြီးတော့ ရိုးစင်းတဲ့ ပြောင်းလဲမှုတွေနဲ့ ထိန်းညှိမှုတွေကို သတိထားကြည့်ပါ။ အဲဒီအရာကလည်း သင့်ရဲ့ ကြိုးပမ်းမှုအတွက် အကောင်းဆုံးသတိပေးချက်ဖြစ်ပြီး ကျန်းမာစေတဲ့ ရွေးချယ်မှုတွေကို ဆက်လက်ပြုလုပ်နိုင်စေဖို့ စိတ်အားတက်ကြွလာစေနိုင်မှာဖြစ်ပါတယ်။

Credit:Trend Myanmar


 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top