iMyanmarHouse.com - Best Property Website for Myanmar
×

အေမရိကန္ျပည္ေထာင္စုရဲ႕ ေရြးေကာက္ပြဲႀကီးကေတာ့ ၿပီးဆံုး သြားပါၿပီ။ Republican ကုိယ္စားျပဳ ကုိယ္စားလွယ္ေလာင္း ေဒၚ နယ္ထရန္႔ပါတီ အႏုိင္ရရွိၿပီးေနာက္မွာေတာ့ အေမရိကန္ႏုိင္ငံ ၄၅ ေယာက္ေျမာက္ သမၼတေလာင္းအျဖစ္ ထရန္႔က ရပ္တည္ႏုိင္ခဲ့ၿပီ ပဲျဖစ္ပါတယ္။

Democratic ကိုယ္စား လွယ္ ေလာင္း ဟီလာရီနဲ႔ Republican ကုိယ္စားျပဳ ကုိယ္စားလွယ္ ေလာင္း ေဒၚ နယ္ထရန္႔တုိ႔က သိပ္မၾကာေသးမီရက္ပုိင္းအခ်ိန္တုန္း ကဆုိရင္ တစ္ဖက္ပါတီနဲ႔ တစ္ဖက္ အသီးသီးစီ အင္အားယွဥ္ၿပိဳင္ မဲဆြယ္ပြဲေတြ စည္းရံုးျပဳလုပ္ခဲ့ၾကပါတယ္။

အေမရိကန္ သမၼတ အုိဘားမားနဲ႔ ႏုိင္ငံေရးအႀကီးအကဲေတြအပါအ ဝင္ နာမည္ႀကီးထိပ္တန္း ပုဂၢိဳလ္ေတြ ေထာက္ခံအားေပးတဲ့ ဟီလာရီ ရဲ႕ ပါတီက အႏုိင္ရမယ္လုိ႔ ေမွ်ာ္မွန္းထားၾကေပမယ့္ လက္ေတြ႔မွာ ေတာ့ ထင္သလုိမျဖစ္လာခဲ့တဲ့ အေပၚ ပါတီေထာက္ခံသူေတြ သိပ္ၿပီးေတာ့ ေက်နပ္ပံုမရပါဘူး။

ဒီလုိအေျခအေနမ်ိဳးမွာဆုိရင္လည္း တခ်ိဳ႕ေသာ ပါတီစြဲ၊ ပါတီ ေထာက္ခံသူေတြထဲမွာ အႏုပညာရွင္ေတြအပါအဝင္ ျပင္ပက ျပည္သူေတြကပါ အကယ္၍မ်ား ထရန္႔ႏုိင္သြားခဲ့သည္ ရွိေသာ္ႏုိင္ငံ တြင္းကေန ထြက္ခြာသြားမယ္ဆုိတဲ့ ၾကံဳးဝါးေျပာဆုိသံေတြလည္း ရွိခဲ့ပါတယ္။

ဒီထဲမွာ နာမည္ေက်ာ္ အႏုပညာရွင္ေတြျဖစ္ၾကတဲ့ ဘာဘရာစတီ စန္း၊ မုိင္လီဆုိင္းရပ္စ္၊ ဘရာရန္ ခရန္စတုန္၊ လီနာ ဒုန္ဟန္၊ ေအမီရႈးမား၊ ဂၽြန္စတီဝက္၊ ခ်ာ၊ ခ်ယ္လ္ဆီး ဟန္ဒါ၊ ဟိုးလ္ ပင္းဂိုးလ္ ဘက္၊ နီဗီကန္ပဲလ္၊ ေဂ်ာ့ လုိးပက္စ္၊ နီယုိ အစရွိသျဖင့္ နာမည္ ေက်ာ္ အႏုပညာရွင္ေတြ ပါဝင္ၾကတာျဖစ္ပါတယ္။

သူတုိ႔ေတြက ထရန္႔ရဲ႕ ပါတီသာ ႏုိင္သြားခဲ့ပါက ႏုိင္ငံတြင္းကေန ထြက္ခြာသြားဖုိ႔ကုိလည္း မဲဆြယ္ေရးေကာက္ပြဲေတြနဲ႔ လူထုစကား ေျပာပြဲေတြကေန ေျပာၾကားထားခဲ့ၾကဖူးတယ္လုိ႔ သိရပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲကြီးကတော့ ပြီးဆုံး သွားပါပြီ။ Republican ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဒေါ် နယ်ထရန့်ပါတီ အနိုင်ရရှိပြီးနောက်မှာတော့ အမေရိကန်နိုင်ငံ ၄၅ ယောက်မြောက် သမ္မတလောင်းအဖြစ် ထရန့်က ရပ်တည်နိုင်ခဲ့ပြီ ပဲဖြစ်ပါတယ်။

Democratic ကိုယ်စား လှယ် လောင်း ဟီလာရီနဲ့ Republican ကိုယ်စားပြု ကိုယ်စားလှယ် လောင်း ဒေါ် နယ်ထရန့်တို့က သိပ်မကြာသေးမီရက်ပိုင်းအချိန်တုန်း ကဆိုရင် တစ်ဖက်ပါတီနဲ့ တစ်ဖက် အသီးသီးစီ အင်အားယှဉ်ပြိုင် မဲဆွယ်ပွဲတွေ စည်းရုံးပြုလုပ်ခဲ့ကြပါတယ်။

အမေရိကန် သမ္မတ အိုဘားမားနဲ့ နိုင်ငံရေးအကြီးအကဲတွေအပါအ ဝင် နာမည်ကြီးထိပ်တန်း ပုဂ္ဂိုလ်တွေ ထောက်ခံအားပေးတဲ့ ဟီလာရီ ရဲ့ ပါတီက အနိုင်ရမယ်လို့ မျှော်မှန်းထားကြပေမယ့် လက်တွေ့မှာ တော့ ထင်သလိုမဖြစ်လာခဲ့တဲ့ အပေါ် ပါတီထောက်ခံသူတွေ သိပ်ပြီးတော့ ကျေနပ်ပုံမရပါဘူး။

ဒီလိုအခြေအနေမျိုးမှာဆိုရင်လည်း တချို့သော ပါတီစွဲ၊ ပါတီ ထောက်ခံသူတွေထဲမှာ အနုပညာရှင်တွေအပါအဝင် ပြင်ပက ပြည်သူတွေကပါ အကယ်၍များ ထရန့်နိုင်သွားခဲ့သည် ရှိသော်နိုင်ငံ တွင်းကနေ ထွက်ခွာသွားမယ်ဆိုတဲ့ ကြုံးဝါးပြောဆိုသံတွေလည်း ရှိခဲ့ပါတယ်။

ဒီထဲမှာ နာမည်ကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ ဘာဘရာစတီ စန်း၊ မိုင်လီဆိုင်းရပ်စ်၊ ဘရာရန် ခရန်စတုန်၊ လီနာ ဒုန်ဟန်၊ အေမီရှုးမား၊ ဂျွန်စတီဝက်၊ ချာ၊ ချယ်လ်ဆီး ဟန်ဒါ၊ ဟိုးလ် ပင်းဂိုးလ် ဘက်၊ နီဗီကန်ပဲလ်၊ ဂျော့ လိုးပက်စ်၊ နီယို အစရှိသဖြင့် နာမည် ကျော် အနုပညာရှင်တွေ ပါဝင်ကြတာဖြစ်ပါတယ်။

သူတို့တွေက ထရန့်ရဲ့ ပါတီသာ နိုင်သွားခဲ့ပါက နိုင်ငံတွင်းကနေ ထွက်ခွာသွားဖို့ကိုလည်း မဲဆွယ်ရေးကောက်ပွဲတွေနဲ့ လူထုစကား ပြောပွဲတွေကနေ ပြောကြားထားခဲ့ကြဖူးတယ်လို့ သိရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top