iMyanmarHouse.com - Best Property Website for Myanmar
×

အလြန္႔အကြ်ံဝေနသူေတြကို တိုက္ခိုက္အရွက္ရေစတဲ့အေနနဲ႔ fat shaming လို႔ေခၚတဲ့ အဝလြန္သူမ်ားခြဲျခားဆက္ဆံမႈဟာ သူတို႔ကို ၀ိတ္က်ေစဖို႔ အားေပးအားေျမာက္ျဖစ္မသြားေစဘဲ ပိုလို႔ေတာင္ ၀ိတ္တက္ေစပါေသးတယ္။ အရြယ္ေရာက္ျပီးသူ အေယာက္ ၃၀၀၀ ဝန္းက်င္ကို သူတို႔ရဲ႕ အဝလြန္မႈေၾကာင့္ စိတ္အေႏွာက္အယွက္ေပးခံရတာ၊ ေလးစားမႈမခံရတာ၊ စားေသာက္ဆိုင္နဲ႔ စတိုးဆိုင္ေတြမွာ ေကာင္းေကာင္းမြန္မြန္ ဧည့္ခံျခင္းမရိွတာ၊ စတိုင္မက်ဘူးလို႕ ျပဳမူဆက္ဆံခံရတာမ်ဳိး ရိွမရိွေမးျမန္းခဲ့ပါတယ္။

သူတို႔အထဲ ၅% ရာခိုင္ႏႈန္းေလာက္က အဲဒီလိုမ်ဳိးခြဲျခားဆက္ဆံတာမ်ဳိး မၾကဳံဖူးၾကဘူးလို႔ ေျပာဆိုခဲ့ၾကေပမယ့္ ပွ်မ္းမွ်အေနနဲ႔ ေလးႏွစ္တာကာလအခ်ိန္ အဝလြန္ျဖစ္မႈေၾကာင့္ ခြဲျခားဆက္ဆံခံရေၾကာင္း တိုင္ၾကားသူေတြဟာ ကုိယ္အေလးခ်ိန္ ၂ ေပါင္တိုးသြားျပီး တိုင္ၾကားမႈ မလုပ္သူေတြမွာ ၁.၅ ေပါင္(၀.၇၁ကီလို) ခန္႔ အေလးခ်ိန္က်သြားပါတယ္။

အေလးခ်ိန္ေၾကာင့္ ခြဲျခားဆက္ဆံမႈက အဝလြန္ျဖစ္ေစတဲ့ ျပသနာ တစ္စိတ္တစ္ေဒသျဖစ္ေနျပီး ေျဖရွင္းခ်က္တစ္ရပ္ေတာ့ မဟုတ္ေၾကာင္း ကြ်န္ေတာ္တို႔ရဲ႕ေလ့လာခ်က္က ျပသေနတယ္လို႔ Cancer Research UK Health Behaviour Centre at University College London ရဲ႕ ဒါရုက္တာ Jane Wardle ေျပာဆိုခဲ့ပါတယ္။ တခ်ဳိ႕အဝလြန္ျဖစ္ေနတဲ့ လူနာေတြက သူတို႔ ခႏၶာကိုယ္အေလးခ်ိန္ေၾကာင့္ ဆရာဝန္ေတြက မေလးမစား ဆက္ဆံၾကတယ္လို႔ တိုင္ၾကားေနၾကတယ္။ ဆရာဝန္ေတြ အပါအဝင္ ဘယ္သူမဆို သူတို႔အေလးခ်ိန္အတြက္ ျပစ္တင္ေဝဖန္ျပီး အရွက္ရေအာင္ ခြဲျခားဆက္ဆံမႈ ရပ္သင့္တယ္လို႔ Wardle ကေျပာဆိုခဲ့ပါတယ္။

ကိုယ္ခႏၶာအေလးခ်ိန္ေၾကာင့္ ခဲြျခားဆက္ဆံျခင္းမွာ အေလးခ်ိန္တက္ျခင္းနဲ႔ ပတ္သက္ဆက္ႏြယ္ေနခဲ့ပါတယ္လို႔ University College London က သုေတသနပညာရွင္ Sarah Jackson ကလည္း ေျပာခဲ့ပါတယ္။ အဝလြန္သူေတြကို ခြဲျခားျပီးဆက္ဆံတာက သူတို႔ကို ကာယေလ့က်င့္ခန္း လုပ္ေဆာင္မႈမ်ားမွာ ပါ၀င္ဖို႔ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေလ်ာ့ေစတဲ့အတြက္ေၾကာင့္ သူတို႔ေရွာင္ရွားေလ့ရိွၾကတာျဖစ္တယ္လို႔ လည္းဆိုပါတယ္။

Credit: trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အလွန့်အကျွံဝနေသူတွေကို တိုက်ခိုက်အရှက်ရစေတဲ့အနေနဲ့ fat shaming လို့ခေါ်တဲ့ အဝလွန်သူများခွဲခြားဆက်ဆံမှုဟာ သူတို့ကို ဝိတ်ကျစေဖို့ အားပေးအားမြောက်ဖြစ်မသွားစေဘဲ ပိုလို့တောင် ဝိတ်တက်စေပါသေးတယ်။ အရွယ်ရောက်ပြီးသူ အယောက် ၃၀၀၀ ဝန်းကျင်ကို သူတို့ရဲ့ အဝလွန်မှုကြောင့် စိတ်အနှောက်အယှက်ပေးခံရတာ၊ လေးစားမှုမခံရတာ၊ စားသောက်ဆိုင်နဲ့ စတိုးဆိုင်တွေမှာ ကောင်းကောင်းမွန်မွန် ဧည့်ခံခြင်းမရှိတာ၊ စတိုင်မကျဘူးလို့ ပြုမူဆက်ဆံခံရတာမျိုး ရှိမရှိမေးမြန်းခဲ့ပါတယ်။

သူတို့အထဲ ၅% ရာခိုင်နှုန်းလောက်က အဲဒီလိုမျိုးခွဲခြားဆက်ဆံတာမျိုး မကြုံဖူးကြဘူးလို့ ပြောဆိုခဲ့ကြပေမယ့် ပျှမ်းမျှအနေနဲ့ လေးနှစ်တာကာလအချိန် အဝလွန်ဖြစ်မှုကြောင့် ခွဲခြားဆက်ဆံခံရကြောင်း တိုင်ကြားသူတွေဟာ ကိုယ်အလေးချိန် ၂ ပေါင်တိုးသွားပြီး တိုင်ကြားမှု မလုပ်သူတွေမှာ ၁.၅ ပေါင်(ဝ.၇၁ကီလို) ခန့် အလေးချိန်ကျသွားပါတယ်။

အလေးချိန်ကြောင့် ခွဲခြားဆက်ဆံမှုက အဝလွန်ဖြစ်စေတဲ့ ပြသနာ တစ်စိတ်တစ်ဒေသဖြစ်နေပြီး ဖြေရှင်းချက်တစ်ရပ်တော့ မဟုတ်ကြောင်း ကျွန်တော်တို့ရဲ့လေ့လာချက်က ပြသနေတယ်လို့ Cancer Research UK Health Behaviour Centre at University College London ရဲ့ ဒါရုက်တာ Jane Wardle ပြောဆိုခဲ့ပါတယ်။ တချို့အဝလွန်ဖြစ်နေတဲ့ လူနာတွေက သူတို့ ခန္ဓာကိုယ်အလေးချိန်ကြောင့် ဆရာဝန်တွေက မလေးမစား ဆက်ဆံကြတယ်လို့ တိုင်ကြားနေကြတယ်။ ဆရာဝန်တွေ အပါအဝင် ဘယ်သူမဆို သူတို့အလေးချိန်အတွက် ပြစ်တင်ဝေဖန်ပြီး အရှက်ရအောင် ခွဲခြားဆက်ဆံမှု ရပ်သင့်တယ်လို့ Wardle ကပြောဆိုခဲ့ပါတယ်။

ကိုယ်ခန္ဓာအလေးချိန်ကြောင့် ခွဲခြားဆက်ဆံခြင်းမှာ အလေးချိန်တက်ခြင်းနဲ့ ပတ်သက်ဆက်နွယ်နေခဲ့ပါတယ်လို့ University College London က သုတေသနပညာရှင် Sarah Jackson ကလည်း ပြောခဲ့ပါတယ်။ အဝလွန်သူတွေကို ခွဲခြားပြီးဆက်ဆံတာက သူတို့ကို ကာယလေ့ကျင့်ခန်း လုပ်ဆောင်မှုများမှာ ပါဝင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့စေတဲ့အတွက်ကြောင့် သူတို့ရှောင်ရှားလေ့ရှိကြတာဖြစ်တယ်လို့ လည်းဆိုပါတယ်။

Credit: trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top