iMyanmarHouse.com - Best Property Website for Myanmar
×
Credit: 7 day daily
#Unicode Version
ဂီတကြယ်ပွင့်တစ်ပွင့်ဖြစ်သော ဆယ်လီနာဂိုမက်ဇ်သည် ကျန်းမာရေးမ ကောင်း၍ အနုပညာလုပ်ငန်းများကို သုံးလကြာရပ်နားပြီးနောက် လူမှုမီဒီယာအင်စတာဂရမ် စာမျက်နှာပေါ်သို့ ပြန်လည်ရောက်ရှိလာသည်။
‘‘ဒီနှစ်မှာ ကျေးဇူးတင်စရာ တွေအများကြီးရှိခဲ့တယ်။ ဒီနှစ်က အခက်ခဲဆုံးဖြစ်ခဲ့သလို စိတ် ကျေနပ်စရာအကောင်းဆုံးလည်း ဖြစ်ခဲ့တယ်။ အရည်အချင်းမပြည့် ဝဘူးဆိုတဲ့ တိုက်ပွဲတွေကို ကျွန်မ အနိုင်ရခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာအောင် အားပေးချစ်ခင်ခဲ့တဲ့ ပရိသတ်တွေကို ပြန်ပြီး ပေးဆပ် ချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့က ဘယ်လိုအရေးကြီး တယ်ဆိုတာ ပရိသတ်တွေက လမ်းပြခဲ့ပါတယ်။ ကျွန်မရဲ့ ဘာသာရေး သက်ဝင်ယုံကြည်မှု ကြောင့်လည်း ဒီအရာတွေကို ကျော်လွှားနိုင်ခဲ့တာပါ။ မေတ္တာ တရားက အမြဲတမ်းအနိုင်ရပါ တယ်။ အားလုံးကိုချစ်ပါတယ်။ ဘုရားသခင်ကောင်းချီးပေးပါ စေ’’ဟု အသက် (၂၄)နှစ်အရွယ် ဆယ်လီနာဂိုမက်ဇ်က အင်စတာ ဂရမ်စာမျက်နှာတွင် နိုဝင်ဘာ ၂၅ ရက်က ရေးသားခဲ့သည်။
ယခုသီတင်းပတ်အစော ပိုင်းက အမေရိကန်ဂီတဆုပေးပွဲ တွင် စိတ်လှုပ်ရှားဖွယ်မိန့်ခွန်း ပြောကြားခဲ့သည့် ဆယ်လီနာဂိုမက်ဇ်သည် ကျန်းမာရေးမ ကောင်းသောကြောင့် သြဂုတ် လကစ၍ အနုပညာလုပ်ငန်းများ ယာယီရပ်နားခဲ့သည်။
Credit: 7 day daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top