iMyanmarHouse.com - Best Property Website for Myanmar
×

ေဗာက္ထျခင္းဆုိတာ ဆိုးရြားတဲ့ ဦးေရျပားက်န္းမာေရး ျပႆနာပါ။ ဦးေရျပားေပၚမွာျဖစ္တတ္တဲ့ မႈိေရာဂါတစ္မ်ိဳးလုိ႔လဲ ဆုိႏုိင္ပါတယ္။ က်န္းမာေရးအတြက္ ဆိုးဆုိးရြားရြား ဆိုးက်ိဳးမျပဳေပမယ့္လည္း ဦး ေရျပားနဲ႔ ဆံေကသာမွာဆုိရင္ေတာ့ ေဗာက္ေတြေၾကာင့္ သန္႔ရွင္းမႈ မရွိျခင္း၊ အနံ႔ဆိုးေတြထြက္ျခင္း စတဲ့ စိတ္ပ်က္စရာေကာင္းတဲ့ အရာ ေတြေတာ့ ႀကံဳလာႏုိင္ပါတယ္။ ဒါ့ေၾကာင့္မုိ႔လု႔ိ ေဗာက္ထျခင္းျဖစ္ရ တဲ့ အေၾကာင္းအရင္းေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္။

ဆံေကသာနဲ႔ ဆံသားေတြကုိ သန္႔ရွင္းေအာင္ မထားျခင္း။ ေခါင္း ေလွ်ာ္သန္႔စင္ျခင္းေတြကုိ ပုံမွန္မျပဳလုပ္ေပးတာေၾကာင့္လည္း ေဗာက္ထျခင္းကုိ ျဖစ္ေစပါတယ္။ ဆံပင္ေတြကုိ မဖီးတာ၊ မရွင္း လင္းတာေတြေၾကာင့္ ဦးေရျပားမွာရွိတဲ့ အမႈိက္၊ ဖုန္နဲ႔ အျခားေသာ အညစ္အေၾကးေတြ ဆံေကသာ ဦးေရျပားထဲမွာပဲ ကိန္း ေအာင္း က်န္ရစ္ၿပီး ေဗာက္ေတြကုိ ျဖစ္ေပၚေစပါတယ္။

အေရျပားဓာတ္မတည့္မႈေတြ ျဖစ္တတ္ျခင္းကေန ေဗာက္ထျခင္းကုိ ျဖစ္ေစပါတယ္။ ဆံေကသာအတြက္ အသံုးျပဳတဲ့ ရွန္ပူ၊ ေဆးရည္၊ အဆီေတြနဲ႔ ဓာတ္မတည့္ျခင္းကေန ေဗာက္ေတြထေစပါတယ္။

ေျခာက္ေသြ႔တဲ့ အေရျပားပုိင္ရွင္ေတြမွာလည္း ေဗာက္ထျခင္းေတြ ျဖစ္ေပၚတတ္ပါတယ္။ ဦးေရျပားေျခာက္ေသြ႔ျခင္းေၾကာင့္ ဦးေရျပားဆဲလ္ေတြ ေျခာက္ရာကေန ေဗာက္ေတြကုိ ျဖစ္ေပၚေစပါ တယ္။

ေရာဂါနဲ႔ က်န္းမာေရး ျပႆနာေတြကလည္း ေဗာက္ထျခင္းကုိ ျဖစ္ေပၚေစပါတယ္။ က်န္းမာေရးမေကာင္းတဲ့သူေတြ၊ ႏွလံုးေရာဂါ သည္ေတြ၊ ေလျဖတ္သူေတြနဲ႔
က်န္းမာေရးခ်ိဳ႕ယြင္းသူေတြမွာလည္း ေဗာက္ထျခင္းေတြ ျဖစ္ေပၚေစႏုိင္ပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဗောက်ထခြင်းဆိုတာ ဆိုးရွားတဲ့ ဦးရေပြားကျန်းမာရေး ပြဿနာပါ။ ဦးရေပြားပေါ်မှာဖြစ်တတ်တဲ့ မှိုရောဂါတစ်မျိုးလို့လဲ ဆိုနိုင်ပါတယ်။ ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွား ဆိုးကျိုးမပြုပေမယ့်လည်း ဦး ရေပြားနဲ့ ဆံကေသာမှာဆိုရင်တော့ ဗောက်တွေကြောင့် သန့်ရှင်းမှု မရှိခြင်း၊ အနံ့ဆိုးတွေထွက်ခြင်း စတဲ့ စိတ်ပျက်စရာကောင်းတဲ့ အရာ တွေတော့ ကြုံလာနိုင်ပါတယ်။ ဒါ့ကြောင့်မို့လု့ိ ဗောက်ထခြင်းဖြစ်ရ တဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆံကေသာနဲ့ ဆံသားတွေကို သန့်ရှင်းအောင် မထားခြင်း။ ခေါင်း လျှော်သန့်စင်ခြင်းတွေကို ပုံမှန်မပြုလုပ်ပေးတာကြောင့်လည်း ဗောက်ထခြင်းကို ဖြစ်စေပါတယ်။ ဆံပင်တွေကို မဖီးတာ၊ မရှင်း လင်းတာတွေကြောင့် ဦးရေပြားမှာရှိတဲ့ အမှိုက်၊ ဖုန်နဲ့ အခြားသော အညစ်အကြေးတွေ ဆံကေသာ ဦးရေပြားထဲမှာပဲ ကိန်း အောင်း ကျန်ရစ်ပြီး ဗောက်တွေကို ဖြစ်ပေါ်စေပါတယ်။

အရေပြားဓာတ်မတည့်မှုတွေ ဖြစ်တတ်ခြင်းကနေ ဗောက်ထခြင်းကို ဖြစ်စေပါတယ်။ ဆံကေသာအတွက် အသုံးပြုတဲ့ ရှန်ပူ၊ ဆေးရည်၊ အဆီတွေနဲ့ ဓာတ်မတည့်ခြင်းကနေ ဗောက်တွေထစေပါတယ်။

ခြောက်သွေ့တဲ့ အရေပြားပိုင်ရှင်တွေမှာလည်း ဗောက်ထခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဦးရေပြားခြောက်သွေ့ခြင်းကြောင့် ဦးရေပြားဆဲလ်တွေ ခြောက်ရာကနေ ဗောက်တွေကို ဖြစ်ပေါ်စေပါ တယ်။

ရောဂါနဲ့ ကျန်းမာရေး ပြဿနာတွေကလည်း ဗောက်ထခြင်းကို ဖြစ်ပေါ်စေပါတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေ၊ နှလုံးရောဂါ သည်တွေ၊ လေဖြတ်သူတွေနဲ့
ကျန်းမာရေးချို့ယွင်းသူတွေမှာလည်း ဗောက်ထခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top