iMyanmarHouse.com - Best Property Website for Myanmar
×

အစားကိုလည္း အမ်ားႀကီးမေလွ်ာ႔ခ်င္ဘူး၊ ၀ိတ္တက္မွာလဲေၾကာက္တယ္ ဘယ္လိုလုပ္ရမလဲ? ႏွစ္ခုလံုး အဆင္ေျပတာမရွိဘူးထင္တယ္ လို႔ေမးလာရင္ေတာ႔ ဂိုးရိုစ္႔ေၾကာ္ျငာထဲကလိုပဲ ရွိပါတယ္လို႔ ေျဖလိုက္ပါရေစ။ ယခုေဖာ္ျပမယ္႔ နည္းလမ္းေတြဟာ အေပၚက ျပႆနာေၾကာင္႔ အၿမဲေခါငး္ခဲေနရတဲ႔ ပ်ိဳပ်ိဳ၊ ကိုကိုတို႔အတြက္ သင္႔ေတာ္တဲ႔ အႀကံဳျပဳခ်က္ေလးေတြ ျဖစ္မွာပါ။

၁ - လတ္လတ္ဆတ္ဆတ္စားပါ

အာဟာရဓါတ္ျပည္႔၀ၿပီး အဆီမမ်ားတဲ႔ အစားအစာေတြကို ဆိုလိုပါတယ္။ ဗိုက္ဆာလာၿပီဆိုရင္ အစာမခံပါနဲ႔ လတ္လတ္ဆတ္ဆတ္ အရြက္ေတြနဲ႔ အသီးေတြကို စိတ္ႀကိဳက္သံုးေဆာင္ႏုိင္ပါတယ္။ ရက္လြန္အစားအစာေတြနဲ႔ ကယ္လိုရီမ်ားလြန္းတဲ႔ အစားအစာေတြကိုေတာ႔ အတတ္ႏိုင္ဆံုး ေရွာင္ေပါ႔။

၂ - အမွ်င္ဓါတ္ပါေသာ၊ အရည္ဓါတ္ပါေသာအစားအစာမ်ားမ်ားစားပါ

Fiber လို႔ေခၚတဲ႔ အမွ်င္ဓါတ္ ၾကြယ္၀စာပါ၀င္တဲ႔ အစားအစာမ်ားနဲ႔ အရည္ရႊမ္းတဲ႔ အသီးမ်ားက သင္႔အစာအိမ္ကို ၾကာၾကာအလုပ္ေပးႏုိင္ၿပီး ဗိုက္ခဏခဏဆာတဲ႔ရန္က ကင္းေ၀းေစပါလိမ္႔မယ္။ ဥပမာအေနနဲ႔ ပဲအမ်ိဳးမ်ိဳး၊ ပန္းေဂၚဖီနဲ႔ ဖရဲသီးတို႔ကို ညႊန္ျပပါရေစ။


၃ - ျဖည္းျဖည္းစားပါ

အစာကို ျဖည္းျဖည္းမွန္မွန္ ၀ါး၍စားျခင္းက အစာနည္းနည္းနဲ႔ ဗိုက္ျမန္ျမန္ျပည္႔ေစပါတယ္။ ဒီေတာ႔ အမ်ားႀကီးမစားျဖစ္ေတာ႔ပဲ ၀ိတ္တတ္မယ္႔ ေဘးကလြတ္ကင္းႏိုင္ပါၿပီ။

၄ - ေရမ်ားမ်ားေသာက္ပါ

ေရေသာက္ဗိုက္ေမွာက္ဆိုတဲ႔ စကားလိုပဲ ေရေသာက္တာက ဗိုက္ျပည္႔ေစပါတယ္။ ေရမ်ားမ်ားေသာက္ေပးျခင္းက က်န္းမာေရးနဲ႔လည္း ညီညြတ္သလို ထမင္းစားခ်ိန္ ေရေသာက္ျခငး္က ထမင္းအမ်ားႀကီး မစားျဖစ္ေအာင္ တားဆီးေပးမွာပါ။

၅ - အစာတစ္ခုစားဖို႔ ျငင္းလိုက္မိတိုင္း ကိုယ္႔ကိုယ္ကို ဆုခ်ီးျမွင္႔ပါ

ဥပမာ - သင္ဟာ ဒီေန႔၀က္သားဒုတ္ထိုးစားဖို႔ စဥ္းစားမိေပမယ္႔ မစားျဖစ္ေအာင္ စိတ္ကိုထိန္းလိုက္ႏိုင္တဲ႔အခါ ၀က္သားဒုတ္ထိုးစားျဖစ္မယ္႔ ေငြပမာဏကို ခန္႔မွန္းၿပီး မိမိအတြက္ အျခားလိုအပ္တဲ႔ အရာတစ္ခုခု ၀ယ္လိုက္ပါ။

Credit:Momolay

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အစားကိုလည်း အများကြီးမလျှော့ချင်ဘူး၊ ဝိတ်တက်မှာလဲကြောက်တယ် ဘယ်လိုလုပ်ရမလဲ? နှစ်ခုလုံး အဆင်ပြေတာမရှိဘူးထင်တယ် လို့မေးလာရင်တော့ ဂိုးရိုစ့်ကြော်ငြာထဲကလိုပဲ ရှိပါတယ်လို့ ဖြေလိုက်ပါရစေ။ ယခုဖော်ပြမယ့် နည်းလမ်းတွေဟာ အပေါ်က ပြဿနာကြောင့် အမြဲခေါင်းခဲနေရတဲ့ ပျိုပျို၊ ကိုကိုတို့အတွက် သင့်တော်တဲ့ အကြုံပြုချက်လေးတွေ ဖြစ်မှာပါ။

၁ - လတ်လတ်ဆတ်ဆတ်စားပါ

အာဟာရဓါတ်ပြည့်ဝပြီး အဆီမများတဲ့ အစားအစာတွေကို ဆိုလိုပါတယ်။ ဗိုက်ဆာလာပြီဆိုရင် အစာမခံပါနဲ့ လတ်လတ်ဆတ်ဆတ် အရွက်တွေနဲ့ အသီးတွေကို စိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်။ ရက်လွန်အစားအစာတွေနဲ့ ကယ်လိုရီများလွန်းတဲ့ အစားအစာတွေကိုတော့ အတတ်နိုင်ဆုံး ရှောင်ပေါ့။

၂ - အမျှင်ဓါတ်ပါသော၊ အရည်ဓါတ်ပါသောအစားအစာများများစားပါ

Fiber လို့ခေါ်တဲ့ အမျှင်ဓါတ် ကြွယ်ဝစာပါဝင်တဲ့ အစားအစာများနဲ့ အရည်ရွှမ်းတဲ့ အသီးများက သင့်အစာအိမ်ကို ကြာကြာအလုပ်ပေးနိုင်ပြီး ဗိုက်ခဏခဏဆာတဲ့ရန်က ကင်းဝေးစေပါလိမ့်မယ်။ ဥပမာအနေနဲ့ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီနဲ့ ဖရဲသီးတို့ကို ညွှန်ပြပါရစေ။


၃ - ဖြည်းဖြည်းစားပါ

အစာကို ဖြည်းဖြည်းမှန်မှန် ဝါး၍စားခြင်းက အစာနည်းနည်းနဲ့ ဗိုက်မြန်မြန်ပြည့်စေပါတယ်။ ဒီတော့ အများကြီးမစားဖြစ်တော့ပဲ ဝိတ်တတ်မယ့် ဘေးကလွတ်ကင်းနိုင်ပါပြီ။

၄ - ရေများများသောက်ပါ

ရေသောက်ဗိုက်မှောက်ဆိုတဲ့ စကားလိုပဲ ရေသောက်တာက ဗိုက်ပြည့်စေပါတယ်။ ရေများများသောက်ပေးခြင်းက ကျန်းမာရေးနဲ့လည်း ညီညွတ်သလို ထမင်းစားချိန် ရေသောက်ခြင်းက ထမင်းအများကြီး မစားဖြစ်အောင် တားဆီးပေးမှာပါ။

၅ - အစာတစ်ခုစားဖို့ ငြင်းလိုက်မိတိုင်း ကိုယ့်ကိုယ်ကို ဆုချီးမြှင့်ပါ

ဥပမာ - သင်ဟာ ဒီနေ့ဝက်သားဒုတ်ထိုးစားဖို့ စဉ်းစားမိပေမယ့် မစားဖြစ်အောင် စိတ်ကိုထိန်းလိုက်နိုင်တဲ့အခါ ဝက်သားဒုတ်ထိုးစားဖြစ်မယ့် ငွေပမာဏကို ခန့်မှန်းပြီး မိမိအတွက် အခြားလိုအပ်တဲ့ အရာတစ်ခုခု ဝယ်လိုက်ပါ။


Credit:Momolay



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top