iMyanmarHouse.com - Best Property Website for Myanmar
×

ေတာင္ကိုရီးယား အမ်ိဳးသမီးအဆုိေတာ္အဖြဲ႔ f(x) ရဲ႕ အဖြဲ႔ဝင္ေဟာင္း ဆူလီဟာ လက္ေကာက္ဝတ္ကိုလွီးကာ သတ္ေသဖို႔ ၾကိဳးစားခဲ့ပါတယ္။ ဆူလီကို အေရးေပၚ ေဆးရံုတင္လိုက္ရတဲ့အတြက္ ပရိသတ္ေတြက အလြန္စိုးရိမ္ခဲ့ရတာအမွန္ပါပဲ။ သူမ ဘာေၾကာင့္ ဒီလိုလုပ္တယ္ဆုိတာကိုေတာ့ ဆူလီကိုယ္တုိင္က ထုတ္မေျပာေပမဲ့ အခ်စ္ေၾကာင့္ နာက်င္မႈကို မခံစားႏိုင္ေတာ့တဲ့အတြက္ သတ္ေသတာျဖစ္ႏုိင္ေၾကာင္း ေကာလာဟလေတြလည္း ၾကားေနရပါတယ္။

က်န္းမာေရးအေျခအေနတည္ၿငိမ္လာခ်ိန္မွာေတာ့ ဆူလီက ပရိသတ္ေတြကို အင္စတာဂရမ္ေပၚကတစ္ဆင့္ ေျဖရွင္းခဲ့ပါတယ္။ " ကၽြန္မကိုယ္ကၽြန္မ မေတာ္တဆ နာက်င္ေအာင္လုပ္မိပါတယ္။ ပရိသတ္ေတြကို စိုးရိမ္ေစခဲ့မိလုိ႔ စိတ္မေကာင္းပါဘူး" လို႔ ႏိုဝင္ဘာ ၂၄ ရက္က အင္စတာဂရမ္ေပၚမွာ ေရးခဲ့တာပါ။ ေဆးရံုေပၚေရာက္လာခ်ိန္မွာေတာ့ လက္ေကာက္ဝတ္မွာ ၂ လက္မခန္႔ ျပတ္႐ွဒဏ္ရာေတြ႔ရၿပီး အရက္နံ႔ေတြလည္း ရေနတယ္လို႔ သိရပါတယ္။ ဒါေပမဲ့ သတ္ေသဖုိ႔ႀကိဳးစားတယ္လို႔ေတာ့ သူမက ဝန္မခံပါဘူး။ ဆူလီရဲ႕ခ်စ္သူ Dynamic Duo အဖြဲ႔ဝင္ ရပ္ပ္အဆိုေတာ္ ခၽြိဳင္ဇာဘက္ကလည္း တစ္စံုတစ္ရာ ေၾကညာခ်က္မထုတ္တဲ့အတြက္ အခ်စ္ေရးနဲ႔ပတ္သက္တာလည္း ျဖစ္ႏိုင္ေျခမ်ားေနပါတယ္။

Credit:Duwun
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ f(x) ရဲ့ အဖွဲ့ဝင်ဟောင်း ဆူလီဟာ လက်ကောက်ဝတ်ကိုလှီးကာ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ ဆူလီကို အရေးပေါ် ဆေးရုံတင်လိုက်ရတဲ့အတွက် ပရိသတ်တွေက အလွန်စိုးရိမ်ခဲ့ရတာအမှန်ပါပဲ။ သူမ ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကိုတော့ ဆူလီကိုယ်တိုင်က ထုတ်မပြောပေမဲ့ အချစ်ကြောင့် နာကျင်မှုကို မခံစားနိုင်တော့တဲ့အတွက် သတ်သေတာဖြစ်နိုင်ကြောင်း ကောလာဟလတွေလည်း ကြားနေရပါတယ်။

ကျန်းမာရေးအခြေအနေတည်ငြိမ်လာချိန်မှာတော့ ဆူလီက ပရိသတ်တွေကို အင်စတာဂရမ်ပေါ်ကတစ်ဆင့် ဖြေရှင်းခဲ့ပါတယ်။ " ကျွန်မကိုယ်ကျွန်မ မတော်တဆ နာကျင်အောင်လုပ်မိပါတယ်။ ပရိသတ်တွေကို စိုးရိမ်စေခဲ့မိလို့ စိတ်မကောင်းပါဘူး" လို့ နိုဝင်ဘာ ၂၄ ရက်က အင်စတာဂရမ်ပေါ်မှာ ရေးခဲ့တာပါ။ ဆေးရုံပေါ်ရောက်လာချိန်မှာတော့ လက်ကောက်ဝတ်မှာ ၂ လက်မခန့် ပြတ်ရှဒဏ်ရာတွေ့ရပြီး အရက်နံ့တွေလည်း ရနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သတ်သေဖို့ကြိုးစားတယ်လို့တော့ သူမက ဝန်မခံပါဘူး။ ဆူလီရဲ့ချစ်သူ Dynamic Duo အဖွဲ့ဝင် ရပ်ပ်အဆိုတော် ချွိုင်ဇာဘက်ကလည်း တစ်စုံတစ်ရာ ကြေညာချက်မထုတ်တဲ့အတွက် အချစ်ရေးနဲ့ပတ်သက်တာလည်း ဖြစ်နိုင်ခြေများနေပါတယ်။

Credit:Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top