iMyanmarHouse.com - Best Property Website for Myanmar
×

ေခါင္းကိုက္ေ၀ဒနာ ခံစားရတဲ့အခါ ဘာကိုမွ အာရံုမစိုက္ႏိုင္ေတာ့သလို အလုပ္တစ္ခုခုကို ဆက္လုပ္ဖုိ႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ပါဘူး။ အဲ့ဒီလို ေခါင္းကိုက္ေ၀ဒနာ ခံစားရတဲ့အခါ လူေတြထင္မွတ္မထားတဲ့ ဘယ္လိုနည္းလမ္းမ်ိဳးေလးေတြက ေခါင္းကိုက္ေ၀ဒနာကို သက္သာေစမလဲဆိုတာ ၾကည့္ၾကည့္ရေအာင္။

၁။ ေကာ္ဖီေသာက္ပါ။

ေခါင္းကို တစ္ခုခုနဲ႔ ထုေနသလိုကို ေခါင္းကိုက္ေ၀ဒနာကို ခံစားေနရၿပီဆုိရင္ ေကာ္ဖီတစ္ခြက္က ဒါေတြကို ကုစားေပးႏိုင္ပါတယ္။ သင္ဟာ မနက္ပိုင္းေကာ္ဖီေသာက္တတ္တဲ့သူဆုိရင္ ပိုၿပီးေတာ့ေတာင္ ဒီနည္းက အေထာက္အကူျပဳႏိုင္ ပါဦးမယ္။

၂။ခ်စ္တင္းေႏွာပါ။

ဒီအခ်က္ကေတာ့ မျဖစ္မေနလုပ္စရာ မလိုပါဘူး။ ေခါင္းကိုက္လုိ႔ ခ်စ္သူနဲ႔ ေနလိုက္ဖုိ႔ ေျပာတာလည္း မဟုတ္ပါဘူး။ ေျပာခ်င္တာက ေခါင္းကိုက္ေနစဥ္အတြင္း ခ်စ္တင္းေႏွာမယ္ဆုိ၇င္ ဟိုမုန္းဓာတ္ေၾကာင့္ေရာ၊ ဦးေႏွာက္အတြင္း နာက်င္ကိုက္ခဲမႈ ေလွ်ာ့ခ်ေပးႏိုင္တဲ့ အန္ဒရိုဖင္ေၾကာင့္ပါ ေခါင္းကိုက္ေ၀ဒနာကို သက္သာေစပါတယ္။

၃။မုန္႔တစ္ခုခုစားပါ။

ဒီတစ္ခါ ေခါင္းကိုက္လာၿပီဆုိရင္ ငါတစ္ခုခုစားဖုိ႔မ်ား ေမ့ေနသလားဆုိၿပီး ေတြးၾကည့္လိုက္ပါ။ တစ္ခါတစ္ေလ ေခါင္းကိုက္ေ၀ဒနာျဖစ္တာဟာ သင္အစားကို ပံုမွန္မစားတာေတြ၊ ဗိုက္ဆာေနရက္နဲ႔ အလုပ္ကို သည္းႀကီးမည္းႀကီးလုပ္ေနတာေတြေၾကာင့္ ျဖစ္တတ္လို႔ပါ။

၄။ေရေသာက္ေပးပါ။

ေရေသာက္ေပးျခင္းဟာ အလြယ္ကူဆံုးနဲ႔ အျမန္ဆန္ဆံုး ေျဖရွင္းနည္းတစ္ခုပါပဲ။ ေခါင္းကိုက္ေ၀ဒနာကို သက္သာေစတဲ့အျပင္ က်န္းမာေရးအတြက္လည္း ေကာင္းမြန္တယ္ေလ။

၅။ေရေႏြးၾကမ္းေသာက္ေပးပါ။

ေခါင္းကိုက္တာဟာ စိတ္ဖိစီးမႈခံစားရတာေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ စိတ္ဖိစီးလို႔ ေခါင္းကိုက္တာမ်ိဳးဆိုရင္ေတာ့ ေရေႏြးၾကမ္းေသာက္ေပးျခင္းဟာ အသင့္ေတာ္ဆံုးပါ။

၆။ကြန္ပ်ဴတာ screen နဲ႔ ေ၀းေ၀းေနလိုက္ပါ။

ကြန္ပ်ဴတာကထြက္တဲ့  အလင္းေၾကာင့္ သင္ေခါင္းကိုက္တာမ်ိဳးဆိုရင္ေတာ့ ကြန္ပ်ဴတာ screen ကို မၾကည့္ေတာ့ပဲ ခဏတျဖဳတ္ေလာက္ ေ၀းေ၀းမွာေနလိုက္ပါ။

၇။အေၾကာဆန္႔လိုက္ပါ။

ဇက္ေၾကာေတြတက္ေနလုိ႔၊ ပခံုးေတြေတာင့္ေအာင္ကို ေညာင္းညာေနလို႔ ေခါင္းကိုက္ေ၀ဒနာခံစားရတာမ်ိဳးလည္း ရွိပါတယ္။ အဲ့ဒါဆိုရင္ေတာ့ လက္ေတြ၊ ေျခေတြကိုဆန္႔ထုတ္ၿပီး အေၾကာဆန္႕လိုက္တာနဲ႔ ေခါင္းကိုက္သက္သာသြားမွာပါ။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခေါင်းကိုက်ဝေဒနာ ခံစားရတဲ့အခါ ဘာကိုမှ အာရုံမစိုက်နိုင်တော့သလို အလုပ်တစ်ခုခုကို ဆက်လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ အဲ့ဒီလို ခေါင်းကိုက်ဝေဒနာ ခံစားရတဲ့အခါ လူတွေထင်မှတ်မထားတဲ့ ဘယ်လိုနည်းလမ်းမျိုးလေးတွေက ခေါင်းကိုက်ဝေဒနာကို သက်သာစေမလဲဆိုတာ ကြည့်ကြည့်ရအောင်။

၁။ ကော်ဖီသောက်ပါ။

ခေါင်းကို တစ်ခုခုနဲ့ ထုနေသလိုကို ခေါင်းကိုက်ဝေဒနာကို ခံစားနေရပြီဆိုရင် ကော်ဖီတစ်ခွက်က ဒါတွေကို ကုစားပေးနိုင်ပါတယ်။ သင်ဟာ မနက်ပိုင်းကော်ဖီသောက်တတ်တဲ့သူဆိုရင် ပိုပြီးတော့တောင် ဒီနည်းက အထောက်အကူပြုနိုင် ပါဦးမယ်။

၂။ချစ်တင်းနှောပါ။

ဒီအချက်ကတော့ မဖြစ်မနေလုပ်စရာ မလိုပါဘူး။ ခေါင်းကိုက်လို့ ချစ်သူနဲ့ နေလိုက်ဖို့ ပြောတာလည်း မဟုတ်ပါဘူး။ ပြောချင်တာက ခေါင်းကိုက်နေစဉ်အတွင်း ချစ်တင်းနှောမယ်ဆို၇င် ဟိုမုန်းဓာတ်ကြောင့်ရော၊ ဦးနှောက်အတွင်း နာကျင်ကိုက်ခဲမှု လျှော့ချပေးနိုင်တဲ့ အန်ဒရိုဖင်ကြောင့်ပါ ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။

၃။မုန့်တစ်ခုခုစားပါ။

ဒီတစ်ခါ ခေါင်းကိုက်လာပြီဆိုရင် ငါတစ်ခုခုစားဖို့များ မေ့နေသလားဆိုပြီး တွေးကြည့်လိုက်ပါ။ တစ်ခါတစ်လေ ခေါင်းကိုက်ဝေဒနာဖြစ်တာဟာ သင်အစားကို ပုံမှန်မစားတာတွေ၊ ဗိုက်ဆာနေရက်နဲ့ အလုပ်ကို သည်းကြီးမည်းကြီးလုပ်နေတာတွေကြောင့် ဖြစ်တတ်လို့ပါ။

၄။ရေသောက်ပေးပါ။

ရေသောက်ပေးခြင်းဟာ အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံး ဖြေရှင်းနည်းတစ်ခုပါပဲ။ ခေါင်းကိုက်ဝေဒနာကို သက်သာစေတဲ့အပြင် ကျန်းမာရေးအတွက်လည်း ကောင်းမွန်တယ်လေ။

၅။ရေနွေးကြမ်းသောက်ပေးပါ။

ခေါင်းကိုက်တာဟာ စိတ်ဖိစီးမှုခံစားရတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးလို့ ခေါင်းကိုက်တာမျိုးဆိုရင်တော့ ရေနွေးကြမ်းသောက်ပေးခြင်းဟာ အသင့်တော်ဆုံးပါ။

၆။ကွန်ပျူတာ screen နဲ့ ဝေးဝေးနေလိုက်ပါ။

ကွန်ပျူတာကထွက်တဲ့  အလင်းကြောင့် သင်ခေါင်းကိုက်တာမျိုးဆိုရင်တော့ ကွန်ပျူတာ screen ကို မကြည့်တော့ပဲ ခဏတဖြုတ်လောက် ဝေးဝေးမှာနေလိုက်ပါ။

၇။အကြောဆန့်လိုက်ပါ။

ဇက်ကြောတွေတက်နေလို့၊ ပခုံးတွေတောင့်အောင်ကို ညောင်းညာနေလို့ ခေါင်းကိုက်ဝေဒနာခံစားရတာမျိုးလည်း ရှိပါတယ်။ အဲ့ဒါဆိုရင်တော့ လက်တွေ၊ ခြေတွေကိုဆန့်ထုတ်ပြီး အကြောဆန့်လိုက်တာနဲ့ ခေါင်းကိုက်သက်သာသွားမှာပါ။

Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top