iMyanmarHouse.com - Best Property Website for Myanmar
×

အားကစားခန္းမ(Gym) ေတြမွာ ရွိတဲ့ ကိုယ္လက္ လႈပ္ရွားမႈ ေထာက္ပံ့တဲ့ စက္ကိရိယာေတြမွာ ေကာင္းက်ိဳးျပန္မရႏိုင္တဲ့ စက္ကိရိယာ တစ္မ်ိဳးကေတာ့ Elliptical လို႔ေခၚတဲ့ ေျခႏွစ္ဖက္ ၊ လက္ႏွစ္ဖက္ စလံုး ဘဲဥ ပံုသ႑ာန္လည္ပတ္လႈပ္ရွားေစတဲ့ စက္ကိရိယာပဲ ျဖစ္ပါတယ္။

Gym မွာ ေလ့က်င့္ခန္းလုပ္ေလ့ရွိသူ အမ်ားစုဟာ Elliptical ဆိုတဲ့ စက္ကိရိယာကို အေလးေပး ေရြးခ်ယ္ အသံုးျပဳၾကပါတယ္။ ဘာလို႔လည္း ဆိုေတာ့ ဒီ စက္ကိရိယာဟာ အသံုးျပဳရ အလြယ္ကူဆံုးျဖစ္ေနလို႔ပါ။ Elliptical စက္ကိရိယာ ဟာဘာေၾကာင့္ ကၽြႏ္ုပ္တို႔ကို ေကာင္းက်ိဳး ျပန္မေပးႏိုင္တာလည္းဆိုတာကေတာ့ ရိုးရွင္းပါတယ္။ အဲဒီစက္ကိရိယာဟာ ေျခေထာက္ႏွစ္ေခ်ာင္းကို ေရွ႕ ၊ ေနာက္ လႈပ္ရွားမႈ ျပဳလုပ္ေစတာပါ။ ဒါဟာ လမ္းေလွ်ာက္တာ ၊ ေျပးတာတို႔ေလာက္ေတာင္ ခႏၶာကိုယ္ ႀကံ႕ခိုင္သန္စြမ္း မႈ မျဖစ္ေစပါဘူး။ ပိုဆိုးတာက စက္ကိရိယာ ရဲ ႔ အကူအညီနဲ႔ ေျခေထာက္ေတြ လႈပ္ရွားေနေစတဲ့အတြက္လည္း ေျခေထာက္ေတြက အားစိုက္ထုတ္မႈ မလိုအပ္ေတာ့ပါဘူး။

"Elliptical ဆိုတဲ့ စက္ကိရိယာေတြေပၚမွာ ေကာင္းမြန္တဲ့ အားကစား ေလ့က်င့္မႈ ျပဳလုပ္ႏိုင္ဖို႔ မျဖစ္ႏိုင္ပါဘူး။ အဲဒီစက္ေတြဟာ လူေတြကို ေျခေထာက္လႈပ္ရွားေနစဥ္မွာ သူတို႔ရဲ ႔ ဒူးေခါင္း ကို သက္ေတာင့္သက္သာ ျဖစ္ေနေစျခင္း ကတဆင့္ ယံုၾကည္မႈေတြရလာေစဖို႔ ဖန္တီးထားတာပါ။ တစ္ခါတစ္ရံမွာေတာ့ ဒူးေခါင္းေတြမွာ နာက်င္မႈျဖစ္ေပၚတယ္ဆိုတာဟာလည္း ေျခေထာက္ လႈပ္ရွားတဲ့ ပံုစံ မမွန္ကန္လို႔ပါ။" လို႔ အားကစားခန္းမ နည္းျပ တစ္ဦးျဖစ္တဲ့ Edward Rush က ဆိုပါတယ္။

ဒါေၾကာင့္ Elliptical ဆိုတဲ့ စက္ကိရိယာဟာ သန္မာမႈမရွိတဲ့ ဒူးေခါင္းေတြကို ပိုၿပီးေတာ့ေတာင္ ဆိုးရြားလာေစႏိုင္တယ္လုိ႔ ေကာက္ခ်က္ခ် ႏိုင္ပါတယ္။ အဲဒီ Elliptical ဆိုတဲ့ စက္ကိရိယာကို အသံုးျပဳျခင္းအစား ပိုမိုထိေရာက္မႈ ရွိေစဖို႔အတြက္ rowing machine လို႔ေခၚတဲ့ စက္ကိရိယာကို အသံုးျပဳသင့္ပါတယ္။ rowing machine ဆိုတာကေတာ့ ေျခေထာက္ကို ဆန္႔တန္းထားၿပီး အေလးခ်ိန္ပါတဲ့ ႀကိဳးတစ္ခုကို ခႏာကိုယ္ အေနာက္လွဲခ်တဲ့အေနအထား နဲ႔ ဆြဲယူရတဲ့ ေလ့က်င့္ခန္းမ်ိဳးကို လုပ္ေဆာင္ေပးပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အားကစားခန်းမ(Gym) တွေမှာ ရှိတဲ့ ကိုယ်လက် လှုပ်ရှားမှု ထောက်ပံ့တဲ့ စက်ကိရိယာတွေမှာ ကောင်းကျိုးပြန်မရနိုင်တဲ့ စက်ကိရိယာ တစ်မျိုးကတော့ Elliptical လို့ခေါ်တဲ့ ခြေနှစ်ဖက် ၊ လက်နှစ်ဖက် စလုံး ဘဲဥ ပုံသဏ္ဍာန်လည်ပတ်လှုပ်ရှားစေတဲ့ စက်ကိရိယာပဲ ဖြစ်ပါတယ်။

Gym မှာ လေ့ကျင့်ခန်းလုပ်လေ့ရှိသူ အများစုဟာ Elliptical ဆိုတဲ့ စက်ကိရိယာကို အလေးပေး ရွေးချယ် အသုံးပြုကြပါတယ်။ ဘာလို့လည်း ဆိုတော့ ဒီ စက်ကိရိယာဟာ အသုံးပြုရ အလွယ်ကူဆုံးဖြစ်နေလို့ပါ။ Elliptical စက်ကိရိယာ ဟာဘာကြောင့် ကျွန်ုပ်တို့ကို ကောင်းကျိုး ပြန်မပေးနိုင်တာလည်းဆိုတာကတော့ ရိုးရှင်းပါတယ်။ အဲဒီစက်ကိရိယာဟာ ခြေထောက်နှစ်ချောင်းကို ရှေ့ ၊ နောက် လှုပ်ရှားမှု ပြုလုပ်စေတာပါ။ ဒါဟာ လမ်းလျှောက်တာ ၊ ပြေးတာတို့လောက်တောင် ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်း မှု မဖြစ်စေပါဘူး။ ပိုဆိုးတာက စက်ကိရိယာ ရဲ့ အကူအညီနဲ့ ခြေထောက်တွေ လှုပ်ရှားနေစေတဲ့အတွက်လည်း ခြေထောက်တွေက အားစိုက်ထုတ်မှု မလိုအပ်တော့ပါဘူး။

"Elliptical ဆိုတဲ့ စက်ကိရိယာတွေပေါ်မှာ ကောင်းမွန်တဲ့ အားကစား လေ့ကျင့်မှု ပြုလုပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီစက်တွေဟာ လူတွေကို ခြေထောက်လှုပ်ရှားနေစဉ်မှာ သူတို့ရဲ့ ဒူးခေါင်း ကို သက်တောင့်သက်သာ ဖြစ်နေစေခြင်း ကတဆင့် ယုံကြည်မှုတွေရလာစေဖို့ ဖန်တီးထားတာပါ။ တစ်ခါတစ်ရံမှာတော့ ဒူးခေါင်းတွေမှာ နာကျင်မှုဖြစ်ပေါ်တယ်ဆိုတာဟာလည်း ခြေထောက် လှုပ်ရှားတဲ့ ပုံစံ မမှန်ကန်လို့ပါ။" လို့ အားကစားခန်းမ နည်းပြ တစ်ဦးဖြစ်တဲ့ Edward Rush က ဆိုပါတယ်။

ဒါကြောင့် Elliptical ဆိုတဲ့ စက်ကိရိယာဟာ သန်မာမှုမရှိတဲ့ ဒူးခေါင်းတွေကို ပိုပြီးတော့တောင် ဆိုးရွားလာစေနိုင်တယ်လို့ ကောက်ချက်ချ နိုင်ပါတယ်။ အဲဒီ Elliptical ဆိုတဲ့ စက်ကိရိယာကို အသုံးပြုခြင်းအစား ပိုမိုထိရောက်မှု ရှိစေဖို့အတွက် rowing machine လို့ခေါ်တဲ့ စက်ကိရိယာကို အသုံးပြုသင့်ပါတယ်။ rowing machine ဆိုတာကတော့ ခြေထောက်ကို ဆန့်တန်းထားပြီး အလေးချိန်ပါတဲ့ ကြိုးတစ်ခုကို ခနာကိုယ် အနောက်လှဲချတဲ့အနေအထား နဲ့ ဆွဲယူရတဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်ဆောင်ပေးပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top