iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္မသြားခင္ ဒါမွမဟုတ္ အလုပ္ဆင္းဆင္းခ်င္း GYM သြားမယ့္သူေတြက ဘယ္လိုပဲျဖစ္ျဖစ္ GYM က အ၀တ္အစားလဲတဲ့အခန္းေတြကို မျဖစ္မေန အသံုးျပဳၾကမွာပါပဲ။ အ၀တ္အစားလဲရံုတင္မက GYM မွာေဆာ့၊ ေရခ်ိဳးျပီးမွ အိမ္ျပန္တဲ့သူေတြအတြက္ GYM က အ၀တ္အစားလဲတဲ့အခန္းေတြ မျဖစ္မေန အသံုးျပဳရမယ္ဆုိရင္ေတာင္ ေရွာင္သင့္တဲ့အရာေတြရွိေနပါတယ္။ တစ္ခါတစ္ေလ ေရခ်ိဳးခန္းေတြမွာထားတဲ့ သားေရဖိနပ္ေတြဟာ စီးဖုိ႕အတြက္ ရြံစရာေတာ္ေတာ္ေလး ေကာင္းပါတယ္။ သူတုိ႕မွာ မ်က္လံုးနဲ႕မျမင္ႏိုင္တဲ့ ဘက္တီးရီးယားပိုးမႊားေတြ အမ်ားၾကီးပါ။ ေနာက္တစ္ခ်က္က ေရခ်ိဳးခန္းေတြကိုေရာ တာ၀န္ရွိသူေတြက တစ္ပတ္မွာ ဘယ္ႏွစ္ၾကိမ္သန္႕ရွင္းေရး လုပ္ၾကသလဲဆုိတာကိုလည္း သင္မသိႏိုင္ပါဘူး။ ေမ့ေလာက္ရွိမွတစ္ခါသန္႕ရွင္းေရး လုပ္မယ္ဆုိရင္ေတာ့ သင့္အတြက္ သတိၾကီးၾကီးထားျပီး အသံုးျပဳသင့္တယ္လုိ႕ ဆုိရပါလိမ့္မယ္။

ေနာက္ထပ္အေရးအၾကီးဆံုးတစ္ခ်က္က GYM က ေပးထားတဲ့ အ၀တ္လဲခန္းေတြမွာ လိုးရွင္းလိမ္းတာမ်ိဳးပါ။ သူ႕မွာေၾကာက္စရာေကာင္းတဲ့ ဆုိးက်ိဳးေတြရွိေနပါတယ္။ ဘာလဲဆုိေတာ့ အေရျပားအထူးကု ေဒါက္တာ Dana Canuso ရဲ႕ အေျပာအရေတာ့ GYM ပတ္၀န္းက်င္မွာ အသားေပၚလိုးရွင္းလိမ္းျခင္းကေန သင္မထင္မွတ္ထားတဲ့ မႈိစြဲတဲ့ျပသနာေတြ ျဖစ္ေစႏိုင္ပါတယ္တဲ့။ GYM ဆုိတာ ေခ်ြးေတြ၊ ေလထုညစ္ညမ္းမႈေတြနဲ႕ ျပည့္ႏွက္ေနတဲ့အရာျဖစ္တဲ့အတြက္ ဘက္တီးရီးယားပိုးမႊားေတြက အျခားေနရာေတြထက္ အဆေပါင္းမ်ားစြာရွိေနပါတယ္။

ဒီေတာ့ GYM မွာေဆာ့ျပီးလို႕ အိမ္မျပန္ခင္ ေရခ်ိဳးမယ္ဆုိရင္ ေရခ်ိဳးခ်ိဳးျပီးခ်င္း လိုးရွင္းဘယ္ေတာ့မွ မလိမ္းဖုိ႕ အေသအခ်ာ သတိေပးခ်င္ပါတယ္။ လိုးရွင္းအစား လက္ေတြေျခေတြကို တစ္ခုခုလိမ္းခ်င္တယ္ဆိုရင္ေတာ့ မႈိစြဲတာကိုကာကြယ္ေပးတဲ့ ေျခေထာက္လိမ္းတဲ့ serum ကို လိမ္းႏိုင္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အလုပ်မသွားခင် ဒါမှမဟုတ် အလုပ်ဆင်းဆင်းချင်း GYM သွားမယ့်သူတွေက ဘယ်လိုပဲဖြစ်ဖြစ် GYM က အဝတ်အစားလဲတဲ့အခန်းတွေကို မဖြစ်မနေ အသုံးပြုကြမှာပါပဲ။ အဝတ်အစားလဲရုံတင်မက GYM မှာဆော့၊ ရေချိုးပြီးမှ အိမ်ပြန်တဲ့သူတွေအတွက် GYM က အဝတ်အစားလဲတဲ့အခန်းတွေ မဖြစ်မနေ အသုံးပြုရမယ်ဆိုရင်တောင် ရှောင်သင့်တဲ့အရာတွေရှိနေပါတယ်။ တစ်ခါတစ်လေ ရေချိုးခန်းတွေမှာထားတဲ့ သားရေဖိနပ်တွေဟာ စီးဖို့အတွက် ရွံစရာတော်တော်လေး ကောင်းပါတယ်။ သူတို့မှာ မျက်လုံးနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ အများကြီးပါ။ နောက်တစ်ချက်က ရေချိုးခန်းတွေကိုရော တာဝန်ရှိသူတွေက တစ်ပတ်မှာ ဘယ်နှစ်ကြိမ်သန့်ရှင်းရေး လုပ်ကြသလဲဆိုတာကိုလည်း သင်မသိနိုင်ပါဘူး။ မေ့လောက်ရှိမှတစ်ခါသန့်ရှင်းရေး လုပ်မယ်ဆိုရင်တော့ သင့်အတွက် သတိကြီးကြီးထားပြီး အသုံးပြုသင့်တယ်လို့ ဆိုရပါလိမ့်မယ်။

နောက်ထပ်အရေးအကြီးဆုံးတစ်ချက်က GYM က ပေးထားတဲ့ အဝတ်လဲခန်းတွေမှာ လိုးရှင်းလိမ်းတာမျိုးပါ။ သူ့မှာကြောက်စရာကောင်းတဲ့ ဆိုးကျိုးတွေရှိနေပါတယ်။ ဘာလဲဆိုတော့ အရေပြားအထူးကု ဒေါက်တာ Dana Canuso ရဲ့ အပြောအရတော့ GYM ပတ်ဝန်းကျင်မှာ အသားပေါ်လိုးရှင်းလိမ်းခြင်းကနေ သင်မထင်မှတ်ထားတဲ့ မှိုစွဲတဲ့ပြသနာတွေ ဖြစ်စေနိုင်ပါတယ်တဲ့။ GYM ဆိုတာ ချွေးတွေ၊ လေထုညစ်ညမ်းမှုတွေနဲ့ ပြည့်နှက်နေတဲ့အရာဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးမွှားတွေက အခြားနေရာတွေထက် အဆပေါင်းများစွာရှိနေပါတယ်။

ဒီတော့ GYM မှာဆော့ပြီးလို့ အိမ်မပြန်ခင် ရေချိုးမယ်ဆိုရင် ရေချိုးချိုးပြီးချင်း လိုးရှင်းဘယ်တော့မှ မလိမ်းဖို့ အသေအချာ သတိပေးချင်ပါတယ်။ လိုးရှင်းအစား လက်တွေခြေတွေကို တစ်ခုခုလိမ်းချင်တယ်ဆိုရင်တော့ မှိုစွဲတာကိုကာကွယ်ပေးတဲ့ ခြေထောက်လိမ်းတဲ့ serum ကို လိမ်းနိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top