iMyanmarHouse.com - Best Property Website for Myanmar
×

အရမ္းေအးတဲ့ ေဆာင္းရာသီ အခ်ိန္ေလးေတြမွာ အေအးမိတာ၊ ေျခဖဝါး လက္ဖဝါးေလးေတြ ေအးခဲေနတတ္တာ ျဖစ္ေနက်ပါ။သာမန္အေအးမိျခင္းမ်ိဳးအတြက္ဆို သဘာဝကုထံုးေလးဟာအေကာင္းဆံုးပါပဲ။ ခ်င္းလက္ဖက္ရည္ ေသာက္ဖူးၾကလား။ မေသာက္ဖူးေသးဘူးဆိုရင္ေတာ့ ေသာက္ၾကည့္လိုက္ပါ။

ခ်င္းလက္ဖက္ရည္က အေအးမိႏွာေစးတာအျပင္ ကားမူျခင္း၊ အစာမေက်ျခင္းအတြက္လည္း ေကာင္းေစပါတယ္။ ဂ်င္းဟာ ခႏၶာကိုယ္ကို သဘာဝအပူဓာတ္ေပးတဲ့အတြက္ အရမ္းေအးလာတဲ့ အခါ အေႏြးဓာတ္ရဖို႔ ေသာက္သံုးရန္သင့္ေတာ္လွပါတယ္။

၁။သံပရာ ခ်င္းလက္ဖက္္ရည္ပူ

ပါဝင္ပစၥည္း

-ဂ်င္း လက္၃ဆစ္စာ

-ေရေႏြးပူ ၃ခြက္

-ပ်ားရည္

-သံပရာရည္


ျပဳလုပ္ပံု

-ခ်င္းကို ေရေဆးအခြံႏႊာၿပီး ပါးပါးလါႊထားပါ။

-ေရေႏြးတည္ထားပါ။

-ေရေႏြးဆူလာလ်ွင္ လႊာထားေသာခ်င္းထည့္ကာ ၁၅မိနစ္ မိနစ္၂၀ခန္႔ ျပဳတ္ထားပါ။

-ၿပီးလ်ွင္ ခ်င္းဖတ္မ်ား စစ္ထုတ္ကာ ပ်ားရည္၊သံပရာရည္ ထည့္၍ ေသာက္ႏိုင္ပါၿပီ။

၂။ခ်င္းႏို႔ လက္ဖက္ရည္

ပါဝင္ပစၥည္း

-ခ်င္း လက္၃ဆစ္စာ

-ေရ တစ္ခြက္

-ႏြားႏို႔ ၂ခြက္

ျပဳလုပ္ပံု

-ခ်င္းကို ေရေဆးအခြံႏႊာၿပီး ပါးပါးလါႊထားပါ။

-ေရေႏြးတည္ထားပါ။

-ေရေႏြးဆူလာလ်ွင္ လႊာထားေသာခ်င္းထည့္ကာ ၁၀မိနစ္ခန္႔ျပဳတ္ပါ။

-အနည္းငယ္ေအးလာလ်ွင္ ႏြားႏို႔ထည့္ကာ ၅မိနစ္ခန္႔ ျဖည္းျဖည္းဆူေအာင္ထားပါ။

-ထို႔ေနာက္ ဖန္္ခြက္ထဲတြင္ထည့္ကာ ေသာက္ႏိုင္ပါၿပီ။

၃။ေရခဲခ်င္း လက္ဖက္ရည္

ပါဝင္ပစၥည္း

-ခ်င္း လက္ႏွစ္ဆစ္

-ေရ တစ္ခြက္

-သံပုရာသီး

-ေရခဲတံုး

-ပ်ားရည္

ျပဳလုပ္နည္း

-ဂ်င္းကို ေရးေဆး အခြံႏႊာၿပီး ပါးပါးလႊထားပါ။

-ေရႏွင့္အတူ ခ်င္းကိုေရာ၍ ဆူေအာင္ျပဳတ္ပါ။

-သံပရာရည္ ညွစ္ထည့္ပါ။

-အေအးခံပါ။

-ေရခဲတံုးမ်ားထည့္ထားေသာ ဖန္ခြက္ထဲသို႔ထည့္ၿပီး ပ်ားရည္ေလာင္းကာ ေသာက္ႏိုင္ပါၿပီ။


Credit : forhermyanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အရမ်းအေးတဲ့ ဆောင်းရာသီ အချိန်လေးတွေမှာ အအေးမိတာ၊ ခြေဖဝါး လက်ဖဝါးလေးတွေ အေးခဲနေတတ်တာ ဖြစ်နေကျပါ။သာမန်အအေးမိခြင်းမျိုးအတွက်ဆို သဘာဝကုထုံးလေးဟာအကောင်းဆုံးပါပဲ။ ချင်းလက်ဖက်ရည် သောက်ဖူးကြလား။ မသောက်ဖူးသေးဘူးဆိုရင်တော့ သောက်ကြည့်လိုက်ပါ။

ချင်းလက်ဖက်ရည်က အအေးမိနှာစေးတာအပြင် ကားမူခြင်း၊ အစာမကျေခြင်းအတွက်လည်း ကောင်းစေပါတယ်။ ဂျင်းဟာ ခန္ဓာကိုယ်ကို သဘာဝအပူဓာတ်ပေးတဲ့အတွက် အရမ်းအေးလာတဲ့ အခါ အနွေးဓာတ်ရဖို့ သောက်သုံးရန်သင့်တော်လှပါတယ်။

၁။သံပရာ ချင်းလက်ဖက်ရည်ပူ

ပါဝင်ပစ္စည်း

-ဂျင်း လက်၃ဆစ်စာ

-ရေနွေးပူ ၃ခွက်

-ပျားရည်

-သံပရာရည်


ပြုလုပ်ပုံ

-ချင်းကို ရေဆေးအခွံနွှာပြီး ပါးပါးလါွှထားပါ။

-ရေနွေးတည်ထားပါ။

-ရေနွေးဆူလာလျှင် လွှာထားသောချင်းထည့်ကာ ၁၅မိနစ် မိနစ်၂၀ခန့် ပြုတ်ထားပါ။

-ပြီးလျှင် ချင်းဖတ်များ စစ်ထုတ်ကာ ပျားရည်၊သံပရာရည် ထည့်၍ သောက်နိုင်ပါပြီ။

၂။ချင်းနို့ လက်ဖက်ရည်

ပါဝင်ပစ္စည်း

-ချင်း လက်၃ဆစ်စာ

-ရေ တစ်ခွက်

-နွားနို့ ၂ခွက်

ပြုလုပ်ပုံ

-ချင်းကို ရေဆေးအခွံနွှာပြီး ပါးပါးလါွှထားပါ။

-ရေနွေးတည်ထားပါ။

-ရေနွေးဆူလာလျှင် လွှာထားသောချင်းထည့်ကာ ၁၀မိနစ်ခန့်ပြုတ်ပါ။

-အနည်းငယ်အေးလာလျှင် နွားနို့ထည့်ကာ ၅မိနစ်ခန့် ဖြည်းဖြည်းဆူအောင်ထားပါ။

-ထို့နောက် ဖန်ခွက်ထဲတွင်ထည့်ကာ သောက်နိုင်ပါပြီ။

၃။ရေခဲချင်း လက်ဖက်ရည်

ပါဝင်ပစ္စည်း

-ချင်း လက်နှစ်ဆစ်

-ရေ တစ်ခွက်

-သံပုရာသီး

-ရေခဲတုံး

-ပျားရည်

ပြုလုပ်နည်း

-ဂျင်းကို ရေးဆေး အခွံနွှာပြီး ပါးပါးလွှထားပါ။

-ရေနှင့်အတူ ချင်းကိုရော၍ ဆူအောင်ပြုတ်ပါ။

-သံပရာရည် ညှစ်ထည့်ပါ။

-အအေးခံပါ။

-ရေခဲတုံးများထည့်ထားသော ဖန်ခွက်ထဲသို့ထည့်ပြီး ပျားရည်လောင်းကာ သောက်နိုင်ပါပြီ။


Credit : forhermyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top